Репост из: Min Chit Oo
ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၉ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)
အမ်း-ပဒါန်းလမ်းပေါ်ရှိ ဆင်ခုံတိုင်ရွာအနီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် တပ်စစ်ကြောင်းအနေဖြင့် ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်က ရွာအနီးရှိသောင်းကျန်းသူများအား ရှင်းလင်းတိုက်ခိုက်ခဲ့ရာ ည ၉ နာရီအချိန်ထိ နှစ်ဖက်တိုက်ပွဲကြိုကြားကြိုကြားဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၁၀ နာရီခန့်က အမ်း-ပဒါန်းလမ်းပေါ်ရှိ ပက်ကွေစခန်းအနီး ကာကင်းနေရာအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီအထိတိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ထွက်ပြေးသွားကြောင်း၊ အမ်း-ပဒါန်းလမ်းပေါ်ရှိ ပက်ကွေ့နှင့် ဆင်ခုံတိုင်ရွာအကြား နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းမှ နယ်မြေရှင်းလင်းစဉ် နံနက် ၇ နာရီမှ ည ၇ နာရီအထိ နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ရှင်းလင်းနိုင်ခဲ့ကြောင်း၊ နံနက် ၆ နာရီခွဲခန့်က တိုင်းရုံးရှိ ရေစင်ကုန်းနှင့် အထက ၂ အနီးရှိ ကာကင်းနေရာများအား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားများမှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး/ Drone ပစ်ကူများရယူ၍ အပြင်းအထန် ပြန်လည်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ နေ့လည် ၁ နာရီအထိဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း၊ အလားတူ တိုင်းရုံးတောင်ဘက် ကာကင်းနေရာအား လာရောက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ ညနေ ၄ နာရီခွဲခန့်ထိ ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရပါသည်။
(တောင်ကုတ်)
နံနက် ၇ နာရီခန့်က ၃၄၆ တပ်အရှေ့တောင်ဘက် ဖုံညိုတံတားအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းများနှင့် ဆက်သက်ရေးတပ်ခွဲ ကာကင်းများအား AA သောင်းကျန်းသူများမှ တစ်ပြိင်နက်တိုက်ခိုက်ခဲ့သောကြောင့် သောင်းကျန်းသူများအား လက်နက်ကြီး/drone ပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီအချိန်ခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တား နိုင်ခဲ့ကြောင်းနှင့် နေ့လည် ၁၁ နာရီခွဲအချိန်ခန့်က ၃၄၆ တပ်ဗဟိုကင်း၊ ကာကင်းနေရာများနှင့် ၅၄၄ တပ် အိမ်ထောင်သည်လိုင်းခန်း ကာကင်းနေရာများအား သောင်းကျန်းသူများမှ တပြိုင်နက် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ ည ၉ နာရီခွဲအချိန်ခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။
(စစ်တွေ)
ညနေ ၄ နာရီအချိန်ခန့်က စစ်တွေမြို့အရှေ့မြောက်ဘက် ရဲယိုပြင်စခန်းအား သောင်းကျန်းသူများမှ အဝေးမှ လက်နက်ငယ်များဖြင့် လာရောက် တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ (၁၀) မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။
ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် အမ်းဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၂၆-၉-၂၀၂၄) ရက်နေ့မှစ၍ ရက်ပေါင်း (၇၄)ရက်၊ တောင်ကုတ်ဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၃၁-၁ဝ-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း(၃၉)ရက် ရှိလာပြီဖြစ်သည်။
#MinChitOo
ရခိုင်သတင်းများဖတ်ရန်
https://t.me/minchitoo989989 ကို join ပေးထားကြပါဦး