ပြီးခဲ့တဲ့ သီတင်းကျွတ်ပိတ်ရက်မှာ အိမ်က ၃ ရက် ရေမြုပ်။ လူလည်း တစ်နေကုန်ရှင်းရလင်းရ တိုင်ပတ်ပြီး ပိတ်ရက်တောင် မနားနိုင်လို့ အခု ၃ ရက်ဆက် ပိတ်ရက် တနင်္ဂနွေမှ ရေဝင်တဲ့နေရာတွေ အကုန် ပြန်ပြီး ပန်းရန်ခေါ်လုပ်ရတယ်။ လုပ်တဲ့ပန်းရန်ကလည်း ရေများသွားလို့ ဒီမနက်မှ အကုန်ပေါင်း သန့်ရှင်းရေးလုပ်ရပြန်တယ်။
တိုက်ခန်းက ရေ ကျော်တာတွေရယ်၊ ရှေ့မှာ၊ နောက်မှာ ရေစိမ့်တာရယ်၊ အိမ်သာဘေးက ရေတရဟော ဝင်တာတွေရယ်။ လေးငါးခုပဲ။
အဲဒီမှာ ရေ တရဟော ဝင်တဲ့နေရာကို ကြွေပြားခွဲ၊ အင်္ဂတေလည်း ဖောက်ချလိုက်ရော အခေါင်းပေါက်က အကြီးကြီးပဲ။
အခေါင်းပေါက်ထက်ပိုဆိုးတာက ကိုယ့်တိုက်ခန်းကို ကန်ထရိုက်လုပ်သွားတာပဲ။
မြေညီထပ်ကို ဘိလပ်မြေ၊ အင်္ဂတေ၊ ကွန်ကရစ်နဲ့ ပိတ်သွားတာမဟုတ်ဘဲ အုတ်ကျိုးနဲ့ သဲပဲ ဖြည့်ပြီး တိုက်တစ်ခုလုံးဆောက်ထားတာ။ ကွန်ကရစ်ထုကလည်း တစ်လက်မခွဲလောက်။ အဲဒါကြောင့် တိုက်ခန်းငှားစမှာ နောက်ဖေးတံခါး ဆောင့်ပိတ်လိုက်မိရင် ရှေ့က တံခါးအကုန် လှုပ်သွားတာကိုးလို့။ ပိုဆိုးတာက တိုက်က ၁၈၊ ၅၅ ကိုမှ ၁၆ ခန်းတွဲ ၈ ထပ်။ ဘယ်ချက်မှ အကုန်ပြိုမလဲ မသိ။
ကိုယ့်မလည်း တစ်နှစ်စာချုပ်မိထားတော့ ပြေးစရာမြေလည်း မရှိပါဘူး။ ဒီ ၄ နှစ်အတွင်းမှာ ၁၀ နေရာလောက် ပြောင်းနေရလို့ တစ်ခါပြောင်း တစ်ခါ ပွဲစားကထောင်း၊ ရွှေ့ခက နာနဲ့။
ဘာပဲဖြစ်ဖြစ် အခုတော့ ငလျင်မလှုပ်ပါစေနဲ့လို့ ဆုတောင်းရင်း အိမ်သာတက်၊ ရေချိုးတိုင်း ဘယ်အချိန် ပြိုကျမလဲမသိတဲ့ တိုက်သားထုကို ဘုရားတရင်း ကိုယ်အဆင်ပြေပါတယ်။
နောင်များတော့ ကိုယ့်တစ်ယောက်တည်းသန့်ရှင်းနေရုံနဲ့ အဆင်မပြေတဲ့ တိုက်ခန်းမြေညီကို ဘယ်တော့မှ မငှားတော့၊ တတ်နိုင်လည်း မဝယ်တော့ဘူးလို့ သန္နိဌာန် ချလိုက်တယ်။
ပိတ်ရက်တွေအကုန် ဒိုင်စားပြီး စိတ်မောလူမောဘဝမို့ လွယ်မနေပါဘူး လူတွေရယ် 😔😔😔😔