(ကမ္ဘာ့ရေးရာ အမှတ် (၂၈) အောက်တိုဘာ ၂၀၂၄ တွင် ဖော်ပြပါရှိသော ဆောင်းပါး ဖြစ်ပါသည်။)
ထိုင်းတပ်မတော်အတွက် အခန်းကဏ္ဍသစ် (သို့မဟုတ်) ရာစုသစ်အတွက် ပြင်ဆင် ပြောင်းလဲခြင်း
နိဒါန်း
၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် စစ်အေးတိုက်ပွဲ ပြီးဆုံးသည်နှင့်အမျှ နိုင်ငံတကာ စနစ်တွင် လေးနက်သော အပြောင်းအလဲများ နောက်ဆက်တွဲ ဖြစ်ပေါ်လာရာ အများစုမှာ နိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အရေးကြီးသော သက်ရောက်မှုများ ရှိလာပါသည်။ ယင်းကဲ့သို့ အဆုံးသတ်ခြင်းသည် ပြည်တွင်း၌ နိုင်ငံတော်နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းကြား ဆက်ဆံရေးအပေါ် တွင်လည်း သက်ရောက်မှုများ ရှိပါသည်။ ထို့အပြင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ အမျိုးသားအဆင့် ဗျူဟာများကို ပြန်လည်သုံးသပ်ရန် လိုအပ်လာပါသည်။ ကမ္ဘာတဝှမ်းရှိ နိုင်ငံအများအပြားသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လှိုင်းလုံးများ ပေါ်ပေါက်လာခဲ့ပါသည်။ ဒီမိုကရက်တိုက်ဇေးရှင်းလှိုင်းက နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းတွင် တပ်မတော်၏ အခန်းကဏ္ဍကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။
ပြင်းထန်ကြီးမားသော စစ်ရေးထိပ်တိုက်ရင်ဆိုင်မှု အန္တရာယ် ဖြစ်နိုင်ခြေမှာ များစွာ နည်းပါးသော်လည်း အရင်းအမြစ်များ၊ နယ်နိမိတ်မျဉ်းများနှင့် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများ၊ လူမျိုးရေး၊ ဘာသာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအပေါ် အငြင်းပွါးမှုများမှာမူ ပိုမိုတိုးလာခဲ့သည်။ ထို့ကြောင့် စစ်အေးလွန်ခေတ်နှင့် လက်ရှိဖြစ်ပေါ်နေသော ထောင်စုနှစ်သစ်ခေတ်နှင့် လိုက်လျောညီထွေဖြစ်စေရန် တပ်မတော်၏ အခန်းကဏ္ဍကို မလွှဲမရှောင်သာ ပြန်လည်သတ်မှတ်ရန် လိုအပ်ပါသည်။
နိုင်ငံများအနေဖြင့် တပ်မတော်၏ အင်အားကို လျှော့ချဖွဲ့စည်းလာသကဲ့သို့ ထိုသို့ ဖွဲ့စည်းပုံပြောင်းလဲထားသည့် တပ်မတော်များအနေဖြင့်လည်း အခြားသော တာဝန်သစ်များကိုလည်း ပူးတွဲရယူရန် လိုအပ်ကြောင်း တွေ့ရှိလာရပါသည်။ တစ်နည်းဆိုရသော် ၎င်းတို့၏ တာဝန်ကို ပြန်လည် ရည်ညွှန်းသတ်မှတ်ရန် လိုအပ်လာပါသည်။ ထောင်စုနှစ်သစ်၏ တပ်မတော်များအတွက် အခန်းကဏ္ဍအသစ်များတွင် ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးခြင်းနှင့် စီမံခန့်ခွဲမှုများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တပ်မတော်များတွင် တွေ့ရလေ့သည့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ဆောက်ရေးတို့နှင့် ဆက်စပ်သည့် လုပ်ငန်းများလည်း ပါဝင်ပါသည်။
မျက်မှောက်ကာလာတွင် ပဋိပက္ခ အမျိုးမျိုးရှိ ဖြစ်ပွါးနေဆဲဖြစ်ပြီး ၎င်းတို့မှာလည်း တနေ့ထက်တနေ့ ပိုမိုပြင်းထန်လာကြပါသည်။ ဥပမာအားဖြင့် လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများ၊ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွါးမှုများနှင့် နိုင်ငံတကာ အကြမ်းဖက်ဝါဒ ပြန့်နှံ့လာခြင်းတို့ ဖြစ်ပါသည်။ ထိုင်းနိုင်ငံသည် ၎င်း၏ တပ်မတော်ကို နိုင်ငံရေးအရ အပေးအယူအလျှော့အတင်း လုပ်ပိုင်ခွင့်အဖြစ် အသုံးပြုရန်နှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်တို့အတွက် အင်အားတောင့်တင်းစေရန် တည်ဆောက်နေကြောင်း လေ့လာတွေ့ရှိရသည်။
ထို့အတွက်ကြောင့် ထိုင်းတပ်မတော်သည် ယနေ့နှင့် အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်စွမ်းရှိသည့် ကာကွ ယ်ရေးစွမ်းအားကို ဖြစ်စေသည့် ခေတ်မီရေးအစီအစဉ်များကို လုပ်ဆောင်နေကြောင်း တွေ့ရပါသည်။ ထို့အပြင် မူးယစ်ဆေးဝါး၊ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများနှင့် သဘာဝ အရင်းအမြစ်များ ပျက်စီးဆုံးရှုံးခြင်းသည် နိုင်ငံတော်လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေသည့် ပြဿနာများ ဖြစ်သည်။ ဤအရာများအား ထိုင်းတပ်မတော်အနေဖြင့် အပြည့်အဝကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ၎င်း၏ အခန်းကဏ္ဍနှင့် တာဝန်များကို မလွဲမသွေ ပြင်ဆင်ခဲ့ပါသည်။
ယခုဆောင်းပါးတွင် ၂၁ ရာစုတွင် ထိုင်းတပ်မတော်၏ အခန်းကဏ္ဍအသစ်များ အထူးသဖြင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများဆိုင်ရာကိစ္စရပ်များအား လေ့လာဖော်ပြသွားမည် ဖြစ်ပါသည်။
ထိုင်းနိုင်ငံတွင် ၁၉၃၂ ခုနှစ်တွင် စည်းမျည်းခံဘုရင်စနစ် ထူထောင်ပြီးကတည်းက တပ်မတော်နှင့် အစိုးရ ဗျူရိုကရေစီယန္တရားတို့က နိုင်ငံရေးနယ်ပယ်ကို ထိန်းချုပ်နိုင်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်မှ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း အရပ်ဘက်နှင့် စစ်ဘက် အထက်တန်းလွှာတို့အကြား အာဏာလွန်ဆွဲမှုသည် ထိုင်းနိုင်ငံရေး အခင်းအကျင်းကို လွှမ်းမိုးခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းလိုက်ပြီး ၂၀၀၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် စတင်ကျင့်သုံးသည့် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ပါ အကြောင်းအရာများနှင့် ဖွဲ့စည်းတည်ဆောက်ပုံတို့သည် ယခင်ပုံစံဟောင်းများနှင့် အတော်ပင်ကွာခြားသွားရာ ထိုင်းနိုင်ငံရေးလေ့လာသူ အများအပြားက နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ယုံကြည်မှု လက္ခဏာတစ်ရပ်အဖြစ် ရှုမြင်ကြသည်။ ထိုနည်းတူစွာပင် ရာစုနှစ်သစ်တွင် နိုင်ငံတော်၏ လုံခြုံရေးနှင့် ရှင်သန်ရပ်တည်နိုင်ရေးအတွက် ထိုင်းတပ်မတော်အနေဖြင့် ၎င်း၏ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ပါသည်။