Фильтр публикаций


ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ


အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

နေပြည်တော် ဒီဇင်ဘာ ၂၈

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒ ဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင် ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ဒီဇင်ဘာ ၂၇ ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “AungThan Dine” Facebook အကောင့်နှင့် “aungthandine7” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ပိန္နဲကုန်းရပ်ကွက်နေ အောင်သံဒိုင် (ခ) သံဒိုင် ကျော်အားည ၈ နာရီ ၅ မိနစ်တွင် အင်းစိန်မြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/160924

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd


လမ်းခင်းပစ္စည်းများဓာတ်ခွဲစမ်းသပ်ခြင်းသင်တန်းနှင့် ဘေလီတံတားနှင့် သံပေါင်တံတားငယ်များ အရေးပေါ်တည်ဆောက်ခြင်း လက်တွေ့သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၈

လမ်းခင်းပစ္စည်းများ ဓာတ်ခွဲစမ်းသပ်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့် ဘေလီတံတားနှင့် သံပေါင်တံတားငယ်များ အရေးပေါ်တည်ဆောက်ခြင်း လက်တွေ့သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟို သင်တန်းကျောင်း (သုဝဏ္ဏ)၌ ကျင်းပသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

ဦးစွာ ဒုတိယဝန်ကြီးဦးဝင်းဖေက မိမိတို့ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၌ပါရှိသည့် အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနများ လက်အောက်တွင် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနခွဲများအဖြစ် ပင်မ ဓာတ်ခွဲခန်း သုံးခု၌ သက်ဆိုင်ရာဒီဇိုင်းဌာနခွဲများနှင့် အရည်အသွေးကွပ်ကဲရေးဌာနခွဲများအတွက် အထောက်အကူအဖြစ် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ ဘေလီတံတားနှင့် သံပေါင်တံတားငယ်များ အရေးပေါ်တည်ဆောက်ခြင်း လက်တွေ့သင်တန်းသားများကို မှာကြားလိုသည်မှာ ဘေလီတံတား တည်ဆောက်ခြင်းနှင့်ပတ်သက်၍ သမိုင်း ကြောင်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လက်သုံးကိရိယာများအကြောင်းနှင့် Single Bailey ၊ Double Single Bailey တံတားများ တပ်ဆင်ခြင်း၊ ဖျက်သိမ်းခြင်းသင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပြီးဖြစ်ကြောင်း၊ မိမိတို့ တာဝန်ကျရာဒေသများတွင် ဘေးအန္တရာယ်ကြောင့်ပျက်စီးသွားသည့် လမ်း၊ တံတားနေရာများတွင် ဘေလီတံတား အစားထိုးရန် လိုအပ်လာသည့်အခါ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် ယခုသင်တန်းမှပို့ချပေးသည့် ဘေလီတံတား လက်တွေ့တည်ဆောက်ခြင်း၊ ဖျက်သိမ်းခြင်းများနှင့် ပေါင်းစပ်ပြီးကျွမ်းကျင်စွာဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်းမှာကြားပြီး သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကာ တက်ရောက်လာသည့် သင်တန်းသားသင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

ထို့နောက် လမ်းဦးစီးဌာန သုတေသနနှင့်ဖွံ့ဖြိုး တိုးတက်ရေးဌာနခွဲ(ရန်ကုန်)ရှိ ဓာတ်ခွဲခန်းများ၊ တံတားဦးစီးဌာန အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ (ရန်ကုန်) ရှိ ဓာတ်ခွဲခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် စည်းလုံးညီညွတ်မှုရှိပြီး လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး၊ မိမိပတ်ဝန်းကျင်နှင့် ရုံးအဆောက်အအုံအတွင်း လုံခြုံရေးဂရုပြုနေထိုင်ရန်နှင့်ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေး အစဉ်ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/c/1210201044/160923

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd


လမ်းခင်းပစ္စည်းများဓာတ်ခွဲစမ်းသပ်ခြင်းသင်တန်းနှင့် ဘေလီတံတားနှင့် သံပေါင်တံတားငယ်များ အရေးပေါ်တည်ဆောက်ခြင်း လက်တွေ့သင်တန်းဆင်းပွဲကျင်းပ


နေပြည်တော် ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ်ကြီး၏ (၄၇)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၈

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယ ဓာတ်ပေါင်းစု စေတီတော်မြတ်ကြီး၏ (၄၇) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အဖွင့်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ် အဘိသန္နဗိမာန်တော်၌ကျင်းပရာ နေပြည်တော်ဇမ္ဗူသီရိမြို့နယ် မဟာဝိဇိတာရုံ ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော်ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကေသရိန္ဒအမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြ သည်။

ဦးစွာ မဟာဝိဇိတာရုံကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တကေသရိန္ဒထံမှ မြို့တော်ဝန်အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး အခမ်းအနားမှူးက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့်ဂါထာကို ရွတ်ဖတ်ပူဇော်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုး၊ ပရိတ်ရေများနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကာ ဆရာတော်၊ သံဃာတော်များဦးဆောင်၍ ပရိသတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်စင်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်အတူ ပြည်ထောင်စုနယ်မြေနေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင် အမှတ်(၀၃၅၄)မှ ပြည်တွင်းထုတ် ဓာတ်ဆီဖြန့်ဖြူးရောင်းချနိုင်ရေး ပြုပြင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက စက်သုံးဆီအရောင်းဆိုင် ဥပဓိရုပ်ကောင်းမွန်စေရေး၊ အရောင်းဆိုင်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ် လှပစေရေးပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားသည်။

စွမ်းအင်ဝန်ကြီးဌာန အနေဖြင့်ပြည်တွင်းထုတ်ဓာတ်ဆီကို နိုင်ငံပိုင်စက်သုံးဆီ အရောင်းဆိုင်များဖြစ်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်တစ်ဆိုင်နှင့် မန္တလေးတိုင်းဒေသကြီးတွင် နှစ်ဆိုင်စုစုပေါင်းသုံးဆိုင်တို့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ စတင်ဖွင့်လှစ်၍လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် တစ်ဆိုင်နှင့် ရှမ်းပြည်နယ်တွင် တစ်ဆိုင်တို့အား ဇန်နဝါရီလအတွင်း ဆက်လက်ဖွင့်လှစ်၍လည်းကောင်း အများပြည်သူသို့ ဖြန့်ဖြူးရောင်းချ နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

https://t.me/c/1210201044/160921

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd


နေပြည်တော် ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ်ကြီး၏ (၄၇)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ


ဒုတိယဝန်ကြီး ဦးအေးထွန်း သာသနာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၂၈

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ဒီဇင်ဘာ ၂၆ ရက်  ညနေ ၄ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရေတာရှည်ရပ်ကွက် မဟာဝိသုဒ္ဓါရုံ ပါဠိတက္ကသိုလ်ရွှေကျင်တိုက်သစ် ဦးစီးပဓာန နာယက အဂ္ဂမဟာ ပဏ္ဍိတတိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိကယောဆရာတော်ကြီး ဘဒ္ဒန္တသီရိန္ဒာဘိဝံသ ဆရာတော်ထံသွားရောက်၍ ကျန်းမာရေး အခြေအနေများနှင့် သာသနာတော်ဆိုင်ရာကိစ္စရပ်များ မေးမြန်းလျှောက်ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီတွင် ဒုတိယဝန်ကြီးသည် ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်နေမှု၊ စေတီတော်ကြီး၏ထီးတော်၊ ကိုယ်လုံးတော်ကြံ့ခိုင်ရေး စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စေတီတော်ကြီး အထက်ပိုင်းမှအောက်သို့ လုပ်ငန်းပြီးစီးမှုအဆင့်အလိုက် ရောင်တော်ဖွင့်လုပ်ငန်းများ ဆောင်ရွက်သွားရန်မှာကြားသည်။

ထို့နောက် ရင်ပြင်တော်ပတ်လည် ဆီမီးခုံနှင့်စဉ့်ကွက်များ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ရင်ပြင်တော်တစ်ပတ်လှည့်လည်ကြည့်ရှုစစ်ဆေးကာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အစည်းအဝေးခန်းမ၌ ဂေါပကအဖွဲ့ဝင်များနှင့်တွေ့ဆုံရာ ဂေါပကအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက်တင်ပြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ဗုဒ္ဓဂယာဘုရားဖူး စေလွှတ်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်ရေး လုပ်ငန်းကော်မတီအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဗုဒ္ဓဂယာဘုရားဖူး စေလွှတ်ရေးကြီးကြပ်မှုကော်မတီတို့၏ ညွှန်ကြားထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ အလေးထားလိုက်နာရန်လိုကြောင်း၊ အိန္ဒိယနှင့် နီပေါနိုင်ငံတို့ရှိ ဗုဒ္ဓဂယာ သို့ဘုရားဖူးအဖွဲ့များ သွားရောက်ကြရာ ကုမ္ပဏီများနှင့် ဘုရားဖူး ခရီးသည်များ တရားမဝင်ပစ္စည်းများ သယ်ယူမှုမရှိစေရေး စိစစ် ကြပ်မတ်ရန် လိုကြောင်း၊ စည်းကမ်းချိုးဖောက်သော ကုမ္ပဏီများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဗုဒ္ဓဂယာဘုရားဖူး စေလွှတ်ရေး လုပ်ငန်းကော်မတီတို့မှဥက္ကဋ္ဌ အဖွဲ့ဝင်များက  ဆက်လက်ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ညှိနှိုင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/160919

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd


ဒုတိယဝန်ကြီး ဦးအေးထွန်း သာသနာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး (CPU) အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၄/၂၀၂၄ ကို ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ကျင်းပရာဝန်ကြီးဌာန (CPU) ခေါင်းဆောင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် (CPU) အဖွဲ့ ခေါင်းဆောင် ဒုတိယဝန်ကြီးက (CPU) အဖွဲ့အနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် လစဉ်အစီရင်ခံစာများတွင် အချက်အလက်များ ပြည့်စုံစွာဖော်ပြရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းရပ်များနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ အဂတိလိုက်စားမှု ပပျောက်ရေးအတွက် တစ်ဦးချင်းတစ်ယောက်ချင်းမှစ၍ အဖွဲ့အစည်းတစ်ခုလုံး လိုက်နာကျင့်သုံးရေး၊ မိမိတို့ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းအသီးအသီးနှင့် ထိတွေ့ဆက်ဆံသော နေရာဒေသများတွင် အဂတိလိုက်စားမှု၏ဆိုးကျိုးများကို အသိပညာပေးစည်းရုံးဆွေးနွေးသွားကြရန် ဆွေးနွေးမှာကြားပြီး ဝန်ကြီးဌာနမှ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programmee – PFP) ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးသည်။

ဆက်လက်၍ ဦးစီးဌာနများနှင့် တက္ကသိုလ်များမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ အဖွဲ့ခေါင်းဆောင်များက လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ တင်ပြကြရာ (CPU) အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး (CPU)အဖွဲ့က ဌာနများအတွင်း အဂတိလိုက်စားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ စီမံခန့်ခွဲမှုအရဆောင်ရွက် ပေးမှု (၄၄)ကြိမ်၊ အသိပညာပေး ဟောပြောမှု ၅၅၇ ကြိမ်၊ လက်ကမ်းစာစောင်များ ဖြန့်ဝေမှု ၃၇၅၆ စောင်၊ သင်တန်းပို့ချမှု (၂၂)ကြိမ်နှင့် အလုပ်ရုံဆွေးနွေး ပွဲ (၁၀)ကြိမ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/c/1210201044/160917

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


ဒုတိယဝန်ကြီး ဦးဝင်းရှိန် ဒဂုံ(ဆိပ်ကမ်း)စက်မှုဇုန်တွင် အခြေခံအလုပ်သမား အဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး အထည်ချုပ်စက်ရုံများသို့ ကွင်းဆင်းအားပေး

ရန်ကုန် ဒီဇင်ဘာ ၂၈

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံ (ဆိပ်ကမ်း) စက်မှုဇုန်ကနောင်ခန်းမ၌ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ စက်ရုံ၊ အလုပ်ရုံများမှ အခြေခံအလုပ်သမားအဖွဲ့ဝင်များ၊ အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းရန်ပြင်ဆင် ထားသူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တိုင်းဒေသကြီးအဆင့် အလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့ချုပ်၊ အလုပ်သမားရေးရာ အဖွဲ့တို့ကို အလုပ်သမားများ၏ ဆန္ဒသဘောထားအရ အဆင့်ဆင့် တည်ထောင်ဖွဲ့စည်းနိုင်ရေးလိုအပ်သည့် နည်းပညာဆိုင်ရာပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အလုပ်သမားအဖွဲ့အစည်းများကို ဖွဲ့စည်းရာတွင် အလုပ်သမားများ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်သမားအချင်းချင်းအကြား၊ အလုပ်ရှင်နှင့်အလုပ်သမားအကြား ဆက်ဆံရေးကောင်းမွန်စေရန် စနစ်တကျနှင့် လွတ်လပ်စွာဖွဲ့စည်းဆောင်ရွက်နိုင်ကြောင်း မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဒဂုံ(ဆိပ်ကမ်း) မြို့နယ် စက်မှုဇုန် ရှိ အထည်ချုပ်စက်ရုံများဖြစ် သည့် Golden Theparerg Co., Ltd(GTP)၊ Westwood Myanmar Co., Ltd နှင့် General Enterpri-ses (GEG)(1) စက်ရုံများသို့သွားရောက်၍ စက်ရုံအတွင်းအလုပ်သမားများ အေးချမ်းစွာလုပ်ကိုင်နေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်မှုသည် စက်ရုံ၏ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်သဖြင့် အလုပ်ရှင်၊ အလုပ်သမားများက အလေးထား ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/160915

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd


ဒုတိယဝန်ကြီး ဦးဝင်းရှိန် ဒဂုံ(ဆိပ်ကမ်း)စက်မှုဇုန်တွင် အခြေခံအလုပ်သမား အဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး အထည်ချုပ်စက်ရုံများသို့ ကွင်းဆင်းအားပေး


အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၈

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ဝန်ကြီးရုံးစုပေါင်းခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးကြည်၊ ကော်မတီဝင်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ တက်ရောက်ကြသည်၊၊

ဦးစွာ ဒုတိယဝန်ကြီးက ကလေးအလုပ်သမား ဖြစ်ရပ်အများစုသည် မိသားစုစီးပွားရေးမပြေလည်သဖြင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်းအတွက် အခမဲ့ပညာသင်ကြားရေးနှင့် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိပြီး အသက်မွေးဝမ်းကျောင်းပညာများကိုလည်း သင်ကြားပေးနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးမှုများသည် အရေအတွက်ထက် ပြန်လည်အသုံးချနိုင်သည့်အဆင့်ထိ သင်ကြားပေးရန်လိုကြောင်း၊ အဓမ္မခိုင်းစေခံရမှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးတွင် အသိပညာများရရှိ လာစေခြင်း၊ အဆိုးရွားဆုံးခိုင်းစေခံရခြင်းမှ လျော့နည်း လာစေခြင်း စသည့်အကျိုးကျေးဇူးများ ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်၍ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက လုပ်ငန်းဆောင်ရွက်ချက်များအပေါ် သုံးသပ်တင်ပြ၍ ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/160913

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd


အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ


အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များနှင့် ပြည်သူ့ဆေးရုံများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၂၈

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ‌ကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပြည်သူ့ ဆေးရုံ၌ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများက ဆေးရုံဝင်း အတွင်း/ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေကန်များတွင်အဘိတ်ဆေးများခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအား ခြင်ဆေးဖျန်းခြင်း၊ ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းများကို စုပေါင်းဆောင်ရွက်ပေးကြသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အပါအဝင် မြို့နယ် ၁၇ မြို့နယ်တို့၌ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့ များက အခြေခံပညာ‌ကျောင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်း မြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရေကန်များတွင် အဘိတ်ဆေးများခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင် သည့်နေရာများအား ခြင်ဆေးဖျန်းခြင်းနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို စုပေါင်းဆောင်ရွက်ပေးကြသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/160911

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd


အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များနှင့် ပြည်သူ့ဆေးရုံများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်


သို့ဆိုပါလျှင် ကမ္ဘာပေါ်တွင် နိုင်ငံရေး၊ စီးပွားရေးဖိအားများ၊ စိန်ခေါ်မှုများ၊ အကျပ်အတည်းများရှိနေလင့်ကစား မြန်မာနိုင်ငံတွင် ပဋိပက္ခများ၊ နှောင့်ယှက်တိုက်ခိုက်မှုများရှိလင့်ကစား မြန်မာနိုင်ငံတွင် ပေါများကြွယ်ဝသည့် သဘာဝသယံဇာတအရင်းအမြစ်များနှင့် လူသားအရင်းအမြစ်များကို ထိရောက်စွာအသုံးချပြီး အဓိကကျသည့် စီးပွားရေးမောင်းနှင်အားကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပေါများကြွယ်ဝသော သယံဇာတများ၊ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးအခြေအနေများ အရပြည်တွင်း၊ ပြည်ပမှ မိစ္ဆာဘီလူးများက မက်မောနေသည်မှာ အဆန်းတော့မဟုတ်ပေ။ ထို့ကြောင့် စီးပွားရေးမောင်းနှင်အား ပိုမိုတိုးတက်ကောင်းမွန်လာအောင်ဆောင်ရွက်ပြီး ကာကွယ်ရေးစွမ်းအားကိုမြှင့်တင်ကာ ဒို့တာဝန်အရေးသုံးပါး ဖျက်ဆီးနေသူများကို တပ်မတော်နှင့် ပြည်သူလက်တွဲပြီး အပြီးတိုင်ချေမှုန်းရှင်းလင်းကြရမည် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုလျှင် နိုင်ငံတော်၏စီးပွားရေး တိုးတက်ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်ပြီး အန္တိမရည်မှန်းချက်အဖြစ်သတ်မှတ်ထားသည့် နိုင်ငံရေးစွမ်းအား ကောင်းမွန်လာစေရန်အတွက် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပေးပြီး ဒီမိုကရေစီနိုင်ငံရေး အခင်းအကျင်းအသစ်ကို ပုံပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံကို ကမ္ဘာက တန်ဖိုးထားဆက်ဆံလာသည့်၊ လွတ်လပ်ရေးနှင့်ထိုက်တန်သည့် နိုင်ငံတော်သစ်ပေါ်ထွန်းလာမည်ဖြစ်ရာ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြပြီး ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်သစ်ကို စည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် ကြိုးပမ်းတည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။ ။

https://t.me/myanmarnewspaper/160906

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd


ဖွံ့ဖြိုးအောင်ဆောင်ရွက်

ပြည်တွင်း၌ ပဋိပက္ခမျိုးစုံ၊ အကျပ်အတည်းမျိုးစုံဖန်တီးပြီး စီးပွား ရေး ထိခိုက်အောင်၊ လိုသလိုခြယ်လှယ်နိုင်အောင် ဖန်တီးနေကြသည်။ ယင်းအခြေအနေတွင် နိုင်ငံငယ်များအနေဖြင့် နိုင်ငံအတွင်းမှာရှိသည့် သယံဇာတနှင့်အရင်းအမြစ်များ၏ စွမ်းအားများကိုအသုံးချပြီး ရင်ဆိုင်ကျော်လွှားနိုင်အောင် ကြိုးပမ်းကြရန်လိုအပ်သည်။ ကိုယ်ပိုင်အရင်းအမြစ်များ နည်းပါးလာသည်နှင့်အမျှ စီးပွားရေးထိခိုက်ပြီး အခြားကဏ္ဍမျိုးစုံ တို့တွင်ပါ အားနည်းလာမည်ဖြစ်သည်။ ထို့ကြောင့် စီးပွားရေးသည် အရေးပါသည့်အချက်ဟု ရှုမြင်နိုင်သည်။ နိုင်ငံတော်၏သယံဇာတများနှင့် အခြေခံကောင်းများကိုအသုံးချပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့သာလိုသည်။

ယနေ့ကာလတွင် ကမ္ဘာပေါ်ရှိနိုင်ငံအချို့၌လည်း နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ကြုံတွေ့နေရသည်။ နိုင်ငံရေးမတည်ငြိမ်မှု၏ အဆုံးသတ်တွင် စီးပွားရေးအကျပ်အတည်းဖြစ်စေမှုကို ဦးတည်လေ့ရှိသည်။ ယင်းကို ပြည်ပနယ်ချဲ့ လက်သစ်နိုင်ငံများက ကြိုတင်စီမံပြီး ၎င်းတို့အကျိုးစီးပွားကို ဖန်တီးနေကြသည်။ ထို့ကြောင့် ပြည်ပအမှီအခိုကင်းပြီး ကိုယ့်အားကိုယ်ကိုးနိုင်သည့် လူသားအရင်းအမြစ်များ ပိုင်ဆိုင်နိုင်အောင်ကြိုးစားမှသာ မိမိနိုင်ငံ၏ ကိုယ်ပိုင်သယံဇာတများနှင့် ဝင့်ဝင့်ထည်ထည် ရပ်တည်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်နှင့် သယံဇာတများပေါများကြွယ်ဝသည့် နိုင်ငံဖြစ်ရာ အဆိုပါအရင်းအမြစ်များကို ထိရောက်စွာအသုံးချနိုင်ပါက လျင်မြန်သော စီးပွားရေးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်သည့် အလားအလာကောင်းများ များစွာရှိသည်။

အာရှတွင်အဓိက

ပြည်ထောင်စုကြီး၏ နယ်မြေဒေသအသီးသီးတွင် သဘာဝတွင်းထွက်သယံဇာတပစ္စည်းများနှင့် အဖိုးတန်ကျောက်မျက်ရတနာများ ရှေးယခင်ကာလများမှ ယနေ့အချိန်တိုင်အောင် ရှိနေဆဲဖြစ်သည်။ ကျောက်မျက်ရတနာကဲ့သို့ ထင်ရှားသည့်ရတနာသိုက်များ ကမ္ဘာ့မြေပုံပေါ်တွင် မှတ်တမ်းရှိသည်။ သဘာဝဓာတ်ငွေ့သိုက် ကုဗပေ ၁၈ ထရီလီယံ နှင့်ယှဉ်တွဲလျက် ရေနံသိုက်စည်ပေါင်း ၃ ဒသမ ၂ ဘီလီယံရှိပြီး အာရှ၏ စွမ်းအင်ပိုင်ဆိုင်သောနိုင်ငံဖြစ်သည်။ အများစုမှာ ကမ်းလွန်ပင်လယ် ပြင်တွင် တွေ့နိုင်သော်လည်း ကုန်းတွင်းပိုင်းတွင်လည်း ရေနံထွက်ရှိသည်။ စုစုပေါင်းနိုင်ငံ့ဝင်ငွေ၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကို ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ကြီးကြီးမားမား ဖြည့်ဆည်းပေးနိုင်သည်။ ကမ္ဘာပေါ်တွင် သတ္တမမြောက် ဆန်အများဆုံးထွက်ရှိသောနိုင်ငံဖြစ်သဖြင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် အာရှတွင် အဓိကအခန်းကဏ္ဍမှရပ်တည်လျက်ရှိသည်။

မြန်မာနိုင်ငံသည် ပေါများကြွယ်ဝသော သဘာဝသယံဇာတ အရင်းအမြစ်များနှင့် အလုပ်လုပ်နိုင်သော လူသားအရင်းအမြစ်များ လုံလောက်စွာရှိသည့်အပြင် ထူးခြားသော ပထဝီဝင်စီးပွားရေး တည်နေရာအရ အာရှနိုင်ငံကြီးနှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့်အိန္ဒိယ နိုင်ငံတို့အကြား ပေါင်းကူးတံတားဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေး အရှိန်အဟုန်ကောင်းနေစဉ်တွင် အိန္ဒိယနိုင်ငံနှင့်လည်း အထူးခိုင်မာသောဆက်ဆံရေးကို တည်ဆောက်သွားရန် ဆုံးဖြတ်ထားသည်။ ယဉ်ကျေးမှုအစဉ်အလာကြီးမားသော မြန်မာနိုင်ငံ သည် အလားတူ ယဉ်ကျေးမှုအစဉ်အလာထွန်းကားသော အိန္ဒိယ၊ တရုတ်၊ ရုရှားနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်း၊ ပြည်ပဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်မည်ဖြစ်သည်။

ဒေသတွင်းသာယာဝပြော

၂၀၂၅ ခုနှစ်တွင် နိုင်ငံအတွင်း အကြမ်းဖက်သောင်းကျန်းမှုများ ရှိနေလင့်ကစား နိုင်ငံအသွင်ကူးပြောင်းရေး ဒီမိုကရေစီအရပ်ဘက်အုပ်ချုပ်ရေးကို လမ်းခင်းပေးသည့်အနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပနိုင်ရန် ဆောင်ရွက်နေသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ပြည်တွင်းနှင့် နိုင်ငံတကာ၏ စောင့်ကြည့်အကဲခတ်မှုအောက်၌ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများကျင်းပရန်ရည်ရွယ်ထားသည်ဟု နိုင်ငံတကာသို့ အတိအလင်းပြောကြားထားပြီးဖြစ်သည်။ ရွေးကောက်ပွဲများကျင်းပခြင်းဖြင့် နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုမှုအသစ်ကို ရရှိကာ တိုင်းပြည်အရှိန်အဟုန်ဖြင့် တိုးတက်မှုကိုရစေမည့် မောင်းနှင်အားဖြစ်လာနိုင်သည်။ ထို့အပြင် အောင်မြင်သောအသွင်ကူးပြောင်းရေး မှတစ်ဆင့် အာရှတစ်လွှား ဒေသတွင်းသာယာဝပြောမှုကို ဖြစ်ပေါ်လာ စေနိုင်သည်။


အဖျက်အန္တရာယ်များ

ယနေ့အချိန်အခါတွင် နိုင်ငံရေး၊ စီးပွားရေးအင်အားကြီးအုပ်စုများသည် ဒီမိုကရေစီအသွင်ကူးပြောင်းစ ဖွံ့ဖြိုးဆဲနိုင်ငံများအား ဝင်ရောက်စိုးမိုး စွက်ဖက်ခြယ်လှယ်နိုင်ရန်အတွက် ပြည်ဖျက်မီဒီယာများနှင့် အမျိုးသားသစ္စာဖောက်များကို မွေးမြူထောက်ပံ့အားပေးပြီး ဖျက်ဆီးနေကြသည်။ အဆိုးရွားဆုံးမှာ ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးများ မတည်မငြိမ်ဖြစ်အောင်၊ ပဋိပက္ခများကြီးထွားလာအောင် ဆူပူအုံကြွပြီး တိုင်းပြည်ပြိုကွဲပျက်စီးအောင် ရည်ရွယ်ချက်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုး ပြုလုပ်နေသည်။ အင်အားကြီးနိုင်ငံကြီးအချို့ ဝင်ရောက် စွက်ဖက်မှုကြောင့် လတ်တလောပြိုကွဲပျက်စီးခဲ့သည့် နိုင်ငံအချို့ကို သင်ခန်းစာယူနိုင်သည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်ပမှစွက်ဖက် နှောင့်ယှက်မှုများနှင့် ပြည်တွင်းအဖျက်အန္တရာယ်များ ကြုံတွေ့နေရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် “ယနေ့အချိန်အခါတွင် ပြည်တွင်းမှ ပြည်ဖျက်သစ္စာဖောက်များနှင့် အင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားအတွက် မိမိတို့တိုင်းရင်းသားများကို ဆင်းရဲဒုက္ခရောက်စေပြီး မိမိတို့နေထိုင်ရာဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် အရင်းအမြစ်များကို ဖျက်ဆီးနေမည့်အစား မိမိတို့ရှင်သန်ကြီးပြင်းခဲ့ရာဒေသနှင့် နိုင်ငံတော်၏အကျိုးအတွက် အားလုံးကအရှည်ကို မြော်တွေးကြရန် အရေးကြီးသည့်အချိန်ဖြစ်ပါသည်။ မိမိတို့ အချင်းချင်း သွေးကွဲနေကြမည်ဆိုလျှင် နိုင်ငံတော်၏ စွမ်းအားများ လျော့နည်းပြီး သူတစ်ပါးအလိုကျ လိုက်ပါဆောင်ရွက်ကြရသောလူမျိုးများအဖြစ် သမိုင်းမှတ်တမ်းကျန်ရစ်မည်ကို သတိချပ်ကြရန် တိုက်တွန်းမှာကြား လိုပါသည်” ဆိုသောသတင်းစကားသည် ကျွန်ုပ်တို့အားလုံး စွဲမြဲစွာ မှတ်သားဆောင်ရွက်သင့်သည့်အချက်ဖြစ်သည်ဟု ရှုမြင်ပါသည်။

သူတစ်ပါးကြိုးဆွဲရာ

သူတစ်ပါးအလိုကျ လိုက်ပါဆောင်ရွက်ရသောနိုင်ငံနှင့် လူမျိုးတို့၏ဖြစ်စဉ်ကို ဆန်းစစ်ကြည့်မည်ဆိုလျှင် နိုင်ငံလွတ်လပ်ပင် လွတ်လပ် သော်ငြားလည်း၊ နိုင်ငံဖွံ့ဖြိုးပင် ဖွံ့ဖြိုးသော်ငြားလည်း အနှောင်အဖွဲ့မကင်းသည့် နိုင်ငံနှင့်လူမျိုး၏ဖြစ်အင်သို့ ရောက်ရှိနေသည်ဖြစ်၍ ထိုနိုင်ငံ၏အားထုတ်ကြိုးပမ်းခဲ့သော လွတ်လပ်ရေးသည် သွယ်ဝိုက်သောနည်းလမ်းဖြင့် ပြန်လည်ဆုံးရှုံးနေသည်ဟု ဆိုနိုင်သည်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၏ ယဉ်ကျေးမှုဓလေ့စရိုက်နှင့်ကိုက်ညီသည့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်များဆုံးရှုံးပြီး သူတစ်ပါးနိုင်ငံ၏ နိုင်ငံရေးစနစ်၊ ဓလေ့စရိုက်၊ ယဉ်ကျေးမှု၊ အစဉ်အလာ စသည်တို့လွှမ်းမိုးကာ လက်ဝေခံနိုင်ငံအဖြစ်၊ သူတစ်ပါးကြိုးဆွဲရာအတိုင်း လုပ်ကိုင်ရသည့်နိုင်ငံအဖြစ် ရပ်တည်နေရသည့်နိုင်ငံများကို တွေ့မြင်နိုင်သည်။

မျက်မှောက်ကာလတွင် အင်အားကြီးနိုင်ငံများ၏ အုပ်စုလိုက် လွှမ်းမိုးခံရသောနိုင်ငံငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့်စိန်ခေါ်မှုများနှင့် ပဋိပက္ခများကို မြင်တွေ့ကြရမည်ဖြစ်သည်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပြီး လွတ်လပ်ရှင်သန်ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများ၏တင့်တယ်ခံ့ညားစွာ ရပ်တည်နေနိုင်မှုများကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။ အဓိကမှာ မိမိနိုင်ငံ၏ အခြေအနေသဘာဝများနှင့် လိုက်လျောညီထွေရှိပြီး မိမိတို့၏အကျိုးစီးပွားကို မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်ခြင်းသာ အကောင်းဆုံးဖြစ်သည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သောနိုင်ငံဖြစ်သည်။ တပ်မတော်သည် တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲပြီး ခေတ်အဆက်ဆက်တွင် ပြည်တွင်း၊ ပြည်ပအန္တရာယ်များကို ရှင်းလင်းနိုင်ခဲ့သလို မျက်မှောက်ကာလတွင်လည်း နိုင်ငံတော်၌ ကြုံတွေ့လာနိုင်သည့် ဘေးအန္တရာယ်များကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူ လူထု စည်းလုံးညီညွတ်မှုအင်အားများနှင့် ရင်ဆိုင်ဖြတ်ကျော်နိုင်စွမ်းရှိသည်။

စီးပွားရေးတွင်ထိန်းချုပ်

အနှောင့်အယှက်အဖျက်အဆီး အခက်အခဲများကြားမှ နိုင်ငံတော်၏ နေရာဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများသည် နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးအတွက် ကျရာတာဝန်များကို ထမ်းဆောင်နေကြသည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးစွမ်းအားများ ကောင်းမွန်ရန်လိုအပ်သည်။ နိုင်ငံရေးအား ကောင်းမွန်လျှင် နိုင်ငံ တည်ငြိမ်အေးချမ်းမည်၊ စီးပွားရေးအားကောင်းမွန်လျှင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ၏ကာကွယ်ရေးအားလည်း တိုးတက်ကောင်းမွန်နိုင်မည်ဖြစ်သည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များအပေါ် ဩဇာလွှမ်းမိုးနိုင်အောင်နှင့် နိုင်ငံတိုးတက်ရေးတွင် အဓိက ကျသည့် စီးပွားရေးကဏ္ဍများတွင်ထိန်းချုပ်နိုင်အောင် ဆောင်ရွက် နေသည်ကို တွေ့ရမည်ဖြစ်သည်။


လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက် ပိုကောင်းမွန်သော အနာဂတ်ကိုတည်ဆောက်

မောင်ငြိမ်းအေး

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးသည်မှာ နှစ်ပေါင်း ၇၇ နှစ် ရှိပြီဖြစ်သည်။ မြန်မာနိုင်ငံနှင့် မရှေးမနှောင်းကာလများ၌ လွတ်လပ်ရေးရရှိခဲ့ကြသော နိုင်ငံများသည် လွတ်လပ်ရေး၏အသီးအပွင့်ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်မှု၊ တန်းတူညီမျှအခွင့်အရေးများကို ရရှိခံစားနေကြပြီဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ထိုမျှကြာရှည် လာသောကာလအတွင်း နိုင်ငံသားများအားလုံး လွတ်လပ်ရေး၏အသီးအပွင့်များကို ထိုက်တန်စွာခံစားရရှိသင့်သော်လည်း အကြောင်းအမျိုးမျိုးဖြင့် အပြည့်အဝ မရရှိသေးသည်မှာ ဝမ်းနည်းစရာဖြစ်သည်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနောက်ကျခြင်း၊ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ်သို့ မတက်လှမ်းနိုင်သေးခြင်းအကြောင်းမှာ နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်ဓာတ်ခံယူချက်များနှင့် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင်ပဋိပက္ခများ ယနေ့ထက်တိုင်အောင် မချုပ်ငြိမ်းသေးခြင်းသည် အရေးကြီးသောအကြောင်း အချက်ဖြစ်သည်။ မငြိမ်းချမ်းသောကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို မတည်ဆောက်နိုင်၊ မတည်ဆောက်နိုင်သောကြောင့် မငြိမ်းချမ်း၊ တည်ဆောက်သော်လည်း ပဋိပက္ခများကြောင့် ပြန်လည်ပျက်စီးခြင်းဟူသည့် အဆိုးသံသရာတွင်လည်နေသည်ကို တွေ့မြင်နိုင်သည်။

လွတ်လပ်ရေးဆုံးရှုံး

နိုင်ငံတော်က ဦးထိပ်ပန်ဆင်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးသည် ရရှိပြီးသော လွတ်လပ်ရေးခိုင်မြဲရေးအတွက် အသက်သွေးဖြစ်သည်။ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ထာဝစဉ်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ရမည့်အရေးကို အစိုးရနှင့်တပ်မတော်က အဓိကတာဝန် ထမ်းဆောင်နေသလို နိုင်ငံသားအားလုံးကလည်း ပါဝင်ဆောင်ရွက်ကြဖို့တာဝန်ရှိသည်။ မျက်မှောက်ကာလ ဖြစ်ပေါ်နေသောပဋိပက္ခများသည် ဒို့တာဝန်အရေးသုံးပါးကို ခြိမ်းခြောက်နေသော အန္တရာယ်များဖြစ်သည်။ အကယ်၍ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်ပါက တိုင်းပြည်လွတ်လပ်ရေးဆုံးရှုံးသလို ဖြစ်သွားနိုင်သည်။

ယခုအခါ ပြည်ထောင်စုကြီးပြိုကွဲအောင်၊ စည်းလုံးညီညွတ်မှုပျက်ပြားအောင် ပြည်ပမှသွေးထိုးလှုံ့ဆော် မြှောက်ပင့်အားပေးမှုဖြင့် အကွက်ချစီစဉ် ဖျက်ဆီးနေကြသည်ကို တွေ့မြင်နိုင်သည်။ အကျိုးဆက်မှာ ပြည်တွင်း၌ တိုင်းရင်းသားလူမျိုးအချင်းချင်း ရန်စစ်ခင်းသဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခမျိုးစုံရောက်ကြရသည့်အပြင် ပြည်သူများနေထိုင်ရာဒေသများလည်း ပျက်စီးဆုံးရှုံးပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးသွားသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်အခါ လွတ်လပ်ရေး၏ အသီးအပွင့်များကို တန်းတူညီမျှခံစားရရှိရေးအတွက် အမျိုးသားခေါင်းဆောင်ကြီးများက မျှော်မှန်းဆောင်ရွက်ခဲ့သော်လည်း လက်နက်ကိုင်ပဋိပက္ခများ၏ အကျိုးဆက်ကြောင့်ဝေးခဲ့ရသည်မှာ စိတ်မကောင်းစရာဖြစ်သည်။

ထိုးနှက်တိုက်ခိုက်

လက်ရှိတွင် အကြမ်းဖက်သောင်းကျန်းသူများက တိုင်းပြည်တည်ငြိမ်မှုပျက်ပြားအောင် တိုက်ခိုက်ဖျက်ဆီးနေကြသည်။ ပြည်တွင်းပြည်ပမှ အဖျက်သမားများက သောင်းကျန်းသူများနှင့် အတိုင်အဖောက်ညီစွာဆိုရှယ်မီဒီယာကို လက်နက်သဖွယ်အသုံးပြုပြီး အစိုးရနှင့် ပြည်သူ၊ ပြည်သူနှင့်တပ်မတော်၊ ပြည်သူနှင့်ပြည်သူ သွေးကွဲအောင်၊ စည်းလုံးညီညွတ်မှုပျက်ပြားအောင် တိုက်ခိုက်နေသည်ကိုတွေ့ရမည်။ အထူးသဖြင့် နိုင်ငံတော်တည်တံ့ခိုင်မြဲရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြ သည့် တပ်မတော်သားအချင်းချင်း စိတ်ဝမ်းကွဲအောင် သတင်းတု၊ သတင်းမှားများဖြင့် ထိုးနှက်တိုက်ခိုက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။

တပ်မတော်ပြိုကွဲလျှင် တိုင်းပြည်ပြိုကွဲမည်ဖြစ်၍ တပ်မတော်ဖြိုခွဲရေးကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့် စိတ်ဓာတ်စစ်ဆင်ရေး သတင်းတု၊ သတင်းမှားများကို နားမယောင်မိဖို့လိုသည်။ သွေးထိုးလှုံ့ဆော်မှုများသည် တပ်မတော်အပေါ်၌သာမက တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကိုပါ ထိခိုက်စေပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ သတင်းတု၊ သတင်းမှားများကြောင့် ယုံကြည်ချက်၊ ခံယူချက်များ ယိမ်းယိုင်မသွားစေရန်၊ စည်းလုံးညီညွတ်မှု ခိုင်မာအားကောင်းစေရန် အစဉ်အမြဲနိုးကြားနေရ မည်ဖြစ်သည်။ ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် ပြည်ဖျက်မီဒီယာများ၏ ဆိုးရွားသည့်လုပ်ရပ်များကို အသိ၊ သတိနှင့်ဆင်ခြင်ပြီး စစ်မှန်သည့် စည်းလုံးညီညွတ်မှုကို တည်ဆောက်သွားရန် လိုအပ်မည်ဖြစ်သည်။

Показано 20 последних публикаций.