ဒီမိုခရေဇီနီပေါတွေက ထရမ့်ပ်နိုင်မှာကို သွေးပျက်နေကြတာ။
ပြီးခဲ့တဲ့ လာအို အာဆီယံဆန်းမစ်မှာ အိန္ဒိယက မိုဒီက အမေရိကန်၊ ရုရှား၊ တရုတ်တို့ရှိတဲ့ကြားက မြန်မာကိုအထီးကျန်မလုပ်ဖို့ အာဆီယံကိုရော ကမ္ဘာ့ထိပ်တန်းတွေရော ပြောအပြီးမှာ အိန္ဒိယက မြန်မာကို QIP တွေ ဆက်ပေးတယ်။ အခု ရန်ကုန်မှာဆောက်နေတဲ့ စာဆိုဗိမာန်ကလည်း အိန္ဒိယပေးတာပဲ။
ဆိုရရင် အဲဒီ လာအိုအာဆီယံထိပ်သီးအစည်းအဝေးမှာ အမေရိကနိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် တစ်ယောက်ကျော်တင် မြန်မာကိုယ်စားလှယ်ရှိနေကတည်းက အမေရိကန်က NUG အလေးမသာတော့ဘူးဆိုတာလည်း ဒီမိုခရေဇီနီပေါတွေ သိတယ်။
https://t.me/MT_News_Media/45916?singleအရင်က မြန်မာညှောင့်နေကြ ဘင်္ဂလားဒေ့ရှ်ကလည်း သူ့နိုင်ငံရေးနဲ့သူ ဒစ်လည်နေပြီ။ ထိုင်းကလည်း PDF နဲ့ EAO တွေ ရာဇဝတ်ဂိုဏ်းတွေ ကျားဖြန့်တွေ သူ့နိုင်ငံထဲက ဥဒဟိုဝင်ထွက်သွားလာနေပြီး ဒီဘက်မှာ ဗဟိုအစိုးရ အာဏာစက်လျော့ပါးနေချိန်မို့ သူပါဒစ်လယ်ပြီး မူးယစ်ဆေးမနိုင်၊ ရာဇဝတ်မှုမနိုင် တိုင်ပတ်နေလို့ နုဂျီကို လေသံမာနေပြီ။
လာအိုကတော့ အာဆီယံဆန်းမစ်စတက်ကတည်းကကို မြန်မာနဲ့အဆင်ပြေတာ ပြောမနေနဲ့တော့။ တရုတ်ကလည်း ပေါ်တင် ရပ်လိုက်ပြီး နုဂျီကို တိုင်မှတ်လို့တောင် နှပ်ချီးမသုတ်တော့ဘူး။
ဆိုတော့ အိမ်နီးချင်းနိုင်ငံတွေအကုန်လုံးက အခုအချိန်မှာ နုဂျီနဲ့ EAO အဖက်မလုပ်တော့ချိန် ဟားရစ် ကျရှုံးခြင်းဟာ ဒီမိုခရေဇီနီပေါတွေ ကျရှုံးခြင်းလမ်းစပဲဆိုတာ အားလုံးသဘောပေါက်လို့ ထရမ့်ပ်ရှုံးဖို့ လောင်နေကြတာ ရယ်ရတယ်
ဟားရစ်နိုင်ရင် ဘာဆက်ဖြစ်မယ်။ ထရမ့်ပ်နိုင်ရင် ဘာဖြစ်မယ်ဆိုတဲ့ အကြမ်းဖျဥ်းကတော့ ဟားရစ်နိုင်ရင် မြန်မာပြည်ရော ကမ္ဘာရော မီးဆက်လောင်မယ်။ ထရမ့်ပ်နိုင်ရင်တော့ သူပြောထားသလို စစ်ပွဲတွေရပ်ပြီး တရုတ်ကိုပဲ စီးပွားရေးအရ အသာရဖို့ဆိုတာမျိုး နုဂျီကို ၂၀၂၇ အထိ ပေးထားတဲ့ Burma Act တိုင်ပတ်သွားတာ။ ရပ်တာ၊ ထပ်မပေးတော့တာမျိုး ဖြစ်ချင်လည်းဖြစ်သွားမယ်ထင်တယ်။
ဥပမာအားဖြင့် Non Lethal Equipment ဆိုပြီး နုဂျီ ပတတ်နဲ့ EAO တွေကို ဝိနည်းလွတ်ထောက်ပံ့မှုတွေ မရေမရာဖြစ်ကုန်မယ်။
ကိုယ်ကတော့ ဘယ်သူနိုင် ဘာဖြစ် မခန့်မှန်းတော့ပါဘူး။ ဒါ့ထက်ဆိုးစရာလည်းမရှိတော့ အသားကျနေပြီ။ ကမ္ဘာကြီးဟာ စစ်မီးကို လိုချင်လာရင် ဟားရစ်နိုင်မယ်။ စစ်မီးမလိုချင်ရင် ထရမ့်ပ်နိုင်မယ်။ ဒီလောက်ပဲ ထင်တာပါပဲ။