ဒုတိယဝန်ကြီး ဦးအေးထွန်း သာသနာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်
ရန်ကုန် ဒီဇင်ဘာ ၂၈
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ဒီဇင်ဘာ ၂၆ ရက် ညနေ ၄ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရေတာရှည်ရပ်ကွက် မဟာဝိသုဒ္ဓါရုံ ပါဠိတက္ကသိုလ်ရွှေကျင်တိုက်သစ် ဦးစီးပဓာန နာယက အဂ္ဂမဟာ ပဏ္ဍိတတိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိကယောဆရာတော်ကြီး ဘဒ္ဒန္တသီရိန္ဒာဘိဝံသ ဆရာတော်ထံသွားရောက်၍ ကျန်းမာရေး အခြေအနေများနှင့် သာသနာတော်ဆိုင်ရာကိစ္စရပ်များ မေးမြန်းလျှောက်ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီတွင် ဒုတိယဝန်ကြီးသည် ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်နေမှု၊ စေတီတော်ကြီး၏ထီးတော်၊ ကိုယ်လုံးတော်ကြံ့ခိုင်ရေး စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စေတီတော်ကြီး အထက်ပိုင်းမှအောက်သို့ လုပ်ငန်းပြီးစီးမှုအဆင့်အလိုက် ရောင်တော်ဖွင့်လုပ်ငန်းများ ဆောင်ရွက်သွားရန်မှာကြားသည်။
ထို့နောက် ရင်ပြင်တော်ပတ်လည် ဆီမီးခုံနှင့်စဉ့်ကွက်များ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ရင်ပြင်တော်တစ်ပတ်လှည့်လည်ကြည့်ရှုစစ်ဆေးကာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အစည်းအဝေးခန်းမ၌ ဂေါပကအဖွဲ့ဝင်များနှင့်တွေ့ဆုံရာ ဂေါပကအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက်တင်ပြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ဗုဒ္ဓဂယာဘုရားဖူး စေလွှတ်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်ရေး လုပ်ငန်းကော်မတီအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဗုဒ္ဓဂယာဘုရားဖူး စေလွှတ်ရေးကြီးကြပ်မှုကော်မတီတို့၏ ညွှန်ကြားထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ အလေးထားလိုက်နာရန်လိုကြောင်း၊ အိန္ဒိယနှင့် နီပေါနိုင်ငံတို့ရှိ ဗုဒ္ဓဂယာ သို့ဘုရားဖူးအဖွဲ့များ သွားရောက်ကြရာ ကုမ္ပဏီများနှင့် ဘုရားဖူး ခရီးသည်များ တရားမဝင်ပစ္စည်းများ သယ်ယူမှုမရှိစေရေး စိစစ် ကြပ်မတ်ရန် လိုကြောင်း၊ စည်းကမ်းချိုးဖောက်သော ကုမ္ပဏီများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဗုဒ္ဓဂယာဘုရားဖူး စေလွှတ်ရေး လုပ်ငန်းကော်မတီတို့မှဥက္ကဋ္ဌ အဖွဲ့ဝင်များက ဆက်လက်ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ညှိနှိုင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
https://t.me/myanmarnewspaper/160919
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
shorturl.at/myABQ
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd