အာရှ-ပစိဖိတ်ဒေသသည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုအတွက် အရေးပါသော အချက်အချာဒေသ ဖြစ်လာပါသည်။ ဒေသတွင်း ပါဝါဒိုင်းနမစ်ပြောင်းလဲမှုများသည် ကုန်သွယ်မှုလမ်းကြောင်းများ၊ စီးပွားရေးမူဝါဒများနှင့် ထောက်ပံ့ရေးကွင်းဆက်များကို ထိခိုက်စေနိုင်ပါသည်။ ဥပမာအားဖြင့်၊ အမေရိကန်နှင့် တရုတ်နိုင်ငံအကြား တင်းမာမှုများသည် ကုန်သွယ်ရေးသဘောတူညီချက်များနှင့် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးမိတ်ဖက်များကို သက်ရောက် လွှမ်းမိုးနိုင်မည် ဖြစ်သည်။ စီးပွားရေးဆိုင်ရာ ကမ္ဘာပြုမှုဖြစ်စဉ်နှင့် ကုန်သွယ်မှုပုံစံ အပြောင်းအလဲများသည် နိုင်ငံရေးဖြစ်စဉ်များအပေါ်လည်း သက်ရောက်မှုရှိသည်။ အာရှ-ပစိဖိတ်ဒေသရှိ စီးပွားရေးများ ပေါင်းစည်းမှုသည် ပြည်တွင်းမူဝါဒများ၊ အလုပ်သမားဈေးကွက်များနှင့် ကုန်သွယ်မှုဆက်ဆံရေးအပေါ် လွှမ်းမိုးမှုရှိပြီး နိုင်ငံရေးအရ ဦးစားပေးမှုနှင့် ညှိနှိုင်းမှုများတွင် အပြောင်းအလဲများ ဖြစ်ပေါ်စေသည်။
ထို့အပြင် ဒေသပြင်ပမှ အင်အားကြီး နိုင်ငံအများအပြားသည် အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံရေးဖြစ်စဉ်များကို လွှမ်းမိုးထားပြီး ထိုဒေသနိုင်ငံများ၏ နိုင်ငံရေးအခင်းအကျင်းနှင့် ဆုံးဖြတ်ချက်ချခြင်းများကို ပုံဖော်ကြသည်။ ဆိုရှယ်မီဒီယာနှင့် ဆိုင်ဘာစွမ်းရည်များ အပါအဝင် နည်းပညာများ ထွန်းကားလာခြင်းသည် နိုင်ငံရေးဆက်သွယ်မှု၊ လူထုအမြင်နှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကိုပင် သက်ရောက်မှုများ ရှိနေပါသည်။ ပြင်ပမှ နိုင်ငံကြီးများသည် သတင်းစစ်ပွဲများ၊ ဆိုင်ဘာတိုက်ခိုက်မှုများနှင့် သတင်းမှားများ ပျံ့နှံ့ခြင်းများမှတဆင့် ပြည်တွင်းနိုင်ငံရေးကို လွှမ်းမိုးနိုင်ကြပါသည်။
အကြမ်းဖက်ဝါဒ၊ ဓားပြမှုများနှင့် ရေပိုင်နက် အငြင်းပွားမှုများကဲ့သို့ ပြင်ပလုံခြုံရေး ခြိမ်းခြောက်မှုများသည် ဒေသတွင်း စည်းလုံးညီညွတ်မှုကို သက်ရောက်စေနိုင်ခြင်း သို့မဟုတ် ပြင်ပအင်အားကြီးနိုင်ငံများနှင့် ယှဉ်ပြိုင် ချိန်ညှိခြင်းတို့ကို ဖြစ်ပေါ်စေသည့်အပြင် ပြည်တွင်းနိုင်ငံရေးနှင့် လုံခြုံရေးမူဝါဒများကို ထိခိုက်စေပါသည်။
သမိုင်းကြောင်းအရ မြန်မာအပါအဝင် အရှေ့တောင်အာရှဒေသသည် ယဉ်ကျေးမှုများ၊ အတွေးအခေါ်များနှင့် ကုန်သွယ်မှုလမ်းကြောင်းများ ရောထွေးယှက်တင် ပေါင်းဆုံရာ ဒေသကြီး ဖြစ်သည်။ ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာကြားတွင် တည်ရှိသော ၎င်း၏ ပထဝီဝင်တည်နေရာသည် ထူးခြားသော အားသာချက်များ ဖြစ်ပေါ်စေပါသည်။ မျက်မှောက်ခေတ်တွင် ဤဒေသသည် သာမန် လေ့လာသူအဆင့်မျှသာ မဟုတ်ပါ။ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ၏ အရွေ့ဒိုင်းနမစ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေပါသည်။
မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ဒေသတွင်း စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကတိကဝတ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။ ဗဟုမဏ္ဍိုင်ကမ္ဘာကြီးတွင် အာဆီယံ၏ အခန်းကဏ္ဍသည် ဆွေးနွေးညှိနှိုင်းရေးမှူးနှင့် အေးချမ်းတည်ငြိမ်ရေးကို မြှင့်တင်ပေးသူအဖြစ် လုပ်ဆောင်ပေးနိုင်ပါသည်။ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးနှင့် အများသဘောတူညီမှုဖြင့် လုပ်ဆောင်ခြင်းဆိုင်ရာ အာဆီယံ၏အခြေခံမူများသည် စီးပွားရေး အနိမ့်အမြင့်ကွာဟချက်မှသည် ရာသီဥတုပြောင်းလဲမှုအထိ ယနေ့ကျွန်ုပ်တို့ရင်ဆိုင်နေရသော မတူကွဲပြားသောစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် မရှိမဖြစ် လိုအပ်ပါသည်။
သို့သော်လည်း အရှေ့တောင်အာရှအတွက် အခွင့်အလမ်းများနှင့်အတူ စိန်ခေါ်မှုကြီးများ အတူယှဉ်တွဲ ပေါ်ပေါက်လာပါသည်။ အထူးသဖြင့် အမေရိကန်နှင့် တရုတ်တို့ကြားတွင် အင်အားပြိုင်ဆိုင်မှု လွန်စွာ ပြင်းထန်လာခြင်းကို တွေ့မြင်ရချိန်တွင် မိမိတို့ ဒေသအနေဖြင့် မဟာဗျူဟာမြောက် အမြော်အမြင်ကြီးမားစွာထားကာ မိမိတို့လျှောက်လှမ်းရမည့် လမ်းကြောင်းကို မယိမ်းမယိုင်လျှောက်လှမ်းရမည် ဖြစ်ပါသည်။ အရှေ့တောင် အာရှသည် ၎င်း၏ အလားအလာကို ပေါင်းကူးတံတားအဖြစ် အသုံးချကာ ကွဲပြားခြားနားခြင်းထက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် စည်းမျဉ်းကိုအခြေခံသော နိုင်ငံတကာ အစီအစဉ်တွင် စံပြဖြစ်စေရန် လုပ်ဆောင်သွားရမည်ဖြစ်သည်။
အခြေခံအဆောက်အအုံ၊ နည်းပညာနှင့် လူသားအရင်းအနှီးအတွက် ရင်းနှီးမြှုပ်နှံမှုသည် ဒေသအတွက် အရေးကြီးပါသည်။ အထူးသဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးသည် တိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုများအတွက် ကြီးမားသောအခွင့်အလမ်းများကို ပေးစွမ်းနိုင်ပါသည်။ ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးကို ဦးစားပေးခြင်းဖြင့် အရှေ့တောင်အာရှသည် ၎င်း၏ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်နိုင်ပြီး ကမ္ဘာ့စီးပွားရေးတွင် ဦးဆောင်သူအဖြစ် ရပ်တည်လာနိုင်မည် ဖြစ်သည်။
မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံများအနေဖြင့်ယဉ်ကျေးမှုဖလှယ်ရေးနှင့် အပြန်အလှန်နားလည်မှုတို့ မြှင့်တင်ရန် လိုအပ်ပါသည်။ ကွဲပြားသော ယဉ်ကျေးမှုအခြေခံများကို နားလည်နိုင်ရန်နှင့် ချစ်ကြည်ရင်းနှီးမှုတို့ တည်ဆောက်ရန်အတွက် အပြန်အလှန် ယဉ်ကျေးမှုဖလှယ်ခြင်း၊ ပညာရေးဆိုင်ရာအစီအစဉ်များနှင့် ပြည်သူလူထုအချင်းချင်း ဆက်ဆံရေးတို့ကို မြှင့်တင်ရန် လိုအပ်ပါသည်။