*နယ်ဘက်တရားရုံးဖြင့် ပြစ်ဒဏ်ချမှတ်သတင်း(၁)*
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်
#Fifty Two News#
၂၀-၁၂-၂၀၂၄ ရက်တွင် မုံရွာအကျဉ်းထောင်သီးသန့်တရားရုံးက တရားခံ (၅) ဦးအား ဖော်ပြပါအတိုင်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။
၁။ မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ဓားပြတိုက်၊ လုယက်ရာမှ ရရှိလာသော တယ်လီးဖုန်းများအား ဈေးနှိမ်ဝယ်ယူခြင်း၊ အကြမ်းဖက်အဖွဲ့များအား ရိက္ခာ နှင့်ငွေကြေးထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့သည့်တရားခံ ကျော်သူထွန်း(ခ)သာအောင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေ ရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
၂။ မုံရွာမြို့ မုံရွာတောင်သာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့များ အတွက် အဝတ်အစားများအလှူခံ၍ ထောက်ပံ့ပေးခဲ့သည့် တရားခံ ဝေယံထွန်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်(တစ်ပေါင်းတည်း)ကျခံစေရန် အမိန့်ချမှတ်လိုက် ကြောင်း သိရသည်။
၃။ ဒီပဲယင်းမြို့နယ် အောင်စည်မြေကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့ထဲ သို့ဝင်ရောက်၍ အကြမ်းဖက်သင်တန်းတက်ရောက်ခြင်း၊ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဇော်နိုင်၏နေအိမ်တွင်အခြေပြု၍ လှုပ်ရှားခြင်း၊ ရွာ၏အရှေ့ဘက်တွင် ကင်းစောင့်ပေးခြင်း၊ NUG မှ တရားမဝင်ဖွင့်လှစ်ထားသည့် စာသင်ကျောင်းတွင် သင်ကြားပေးခြင်း၊ အကြမ်းဖက် အဖွဲ့အတွက် ငွေကြေးနှင့်ရိက္ခာများထောက်ပံ့ပေးခြင်း၊ လူမှုကွန်ရက်ပေါ်တွင် အကြမ်းဖက် အားပေးစာသားများအားရေးသားဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သည့်တရားခံ နေလင်းဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ ၅၂(က) အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်(တစ်ပေါင်းတည်း)ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
၄။ ကနီမြို့နယ် မျှိုင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး ၎င်း၏ခင်ပွန်းဖြစ်သူ အောင်မြိုင် သည် ကျေးရွာအကြမ်းဖက်အဖွဲ့ခေါင်းဆောင်ဖြစ်ခြင်း၊ အကြမ်းဖက်အဖွဲ့ဝင်များနှင့်အတူ နေထိုင်ခြင်း၊ အကြမ်းဖက်အဖွဲ့များအတွက် ရိက္ခာထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့သည့် တရားခံ အောင်မေကြည်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
၅။ ကနီမြို့နယ် မျှိုင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး ကျေးရွာအကြမ်းဖက်အဖွဲ့ခေါင်း ဆောင်ဖြစ်ခြင်း၊ အကြမ်းဖက်အဖွဲ့ဝင်များအတွက် ဆန်နှင့်ငွေကြေးများကောက်ခံ၍ ထောက် ပံ့ပေးခြင်းများ ပြုလုပ်ခဲ့သည့်တရားခံ အောင်မြိုင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ် (တစ်ပေါင်းတည်း)ကျခံစေရန်အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။