မြိုင်မြို့နယ် သရက်ကွပျူစောထီးရွာ တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်စစ်ကူများကိုချေမှုန်းမှု စစ်ဗိုလ် ၁ဉီးအပါ ၁၄ဉီးသေဆုံးပြီး ၃၀ခန့် အပြင်းအထန်ဒဏ်ရာရရှိတယ်လို့ ပြည်ဖျက်ခေတ်သစ်မီဒီယာမှ ရေးသားထားပါတယ်။ မြေပြင်ဖြစ်စဉ်အမှန်မှာ သရက်ကွပျူစောထီးရွာ တိုက်ခိုက်ခံရမှု ရှိပြီး ပြည်သူ့စစ် အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်များ ထိခိုက်ကျဆုံးမှု အများအပြားနဲ့ အလောင်းထမ်းထွက်ပြေးသွားပါတယ်။ စစ်ကူစစ်ကြောင်းမှ အကြမ်းဖက်သမားများနဲ့ ထိတွေ့တိုက်ခိုက်မှုရှိပြီး စစ်သည် ၄ဉီးကျဆုံး၍အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခြင်းသာဖြစ်ကြောင်း သိရှိရပါတယ်။ အကြမ်းဖက်အားပေး လော်ဘီ ပြည်ဖျက်မီဒီယာမှ စစ်ဗိုလ်အပါ ၁၄ဉီးသေပြီး ၃၀ ကျော် အပြင်းအထန် ဒဏ်ရာရတယ်လို့ မဟုတ်မမှန် သတင်းအမှားများနဲ့ လုပ်ကြံဝါဒ ဖြန့်ရေးသားနေသောကြောင့် သတင်းမှန်အား ရေးသားတင်ပြပေးခြင်း ဖြစ်ပါတယ်။