ကျောက်တော်၊မြောက်ဦး၊ မင်းပြားဒေသရှိ ဒေသခံပြည်သူများ၏ ဖုန်းများကို သိမ်းဆည်းထားပြီး ULA/AA နယ်မြေမှူးဆိုသူများမှ တိုင်ထောင်ဖုန်းများဖြင့်လုပ်စားနေ
=============================
ဒီဇင်ဘာ ၂၊ May Yu Htar Nay
ကျောက်တော်၊ မြောက်ဦး၊ မင်းပြား ဒေသရှိ ဖုန်းတာဝါတိုင်များကို အေအေအကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် တာဝါတိုင်ထည့်မည့်ဆီများအား သိမ်းဆည်းနေခြင်းတို့ကြောင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေမှုများရှိနေပါသည်။
ထိုပြတ်တောက်နေမှုများကို အခွင့်ကောင်းယူကာ ULA/AA နယ်မြေမှူးဆိုသူများမှ ပြည်သူများထံမှ ဖုန်းနှင့်ဆင်းကဒ်များ ကို လုံခြုံရေးအကြောင်းပြကာ သိမ်းဆည်းထားပြီး ၎င်းတို့ဝယ်ယူထားသော တိုင်ထောင်ဖုန်းများဖြင့် တစ်မိနစ်ကို တစ်ထောင်ကျပ်နှုန်းဖြင့် ဈေးကြီးပေးကာဆက်သွယ်ခိုင်းနေသည်။ ဖုန်းဆက်ရာတွင်လည်း ဘေးနားကနေ စောင့်နားထောင်လျက်ရှိသဖြင့် ဒေသခံများမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆုံးရှုံးမှုများ၊ လူအခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေသည်။
ရန်ကုန်သို့ထွက်ပြေးတိမ်းရှောင်လာသည့် ကျောက်တော်ဒေသခံတစ်ဦးမှ “ ဆက်သွယ်ရေးတွေက အရမ်းခက်ခဲတယ်၊ ဖုန်းဆက်ချင်လို့ရှိရင် တစ်မိနစ်ကို ဖေ့သာ (ပိုက်ဆံ)တစ်ထောင်ပေးပြီး နယ်မြေရုံးမှာ တန်းစီသွားဆက်ရတယ် ဖုန်းလိုင်းကလဲ မကောင်းတော့ တစ်မိနစ်ဆိုတာကလည်း ဟလိုကြားလားမေးရင်းနဲ့ ပြည့်သွားတာ ဖုန်းတခါပြောဖို့ကို ဖေ့သာ တစ်သောင်းလောက်ကုန်ကျတယ် “ ဟု ပြောသည်။
မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများပြားခဲ့သော ရခိုင်ဒေသကို နစကအစိုးရမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ပြန်လည်တိုးတက်မှုများ ရှိလာခါစအချိန်မှာပဲ ULA/AA အကြမ်းဖက်အဖွဲ့မှ အပစ်ရပ်သဘောတူ ကတိကဝတ်ကိုချိုးဖောက်ကာ တိုက်ပွဲဖော်ဆောင်မှုများ ပြုလုပ်ခဲ့သောကြောင့် ရခိုင်ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှူံးမှုများများပြားခဲ့ရပြီး ရခိုင်ပြည်သူများ၏ လူနေမှုအဆင့်အတန်းများသည်လည်း တစ်နေ့ထက်တစ်နေ့နိမ့်ကျလာသည်။
https://t.me/newsmayyu/14365