Drama ဇာတ်ကားများ 🇲🇲


Гео и язык канала: Мьянма, Бирманский
Категория: Видео и фильмы


ကြေငြာထည့်လိုပါက @sora_entertainment_adminn သို့ ဆက်သွယ်နိုင်ပါသည်

Связанные каналы  |  Похожие каналы

Гео и язык канала
Мьянма, Бирманский
Категория
Видео и фильмы
Статистика
Фильтр публикаций


❗️❗️❗️❗️❗️The Godfather Part II (1974)

IMDB ( 9.0 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/886

Review
~~~~~~~~~~~~~~~~~~

Part 2 လာပါပြီ …ထုံးစံအတိုင်းပေါ့ဗျာ… ဒီကားရဲ့အညွှန်းကိုတော့ မရေးရဲလို့မရေးတော့ဘူး…
တစ်ခုတော့ပြောလို့ရတယ်…ခင်ဗျားတို့ရဲ့ ရုပ်ရှင်ကြည့်သမိုင်းမှာ ထာဝရအကောင်းဆုံးဆိုသော ဇာတ်ကားစာရင်းထဲမှာ အခုရော နောင်ရောအမြဲရှိနေလိမ့်မယ်လို့ပါ…ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့…

1080p တော့မတင်တော့ဘူးစဉ်းစားထားတယ်…720p ကို အကောင်းမွန်ဆုံးတင်ပေးထားပါတယ်..

#uploadbyngenge


❗️❗️❗️❗️❗️The Imitation Game (2014)

IMDB ( 8.0 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/878

Review
------------

ဒီဇာတ်ကားကိုအခုခေတ်လူတွေကြည့်ခွင့်ရတာ တကယ့်ကိုထူးတဲ့ ကုသိုလ်တစ်ခုလို့မှတ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားထဲက အချက်အလက်တွေက တကယ့် Top Secret တွေဖြစ်ပြီးဗြိတိန်နိုင်ငံက ဒီအချက်အလက်တွေကို နှစ် ၅၀ ခန့်ထိမ်းသိန်းလျှို့ဝှက်ထားခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမဏီတို့ စစ်ရေးအရ အခြားနိုင်ငံတွေအပေါ်အသာရစေခဲ့တဲ့အရာဟာ Enigmd လို့ခေါ်တဲ့ လျို့ဝှက်ကြေးနန်းပို့စနစ်လို့ ဆိုနိုင်ပါတယ်။ Enigma ကတဆင့် သတင်းပေးပို့မယ်ဆိုရင် အခြားနိုင်ငံတွေအနေနဲ့ ဘယ်လိုမှ enigmd စကားဝှက် တွေကိုဖော်နိုင်စရာမရှိပါဘူး။ possibilities ပေါင်း သန်းပေါင်း ၁၅၉ သန်းထိရှိတဲ့ စကားလုံးတွဲဖက်မှုတွေပေါ်လာနိုင်လို့ပါပဲ။ အဲဒီ possibilities အားလုံးကိုဖော်နိုင်တယ်ထားဦးတော့….ဂျာမဏီတို့က ာသန်းခေါင်ကျော်ရင် setting အသစ်တစ်မျိုးထပ်ပြောင်းတာကြောင့် ၂၄ နာရီအတွင်း decipher လုပ်ဖို့ဆိုတာ mission impossible ပဲဖြစ်ခဲ့ပါတယ်။ ဗြိတိန်စစ်တပ်ဟာ ဒီ enigmd ကိုဖော်နိုင်ဖို့ နိုင်ငံအတွင်းရှိ သင်္ချာပညာရှင်တွေ၊ cryptanalyst တွေကို Bletchley Park မှာ စုစည်းခဲ့ကြပါတယ်။ Bletchley Park ကိုလာရောက်ကြသူတွေထဲမှာ Alan Turing လည်းအပါအဝင်ပေါ့။ Alan Turing ဟာ ညာဏ်အင်မတန်ကောင်းတယ်၊ cryptology ကိုထုံးလိုကြေရေလိုနှောက် ကျွမ်းကျင်တယ်။ သို့ပေမယ့် ပေါင်းသင်းဆက်ဆံရေးကတော့အလွန်ညံ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ စိတ်မဝင်စားဘူး။ သူတို့ဟာ သူ့အလုပ်ကိုနှောင့်နှေးစေတာသာရှိမယ်လို့ သူကယူဆတယ်။ ဒီတော့ သူ့ကို လုပ်ဖော်ကိုင်ဖက်တွေက ဘယ်ကြည်ကြလိမ့်မလဲ။

အထက်လူကြီးကရောတဲ့ ..Alan Turing ဆိုတဲ့ငနဲကိုထုတ်ပစ်ဖို့ အကြောင်းပြချက်ရှာမတွေ့သေးလို့သာ နေကြရတာဖြစ်ပါတယ်။ Alan က enigma ကိုဖော်ဖို့ လူ့စွမ်းအားနဲ့မဖြစ်နိုင်မှန်းသိတယ်။ လူ့ ဦးနှောက်ထက် သာလွန်တွက်ချက်နိုင်တဲ့ စက်တစ်ခုကိုတည်ထွင်ဖို့သူကကြိုးပမ်းခဲ့တယ်။ အစကတော့ သူ့စက်အတွက် ငွေထောက်ပံ့ဖို့ Commander Denniston ကငြင်းဆိုခဲ့တယ်။ ဒီတော့ Alan ဘာလုပ်သလဲ....။ Winston Churchill ဆီ တိုက်ရိုက်စာရေးတောင်းဆိုလိုက်တော့တယ်။ ရလဒ်အဖြစ် funding ရလိုက်ရုံမက decipherteam တစ်ခုလုံးရဲ့ခေါင်းဆောင်ပါဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာခဲ့ပေမယ့် ငွေကုန်ကြေးကျခံထားတဲ့ Alan ရဲ့ စက်ကြီးက အလုပ်ဖြစ်မလာသေးလို့ အထက်လူကြီးတွေသည်းခံစိတ်ကုန်လာခဲ့ပြီ။ Bletchley Park မှာ ဆိုဗီယက်သူလျိုရှိတယ်ဆိုတဲ့ ကောလဟလထွက်လာတဲ့အခါမှာလည်း Alan ကသံသယရှိစရာအကောင်းဆုံးသူဖြစ်နေတယ်။

Alan ဟာ တကယ်ပဲသူလျိုလား……..၊ သူ့ရဲ့စက်ကြီးကရော အချိန်မီပြီးစီးနိုင်မှာလား။ Alan မှာ အဲဒီခေတ်က လူသိခံလို့မရတဲ့ လျို့ဝှက်ချက်ကြီးတစ်ခုလည်းရှိနေခဲ့တယ်။ အဲဒီလျို့ဝှက်ချက်ကိုရော Alan ဘယ်အချိန်ထိဖုံးကွယ်ထားနိုင်မလဲဆိုတာ………………………………….။

အလန်ကျူ ရင်းကို ယခင်က ကျွန်တော် မကြားဖူးခဲ့ပါဘူး။(ကျွန်တော်တော်တော်ညံ့ခဲ့တာပါ။) အဲ့ဒီ အလန်ကျူ ရင်းဆိုတာ ကျွန်တော်တို့ ယနေ့ခေတ်ကွန်ပျူတာခေတ်အတွက် အစကနဦး အိုင်ဒီယာချခဲ့တဲ့ပုဂ္ဂိုလ်ကြီးပါတဲ့။ ဒီဇာတ်ကားက အဲ့ဒီပုဂ္ဂိုလ်ကြီးအကြောင်းကိုရိုက်ထားတာပါ။ သူဟာ ကမ္ဘာ့သမိုင်းကို ဖန်တီးခဲ့တဲ့ လူသားတွေထဲပါဝင်ခဲ့ပြီးတော့ လူ့အသက်ပေါင်း သန်းချီကို ကယ်တင်ခဲ့တဲ့ မဟာလူသားတစ်ဦးဖြစ်ပါတယ်။ (မဟာလူသားဆိုပေမယ့် Perfect ဖြစ်ခဲ့သူတစ်ယောက်တော့မဟုတ်ပါဘူး) ဒီလို Perfect မဖြစ်ပေမယ့် လူသားဆန်လွန်းတဲ့ လူတစ်ယောက်အကြောင်းကို ဇာတ်လမ်းဇာတ်ညွှန်းကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းနဲ့တင်ဆက်ထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်။ ကြည့်ဖို့တိုက်တွန်းအပ်ပါတယ်။ IMDb Rating(8.0/10) နဲ့ Rotten Tomatoes (90%) ရရှိထားပါတယ်။ မင်းသားကြီး Benedict Cumberbatch နဲ့ မင်းသမီး Keira Knightley တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားအပြီးမှာနိုင်ငံအတွက် ဘာတွေ ပေးဆပ်ပြီးပြီလဲ??? ဘာတွေ ပေးဆပ်ရဦးမလဲ??? ဆိုတာတွေးရင်းနဲ့ "Ask not what your country can do for you, ask what you can do for your country" ဆိုတဲ့ မိန့်ခွန်းကိုတောင် ပြန်သတိရမိပါတယ်။

#uploadbykevinaris


❗️❗️❗️❗️❗️The departed 2006

IMDB (8.5/10)

📱Channelအရင် join ပါ

https://t.me/+kCL2wmUR_sY4NjNl

📱ဇာတ်ကား link

https://t.me/c/2274736087/884

Review
~~
Jack Nicolson 630 တစ်ခု က Gangster ပါ။ ရပ်ကွက်ထဲက ဆိုးတဲ့ စရိုက် ရှိတဲ့ ကောင်လေးတွေ၊ သူ့ကို အထင်ကြီးတဲ့ ကောင်လေးတွေ၊ သူ့စကား နားထောင်မဲ့ ကလေးတွေကို ပေးကမ်းကျွေးမွေးထားတဲ့ သူတစ်ယောက်ပေါ့။

သူ့လက်တံရှည်တာမို့ ဒုစရိုက်မှုတိုင်း သက်သေမရှိပဲ သူ လွတ်နေလို့ ရဲတွေက အမှားစောင့်ကြည့်ရုံပဲ ကြည့်နိုင်တာပါ။

ဒီ ကြားထဲမှာမှ ရပ်ကွက်ထဲမှာ ဦးလေး နဲ့ နေ တဲ့ ကလေးလေးကို ငယ်ကတည်း စည်းရုံး ကျောင်းထား၊ ကျောင်းပြီး တဲ့ အချိန်မှာ ရဲ တပ်ဖွဲ့ထဲကို ပို့ပါတယ်။ အဲဒီ ကောင်လေးက Matt Damonပါ။

တချိန်တည်းမှာပဲ တခြားနေရာက မိသားစုမှာ ဒုစရိုက် နာမည်ပျက်တွေ ပြည့်နေတဲ့ ကောင် လေးတစ်ယောက်ကလည်း မိသားစု ကို စိတ်ကုန်ပြီး ရဲတပ်ဖွဲ့ထဲကို ဝင်ပါတယ်။ Dicaprioပါ။

တပ်ဖွဲ့မတူပေမဲ့ ထူးချွန်တာ တူတာမို့ အထူး တပ်ဖွဲ့က အင်တာဗျူးပြီး ခေါ်တဲ့ အခါမှာ Gangster Jack Nicolson က အမဲစက် Record မရှိဘဲ လူကြီးကြိုက်နဲ့ ရာထူး တစ်နေရာရသွားပါတယ်။Dicaprio ကတော့ မိသားစု အမဲစက်နဲ့ လူကြီး မျက်စိစူးပြီး Undercover ရဲ အနေနဲ့ ပဲ နေရမယ်လို့ ကမ်းလှမ်းခံရပါတယ်။
Mark Wahlberg (နောက်ဆုံး Transformer ကားရဲ့ မင်းသား)Alec Baldwin တို့က အထက်လူကြီးတွေ ပေါ့။Undercover Dicaprioပါ။ကိုယ်ရေးမှတ်တမ်းက Martin Sheen နဲ့ Mark Wahlberg တို့ပဲ သိထား ကိုင်ထားခွင့် ရှိတာဖြစ်ပါတယ်။

Matt Damon က သူ့မွေးစား အဖေ ကို စောင့်ကြည့်ဖမ်းဆီးရမဲ့ အထူးတပ်ဖွဲ့ထဲ ရာထူးတွေ တိုးတိုးလာချိန် တစ်ဖက်မှာလည်း Dicaprio က လူဆိုး ခေါင်းဆောင် Jack Nicolson နားမှာ နေရာ တစ်ခုရသူဖြစ်လာပါ တယ်။

သူလျှို ၂ ယောက် ဟိုဘက် ဒီ ဘက် သီတင်း အပြန်အလှန် ပေးနိုင်မှုတွေ
ရဲတပ်ဖွဲ့နဲ့လူဆိုးဂိုဏ်းကြား ဉာဏ်ကစားမှုတွေ ကို တဖြေးဖြေးချင်းရိုက်ပြသွားတာပါ။

#uploadedbyyumyatmin


❗️❗️❗️❗️❗️The social Network 2018

IMDB ( 7.8/10)


📱Channelအရင် join ပါ

https://t.me/+kCL2wmUR_sY4NjNl

📱ဇာတ်ကား link

https://t.me/c/2274736087/880

Review
~~~~~~
ဒီရုပ်ရှင်ကား ဟာ Facebook တည်ထောင် သူ မာတ်ဇူကာဘတ် ရဲ့

ကျောင်းသားဘဝ နှင့် Facebook ကို တည်ထောင်တဲ့ကာလ တစ်လျှောက်က အကြောင်းများကို ဇ တ်လမ်းရိုက်ကူးထားသည့်ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်...

ရုပ်ရှင်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေက လဲဒိတ်ဒိတ်ကျဲတွေပါပဲNow You See Me ထဲမှာ သရုပ်ဆောင်ခဲ့တဲ့ Jesse Eisenberg နဲ့Spider- Man မင်းသား Andrew Garfield တို့ ဖြစ်
နာမည်ကြီးအဆိုတော် Justin Timberlake တောင် ပါဝင်ပါသေးတယ်

ဒိတ်ဒိတ်ကျဲတွေ ပါဝင်ထားသလို ဇတ်လမ်း ကလဲ အတော်လေး စိတ်ဝင်စားဖို့
ကောင်းပါတယ်....မတ်ဇူကာဘတ် ဟာ ဖေ့ဘုတ် ကို သူငယ်ချင်း ဖြစ်သူ နဲ့ အတူတည်ထောင်ရင်း ဖေ့ဘုတ်ရဲ့ အရှိန်အဝါ ကြီးမားလာပုံ ကို
ရိုက်ပြထားပါတယ်...

#uploadedbyyumyatmin


❗️❗️❗️❗️❗️Oppenheimer (2023)

IMDB ( 8.3 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/879

Review
~~~~~~~~~~~~~~~~~~

ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို 4K IMAX HDR/SDR Quality တွေနဲ့ တင်ဆက်လိုက်ပါတယ်။Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr., Emily Blunt, Matt Damon, Rami Malekတို့ အစုံပါဝင်ထားပါတယ်။ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။

အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး စီမံကိန်းဖြစ်တဲ့ မန်ဟက်တန်စီမံကိန်းကို လော့စ် အာလာမို့စ်မှာ ဦးဆောင်ခဲ့ရပုံတွေကိုပြသထားပါတယ်။အနုမြူဗုံးကိုအောင်မြင်စွာဖန်တီးပြီး စစ်နိုင်သွားတဲ့နေရာမှာ ရပ်သွားတာမဟုတ်ဘဲ အဲဒီနောက်ပိုင်းမှာ သမ္မတနဲ့ အစိုးရကိုပါ အတိုက်အခံလုပ်ပြီး အနုမြူလက်နက် ကန့်သတ်ရေးကို လှုပ်ရှားခဲ့တဲ့ဘဝအကြောင်းတွေပါ ပါဝင်ပါတယ်။

ပထမဆုံး အဖြူအမည်း IMAX ရိုက်ချက်တွေကို ဖန်တီးထည့်သွင်းထားသလို ရုပ်ရှင်တစ်ကားလုံးကို CGI မသုံးခဲ့တဲ့အတွက်လည်း နာမည်ကြီးနေပါသေးတယ်။ ပြီးတော့ အော့ပန်ဟိုင်းမားနဲ့ခေတ်ပြိုင် နာမည်ကြီး သိပ္ပံပညာရှင်တွေလည်း အချက်အလက်အသေးစိတ်ထည့်သွင်းထားပါသေးတယ်။ အဲဘတ်အိုင်းစတိုင်း၊ ကာ့ထ်ဂိုဒဲ၊ ရစ်ချက်ဖိုင်းမန်းတို့လို ဇာတ်ကောင်တွေကိုလည်း အသေးစိတ်ဖန်တီးထားပါတယ်။ အတော်ကိုကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။
#uploadbyngenge


❗️❗️❗️❗️❗️Batman Begins (2005)

IMDB ( 8.2 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/871

Review
------------

IMDb Rating 8.2/10 ရထားပြီး voting အရေအတွက်ဟာ 1,257,970 ထိရှိနေခဲ့ပါတယ်။ June 17 2005 မှာထွက်ရှိခဲ့ပြီး Christopher Nolan ရိုက်ကူးခဲ့တဲ့ Bat Man: Begins ဟာ ရုံဝင်ငွေ 374.2 million ရရှိခဲ့ပြီး DC Comics ကဇာတ်ကောင်ကိုအခြေခံထားတဲ့ Super Hero ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ Bat Man လို့ပြောလိုက်တာနဲ့ Christian Bale ကိုမျက်စိထဲပြေးမြင်မိကြမှာပါ။ အရင်ကလဲ Bat Man ဇာတ်ကောင်ကို အလီလီရိုက်ကူးခဲ့ကြပေမဲ့ Christian Bale ကိုမမှိခဲ့ကြပါဘူး။ ဒီကားကတော့ The greatest Detective လို့လူသိများတဲ့ Bat Man စတင်ဖြစ်ပေါ်လာပုံကိုရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။The Dark Knight Trilogy ရဲ့ပထမဆုံးကားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Bat Man ဖြစ်လာမယ့် Bruce Wayne ဟာငယ်ငယ်ကလင်းနို့ကြောက်တတ်ပါတယ်။ သူ့အဖေ Thomas Wayne နဲ့ Martha Wayne တို့ဟာသန်းကြွယ်သူဌေးတွေဖြစ်ပြီး Wayne Enterprises လုပ်ငန်းပိုင်ရှင်တွေဖြစ်ပါတယ်။ တစ်နေ့ ကပွဲရုံမှာ ကပွဲသွားကြည့်ရင်း လင်းနို့ကြောက်တတ်တဲ့ Bruce ကြောင့်စောစောပြန်လာခဲ့ကြတုန်း လမ်းမှာ Joe Chill ဆိုတဲ့လူက ဓားပြတိုက်ပါတယ်။ Bruce ရဲ့မိဘနှစ်ပါးလုံးကို ဓားပြကသတ်ပြီး ထွက်ပြေးသွားပါတယ်။ နောက်တော့ တစ်ကောင်ကြွက်ဖြစ်သွားတဲ့ Bruce ဟာ ဝိန်းမိသားစုရဲ့ အိမ်တော်ထိန်း Alfred Pennyworth ရဲ့လက်ပေါ်မှာပဲကြီးပြင်းခဲ့ရပါတယ်။ ဘရုစ်ဟာ ငယ်စဉ်ကတည်းက မိဘတွေသေဆုံးခဲ့လို့ ဒုစရိုက်လောကကို ချေမှုန်းမယ်ဆိုပြီး မြေအောက်လောကထဲကို ကိုယ်တိုင်ဝင်ရောက်သွားပါတော့တယ် အဲ့ဒီမှာ မြေအောက်လောကရဲ့ဘုရင်လို့ခေါ်ရတဲ့ အရိပ်အဖွဲ့ကြီးရဲ့ ခေါင်းဆောင် Rd's al Ghul နဲ့တွေ့ပြီးသူ့ဆီမှာပညာသင်ပါတယ်။ Bruce Wayne အနေနဲ့ဆိုရင် သူဟာအမြဲမရှိနိုင်တဲ့အတွက် သူကြောက်ခဲ့တဲ့ လင်းနို့ သင်္ကေတကို ယူပြီးဒုစရိုက်လောကကိုချေမှုန်းတာပါ။ နောက်မှ အရိပ်အဖွဲ့ကြီးရဲ့လုပ်ရပ်တွေကို နားလည်သွားတော့ သူ့မြို့တော်ကို အစွမ်းကုန်ကာကွယ်ပါတော့တယ်။

Bat Man ဟာ Super Hero တွေက အထူးခြားဆုံးသူတစ်ယောက်ပါ။ ဘာထူးခြားတဲ့စွမ်းအားမှမရှိဘဲ တိုက်ခိုက်စွမ်းရည်နဲ့ ညဏ်ရည်ကိုသာသုံးပါတယ်။Justice League ကိုဦးဆောင်သူပါ။ Bat Man က Super Power မရှိပေမဲ့ ဘယ် Hero ကိုမှမကြောက်တဲ့သူပါ။ အားလုံးရဲ့ အားနည်းချက်ကိုလေ့လာပြီး ဗျူဟာကျကျ တိုက်ခိုက်တတ်သူပါ ( DC မှာ Bat Man ကြောက်တာ Wonder Woman တစ်ယောက်ပဲရှိပါတယ်။ comics ထဲမှာတော့ Bat Man က Wonder Woman နဲ့ဘာညာဘာညာတွေပါ )။ Bat man မှာ အိမ်တော်ထိန်း လူယုံ Alfred Pennyworth | Bat Man ရဲ့ Technical supporter Lucius Fox နဲ့ သူ့ရဲ့တစ်ဦးတည်းသော ငယ်သူငယ်ချင်း Rachel Dowes ရဲမင်းကြီး ဖြစ်လာမဲ့ James Gordon တို့က ပင်တိုင်တွေပါပဲ။

ဒီရုပ်ရှင်ကားမှာတော့ Director Christopher Nolan က စိတ်ကူးယဉ်ဇတ်ကောင် Bat Man ကို ယုတ္တိရှိအောင်အသက်သွင်းခဲ့သူပါ။ Michael Caine, Liam Neeson, Morgan Freeman တို့လိုသရုပ်ဆောင်ကြီးတွေပါဝင်တဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

#uploadbyhoshiko


SORA Entertainment တွင် ကြည့်ရှုနိုင်သော နောက်ဆုံးထွက် ဇာတ်ကားများ စုစည်းမှု

မြန်မာစာတမ်းထိုးဖြင့် ကြည့်ရှုနိုင်ပါသည်

အက်ရှင်ဇာတ်ကားများ
https://t.me/soramovie1

သရဲကားများ
https://t.me/soramovie2

အိန္ဒိယ ဇာတ်ကားများ
https://t.me/soramovie3

Drama ဇာတ်ကားများ
https://t.me/soramovie4

သမိုင်းဝင် ဇာတ်ကားများ
https://t.me/soramovie5

ကာတွန်းကားများ
https://t.me/soramovie6

မှုခင်းဇာတ်ကားများ
https://t.me/soramovie7


🔠🔠🔠🔠🔠 (မင်္ဂလာပါ)

⭐️𝐈𝐛𝐞𝐭𝟕𝟖𝟗 နဲ့မိတ်ဆက်ပေးရပါစေ

𝐈𝐛𝐞𝐭 မှာ ကြေးအစုံ_မလေးကြေးဟောင်ကောင်ကြေးမြန်မာကြေးနဲ့ဘောပွဲများဆော့ကစားလို့ရပါတယ် 🔥🔥

⚽️ မိနစ် __9️⃣0️⃣တပွဲ သိန်း 6️⃣0️⃣0️⃣ထိလောင်းလို့ရပြီး

⚽️ မောင်းတကဒ် ___ သိန်း5️⃣0️⃣ထိကစားရ

𝐄 𝐠𝐚𝐦𝐞 ဝါသာရှင်များတွက်𝐈𝐛𝐞𝐭 မှာ
တပွဲ ___5️⃣သိန်းထိကစားနိုင်ပါတယ် ✔️✔️

💸မန်ဘာသစ်များတွက်အကောင့်ဖွင့် 1️⃣0️⃣%ဘောနပ်အပြင် 5️⃣ပွဲနိုင်သွင်းငွေရဲ့ _1️⃣0️⃣0️⃣%ဘောနပ်ထပ်ရမှာပါ ✅✅

☀️𝐈𝐛𝐞𝐭 𝟕𝟖𝟗/ 𝟓𝟓𝟓𝐌𝐢𝐱 𝐀𝐠𝐞𝐧𝐭☀️

စိတ်ဝင်စားလို့ဘောပွဲလောင်းချင်ပါကဆက်သွယ်ရန်👉🏻 𝐕𝐢𝐛𝐞𝐫 𝐍𝐨 ___ 0️⃣9️⃣9️⃣5️⃣7️⃣1️⃣2️⃣5️⃣5️⃣0️⃣4️⃣

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦@AMM2312


SORA Entertainment တွင် ကြည့်ရှုနိုင်သော နောက်ဆုံးထွက် ဇာတ်ကားများ စုစည်းမှု

မြန်မာစာတမ်းထိုးဖြင့် ကြည့်ရှုနိုင်ပါသည်

အက်ရှင်ဇာတ်ကားများ
https://t.me/soramovie1

သရဲကားများ
https://t.me/soramovie2

အိန္ဒိယ ဇာတ်ကားများ
https://t.me/soramovie3

Drama ဇာတ်ကားများ
https://t.me/soramovie4

သမိုင်းဝင် ဇာတ်ကားများ
https://t.me/soramovie5

ကာတွန်းကားများ
https://t.me/soramovie6

မှုခင်းဇာတ်ကားများ
https://t.me/soramovie7


Репост из: 388GAMING OFFICIAL
🇹🇭3️⃣8️⃣8️⃣🟢🟢🟢🟢🟢🟢🇲🇲

➡️ပေါက်ကြေးများများနဲ့ မှန်မှန်ကန်ကန်လျော်တဲ့ ဝဘ်ဆိုဒ်ကိုရှာနေပြီလား

➡️ထည့်သမျှပွား ပွားသမျှနိုင်စေဖို မင်မင်တို ဂိမ်းဆိုဒ်ကို ဆက်သွယ်လိုက်ပါရှင့်


➡️❗️❗️❗️❗️❗️❗️❗️❗️ ❗️❗️❗️❗️❗️❗️❗️❗️⬅️

💸2️⃣4️⃣🟢🟢 -  @club388gaming

💸🟢🟢🟢🟢🟢🟢🟢🟢🟢 သိရန် -@club388onlinegaming

💸 : 09 66 77 88 261

💸 : 09 76 54 666 88

📱 : @388gaming.live

📱 : www.388gaming.info

🚨 Game free ဆော့ရန် 🚨

➡️ Free unit ⬅️


❗️❗️❗️❗️❗️Oppenheimer (2023)

IMDB ( 8.3 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/866

Review
~~~~~~~~~~~~~~~~~~
ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို 4K IMAX HDR/SDR Quality တွေနဲ့ တင်ဆက်လိုက်ပါတယ်။Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr., Emily Blunt, Matt Damon, Rami Malekတို့ အစုံပါဝင်ထားပါတယ်။ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး စီမံကိန်းဖြစ်တဲ့ မန်ဟက်တန်စီမံကိန်းကို လော့စ် အာလာမို့စ်မှာ ဦးဆောင်ခဲ့ရပုံတွေကိုပြသထားပါတယ်။

အနုမြူဗုံးကိုအောင်မြင်စွာဖန်တီးပြီး စစ်နိုင်သွားတဲ့နေရာမှာ ရပ်သွားတာမဟုတ်ဘဲ အဲဒီနောက်ပိုင်းမှာ သမ္မတနဲ့ အစိုးရကိုပါ အတိုက်အခံလုပ်ပြီး အနုမြူလက်နက် ကန့်သတ်ရေးကို လှုပ်ရှားခဲ့တဲ့ဘဝအကြောင်းတွေပါ ပါဝင်ပါတယ်။ပထမဆုံး အဖြူအမည်း IMAX ရိုက်ချက်တွေကို ဖန်တီးထည့်သွင်းထားသလို ရုပ်ရှင်တစ်ကားလုံးကို CGI မသုံးခဲ့တဲ့အတွက်လည်း နာမည်ကြီးနေပါသေးတယ်။ ပြီးတော့ အော့ပန်ဟိုင်းမားနဲ့ခေတ်ပြိုင် နာမည်ကြီး သိပ္ပံပညာရှင်တွေလည်း အချက်အလက်အသေးစိတ်ထည့်သွင်းထားပါသေးတယ်။ အဲဘတ်အိုင်းစတိုင်း၊ ကာ့ထ်ဂိုဒဲ၊ ရစ်ချက်ဖိုင်းမန်းတို့လို ဇာတ်ကောင်တွေကိုလည်း အသေးစိတ်ဖန်တီးထားပါတယ်။ အတော်ကိုကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။
#uploadbyngenge


❗️❗️❗️❗️❗️The Silence of the Lambs (1991)

IMDB ( 8.6 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/863

Review
~~~~~~

The Silence of the Lambs (1991) ဟာ Horror & Thriller အမျိုးအစားဖြစ်ပြီး ၁၉၉၂ ခုနှစ် အော်စကာဆုပေးပွဲမှာ အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု အပါအဝင် စုစုပေါင်း ဆု (၅)ခု ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ The Exorcist(1973) နဲ့ Jaw (1975) တို့နောက်ပိုင်း Horror Movie တွေထဲမှာ ရှားရှားပါးပါး အော်စကာဆုရခဲ့တဲ့ တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ သောမတ်စ်ဟာရစ်ရဲ့ ကျော်ကြားခဲ့တဲ့ ဝတ္ထုတွေထဲက လူသားစား မှုခင်းဆိုင်ရာ စိတ်ရောဂါကုဆရာဝန် စိတ္တဇလူသတ်သမားဖြစ်တဲ့ ဒေါက်တာ ဟန်နီဗယ်လက်တာ ဆိုတဲ့ ဇာတ်ကောင်ပေါ်မှာ အခြေတည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒေါက်တာ Lacter ရဲ့ Character ဟာ အလွန်ပဲကျော်ကြားခဲ့ပြီး သူ့အကြောင်းကိုလည်း ရုပ်ရှင်တွေနဲ့ TV Serie တွေအများအပြားရိုက်ကူးခဲ့ကြပါတယ်။


အဲဒီရုပ်ရှင်တွေကတော့ Manhunter (1986)၊ The Silence of the Lambs (1991)၊ Hannibal (2001)၊ Red Dragon (2002) နဲ့ Hannibal Rising (2007) တို့ဖြစ်ပြီး Hannibal ဆိုတဲ့နာမည်နဲ့ပဲ TV Series တစ်ခုကိုလည်း ရိုက်ကူးခဲ့ကြပါတယ်။ Hannibal Lacter အဖြစ် သရုပ်ဆောင်ခဲ့သူများထဲမှ Anthony Hopkins ရဲ့ Hannibal ကို ၂၀၀၃ ခုနှစ်မှာ American Film Institute ကနေပြီး 1st Movie Villain အဖြစ်ရွေးချယ်ခဲ့ကြပြီး ၂၀၁၀ ခုနှစ်မှာ Entertainment Weekly ကလည်း 100 Greatest Characters of Last 20 years ထဲမှာ ထည့်သွင်းခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်း

Clarice Starling(Jodie Foster)ဟာ ထူးချွန်တဲ့ FBI အကယ်ဒမီရဲ့ကျောင်းသူတစ်ဦးဖြစ်ပြီး စိတ္တဇလူသတ်သမားတွေနဲ့ပါတ်သတ်ပြီး လိမ္မာပါးနပ်စွာ သုံးသပ်နိုင်သူလည်းဖြစ်ပါတယ်။ FBI ရဲ့ Behavioral Science Unit က Jack Crawford (Scott Glenn) က အမျိုးသမီးငယ်လေးတွေကို သတ်ပြီး အရေခွံခွါယူလေ့ရှိတဲ့ “Buffalo Bill” ဆိုတဲ့ နာမည်ပြောင်ရထားတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ကို ဖမ်းဆီးဖို့ရာ စုံစမ်းစစ်ဆေးနေသူဖြစ်ပါတယ်။

တစ်နေ့မှာ Jack Crawford က Clarice Starling ကို ခေါ်ယူပြီး လူတွေကို သတ်ပြီးစားသောက်ခဲ့၍ ထောင်ဒဏ်တစ်သက်ကျခံနေရတဲ့ မှုခင်းဆိုင်ရာစိတ်ရောဂါကုဆရာဝန် လူသားစား စိတ္တဇဝေဒနာရှင် ဒေါက်တာ Hannibal Lacter(Anthony Hopkins) ဆိုသူကို အင်တာဗျူးလုပ်ပေးဖို့ စေခိုင်းပါတယ်။ Crawford က ဒေါက်တာ Lacter အနေနဲ့ “Buffalo Bill” ရဲ့လူသတ်မှုတွေနဲ့ပါတ်သတ်ပြီး အကူအညီပေးနိုင်မယ်လို့ ယုံကြည်မိတာကြောင့် လှပပြီးထက်မြက်တဲ့ Clarice ကို အသုံးချပြီး အကူအညီရဖို့စေခိုင်းခဲ့တာဖြစ်ပါတယ်။

ပါးနပ်ထက်မြက်တဲ့ Clarice နဲ့ အကင်းပါးပြီး ရက်စက်တတ်တဲ့ ဒေါက်တာ Lacter တို့ ဘယ်လိုအပေးအယူတွေနဲ့ ညှိနှိုင်းကြမလဲ??? “Buffalo Bill” ရဲ့ အမှုကိုရော ဘယ်လိုပုံစံမျိုးနဲ့ ဖော်ထုတ်မလဲ??? ဒေါက်တာ Lacter နဲ့ Clarice ရဲ့ကြားထဲမှာရော ဘယ်လိုအဖြစ်အပျက်တွေ ဖြစ်ပေါ်လာမလဲ??? ဆိုတာကတော့ ပရိသတ်ကြီးပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါခင်ဗျာ။
#uploadbyngenge


❗️❗️❗️❗️❗️ IPar Adalah Maut ( 2024 )

📱 7.3

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/865

Review

အင်ဒိုနီးရှားနိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ Eliza Sifa ရဲ့ ဇာတ်လမ်းကို အများသူငှာ သင်ခန်းစာယူနိုင်အောင် ရိုက်ကူး ထားတဲ့ အိမ်ထောင်ရေး ပညာပေးကားလေး ဖြစ်ပါတယ်။အာရစ်စ်နဲ့ နီဆာဆိုတာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်စုံမက်လို့ ပေါင်းဖက်ခဲ့ကြတဲ့ ဆရာနဲ့ ကျောင်းသူ လင်မယားတစ်တွဲ ပေါ့။သမီးလေးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားပြီး အာရစ်စ်ကတော့ ကျောင်းမှာ စာဆက်သင်တယ် နီဆာကျတော့ ကိတ်မုန့်တိုက် လေး ဖွင့်ထားပြီး အောင်မြင်နေတာပေါ့။ဒီလိုမျိုး သာယာငြိမ်သက်နေတဲ့ဘဝထဲကို မုန်တိုင်းတစ်ခုက သတိမပေးပဲ ဝင်ရောက်တိုက်ခတ်လာပါတော့တယ်။အဲဒါကတော့ နီဆာရဲ့ ညီမအရင်းဖြစ်သူ ရာနီဟာ အရွယ်ရောက်လာပြီး မြို့မှာ တက္ကသိုလ်တက်ရမှာဖြစ်တဲ့ အတွက် အမေဖြစ်သူက “သွား အစ်မအိမ်သွားနေလိုက်” ဆို ရာကနေ ဒီဇာတ်လမ်းတစ်ပုဒ် ဖြစ်လာတာပါပဲ။အိမ်ထောင်ဦးစီးတစ်ယောက်နဲ့ ဆင်ခြင်သုံးသပ် ပညာယူစရာ လေးတွေ၊ မိန်းမပျိုလေးတွေအတွက်လည်း မဖြစ်သင့်တာ မ ဖြစ်ရအောင် ပညာယူစရာလေးတွေ စသဖြင့်ဖော်ကျူးထားတဲ့ အင်ဒိုနီးရှား ဒရမ်မာကားလေးပဲ ဖြစ်ပါတယ်ဗျာ။

#uploadbyshoonshoon


❗️❗️❗️❗️ World War Z (2013)

📱 7

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/852

Review

World War Z ဟာ 2013 June လ မှာ ရုံ တင်ခဲ့တဲ့ Horror ရုပ်ရှင်ကားတစ်ကား ဖြစ်ပြီးတော့ Resident Evil တို့လို ကူးစက်တတ်တဲ့ရောဂါပိုးမွှားတွေကြောင့် ဖုတ်ကောင် တွေဖြစ်ပြီး ကမ္ဘာကြီးပျက်မယ့်အရေးကို ရိုက်ကူးထားတာ ဖြစ်ပါတယ်...၂၀၁၉ မှာတော့ ကမ္ဘာပေါ်မှာ ကူးစက်မြန်တဲ့ COVID-19 ရောဂါ တကယ်ပဲ ဖြစ်ပွားခဲ့ပြီး ကံကောင်းလို့ တစ်ကမ္ဘာလုံး ဖုတ်ကောင်မဖြစ်သွားတာပါ။ ဒါတောင် သေတဲ့နှုန်းတော်တော်မြင့်တက်ခဲ့ပြီး ကူးစက်မြန်ရောဂါပိုးတွေရဲ့ ကမ္ဘာ ဖျက်စီးနိုင်စွမ်းကို မျက်ဝါးထင်ထင်မြင်ခဲ့ကြရပါတယ်။ မင်းသားကြီး ဘရတ်ပစ် Brad Pitt အဓိကသရုပ်ဆောင် ထားပြီး ဒီရုပ်ရှင်က စာရေးဆရာ Max Brooks ရဲ့ World War Z ဝတ္ထုကိုပုံဖော်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့....မြောက်ကိုရီးယားကနေ ပိုးတစ်မျိုး ပြန့်ပွားလာတာ ဖြစ်ပြီး စက္ကန့်ပိုင်း မိနစ်ပိုင်း အတွင်းမှာအယောက်ပေါင်း ထောင်ချီ သိန်းချီ ကူးစက်နိုင်တဲ့ ရောဂါ ဖြစ်ပွား လာပါတယ်ရောဂါဟာ စက္ကန့်ပိုင်း အတွင်း ဖြစ်သလို ရောဂါ ပြန့်ပွားမှု နှုန်းကလည်း မြန်လွန်းတဲ့ အတွက်ကမ္ဘာပေါ်က နိုင်ငံ တစ်နိုင်ငံပြီး တစ်နိုင်ငံ မျိုးတုံး သွားနိုင်မဲ့ အခြေ အနေ ရှိနေပါတယ်..ခနတွင်းမှာ အခြေအနေတွေက အရမ်းဆိုးရွားသွားခဲ့ပြီး ရောဂါဇစ်မြစ်အမျိုးအစားကို ဖော်ထုတ်ဖို့နဲ့ ကာကွယ်ဆေး ထုတ်နိုင်ဖို့ ဘရတ်ပစ်တို့တသိုက် ဘယ်လိုကြိုးစားကြမ လဲဆိုတာ...။အားရစရာကတော့ ဇာတ်လမ်းရဲ့အဆုံးမှာ "စစ်ပွဲကအစပဲရှိ ပါသေးတယ်တဲ့" ....World War Z အဆက်တွေ ဆက်ထွက် လာဖို့ရှိပါတယ်။

#uploadbyshoonshoon


❗️❗️❗️❗️   The Pianist (2002)

📱 8.5

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/859

Review

The Pianist ဟာ ဒုတိယကမ္ဘာစစ်တွင်းက ပိုလန်နိုင်ငံသား ဂျူးလူမျိုး စန္ဒရားပညာရှင် Szpilman တယောက် ဂျာမန် လက်ထဲကနေ လွတ်မြောက်ပီး ဝါဆောမြို့မှာ ပုန်းအောင်း ရင်းအသက်ရှင်ဖို့ ခက်ခက်ခဲခဲ Survival လုပ်ခဲ့ရတဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။
ဇာတ်လမ်းရဲ့အစမှာတော့ Szpliman တစ်ယောက် ဝါဆော မြို့ရေဒီယိုစခန်းတခုမှာ piano တီးနေခဲ့တယ်။အဲ့အချိန်မှာ ဘဲ ပထမဆုံးဂျာမန်ဗုံးတွေ ပိုလန်မြို့ပေါ်ကြဲကျတော့ အဆောက်အအုံထဲမှာ ရှိတဲ့လူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး ဘေးလွတ်ရာပြေးကြတယ်။ စစ်ရဲ့ အစပေါ့...အင်္ဂလန်နဲ့ ပြင်သစ်တို့ စစ်ကြေညာကြောင်းထုတ်ပြန်တော့ မြို့ကနေ ထွက်ခွါတဲ့သူတွေက ထွက်ကြတယ်။ဒါပေမဲ့ Szpilman တို့မိသားစုကတော့ ဝါဆောမြို့ကနေထွက်မ ပြေးခဲ့ဘဲ အခြေအနေကောင်းဖြစ်လာမှာကိုဘဲ စောင့်မျှော်နေ ခဲ့ကြတယ်။ဒါပေမဲ့ ရလာဒ်ကထင်ထားသလိုဖြစ်မလာဘဲ ဂျာမန်တွေ ပို အာဏာရ အင်အားကြီးလာပြီး ပိုလန်နိုင်ငံကို ဝါးမြိုလာပါ တော့တယ်။မြို့ထဲမှာရှိတဲ့ဂျူးမှန်သမျှ Ghetto ထဲကိုပြောင်းရွှေ့နေခိုင်း တယ်။ဂျာမန်တွေဟာ ဂျူးတွေကို လူလိုမသတ်မှတ်ဘဲ ညှင်းပန်းနှိပ်စက်ကြတယ်။အဲ့ဒါပြီး ကမ္ဘာ့သမိုင်းမှာအရက် စက်ဆုံးဖြစ်တဲ့ဂျူးအားလုံးကိုအမြစ်ပြတ်သတ်ဖြတ်မဲ့Auschwitz ကိုရထားတွေနဲ့ ပို့ပါတော့တယ်။ အဲ့ထဲမှာလဲ ဂျူးမိသားစုဖြစ်တဲ့ Szpilman တို့မိသားစုက လဲ အပါအဝင်ပေါ့။ကံကောင်းချင်တော့ ဂျူးထိန်းသိမ်းရေးအဖွဲ့က လူတယောက် က Szpilman ကိုကယ်လိုက်တယ်။ ဒီလိုနဲ့ဘဲ Szpilman တစ်ယောက် သေကံမရောက် သက်မပျောက်ဘဲ ဝါဆောမြို့ မှာ တစ်ယောက်ထဲ အသက်ဆက်ခွင့်ရခဲ့ပါတော့တယ်။ ဒါပေမဲ့ အဲ့လိုရှင်သန်ရတာလဲ မလွယ်ကူပါဘူး။အသက်မသေ ရုံတမယ်ပါဘဲ။သူချစ်တဲ့သူ့မိသားစုကိုလဲ ဆုံးရှုံးခဲ့ရတယ်၊ သူသိပ်ဝါသနာပါတဲ့ Pianist အလုပ်ကိုလဲစွန့်လွှတ်ရတယ်၊ သူနေတဲ့ တမြို့လုံးလဲ အနိဋ္ဌာရုံဖြစ်သွားခဲ့ရတယ်။ ဒီရုပ်ရှင်ဟာ ဂျာမန်တို့ဝါဆောကို စသိမ်းတဲ့ ၁၉၃၉လောက် ကနေ ဆိုဗီယက်တပ်နီတော်ကြီး ပိုလန်ကိုပြန်သိမ်းယူတဲ့ ၁၉၄၅ လောက်အထိအတွင်းမှာ ယိုယွင်းပျက်စီးပြီး လူသူမဲ့ နေတဲ့ ဝါဆောမြို့လယ်ထဲမှာ Pianist Szpilman တစ် ယောက် ဘယ်လိုအသက်ရှင်ဖို့ ကြိုးစားခဲ့ရပုံကို ရင် တလှပ်လှပ်နဲ့ကြည့်ရှူရမာဘဲ ဖြစ်ပါတယ်။

#uploadbyshoonshoon


❗️❗️❗️❗️❗️Joker (2019)

IMDB (8.4/10)

📱Channel အရင် join ပါ

https://t.me/+kCL2wmUR_sY4NjNl

😍ဇာတ်ကား link

https://t.me/c/2274736087/864

Review
---------
DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။

ခေတ်အဆက်ဆက် လင်းနို့လူသား ရုပ်ရှင်တွေမှာ အကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်အဖြစ် ပါနေကျပါပဲ။ဒီကားကတော့ အရင်ဂျိုကာတွေ လင်းနို့လူသားတွေ ရဲ့ ဇာတ်လမ်းနဲ့ မဆက်စပ်ပါဘူး။

အာသာဖလက်ဆိုတဲ့ သာမန်လူတစ်ယောက်က နေ ဂျိုကာဆိုပြီးဘယ်လိုဖြစ်လာလဲ ဆိုတာကို ဇာတ်ညွှန်းအသစ်နဲ့ ပြသထားတာပါ။လက်ရှိ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကြမ်းဆုံး R rated ရုပ်ရှင်ပါ။သရုပ်ဆောင်၊ ဒါရိုက်တာ အကုန်ကောင်းမွန်တဲ့အရှိန် ရယ်၊ ခေတ်အဆက်ဆက် ရှိလာခဲ့တဲ့ ပရိသတ်တွေ ရဲ့ အရှိန် ၂ ခုလုံးပေါင်းမိသွားတာပါပဲ။စူပါဟီးရိုးဖန်တွေရော ရုပ်ရှင်ကောင်းကြိုက်တတ် တဲ့ သူတွေရော သဘောကျကြမှာပါ

#uploadbyhsukaykhaing


❗️❗️❗️❗️❗️A beautiful mind (2001)

IMDB (8.2/10)

📱Channel အရင် join ပါ

https://t.me/soramovie5

😍ဇာတ်ကား link

https://t.me/soramovie5/789

Review
---------
ဒီဇာတ်လမ်းလေးကတော့ (Nobel Laureate in Economics) နိုဘယ်ဆုရရှိခဲ့တဲ့ သင်္ချာပညာရှင်ကြီး John Nash ရဲ့ ဘဝဇာတ် ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ John Nash ရဲ့သီအိုရီတွေက modern economic အတွက် အရမ်းအထောက်အကူပြုခဲ့ပါ တယ်။

သူဟာ Princeton University ကနေ ပါရဂူဘွဲ့ရပြီး အဲဒီကျောင်းမှာ ဆရာပြန်လုပ်ခဲ့ပါတယ်။ သူ့ဘဝဇာတ်ကြောင်းကို တက္ကသိုလ်နယ်မြေက အစပြုလို့ နိုဘယ်ဆုချီးမြှင့်ခံရချိန်အထိ နိုဘယ်ဆုနဲ့ထိုက်တန်အောင် သူ ဘယ်လို မဆုတ်မနစ်ကြိုးစားခဲ့ရလဲ၊ ဘယ်လိုရုန်းကန်ရလဲ၊ အခက်အခဲတွေကို ဘယ်လိုအောင်မြင်အောင် ကျော် ဖြတ်ရလဲဆိုတာတွေကို ရိုက်ကူးထားပါတယ်။ အပိုဆုအနေနဲ့ သူ့ရဲ့မဟေသီ Alicia နဲ့ တွေ့ဆုံ ချစ်ကြိုက်ခဲ့တဲ့အကြောင်းတွေကို ရိုမန့်တစ်ဆန်ဆန် တင်ဆက်ထားပါတယ်။

John Nash အဖြစ် မင်းသားကြီး Russell Crowe Alicia Nash အဖြစ် (မမသာ အလှဆုံး) မင်းသမီးချောလေး Jennifer Connelly တို့က သရုပ်ဆောင်ထားပါ တယ်။Oscer စကာတင်တွေအများကြီးဝင်ထားပြီး Best Director IBest actress in a supporting role o အော်စကာဆု လေးဆုသိမ်းပိုက်ရရှိထားပါတယ်။ ဇာတ်လမ်းရဲ့ဇာတ်ရှိန်အတက်အကျတွေနဲ့ သရုပ်ဆောင်တွေရဲ့ ပီပီပြင်ပြင်သရုပ်ဆောင်မှုတွေနဲ့ မို့ ကြည့်ပြီးရင် နောင်တမရစေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ပညာရှင်ကြီးတွေရဲ့ကြိုးစားမှုတွေကိုပါ အတုယူနိုင် မယ့်ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်

#uploadbyhsukaykhaing


❗️❗️❗️❗️❗️Braveheart (1995)

IMDB ( 8.3 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/857

Review
~~~~~~~~~~~~~~~~~~

IMDb 8.3 ရထားတဲ့ သမိုင်းနောက်ခံ အမေရိကန် ရှေးစစ်ကားတစ်ခု တင်ပေးထားပါတယ်။ ဒီဇာတ်ကားထဲက ဇာတ်ကောင်ကတော့ စကော့ စစ်သူရဲကောင်းကြီး ဝီလီယမ် ဝေါလေ့စ် နေရာကနေ သရုပ်ဆောင်ထားခဲ့တာပါ။ အော်စကာ ဆန်ကာတင် ၁၀ နေရာ ပါဝင်ခဲ့ပြီး အကောင်းဆုံး ရုပ်ရှင်ဆု နဲ့ အကောင်းဆုံး ဒါရိုက်တာ ဆု အပါပအဝင် ၅ ဆု တိတိ ဆွတ်ခူးသွားခဲ့တာပါ။ ပထမ စကော့တလန် လွတ်မြောက်ရေး စစ်ပွဲ ဦးဆောင်ခဲ့ တဲ့ စစ်သူရဲကောင်း ဝီလီယံ အကြောင်းကို ရေးဖွဲ့ခဲ့တဲ့ ကဗျာ ( Blind Harry’s epic poem The Actes and Deidis of the Illustre and Vallyeant Campioun Schir William Wallace) ကို အခြေခံပြီး ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ ၁၃ ရာစု အင်္ဂလန်ဘုရင် ပထမအက်ဒ်ဝက် လက်ထက်မှာ ပဲ ဖြစ်ပါတယ်။ အတော်ကြီးကို ကောင်းတဲ့ ရုပ်ရှင်ကားကြီးတစ်ခုမို့ ကြည့်နိုင်ကြဖို့ တင်ပေးထားလိုက်ပါတယ်။


#uploadbyngenge


❗️❗️❗️❗️❗️The Dark Knight Rises (2012)

IMDB ( 8.4 )

📱 Channel အရင် Join ပါ
t.me/soramovie1

📱 ဇာတ်ကား Link
https://t.me/soramovie1/1314

Review
~~~~~~~~~~~~~~~~~~

ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။ Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight လောက်မကောင်းတာပဲရှိပါတယ်။

ဇာတ်လမ်းအစမှာ Bruce Wyane က ၈နှစ်လုံးလုံး အိမ်ထဲမှာပဲနေနေပြီးတော့၊ Batman ကလည်း Gotham မြို့ကနေ ပျောက်သွားခဲ့ပါတယ်။ ၈နှစ်လုံးလုံး Harvey Dent ရဲ့ လူသတ်မှုတွေကို Batman သတ်တယ်လို့လူတွေထင်နေကြပြီး၊ Harvey Dent ကြောင့် ပေါ်လာတဲ့ ဥပဒေကြောင့် Organized Crime တွေလည်း ပပျောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲနောက်ထပ် ရန်သူတစ်မျိုးက Gotham ကို နှောက်ယှက်ဖို့ ပြင်ဆင်နေပါတယ်။တစ်ဖက်မှာ Bane (Tom Hardy) က CIA က ထိန်းသိမ်းထားတဲ့ Nuclear Physicist တစ်ယောက်ကို ဖမ်းခေါ်သွားသလို၊ Selina Kyle (Anne Hathaway) (ကာတွန်းထဲမှာ Catwoman) ကလည်း Bruce Wyane ရဲ့ အိမ်မှာ Harvey Dent အမှတ်တရပွဲလုပ်နေတုန်း ခိုးဝင်ပြီး Bruce အမေရဲ့ လည်ဆွဲကိုခိုးသွားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ အဓိက ပစ်မှတ်က Bruce ရဲ့ လက်ဗွေ ဖြစ်ကြောင်း Bruce က ရိပ်မိသွားပြီး စုံစမ်းမှုတွေပြု လုပ်ခဲ့ပါတယ်။


Selina က Bruce ရဲ့ လက်ဗွေကို ခိုးပြီးတဲ့နောက်မှာ ပါတီပွဲက Congressman တစ်ယောက်ကိုပါ ပြန်ပေးဆွဲသွားပြီးတော့ လက်ဗွေကိုခိုးခိုင်းတဲ့ သူနဲ့တွေ့ဖို့အတွက် ခေါ်သွားခဲ့ပါတယ်။ ဒါကို Gordon တို့လိုက်ရှာရာကနေ Gordon တစ်ယောက် အဖမ်းခံရပြီး Bane နဲ့တွေ့ခဲ့ပါတယ်။ Bane က Gotham မြိ့ုက မြေအောက် မြောင်းတွေထဲမှာ တပ်စွဲထားတာ ကိုတွေ့လိုက်ပြီး Gordon တစ်ယောက် ကိုယ်လွတ်ရုံးပြေးနိုင်ခဲ့ပါတယ်။နောက်တစ်ဖက်မှာ Robin John Blake (John Blake လို့ပဲ တစ်ကားလုံးသုံးသွားခဲ့ပါတယ်။) ဆိုတဲ့ ရဲအရာရှိတစ်ယောက်က Gordon ကိုရှာတွေ့သွားပြီးဆေးရုံကိုပို့ပေးခဲ့ပါတယ်။ John Blake ဆိုတဲ့ Character ကို ဒါရိုက်တာက Robin သဘောနဲ့ထည့်ပေးတာဖြစ်ပြီး၊ Batman နဲ့ Robin ဆိုတဲ့ပုံစံကို သွယ်ဝိုက်ပြီးထည့်ပေးထားတာဖြစ်ပါတယ်။ Christopher Nolan က Robin ကို ကာတွန်းထဲကလို ကလေး တစ်ယောက် ထည့်ပေးရင် ယုတ္တိမရှိဘူးလို့ ယူဆတာရယ်၊ Batman & Robin ဇာတ်ကားက လူကြီး Robin ကို ပရိတ်သတ်တွေမကြိုက်တာရယ်ကြောင့် ရဲအရာရှိတစ်ယောက် အနေနဲ့ ထည့်ပေးထားတာဖြစ်ပါတယ်။ဒီနေရာမှာ Bane ရဲ့ ဇာတ်ကြောင်းကို Alfred က Bruce ကိုပြောပြပါတယ်။ Batman Begins မှာတုန်းက Batman ကိုပညာသင်ပေးခဲ့တဲ့ Ra’s Al Ghul ရဲ့ တပည့်ဖြစ်ကြောင်း သိလိုက်ရပါတယ်။ Bane က မြေအောက်အကျဉ်းထောင်ထဲမှာ မွေးခဲ့တာဖြစ်ပြီး၊ အစပိုင်းတုန်းက Bane ကို Ra’s Al Ghul ရဲ့ သားလို့ Batman က ထင်ခဲ့ပါတယ်။ Bane ရဲ့ အဓိက ရည်ရွယ်ချက်က ပထမဆုံးဇာတ်ကားက Ra’s Al Ghul ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ Gotham ကို ဖျက်စီးဖို့ ဖြစ်ပါတယ်။ဒီရည်ရွယ်ချက်ကို ဘယ်လိုအကောင်အထည်ဖော်မလည်း၊ Batman ကရော Gotham မြိ့ုကိုဘယ်လို ကယ်တင်မလည်းဆိုတာ စိတ်ဝင်စား၊ စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားနိုင်ပါတယ်။

Batman Begins, The Dark Knight, The Dark Knight Rises သုံးကားစလုံးက သမိုင်းမှာအကောင်းဆုံး Superheros ဇာတ်လမ်းတွဲ အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သလို၊ ဒီသုံးကားက ပရိတ်သတ်တွေ ရင်ထဲမှာ ကျန်နေခဲ့မယ့် ဇာတ်ကားကောင်းသုံးကားဆို တာ အငြင်းပွားစရာမှရှိနိုင်ပါဘူး။ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပြီး၊ Sex Scene တစ်ခန်းပါပေမယ့် Explicit မဖြစ်ပါဘူး။ မိသားစုတူတူ ကြည့်ရှုနိုင်မှာဖြစ်သလို၊ အက်ရှင်ကားကြိုက် ပရိတ်သတ်တွေ အကြိုက်တွေ့စေမှာပါ။
#Sololay(ရုပ်ရှင်အညွှန်းကို ရုပ်ရှင်မိတ်ဆက် မှကူးယူဖော်ပြသည်။)4K Version က HDR ဖြစ်တာကြောင့် HDR ကို Support ပေးနိုင်တဲ့ Android TV နဲ့ ခေတ်ပေါ် Smart Device တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ DS4K 1080p Version ကတော့ Color Regrade ပြန်လုပ်ထားတဲ့ Version ဖြစ်တာကြောင့် ဖိုင်သေးသေးနဲ့ ပိုမိုကြည်လင်ကြောင်းနဲ့ Device မျိုးစုံမှာ ကြည့်လို့အဆင်ပြေနိုင်ကြောင်း အသိပေးပါရစေ။
#uploadbyngenge


SORA Entertainment တွင် ကြည့်ရှုနိုင်သော နောက်ဆုံးထွက် ဇာတ်ကားများ စုစည်းမှု

မြန်မာစာတမ်းထိုးဖြင့် ကြည့်ရှုနိုင်ပါသည်

အက်ရှင်ဇာတ်ကားများ
https://t.me/soramovie1

သရဲကားများ
https://t.me/soramovie2

အိန္ဒိယ ဇာတ်ကားများ
https://t.me/soramovie3

Drama ဇာတ်ကားများ
https://t.me/soramovie4

သမိုင်းဝင် ဇာတ်ကားများ
https://t.me/soramovie5

ကာတွန်းကားများ
https://t.me/soramovie6

မှုခင်းဇာတ်ကားများ
https://t.me/soramovie7

Показано 20 последних публикаций.