ကြားဝင်စွက်ဖက်ရင် လျှပ်တပြက်တုံ့ပြန်မှုတွေကို အရှိန်အဟုန်နဲ့ ပြုလုပ်မယ်လို့ အနောက်နိုင်ငံတွေကို ပူတင် သတိပေး
NOM ဧပြီ ၂၈၊ ၂၀၂၂။
ယူကရိန်းမှာ ရုရှားက ဆင်နွှဲနေတဲ့ တိုက်ခိုက်မှုတွေမှာ ကြားဝင်စွက်ဖက်သူတဲ့ ဘယ်သူ့ကိုမဆို လျှပ်တပြက်တုံ့ပြန်သွားမယ်လို့ ရုရှားသမ္မတပူတင်က သတိပေးပြောဆိုလိုက်ပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေကို တိုက်ရိုက်ခြိမ်းခြောက်သတိပေးလိုက်တာဖြစ်တယ်လို့လည်း Fox News က ဆိုပါတယ်။
"ဘယ်သူမဆို ပြင်ပကနေ ဝင်ရောက်စွက်ဖက်ဖို့ကြိုးစားပြီး ရုရှားက မဟာဗျူဟာသဘောသဘာ၀အရ လက်မခံနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ပြုလုပ်မယ်ဆိုရင် ကျနော်တို့ရဲ့ တန်ပြန်တိုက်ခိုက်မှုတွေက လျှပ်တပြက်နဲ့ အရှိန်အဟုန်နဲ့ဖြစ်ပေါ်လာမယ်ဆိုတာကို
သိထားသင့်ပါတယ်" လို့ ပူတင်က ပြောဆိုခဲ့ပါတယ်။
ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုက ရက်ပေါင်းအားဖြင့် ၆၀ ကျော်လာခဲ့ပြီဖြစ်ကာ အနောက်နိုင်ငံတွေရဲ့ ထောက်ခံအားပေးမှုက နူကလီးယားစစ်ပွဲဆီကို ဦးတည်သွားနိုင်တယ်လို့ ရုရှားက ပြောဆိုခဲ့ချိန်မှာ အနောက်နိုင်ငံတွေရဲ့ ဒေါသနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အမေရိကန်နဲ့
ဗြိတိန်တို့က ပြင်းထန်တဲ့စကားလုံးတွေသုံးပြီး စစ်ပွဲရပ်တန့်ဖို့ တောင်းဆိုခဲ့ပေမယ့် ပူတင်က ပိုပြီးပြင်းထန်တဲ့ ပြောဆိုမှုတွေကို မနေ့က အရှိန်မြှင့်လိုက်တာပါ။
"ဒီလိုတွေလုပ်ဖို့ ကျနော်တို့မှာ လိုအပ်တဲ့အရာအားလုံးရှိပါတယ်၊ တခြားဘယ်သူကမှတောင်မှ မကြွားဝါနိုင်တာ၊ မမြင်ဖူးတာတွေပေါ့" လို့ အသံထက်မြန်တဲ့ ဒုံးကျည်ကို ရည်ညွှန်းပြီး ပူတင်က ပြောဆိုခဲ့ပါတယ်။ "ဒါကို ကျနော်တို့ ထုတ်ကြွားနေမှာမဟုတ်ဘူး၊ လိုအပ်ရင် အသုံးပြုမယ်၊ လူတိုင်းကို ဒါကို သိထားစေချင်တယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေလည်း ချမှတ်ထားပြီးပါပြီ" လို့ မော်စကိုခေါင်းဆောင်က ဆိုပါတယ်။
ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ ရုရှားက ဒုတိယအကြိမ်ထိုးစစ်ဆင်နေတဲ့အချိန်အတွင်း နေတိုးနဲ့ မဟာမိတ်တွေက ယူကရိန်းကို ဆက်ပြီးထောက်ခံသွားမယ်လို့ ပြောဆိုခဲ့လို့ ဒီထက်ပိုကြမ်းတမ်းတဲ့ တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ ရုရှားက သတိပေးထားပါတယ်။ မော်စကိုဟာ ယူကရိန်းကို အထူးစစ်ဆင်ရေးဆင်နွှဲတယ်လို့ ပြောဆိုခဲ့ပြီး တချို့ဒေသတွေမှာ နာဇီဝါဒလွှမ်းမိုးနေမှုကို ဖယ်ရှားဖို့လို့ဆိုထားပေမယ့် အနောက်နိုင်ငံတွေက ဒါဟာ မှားယွင်းနေတယ်လို့ ဆိုခဲ့ကြပါတယ်။
NOM
Telegram - https://t.me/nomworldnews
Telegram