မောင်တောရှိ (AA) အဖွဲ့၏ စခန်းတစ်ခုကို ARSA အဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း AA အဖွဲ့၀င် (၆၃ ) ဦးသေဆုံးခဲ့ကြောင်း ARSA ဘက်မှ ထုတ်ပြန်လာ
=======================
ဇန်နဝါရီ ၃ ရက်၊ May Yu Htar Nay
၂၀၂၅ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မီးဒိုင်ကျေးရွာရှိ (AA) အကြမ်းဖက်အဖွဲ့၏ စခန်းတစ်ခုကို မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့်(ARSA) အဖွဲ့မှ ပြင်းပြင်းတိုက်ခိုက်ခဲ့ကြောင်းနှင့် တိုက်ပွဲအတွင်း (AA) အကြမ်းဖက်အဖွဲ့ဝင် (၆၃) ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ARSA ဘက်မှ ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲမှာ ဇန်န၀ါရီလ ၁ ရက်နေ့ နေ့လည် ၂ နာရီ အချိန်မှစ၍ ဇန်နဝါရီ ၂ ရက်နေ့ နံနက် ၄ နာရီ အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး AA အကြမ်းဖက်အဖွဲ့များမှ အဆိုပါစခန်းသို့ စစ်ကူများပို့ဆောင်ပေးခဲ့သော်လည်း (ARSA) အဖွဲ့၏ ကြားဖြတ်တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး အချို့မှာသေဆုံးကာ အချို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းတို့ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။