မိမိအနေဖြင့် (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွါးရေး ဖိုရမ် ၂၀၂၄ (Eastern Economic Forum 2024) ၏ Panel Session တွင် “The Geopolitical Shifts: Southeast Asia's Role in a Multipolar Future” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။ အဆို Session တွင် Moderator အဖြစ် ဆောင်ရွက်သူမှာ Professor Alexander Dugin ဖြစ်ပါသည်။ ၎င်း Panel တွင် အတူပါဝင်ဆွေးနွေးသူများအနက် အချို့မှာ -
⁃ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Maria Zakharov
⁃ နီပေါဝန်ကြီးချုပ်ဟောင်း Medhav Kumar Nepal
⁃ ရုရှားနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး ဗီနေကူးမား(ယခင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး)
⁃ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား၏ မြေး၊ လက်ရှိ လွှတ်တော်ကိုယ်စားလှယ် Nkosi Zwelivelile Mandela နှင့်
⁃ တရုတ်နိုင်ငံ၊ ဖူဒန်တက္ကသိုလ်က Professor Zhang Weiwei အစရှိသူများ ဖြစ်ပါသည်။
အရှေ့ဖျားစီးပွါးရေး ဖိုရမ် ၂၀၂၄ တွင် လက်ရှိကမ္ဘာကြီး ဦးတည်နေသည့် ဗဟုမဏ္ဍိုင် ကမ္ဘာဆိုင်ရာ ဆွေးနွေးမှုအား ထည့်သွင်းထားခြင်းဖြစ်ရာ ထူးခြားမှု ဖြစ်ပါသည်။
Professor Alexander Dugin မည်သူနည်းဆိုသည်ကို မိတ်ဆက်ပေးချင်ပါသည်။ Alexander Dugin သည် သမ္မတ ပူတင်၏ မိတ်ဆွေရင်း၊ နိုင်ငံရေး တွေးခေါ် ပညာရှင်ဖြစ်ပြီး The Fourth Political Theory ကို ဖော်ထုတ်ခဲ့သူဖြစ်ပါသည်။ သူရေးသားသည့် PUTIN VS PUTIN - Vladimir Putin Viewed from the Right ဟူသည့် စာအုပ်လည်း ရှိပါသေးသည်။ Dugin ကို Putin’s Brain ဟုပင် နာမည်ပြောင် ခေါ်ဝေါ်ကြပါသည်။ ၂၀၂၂ ခုနှစ်က Dugin ကို ယူကရိန်းတို့က လုပ်ကြံဖို့ ကြိုးစားရာမှာ သူ လွတ်မြောက်သွားသော်လည်းသမီးဖြစ်သူ နိုင်ငံရေး သိပ္ပံပညာရှင် Darya Aleksandrovna Dugina မှာ ကွယ်လွန် သွားရပါသည်။
၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်သည့် ရုရှား နိုင်ငံခြားရေး မူဝါဒများမှ တစ်ခုဖြစ်သည့် The Path to Multipolar World ဆိုသည်မှာ ၎င်း၏ အတွေးအခေါ်အား အခြေခံထားသည်ဟု လေ့လာတွေ့ရှိရပါသည်။ အနောက်တိုင်းနိုင်ငံများအနေဖြင့် ၎င်းအား လက်ယာစွန်းရောက် ဝါဒီအဖြစ် စွပ်စွဲကြပါသည်။ ကမ္ဘာ့အစီအစဉ် (World Order) ပြောင်းလဲရန် တာဆူနေချိန်တွင် Dugin ၏ အတွေးအခေါ်များအားလည်း လေ့လာထားသင့်ပါသည်။
ပထဝီနိုင်ငံရေး အရွေ့နှင့် ဗဟုမဏ္ဍိုင် ကမ္ဘာ့အနာဂတ်မှ အရှေ့တောင်အာရှ၏ အခန်းကဏ္ဍ
အရှေ့ဖျားစီးပွားရေးဖိုရမ် ၂၀၂၄ ၏ Panel Session တွင် “The Geopolitical Shifts: Southeast Asia's Role in a Multipolar Future” ခေါင်းစဉ်ဖြင့် စာရေးသူ ပါဝင်ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးသည့်အကြောင်းအရာများမှ အရေးကြီးသော အချက်အချို့ကို ထုတ်နှုတ် ရေးသားဖော်ပြလိုပါသည်။
မိမိတို့ကမ္ဘာကြီးအနေဖြင့် Multipolar World ခေါ် ဗဟုမဏ္ဍိုင်ကမ္ဘာသို့ ဦးတည်နေသည်ဖြစ်ရာ သိသာထင်ရှားသည့် ပထဝီဝင်နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်နေသော ခေတ်တစ်ခုအား မျက်ဝါးထင်ထင် မြင်တွေ့နေရပြီ ဖြစ်ပါသည်။ အင်အားကြီးနိုင်ငံသစ်များ ပေါ်ထွက်လာခြင်းနှင့် မူလအင်အားကြီးနိုင်ငံများ ပြန်လည်အင်အားကြီးထွားလာခြင်းတို့သည် ကမ္ဘာ့အခင်းအကျင်းကို ပြန်လည်ပုံဖော်ခြင်းပင် ဖြစ်ပါသည်။ ဤအခြေအနေတွင် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသကြီးသည် ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးရေစီးကြောင်း၏ အဓိက ဆုံချက်များတွင် မဟာဗျူဟာမြောက်နေရာယူထားသည့် အချက်အချာကျသော ကစားသမားအဖြစ် ပေါ်ထွက်လာပါသည်။ အာရှ-ပစိဖိတ်ဒေသရှိ အင်အားချိန်ခွင်လျှာပြောင်းလဲခြင်းသည် ကမ္ဘာ့ပထဝီဝင်နိုင်ငံရေးအခြေအနေကို နည်းလမ်းများစွာဖြင့် သိသိသာသာ သက်ရောက်မှုရှိစေသည်။ ၎င်းတို့အနက် အချို့မှာ -
စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ အဓိကအင်အားကြီးနိုင်ငံအဖြစ် တရုတ်နိုင်ငံ တိုးတက်လာခြင်းသည် အစဉ်အလာ အနောက်တိုင်း လွှမ်းမိုးချုပ်ကိုင်မှု အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၏ ဒေသတွင်း ဗိုလ်ကျစိုးမှု ချိန်ခွင်လျှာကို ပြောင်းသွားစေခဲ့သည်။
တရုတ် အင်အားကြီးထွားလာခြင်းကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ကဲ့သို့ အစဉ်အလာမဟာမိတ်များသည် ဒေသတွင်း မဟာမိတ်များနှင့် မိတ်ဖက်ဆက်ဆံရေးများ အားကောင်းလာစေရန် ကြိုးပမ်းခဲ့ကြသည်။ Quad (အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် သြစတြေးလျတို့ပါ၀င်ဖွဲ့စည်းထားသည်။) ကဲ့သို့သော အဖွဲ့အစည်းများသည် တရုတ်ကို တန်ပြန်ရန် ကြိုးပမ်းမှုများကို ထင်ဟပ်စေပါသည်။
တိုးတက်ပြောင်းလဲလာသော လုံခြုံရေးဆိုင်ရာ ပြောင်းလဲမှုအရွေ့များသည် စစ်အင်အားတိုးချဲ့တည်ဆောက်မှုများနှင့် စစ်ရေးလေ့ကျင့်မှုအပါအဝင် ဒေသတွင်းတွင် စစ်ရေးလှုပ်ရှားမှုများ တိုးမြင့်လာစေသည်။ နိုင်ငံအချို့သည် တင်းမာမှုများနှင့် လက်နက်အပြိုင်အဆိုင်တပ်ဆင်မှုကို ဖြစ်စေနိုင်သည့် ၎င်းတို့၏ စစ်ရေးစွမ်းရည်ကို မြှင့်တင်လျက်ရှိသည်။