NOM.World News


Гео и язык канала: не указан, не указан
Категория: не указана


NOM World News Official Channel.

Связанные каналы  |  Похожие каналы

Гео и язык канала
не указан, не указан
Категория
не указана
Статистика
Фильтр публикаций


အရေးပါတဲ့ အခြေခံအဆောက်အဦတွေအပေါ် တိုက်ခိုက်မှုအဖြစ် Fiber Optic ကေဘယ်လ်ကြိုးတွေ ဖြတ်တောက်ခံရပြီးနောက် ဗုဒ္ဓဟူးနေ့ညက ပြင်သစ်နိုင်ငံတဝှမ်းမှာ အင်တာနက်လိုင်းတွေပြတ်တောက်တာ ဒါမှမဟုတ် နှေးကွေးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ပဲရစ်၊ လိုင်လီ၊ စထရာဘော့ဂျ် နဲ့ လီယွန်မြိုကြီးတွေကို ဆက်သွယ်ပေးထားတဲ့ ကေဘယ်လ်ကြိုးတွေဖြစ်တယ်လို တယ်လီကွန်အော်ပရေတာတွေက ပြောဆိုခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒီလိုအဖြစ်မျိုးကို တကြိမ်မှမကြုံဖူးဘူးလို ပြောဆိုခဲ့ကြပြီး ဘယ်သူ့လက်ချက်လဲဆိုတာကိုလည်း လက်ရှိမှာ မသိရသေးဘူးလို ပြောခဲ့ပါတယ်။ (thelocal.fr)

NOM

Telegram: https://t.me/nomworldnews


ပါကစ္စတန်မှာ တရုတ်ကျောင်းဆရာသုံးဦး သေဆုံးခဲ့တဲ့ အသေခံဗုံးခွဲမှုကို ပြုလုပ်ခဲ့သူဟာ ပြီးခဲ့တဲ့ လပိုင်းအတွင်းကမှ မဟာဘွဲတက်ရောက်ဖို့ စာရင်းပေးသွင်းထားတဲ့ ဆရာမတဦးဖြစ်တယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုမှာ ပါကစ္စတန်နိုင်ငံသားတွေလည်းထိခိုက်သေဆုံးခဲ့ပြီး တရုတ်အစိုးရကို အကြီးအကျယ်ဒေါသထွက်စေခဲ့ကာ လက်တုံ့ပြန်မှုတွေပြုလုပ်မယ်လို့ ချက်ချင်းကို ကြေညာချက်ထုတ်ပြန်ခဲ့ရပါတယ်။ (Al Jazeera)

NOM

Telegram: https://t.me/nomworldnews


"နောက်တခေါက်က ကိုကာကိုလာကို ကျနော်ဝယ်မယ်၊ ပြီးရင် ကိုကင်းတွေပြန်ထည့်သွင်းမယ်" ဆိုပြီး အီလွန်မက်စ်က နောက်ပြောင်လိုက်ပါပြီ။ :P

တကယ်သာဝယ်ပြီး အဲဒီအတိုင်းလုပ်မယ်ဆိုရင် ကိုကာကိုလာရဲ့ မူလအရသာကို ပြန်ခံစားရတော့မှာပါ။ :D

(ကိုကာကိုလာကို စတင်ထုတ်လုပ်တုန်းက ကိုကင်းကို တရားဝင်သုံးစွဲခွင့်ရတဲ့အချိန်ပါ။ ဆေးဝါးတွေမှာ ထည့်သွင်းအသုံးပြုတဲ့ ပါဝင်ပစ္စည်းဖြစ်ပြီး ပမာဏအနည်းငယ်အသုံးပြုတာက ဘေးကင်းတယ်လို အားလုံးက ယူဆထားကြတာပါ။ ကိုကာကိုလာချက်ပြုတ်ရာမှာ ကိုကင်းအရွက်ကနေ ထုတ်ယူတာမို ကိုကင်းဓာတ်ပါဝင်ပြီး အဖျော်ယမကာရဲ့နာမည်မှာ ကိုကာဆိုပြီးပါဝင်နေတာ အဲဒါကြောင့်ပါ။)

NOM

Telegram: https://t.me/nomworldnews




ကြားဝင်စွက်ဖက်ရင် လျှပ်တပြက်တုံ့ပြန်မှုတွေကို အရှိန်အဟုန်နဲ့ ပြုလုပ်မယ်လို့ အနောက်နိုင်ငံတွေကို ပူတင် သတိပေး

NOM ဧပြီ ၂၈၊ ၂၀၂၂။

ယူကရိန်းမှာ ရုရှားက ဆင်နွှဲနေတဲ့ တိုက်ခိုက်မှုတွေမှာ ကြားဝင်စွက်ဖက်သူတဲ့ ဘယ်သူ့ကိုမဆို လျှပ်တပြက်တုံ့ပြန်သွားမယ်လို့ ရုရှားသမ္မတပူတင်က သတိပေးပြောဆိုလိုက်ပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေကို တိုက်ရိုက်ခြိမ်းခြောက်သတိပေးလိုက်တာဖြစ်တယ်လို့လည်း Fox News က ဆိုပါတယ်။

"ဘယ်သူမဆို ပြင်ပကနေ ဝင်ရောက်စွက်ဖက်ဖို့ကြိုးစားပြီး ရုရှားက မဟာဗျူဟာသဘောသဘာ၀အရ လက်မခံနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ပြုလုပ်မယ်ဆိုရင် ကျနော်တို့ရဲ့ တန်ပြန်တိုက်ခိုက်မှုတွေက လျှပ်တပြက်နဲ့ အရှိန်အဟုန်နဲ့ဖြစ်ပေါ်လာမယ်ဆိုတာကို
သိထားသင့်ပါတယ်" လို့ ပူတင်က ပြောဆိုခဲ့ပါတယ်။

ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုက ရက်ပေါင်းအားဖြင့် ၆၀ ကျော်လာခဲ့ပြီဖြစ်ကာ အနောက်နိုင်ငံတွေရဲ့ ထောက်ခံအားပေးမှုက နူကလီးယားစစ်ပွဲဆီကို ဦးတည်သွားနိုင်တယ်လို့ ရုရှားက ပြောဆိုခဲ့ချိန်မှာ အနောက်နိုင်ငံတွေရဲ့ ဒေါသနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အမေရိကန်နဲ့
ဗြိတိန်တို့က ပြင်းထန်တဲ့စကားလုံးတွေသုံးပြီး စစ်ပွဲရပ်တန့်ဖို့ တောင်းဆိုခဲ့ပေမယ့် ပူတင်က ပိုပြီးပြင်းထန်တဲ့ ပြောဆိုမှုတွေကို မနေ့က အရှိန်မြှင့်လိုက်တာပါ။

"ဒီလိုတွေလုပ်ဖို့ ကျနော်တို့မှာ လိုအပ်တဲ့အရာအားလုံးရှိပါတယ်၊ တခြားဘယ်သူကမှတောင်မှ မကြွားဝါနိုင်တာ၊ မမြင်ဖူးတာတွေပေါ့" လို့ အသံထက်မြန်တဲ့ ဒုံးကျည်ကို ရည်ညွှန်းပြီး ပူတင်က​ ပြောဆိုခဲ့ပါတယ်။ "ဒါကို ကျနော်တို့ ထုတ်ကြွားနေမှာမဟုတ်ဘူး၊ လိုအပ်ရင် အသုံးပြုမယ်၊ လူတိုင်းကို ဒါကို သိထားစေချင်တယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေလည်း ချမှတ်ထားပြီးပါပြီ" လို့ မော်စကိုခေါင်းဆောင်က ဆိုပါတယ်။

ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ ရုရှားက ဒုတိယအကြိမ်ထိုးစစ်ဆင်နေတဲ့အချိန်အတွင်း နေတိုးနဲ့ မဟာမိတ်တွေက ယူကရိန်းကို ဆက်ပြီးထောက်ခံသွားမယ်လို့ ပြောဆိုခဲ့လို့ ဒီထက်ပိုကြမ်းတမ်းတဲ့ တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ ရုရှားက သတိပေးထားပါတယ်။ မော်စကိုဟာ ယူကရိန်းကို အထူးစစ်ဆင်ရေးဆင်နွှဲတယ်လို့ ပြောဆိုခဲ့ပြီး တချို့ဒေသတွေမှာ နာဇီဝါဒလွှမ်းမိုးနေမှုကို ဖယ်ရှားဖို့လို့ဆိုထားပေမယ့် အနောက်နိုင်ငံတွေက ဒါဟာ မှားယွင်းနေတယ်လို့ ဆိုခဲ့ကြပါတယ်။

NOM

Telegram - https://t.me/nomworldnews

Telegram




စစ်ဘက်ဆိုင်ရာဆက်ဆံရေးကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ဖို့ တရုတ် နဲ့ အီရန်တို့ သဘောတူညီမှုရရှိ

NOM ဧပြီ ၂၈၊ ၂၀၂၂။

စစ်ရေးနယ်ပယ်အပါအဝင် ဘက်စုံပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့ တရုတ်နဲ့ အီရန်တို့က မနေ့က သဘောတူညီခဲ့ကြပါတယ်။ အီရန်သမ္မတ Raisi နဲ့ အီရန်ကိုအလည်အပတ်ရောက်နေတဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ ကာကွယ်ရေးဝန်ကြီး
ဗိုလ်ချုပ်ကြီး Wei Fenghe တို့ တီဟီရန်မှာ ဆွေးနွေးအပြီး သဘောတူညီခဲ့ကြတာပါ။

အီရန်က တဖက်သတ်ဝါဒ၊ အသွင်တူဝါဒနဲ့ ပြင်ပဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ပြီး တရုတ်ကို အခိုင်အမာထောက်ခံတယ်လို့ Raisi က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ခက်ခဲတဲ့ကာလတွေအတွင်းမှာ အီရန်ကို တရုတ်ရဲ့ ပံ့ပိုးကူညီပေးခဲ့မှုတွေအတွက်လည်း ကျေးဇူးတင်
ကြောင်း Raisi က ပြောဆိုခဲ့ကာ တရုတ်ကတော့ အီရန်နဲ့ သူတို့ဟာ ရှေးကျတဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေအရ ချစ်ကြည်ရင်းနှီးမှုက ပိုမိုခိုင်မာလာတယ်လို့ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ တရုတ်နဲ့အီရန်ကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုပြုလုပ်ခဲ့ကြပြီး တရုတ်က အီရန်စစ်တပ်ကို ပိုမိုမြင့်မားတဲ့အဆင့်တခုကိုရောက်အောင် ပံ့ပိုးကူညီပေးမယ်လို့ ဗိုလ်ချုပ်ကြီးဝေက ပြောဆိုခဲ့ပါတယ်။ အီရန်လက်နက်ကိုင်တပ်ဖွဲ့
အကြီးအကဲ Mohammad Bagheri နဲ့လည်း တွေ့ဆုံခဲ့ကြသလို အီရန်ကာကွယ်ရေးဝန်ကြီး Gharaei Ashtiani နဲ့လည်း စကားပြောခဲ့ကြတယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံမှုတွေမှာ နိုင်ငံတကာနဲ့ ဒေသတွင်းလုံခြုံရေးအခြေအနေတွေကို အပြန်အလှန်ပြောဆိုခဲ့ကြပြီး အီရန်နူကလီးယားအရေးနဲ့ ယူကရိန်းပဋိပက္ခကိုလည်း ဆွေးနွေးခဲ့တယ်လို့ တရုတ်မီဒီယာတွေက ဆိုပါတယ်။ သဘောတူညီချက်အရ နှစ်နိုင်ငံစစ်တပ်ရဲ့
မဟာဗျူဟာမြောက်ဆက်ဆံရေးတွေ ပိုမိုအားကောင်းလာစေဖို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု၊ ဝန်ဆောင်မှုနဲ့ လက်နက်တွေဖလှယ်ဖို့ကို သဘောတူညီခဲ့ကြပါတယ်။

NOM
Telegram - https://t.me/nomworldnews


ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းမှာ အနောက်နိုင်ငံတွေက ထောက်ပံ့ပေးနေတဲ့ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေထားရှိရာ သိုလှောင်ရုံကို ဖျက်ဆီးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်တယ်။

Zaporozhye စက်မှု အလူမီနီယံ စက်ရုံနေရာက ဂိုဒေါင်တစ်ခုနှာ သိမ်းဆည်းထားတဲ့ လက်နက်မျတွေကိုပင်လယ်နက်ထဲမှာရှိတဲ့ စစ်သင်္ဘောတွေက ဒုံးကျည်နဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တာပါ။ ယူကရိန်းစစ်တပ်ကို အမေရိကန်နဲ့ဥရောပနိုင်ငံတွေက ပံ့ပိုးပေးနေတဲ့နိုင်ငံခြားလက်နက်နဲ့ခဲယမ်းမီးကျောက်များ အမြောက်အမြားကိုအဆိုပါစက်ရုံမှာ ထားရှိတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

NOM


တရုတ်ဒရုန်းနဲ့ ဗီဒီယိုကင်မရာထုတ်လုပ်တဲ့ DJI ကုမ္ပဏီက ရုရှားနဲ့ ယူကရိန်းမှာ သူတိုရဲ့ စီးပွားဖြစ်လုပ်ငန်းတွေကို ဆိုင်းငံ့လိုက်ပြီလို ကြေညာလိုက်ပါတယ်။ ဒါဟာ ယူကရိန်း-ရုရှားစစ်ပွဲစတင်ချိန်ကစပြီး အဆိုပါနိုင်ငံတွေက လုပ်ငန်းတွေကို ရပ်ဆိုင်းတယ်လို ကြေညာတဲ့ ပထမဆုံးတရုတ်ကုမ္ပဏီလည်းဖြစ်လာခဲ့ပါတယ်။ (Financial Times)

NOM


ဥရောပသမဂ္ဂဟာ ရုရှားဆီကနေ ရူဘယ်နဲ့ ဓာတ်ငွေ့ဝယ်ယူဖိုအသင့်ရှိနေတဲ့ နိုင်ငံတွေကတဆင့် ဓာတ်ငွေ့ဝယ်ယူမှုကို ယာယီတိုးမြှင့်သွားမယ်လို Tass သတင်းရင်းမြစ်တခုက ဆိုပါတယ်။ ရုရှားရဲ့ ထောက်ပံ့မှုရပ်ဆိုင်းခံလိုက်ရတဲ့ ပိုလန်နဲ့ ဘူလ်ဂေးရီးယားကိုလျော်ကြေးပေးဖိုအတွက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

NOM


ဥရောပက ဝယ်လက် ၁၀ ဦးဟာ ရူဘယ်ငွေနဲ့ ပေးချေဖိုအတွက် Gazprombank မှာ အထူးအကောင့်တွေ ဖွင့်လှစ်ထားပြီးပြီလို Bloomberg က ဖော်ပြခဲ့ပါတယ်။

NOM




တွစ်တာကိုလက်လွှဲယူအပြီး အီလွန်မက်စ်ကို အနောက်နိုင်ငံအစိုးရတွေက သတိပေး

NOM ဧပြီ ၂၇၊ ၂၀၂၂။

တွစ်တာကို အီလွန်မက်စ်ဝယ်ယူလိုက်ပြီးနောက် ဥရောပသမဂ္ဂနဲ့ ဗြိတိန်တို့က Telsa CEO အနေနဲ့ လူမှုကွန်ရက်ပလက်ဖောင်းအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။ "ပိုင်ဆိုင်မှုဘယ်လိုပဲဖြစ်ဖြစ် ဆိုရှယ်မီဒီယာအားလုံးမှာ
တာဝန်တွေသေချာပေါက်ရှိပါတယ်" လို့ ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ဆိုပါတယ်။

"ကားတွေဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာဖြစ်ဖြစ် ဥရောပမှာ လည်ပတ်နေတဲ့ ကုမ္ပဏီတိုင်းက သူတို့ရဲ့အစုရှယ်ယာတွေ ဘယ်လိုပဲပိုင်ဆိုင်ထားပါစေ၊ ကျနော်တို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုပါတယ်" လို့ အီးယူအမှုဆောင်အဖွဲ့ရဲ့ ပြည်တွင်းစျေးကွက်ဆိုင်ရာ
ကော်မရှင်နာ Thierry Breton က တွစ်တာမှာ ခပ်ပါးပါးလေးရေးသားပြောဆိုခဲ့ပါတယ်။

ဒီသတိပေးချက်ဟာ မတ်လကုန်ခါနီးက အီးယူက ဒစ်ဂျစ်တယ်စျေးကွက်ကို ပြန်လည်ပြင်ဆင်ဖို့ နည်းပညာကုမ္ပဏီကြီးတွေရဲ့ လည်ပတ်ပုံကို ထိန်းညှိခြင်းအပါအဝင် အင်တာနက်စည်းမျဉ်းအသစ်တွေပြင်ဆင်ဖို့ သဘောတူညီခဲ့ပြီးနောက်မှာ ထွက်ပေါ်လာခဲ့တာပါ။ အီလွန်မက်စ်ဟာ တွစ်တာကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ လွတ်လပ်စွာရေးသားပြောဆိုနိုင်ခွင့်ကို ထိန်းချုပ်မှာမဟုတ်ဘူးလို့ သူက ပြောဆိုခဲ့ပါတယ်။

လက်ဝဲဝါဒီသမားတွေကတော့ သူ့ရဲ့ ဒီပြောဆိုမှုအပေါ်မှာ ဝေဖန်ခဲ့ကြပြီး အစွန်းရောက်အမြင်တွေများပြားလာမယ့် လူမှုမီဒီယာပလက်ဖောင်းကို ဖွင့်ပေးမယ့်သူလို့ အီလွန်မက်စ်ကို စွပ်စွဲခဲ့ကြပါတယ်။ အီလွန်မက်စ်ကိုယ်တိုင်ကလည်း သူ ဝယ်ယူနိုင်ခဲ့ပြီဆိုတာကို
အတည်မပြုရသေးခင်လေးမှာ "ကျနော့်ကို အဆိုးဆုံးဝေဖန်နေတဲ့သူတွေကိုတောင်မှ တွစ်တာမှာ ကျနော်ရှိစေချင်တယ်၊ ဘာလို့လဲဆိုတော့ လွတ်လပ်စွာပြောဆိုခွင့်က အဓိပ္ပာယ်ရှိလို့ပါပဲ" လို့ ရေးသားခဲ့ပါသေးတယ်။

အီလွန်မက်စ်ဟာ တွစ်တာရဲ့ အကြောင်းအရာစိစစ်ရေးမူဝါဒတွေကို ပြောင်းလဲဖွယ်ရှိနေပြီး ပိုမိုပွင့်လင်းကာ ဆင်ဆာဖြတ်တောက်မှုမရှိတဲ့ မူဝါဒသစ်တွေကို ချမှတ်သွားဖွယ်ရှိနေပါတယ်။ ဒီဘက်နှစ်တွေမှာ တွစ်တာက ပင်မရေစီးကြောင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့
အမြင်တွေကို ဆင်ဆာဖြတ်တောက်ရာမှာ ပါဝင်ခဲ့တယ်လို့ ရှေးရိုးစွဲဝါဒီတွေနဲ့ အခြားသူတွေက ဝေဖန်ခဲ့ကြပါတယ်။

NOM

Telegram - https://t.me/nomworldnews




ပိုလန်နဲ့ ဘူလ်ဂေးရီးယားကို ဓာတ်ငွေ့ပို့လွှတ်မှုဖြတ်တောက်အပြီး ဥရောပမှာ ဓာတ်ငွေ့စျေးနှုန်း ၂၄%အထိ ခုန်တက်

NOM ဧပြီ ၂၇၊ ၂၀၂၂။

ပိုလန်နဲ့ ဘူလ်ဂေးရီးယားကို ဓာတ်ငွေ့တင်ပို့မှုတွေ ဖြတ်တောက်လိုက်ပြီးနောက်မှာ ဥရောပရဲ့ ဓာတ်ငွေ့စျေးနှုန်းဟာ ၂၄% အထိ မြင့်တက်သွားခဲ့တယ်လို့သိရပါတယ်။ ဒါဟာ megawatt-hour တခုအတွက် ယူရို ၁၂၇.၅ အထိ မြင့်တက်သွားခဲ့တာဖြစ်ပြီး
ဥရောပမှာ အကျပ်အတည်းတွေ ထပ်မံရှိလာဦးမယ့် အရိပ်အယောင်တွေလည်းဖြစ်ပါတယ်။

မော်စကိုနဲ့ အီးယူတို့ကြားမှာ ရက်သတ္တပတ်ပေါင်းများစွာ အငြင်းပွားမှုတွေဖြစ်နေခဲ့ပြီး ပူတင်က ရုရှားဓာတ်ငွေ့အတွက် ရူဘယ်ငွေကြေးနဲ့ပေးချေဖို့ တောင်းဆိုခဲ့ပေမယ့် အီးယူကတော့ ငြင်းဆန်ခဲ့ပြီး ဒါဟာ စာချုပ်ပါအချက်အလက်တွေကိုချိုးဖောက်တာလို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တချို့နိုင်ငံတွေကတော့ လောင်စာဆက်လက်ရရှိနေဖို့အတွက် ရူဘယ်နဲ့ပေးချေဖို့ကို သဘောတူထားကြပါတယ်။

ရုရှားဟာ ဥရောပရဲ့ အကြီးမားဆုံးဓာတ်ငွေ့ထောက်ပံ့သူဖြစ်ပြီး ပိုလန်နဲ့ ဘူလ်ဂေးရီးယားကို ဖြတ်တောက်ဖို့လုပ်ဆောင်မှုဟာ စွမ်းအင်ကို လက်နက်တခုအနေနဲ့ အသုံးပြုနေတာကို ဖော်ပြတာဖြစ်တယ်လို့ BNN Bloomberg က ဆိုပါတယ်။ "ဘယ်လိုဝယ်ယူသူမျိုးမဆို လုပ်ငန်းစဉ်အသစ် (ရူဘယ်နဲ့ပေးချေမှု) ကို ငြင်းပယ်မယ်ဆိုရင် ထောက်ပံ့မှုတွေဖြတ်တောက်ခံရမယ့် အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်" လို့ Oxford Institute for Energy Studies က အကြီးတန်းသုတေသီ Katja Yafimava က ပြောဆိုခဲ့ပါတယ်။

Jefferies Group LLC ရဲ့အဆိုအရ ပိုလန်နဲ့ ဘူဂေးလ်ရီးယားတို့ ဖြတ်တောက်ခံရမှုဟာ ဓာတ်ငွေ့ကို ပိုမိုဝယ်ယူဖို့လိုအပ်လာတဲ့အခြေအနေကို ဖန်တီးလိုက်တာလို့လည်း ဆိုပါတယ်။ ရုရှားရဲ့ ဒီလုပ်ရပ်ဟာ ရုရှားဓာတ်င​ွေ့ကို အဓိကတင်သွင်းနေတဲ့ ဘာလင်နဲ့ ရောမတို့အတွက်လည်း အာရုံစိုက်စရာဖြစ်လာခဲ့ပြီး လက်ရှိအချိန်ထိတော့ တုံ့ပြန်မှုတွေမရှိသေးဘူးလို့ သိရပါတယ်။

ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom PJSC က ပိုလန်အနေနဲ့ ဓာတ်ငွေ့ဖိုးကို ရူဘယ်နဲ့ ချက်ချင်းပေးချေရမယ်လို့ မနေ့က ပြောဆိုခဲ့ပြီး မိနစ်အနည်းငယ်အကြာမှာတော့ ပိုလန်ရဲ့ အဓိကဓာတ်ငွေ့တင်သွင်းသူ PGNiG က ဓာတ်ငွေ့စီးဆင်းနေမှုအားလုံးဟ
ဒီနေ့မနက် ဒေသစံတော်ချိန် ၈နာရီကနေ စတင်ပြီး ရပ်တန့်သွားမယ်လိုပလည်း အသိပေးခဲ့တာဖြစ်ပါတယ်။

NOM

Telegram - https://t.me/nomworldnews


Видео недоступно для предпросмотра
Смотреть в Telegram
Odessa မြို့အနီးက Zatoka မှာရှိတဲ့ မဟာဗျူဟာအရအရေးပါတဲ့ မီးရထားတံတားကို ဒုံးကျည်နဲ့တိုက်ခိုက်မှုအပြီးမြင်ကွင်းဖြစ်ပါတယ်။

NOM




တရုတ်ကျောင်းဆရာ ၃ ဦး သေဆုံးခဲ့တဲ့ ကားဗုံးဖောက်ခွဲမှုအပေါ် တရုတ်ဒေါသထွက်နေ၊ ပါဝင်သူတွေ ကြီးမားတဲ့တန်ဖိုးပေးဆပ်ရမယ်လို့ ကြုံးဝါး


NOM ၊ ဧပြီ ၂၇၊ ၂၀၂၂။

ပါကစ္စတန်၊ ကရာချိမြို့က ကရာချိတက္ကသိုလ်ရှေ့မှာ ကားတစီး အသေခံဗုံးဖောက်ခွဲမှုဖြစ်ပွားပြီး အဆိုပါတက္ကသိုလ်ရဲ့ ကွန်ဖြူးရှပ်စ်ဌာနက တရုတ်ကျောင်းဆရာ ၃ ဦး သေဆုံးခဲ့ပါတယ်။ တရုတ်နိုင်ငံသားတွေ သေဆုံးရမှုနဲ့ပတ်သက်ပြီး ဒီဖောက်ခွဲမှုရဲ့ နောက်ကွယ်ကလူတွေအနေနဲ့ ကြီးမားတဲ့တန်ဖိုးပေးဆပ်ရလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက သတိပေးလိုက်ပါတယ်။

တရုတ်လူမျိုးတွေရဲ့သွေးကို အလဟဿမြေကျမခံနိုင်ဘူးလို့ သူက ပြောဆိုခဲ့ပါတယ်။ မနေ့က ဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်းကြိုယာဉ်ကို ပစ်မှတ်ထားခဲ့ကာ တရုတ်နိုင်ငံသား ကျောင်းဆရာ ၃ ဦးသေဆုံးခဲ့သလို နေရက် ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံသားအများအပြားလည်း သေဆုံးဒဏ်ရာရခဲ့ပြီး တရုတ်က ဒီတိုက်ခိုက်မှုကို အပြင်းအထန်ရှုတ်ချခဲ့ပါတယ်။

ဒါ့အပြင် ဒေါသအလွန်ထွက်မိတယ်လို့ ပြောဆိုခဲ့ကာ ထိခိုက်သေဆုံးခဲ့သူတွေရဲ့ ကျန်ရစ်သူမိသားစုတွေအတွက်လည်း ဝမ်းနည်းစိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။ တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီး Wu Jianghao က တရုတ်ဆိုင်ရာ ပါကစ္စတန်သံရုံးဆီ ဖုန်းနဲ့ဆက်သွယ်ကာ ဒီကိစ္စကို ချက်ချင်းဆိုသလို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့၊ ကျူးလွန်သူတွေကို ဥပဒေအရအရေးယူဖို့နဲ့ ပါကစ္စတန်မှာရှိတဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံစိတ်ချရေးအတွက် အစီအမံတွေအားလုံး ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ်သစ် ရှာဘတ်ရှာရစ်ဖ်ကလည်း တရုတ်သံရုံးကို သွားရောက်ခဲ့ကာ ဝမ်းနည်းကြောင်းဆိုခဲ့ပြီး အစိုးရအနေနဲ့ ဒီကိစ္စကို အလေးထားစုံစမ်းစစ်ဆေးသွားမယ်လို့ ကတိပေးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။ ပြင်းထန်တဲ့အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်မှာဖြစ်ပြီး ပါကစ္စတန်နိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးများ ၊ စီမံကိန်းတွေနဲ့ အဖွဲ့အစည်းတွေကို နည်းလမ်းပေါင်းစုံနဲ့ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီဗုံးကွဲမှုဟာ အမျိုးသမီး အသေခံဗုံးခွဲသမား တယောက်က ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သူတို့လက်ချက် ဖြစ်တယ်လို့ ဘာလို့ချ် လွတ်မြောက်ရေးတပ်မတော်ခွဲထွက်ရေး အုပ်စု (BLA) က Reuters သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ အဆိုပါအုပ်စုဟာ ပါကစ္စတန်အတွင်း အစိုးရရဲ့ အရေးပါတဲ့စီမံကိန်းတွေ၊ ဓာတ်ငွေ့ပိုက်လိုင်းတွေကို ဖောက်ခွဲတ်ုက်ခိုက်မှုတွေ ပြုလုပ်နေကျဖြစ်ပါတယ်။

NOM

Telegram - https://t.me/nomworldnews




ယူကရိန်း-ရုရှားစစ်ပွဲကြောင့် ဇင်ဘာဘွေမှာ ပေါင်မုန့်ဈေး နှစ်ဆထိမြင့်တက်ပြီး အခက်တွေ့နေ

NOM ဧပြီ ၂၇၊ ၂၀၂၂။


ယူကရိန်း-ရုရှား ပဋိပက္ခတွေစတင်ချိန်ကစပြီး ဇင်ဘာဘွေမှာ ပေါင်မုန့်တလုံးတန်ဖိုးဟာ မူလထက် ၁၀၀% အထိမြင့်တက်နေတယ်လို့ သိရပါတယ်။ ပေါင်မုန့်တလုံးအတွက် ၂ ဒေါ်လာအထိ ပေးချေနေရတယ်လို့သိရကာ ထမင်းတောင်မှ မစားကြဘဲ ယာဂုကျိုသောက်ကာ အခြေအနေကို ထိန်းသိမ်းနေရတယ်လို့ VOA သတင်းတရပ်မှာ ဖော်ပြခဲ့ပါတယ်။

ဒီရိုက်ခတ်မှုဟာ ကလေးတွေအပေါ် ပိုပြီး အကျိုးသက်ရောက်မှုကြီးမားနေကာ ပေါင်မုန့်စားရဖ်ု့အတွက် ငိုကြွေးတောင်းဆိုနေတယ်လို့ ဇင်ဘာဘွေအိမ်ရှင်မတဦးက VOA ကို ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့အဓိကဂျုံတင်ပို့တဲ့ ယူကရိန်းကို ရုရှားက ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဇင်ဘာဘွေမှာ ပေါက်မုန့်ဈေးက ကြောက်ခမန်းလိလိမြင့်တက်ခဲ့တာပါ။ ဂျုံတင်သွင်းမှုနည်းပါးသွားချိန်မှာ စားနပ်ရိက္ခာပြသနာနဲ့ ရင်ဆိုင်လိုက်ရတာပါ။

ဇင်ဘာဘွေ ဆန်စက်လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဌနဲ့ စပါးတင်သွင်းသူ Tafazwa Musarara က ရုရှား-ယူကရိန်း ပဋိပက္ခဟာ ကုန်ဈေးနှုန်းတက်ခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလောက်မှာ နိုင်ငံရေးတင်းမာမှုတွေ မြင့်လာတဲ့အတွက် အာမခံသူတွေက အဲဒီဒေသက ဂျုံတွေကို သယ်ယူလို့မရနိုင်တော့လို့ပြောပါတယ်၊ ယူကရိန်းက ကျနော်တို့လိုအပ်တဲ့ ဂျုံရဲ့ ၆၅ ရာခိုင်နှုန်းကို ဂျုံကောင်းကောင်းနဲ့ ထောက်ပံ့ပေးနေတဲ့ ပေးသွင်းသူတစ်ဦးပါ" လို့ သူက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ယူကရိန်းနိုင်ငံ Mariupol မြို့မှာ ဇင်ဘာဘွေကို တင်ပို့မယ့် ဂျုံတွေပိတ်မိနေတာ ရက်သတ္တပတ်များစွာကြာနေပြီလို့ သူက ထပ်ပြောခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲက ဇင်ဘာဘွေပြည်သူတွေကို တိုင်းပြည်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ တွန်းအားပေးနေကြောင်းလည်း သူက ဆိုပါတယ်။

အခု တခြားနိုင်ငံတွေကနေ ဘယ်လိုရနိုင်မလဲဆိုတာကို ကျနော်တို့ ကြိုးပမ်းနေပါတယ်။ [သြစတေးလျတွင်] ရေလွှမ်းမိုးမှု ပြဿနာရှိနေလို့ သူတို့စိုက်ပျိုးရေးကို ထိခိုက်နေပြီး ကနေဒါနဲ့ တခြားနိုင်ငံတွေကနေ ဂျုံတွေရရှိဖို့ ကျနော်တို့လုပ်နေပါတယ်" လို့ သူက ရှင်းပြခဲ့ပါတယ်။

ဇင်ဘာဘွေစိုက်ပျိုးရေးအသင်းရဲ့ CEO နဲ့ နိုင်ငံတွင်း စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့ တာဝန်ရှိသောအဖွဲ့က Andrew Matibiri ကတော့ လက်ရှိကြုံတွေ့နေရတဲ့ ဂျုံရှားပါးမှုက အခွင့်အလမ်းတခုအဖြစ်နဲ့ ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

“ဒီအချိန်က စပါးစိုက်ပျိုးထုတ်လုပ်လိုတဲ့ တောင်သူလယ်သမားတွေကို ပံ့ပိုးပေးဖို့အတွက် အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းလက်တွဲပြီး လယ်သမားတွေ များများထွက်ရှိဖို့ အခွင့်အခါကောင်းပါပဲ” လို့ ဆိုပါတယ်။ “ပြီးတော့ ဘုရားသခင်ကို ကျေးဇူးတင်တယ်။ မြေယာပြင်ဆင်မှုတွေမှာ ကူညီပေးနေတဲ့ မိုးနှောင်းပိုင်း မိုးရွာသွန်းမှုတွေ ရှိခဲ့ပါတယ်။ အဲဒီတော့ ခြုံပြောရရင် ဒီနိုင်ငံရဲ့ စပါးထုတ်လုပ်မှုက အနာဂတ်ကောင်းတယ်။”

ကျနော်တို့ရဲ့ လိုအပ်ချက်အတွက် အလုံအလောက်ထုတ်လုပ်နိုင်ပြီး တစ်ဖက်နိုင်ငံနဲ့ ဂျုံလိုအပ်နေတဲ့ တခြားနိုင်ငံတွေကို တင်ပို့နိုင်ဖို့နဲ့ ဒီထက်ပိုပြီး ထုတ်လုပ်နိုင်တယ်ဆိုတာကို ပြသထားပါတယ်" လို့ သူက ပြောဆိုခဲ့ပါတယ်။

NOM

Telegram - https://t.me/nomworldnews

Показано 20 последних публикаций.

93

подписчиков
Статистика канала