❗️❗️❗️❗️❗️The Prestige (2006)
IMDB ( 8.5 )
📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl
📱 ဇာတ်ကား Link
https://t.me/c/2274736087/1042
Review
------------
ကြီးမားတဲ့ မျက်လှည့် လှည့်စားမှုတိုင်းမှာ အပိုင်း (3)ပိုင်း ဒါမှမဟုတ် ပြကွက် (3) ကွက်ပါရှိတယ်။ ပထမအပိုင်းကိုတော့ "ကတိ" လို့ခေါ်တယ်။ မျက်လှည့်ဆရာတစ်ယောက် ဟာ မင်းကို ရိုးရှင်းတဲ့ အရာကိုပြသလိမ့်မယ်။ အထပ်လိုက်စီထားတဲ့ကဒ်တွေ၊ ဌက်တစ်ကောင် ဒါမှမဟုတ် လူတစ်ယောက်ပေါ့၊ သူကမင်းကို ဒီအရာကိုပြမယ်။ စစ်မှန်ခြင်း သာမာန်ဖြစ်ခြင်း ပြုပြင်ပြောင်းလဲထားခြင်း မဟုတ်ကြောင်းတို့ကို မင်းကို စစ်ဆေးခိုင်းဖို့ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့.. မဟုတ်ပါဘူး။ ဒုတိယပြကွက်ကိုတော့ "လှည့်ခြင်း" လို့ခေါ်တယ်။ မျက်လှည့်ဆရာကသာမာန်အရာဝတ္ထုတစ်ခုကို ယူပြီး ထူးခြားဆန်းကြယ်တဲ့အရာတစ်ခုခုကို ဖြစ်အောင်လုပ်ဆောင်လိုက်တယ်။ အခု မင်းလျှို့ဝှက်ချက်တွေကို ရှာဖွေနေမယ်။ ဒါပေမဲ့ မင်းတွေ့မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မင်းတကယ်ကြည့်မနေလို့ပဲလေ။ မင်းကတစ်ကယ်မသိချင်ပါဘူး။ မင်းက အရူးလုပ်ခံချင်တာပါ။ ဒါပေမဲ့လည်း မင်းလက်ခုပ်မတီးသေးဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ခုခုကိုပျောက်ဆုံးသွားအောင် လုပ်ဆောင်နိုင်ခြင်းကမလုံလောက်သေးဘူးလေ။ မင်းထိုအရာကိုပြန်ဖော်ဆောင်ရမယ်။ ဒါကြောင့်မျက်လှည့်တွေရဲ့လှည့်ကွက်တိုင်းမှာ တတိယပြကွက်တစ်ခု ရှိနေတာပေါ့၊ အခက်ခဲဆုံးအပိုင်း
ကို "ဂုဏ်" လို့ခေါ်တာပေါ့။
မျက်လှည့်ပညာရှင်တစ်ဦးဖြစ်သူ Robert Angier ရဲ့မျက်လှည့်ပြပွဲတစ်ခုမှာ Robert Angier ကိုရေအပြည့်ထည့်ထားသော ကန်ထဲမှာ ရေနှစ်သတ်မှုဆိုသော ဆွဲဆိုမှုကြောင့် Robert ရဲ့ပြိုင်ဖက်ဖြစ်သူ မျက်လှည့်ပညာရှင်Alfred Borden တစ်ယောက်သေမိန့်ချခံရပါတယ်။ တစ်ကယ်တော့ သူတို့နှစ်ဦးစလုံးဟာ ငယ်စဉ်အခါက Milton the Magician ဆိုသော မျက်လှည်ဆရာတစ်ဦး၏ ပြကွက်များရဲ့လှည့်ကွက်တွေကို ကူညီသရုပ်ဆောင်သူများအဖြစ် သူတို့ဘဝကိုစတင်ခဲ့ကြသည်။ သူတို့နှစ်ဦးသွားကြည့်ခဲ့ကြတဲ့ တရုတ်အဖိုးအိုတစ်ဦးရဲ့မျက်လှည့်ပွဲမှာAlfred ကစစ်မှန်တဲ့ မျက်လှည့်တစ်ခုမှာ ကတိကဝတ်တွေနဲ့ကိုယ်ကျိုးစွန့်အနစ်နာ ခံခြင်းတွေဘယ်လောက် လိုအပ်သလဲ ဆိုတာ နားလည်လာခဲ့တယ်။
တစ်နေ့မှာ Alfred ရဲ့ပြပွဲအတွင်း မှားယွင်းမှုတစ်ခုကြောင့် Robert ရဲ့ဇနီးဖြစ်သူ Julic ရေနစ်ပြီးသေဆုံးခဲ့ရသည်။ ထိုအချိန်မှစပြီး သူတို့နှစ်ဦး လမ်းခွဲခဲ့ကြပြီးဘဝလမ်းကြောင်းကိုသီးခြားလျှောက်ရင်း တစ်ဦးကိုတစ်ဦး မနာလို ပြိုင်ဆိုင်မှုတွေနဲ့ဘဝကို ဆက်လျှောက်ခဲ့ကြသည်။ Alfred က The Transported Man ဆိုတဲ့ ဒီဘက်ဗီရိုမှဝင်ပြီး ပစ်လိုက်သော ဘောလုံးကလေး ဟိုဘက်ဗီရိုရောက်ခင် ဟိုဘက်ဗီရိုကနေ ပြန်ထွက်လာတဲ့ ပြကွက်ဆန်းနဲ့နာမည်ကြီးလာသောအခါ ယခင်ကသူတို့နှစ်ဦးစလုံးနှင့် Milton the Magician တွင် အလုပ်အတူတွဲလုပ်ဖူးသူ ယခုအခါ Robert အတွက် ပြကွက်တွေကို တီထွင်သောသူ John Cutter ဆိုသူက Alfred ကလူအစားထိုး အသုံးပြုခဲ့သည်ဟုပြောသည်ကို Robert တစ်ယောက်မယုံကြည်ခဲ့ပေ။
ဆာသွားသူကိုယ်တိုင်လည်း အစားထိုးလူတစ်ဦးနှင့် အလားတူ ပြကွက်ကိုပြသခဲ့ပြီးအောင်မြင်လာခဲ့သော်လည်း အချိန်တိုင်း ယမကာ မူးနေသော အစားထိုးလူနှင့် Alfred ၏နှောင့်ယှက်မှုကြောင့် သူ့ရဲ့ခြေထောက် တစ်ဖက်သည်အထိ ပွဲပျက်ခဲ့ရလေသည်။ အမုန်းတရားများနှင့် Robert တစ်ယောက်သူရဲ့ Assistance တစ်ဖြစ်လည်း Mistress တစ်ဦးဖြစ်သူ Olivia Wenscombe ဆိုသူ အမျိုးသမီးတစ်ဦးကို Alfred ဆီသို့သွားပြီး လှည့်ကွက်တွေကိုလေ့လာခိုင်းခဲ့သလို သူကိုယ်တိုင်လည်း Alfred ရဲ့အကူ Fallon ဆိုသူကို ပြန်ပေးဆွဲကာ Alfred ဆီမှလှည့်ကွက်တွေကိုတောင်းရာ Alfred က "Tesld" ဟုရေးပေးလိုက်လေသည်။ ထိုအချိန်မှစပြီး Robert သည် Serbian American Nikold Tesld ဆိုသူ လျှပ်စစ်နှင့် စက်မှုသိပ္ပံပညာရှင်တစ်ဦးရှိရာ Colorado Springs အထိလိုက်ခဲ့လေသည်။ Tesla ကိုယ်တိုင်တားမြစ်ခဲ့ပေမဲ့ Robert ရဲ့ကြီးမားလှတဲ့ စွဲလမ်းမှုကြောင့် Tesla သည် သူရဲ့ပြိုင်ဖက်တစ်ဦးဖြစ်သူ Thomas Edison ရဲ့လူများ သူ့၏၊ Lab ကိုလာရောက်မဖျက်ဆီးခင် Robert အတွက် Robert လိုချင်သော လူတစ်ဦး တစ်နေရာမှ တစ်နေရာကို စက္ကန့်အတွင်း ကူးပြောင်းနိုင်သော Teleportation စက်တစ်ခုကို တီထွင်ပေးခဲ့လေသောအခါ………
သင့်ကို မနှုတ်ဆက်ပဲ ထွက်ခွာခဲ့ရတဲ့ အတွက် ကျွန်ုပ်ကိုခွင့်လွှတ်ပါ။ ဒါပေမဲ့ ကြည့်ရတာ Colorado Springs မှာ ကျွန်ုပ် နေခဲ့ရတာကို မကြိုဆိုကြဘူးထင်ပါတယ်။ စစ်မှန်တဲ့ ထူးခြားဆန်းကြယ်မှုက သိပ္ပံနဲ့လုပ်ငန်းတွေမှာ ခွင့်
ပြုခြင်းမရှိတာပဲ။ လူတွေက လျှို့ဝှက်ခြင်းခံရတာ ကိုသဘောကျတဲ့ သင့်ရဲ့လုပ်ငန်းမှာ ကံကောင်းခြင်းတွေကိုသင်တွေ့ရင်တွေ့ပါလိမ့်မယ်။ သင်ရှာနေတဲ့ အရာကို ဒီသေတ္တာထဲမှာ တွေ့ပါလိမ့်မယ်။ Alley ကအသုံးပြုပုံနည်းလမ်းတွေကို ရေးပေးခဲ့ပါတယ်။ ဒီစက်ကို အသုံးပြုခြင်းအတွက် ကျွန်ုပ် အကြံဉာဏ်တစ်ခုပဲပေးချင်ပါတယ်။ ဒီစက်ကို ဖျက်ဆီးလိုက်ပါ။ အနက်ရှိုင်းဆုံး သမုဒ္ဒရာရဲ့အောက်ဆုံးကြမ်းပြင်ရောက်တဲ့ အထိပစ်ချလိုက်ပါ။ ဒီလိုအရာတစ်ခုဟာ သင့်ကို ဒုက္ခ ဆင်းရဲ မှုတွေကိုပဲယူဆောင်လာပါလိမ့်မယ်....
#uploadbykevinaris