ပိုလန်နဲ့ ဘူလ်ဂေးရီးယားကို ဓာတ်ငွေ့ပို့လွှတ်မှုဖြတ်တောက်အပြီး ဥရောပမှာ ဓာတ်ငွေ့စျေးနှုန်း ၂၄%အထိ ခုန်တက်
NOM ဧပြီ ၂၇၊ ၂၀၂၂။
ပိုလန်နဲ့ ဘူလ်ဂေးရီးယားကို ဓာတ်ငွေ့တင်ပို့မှုတွေ ဖြတ်တောက်လိုက်ပြီးနောက်မှာ ဥရောပရဲ့ ဓာတ်ငွေ့စျေးနှုန်းဟာ ၂၄% အထိ မြင့်တက်သွားခဲ့တယ်လို့သိရပါတယ်။ ဒါဟာ megawatt-hour တခုအတွက် ယူရို ၁၂၇.၅ အထိ မြင့်တက်သွားခဲ့တာဖြစ်ပြီး
ဥရောပမှာ အကျပ်အတည်းတွေ ထပ်မံရှိလာဦးမယ့် အရိပ်အယောင်တွေလည်းဖြစ်ပါတယ်။
မော်စကိုနဲ့ အီးယူတို့ကြားမှာ ရက်သတ္တပတ်ပေါင်းများစွာ အငြင်းပွားမှုတွေဖြစ်နေခဲ့ပြီး ပူတင်က ရုရှားဓာတ်ငွေ့အတွက် ရူဘယ်ငွေကြေးနဲ့ပေးချေဖို့ တောင်းဆိုခဲ့ပေမယ့် အီးယူကတော့ ငြင်းဆန်ခဲ့ပြီး ဒါဟာ စာချုပ်ပါအချက်အလက်တွေကိုချိုးဖောက်တာလို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တချို့နိုင်ငံတွေကတော့ လောင်စာဆက်လက်ရရှိနေဖို့အတွက် ရူဘယ်နဲ့ပေးချေဖို့ကို သဘောတူထားကြပါတယ်။
ရုရှားဟာ ဥရောပရဲ့ အကြီးမားဆုံးဓာတ်ငွေ့ထောက်ပံ့သူဖြစ်ပြီး ပိုလန်နဲ့ ဘူလ်ဂေးရီးယားကို ဖြတ်တောက်ဖို့လုပ်ဆောင်မှုဟာ စွမ်းအင်ကို လက်နက်တခုအနေနဲ့ အသုံးပြုနေတာကို ဖော်ပြတာဖြစ်တယ်လို့ BNN Bloomberg က ဆိုပါတယ်။ "ဘယ်လိုဝယ်ယူသူမျိုးမဆို လုပ်ငန်းစဉ်အသစ် (ရူဘယ်နဲ့ပေးချေမှု) ကို ငြင်းပယ်မယ်ဆိုရင် ထောက်ပံ့မှုတွေဖြတ်တောက်ခံရမယ့် အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်" လို့ Oxford Institute for Energy Studies က အကြီးတန်းသုတေသီ Katja Yafimava က ပြောဆိုခဲ့ပါတယ်။
Jefferies Group LLC ရဲ့အဆိုအရ ပိုလန်နဲ့ ဘူဂေးလ်ရီးယားတို့ ဖြတ်တောက်ခံရမှုဟာ ဓာတ်ငွေ့ကို ပိုမိုဝယ်ယူဖို့လိုအပ်လာတဲ့အခြေအနေကို ဖန်တီးလိုက်တာလို့လည်း ဆိုပါတယ်။ ရုရှားရဲ့ ဒီလုပ်ရပ်ဟာ ရုရှားဓာတ်ငွေ့ကို အဓိကတင်သွင်းနေတဲ့ ဘာလင်နဲ့ ရောမတို့အတွက်လည်း အာရုံစိုက်စရာဖြစ်လာခဲ့ပြီး လက်ရှိအချိန်ထိတော့ တုံ့ပြန်မှုတွေမရှိသေးဘူးလို့ သိရပါတယ်။
ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom PJSC က ပိုလန်အနေနဲ့ ဓာတ်ငွေ့ဖိုးကို ရူဘယ်နဲ့ ချက်ချင်းပေးချေရမယ်လို့ မနေ့က ပြောဆိုခဲ့ပြီး မိနစ်အနည်းငယ်အကြာမှာတော့ ပိုလန်ရဲ့ အဓိကဓာတ်ငွေ့တင်သွင်းသူ PGNiG က ဓာတ်ငွေ့စီးဆင်းနေမှုအားလုံးဟ
ဒီနေ့မနက် ဒေသစံတော်ချိန် ၈နာရီကနေ စတင်ပြီး ရပ်တန့်သွားမယ်လိုပလည်း အသိပေးခဲ့တာဖြစ်ပါတယ်။
NOM
Telegram - https://t.me/nomworldnews