ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၂ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)
နံနက် ၈ နာရီအချိန်ခန့်က အမ်းမြို့အရှ့ဘက် ၆ မိုင်အကွာရှိ ပတ်ကွေ့ စခန်းအနီး ကာကင်းနေရာများအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီအချိန်ထိ ကြိုကြားကြိုကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ နေ့လည် (၁၂)နာရီအချိန်ခန့်က တိုင်းရုံးကာကင်းနေရာများအား AA သောင်းကျန်းသူများမှ တပြိုင်နက်လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားများမှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး/ Drone ပစ်ကူများရယူ၍ အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။
(တောင်ကုတ်)
နံနက်(၆)နာရီအချိန် ခန့်က ဆက်သွယ်ရေးတပ်ခွဲ ကာကင်းများအား AA သောင်းကျန်းသူများမှ တစ်ပြိုင်နက်တိုက်ခိုက်ခဲ့သောကြောင့် သောင်းကျန်းသူများအား လက်နက်ကြီး/drone ပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ ညနေ (၅) နာရီအချိန်ခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း၊ နံနက် ၆ နာရီခွဲအချိန်ခန့်က ၃၄၆ တပ်ဗဟိုကင်း၊ ကာကင်းနေရာများအား သောင်းကျန်းသူများမှ တပြိုင်နက် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ၆ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း၊ နေ့လည် (၂)နာရီခွဲ အချိန်ခန့်က (၅၄၄) တပ် ကာကင်းနေရာများအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ (၃)နာရီခန့် ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် အမ်းဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၂၆-၉-၂၀၂၄) ရက်နေ့မှစ၍ ရက်ပေါင်း (၇၇)ရက်၊ တောင်ကုတ်ဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၃၁-၁ဝ-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း(၄၁)ရက် ရှိလာပြီဖြစ်သည်။
https://t.me/newsmayyu