Фильтр публикаций


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆံပင်အလှပြင်ဆိုင်တွင် တရားမဝင်အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်းသတင်းများက ဖော်ပြ

ဒီဇင်ဘာ ၁၉

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘွန်ခရိုင် နိုင်ယီရန်ဈေး၌ ဖွင့်လှစ်ထားသော ANGEL-20 ဆံပင်ညှပ်ဆိုင်တွင် ဆံပင်ညှပ်ဆရာအဖြစ် အလုပ်လုပ်ကိုင်နေသည့် မြန်မာများ ဖမ်းဆီးခံရခြင်းလည်း ဖြစ်သည်။

ဘန်ခွန်သီယန်ရဲစခန်းမှ ရဲစစ်ဆေးရေးအရာရှိ Kittisak Bunsermsak ထံ ပေးပို့သည့်သတင်းအရ ANGEL-20 ဆံပင်အလှပြင်ဆိုင်တွင် ထိုင်းနိုင်ငံသားများသာလုပ်ခွင့်ရှိသည့် အလုပ်ကို ထိုင်းနိုင်ငံသားမဟုတ်သူများ လုပ်နေသည်ဆို၍ သွားရောက်စစ်ဆေးစဉ် အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့က အဆိုပါ ဆံပင်ညှပ်ဆိုင်ကို ဝင်ရောက်စစ်ဆေးရာ မြန်မာနိုင်ငံသားများက ဧည့်သည်များကို ဆံပင်ညှပ်ပေးနေချိန်နှင့် တိုက်ဆိုင်စွာ တွေ့ရှိခဲ့ရကြောင်းဒေသတွင်း သတင်းများက ဆိုသည်။

“အလှပြင်ဆိုင်ထဲကို ဝင်လိုက်တာနဲ့ အလုပ်သမားတွေက ဖောက်သည်တွေနဲ့ အလုပ်ရှုပ်နေတာကို အရာရှိတွေက တွေ့တယ်။ ရဲတပ်ဖွဲ့က နိုင်ငံခြားသားတွေက အဲဒီမှာ အလုပ်လုပ်နေတာသတင်းအရ မှန်တယ်လို့ အတည်ပြုတယ်”ဟု ထိုင်းဒေသတွင်းသတင်းရင်းများအရ သိရသည်။

အဖမ်းခံရသည့် မြန်မာနိုင်ငံသား (၄) ဦးမှာ အသက်(၂၃)နှစ်အရွယ် ဝေယံလင်း၊ အသက်(၂၄)နှစ်အရွယ် မျိုးလင်းဌေး၊ အသက်(၂၄)အရွယ် နီနီဦးနှင့် အသက်(၃၁) မိုးကေပိုင်တို့ ဖြစ်ကြောင်း ထိုင်းဒေသတွင်း သတင်းများက ဖော်ပြထားသည်။

အဆိုပါ အလုပ်သမားလေးဦးမှာ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်ခွင့် ဥပဒေပုဒ်မ ၈ တွင် ဖော်ပြထားသည့်အတိုင်း နိုင်ငံခြားအလုပ်သမားများ အလုပ်လုပ်ကိုင်ခွင့် ဥပဒေပုဒ်မ ၁၀၁ (၂၀၁၇) အရ ပြစ် ဒဏ်ပေးခံရမည် ဖြစ်ကြောင်း၊၊ ၂၀၁၈ ခုနှစ် ပြင်ဆင်ချက်အမှတ် (၂) အရ ဖမ်းဆီးခံရသူများအား သက်သေများနှင့်အတူ အမှုစစ်ဆေးရေးအရာရှိများထံ ဆက်လက်တင်ပို့ကာ အရေးယူဆောင်ရွက်သွားရန်လည်းရှိကြောင်း သိရသည်။


လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ဆည်မြောင်းဦးစီးဌာနရုံးရှေ့တွင်အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ=======

ဒီဇင်ဘာ ၂၀၊ ၂၀၂၄

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ဆည်မြောင်းဦးစီးဌာနရုံးရှေ့တွင် ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လွိုင်ကော်မြို့နယ်၊ နမ့်ဘော်ဝမ် (က) ရပ်ကွက်နေ ဦးအုန်းရွှေ (၅၄) နှစ်သည် အဆိုပါရုံးရှေ့တွင် ခြံတံခါးပြုလုပ်ရန် မြေတူးဖော်နေစဉ် အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ဦးအုန်းရွှေတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။


Репост из: Ye Yint Htet (#yyh)
Видео недоступно для предпросмотра
Смотреть в Telegram
မကောင်းတာ အကုန်လုပ်တဲ့ pdf တွေ


ဒီလိုမျိုး ဖြေရှင်းမယ်ဆိုရင် လွယ်လွယ်နဲ့ အဆင်ပြေပါလိမ့်မယ် ။ အရေးကြီးဆုံးက စစ်မှုထမ်း ဗဟို မှ စီနီယာ စာရင်း အမြန်ဆုံး ချပေးနိုင်ဖို့ပါပဲ ။

            ငွေကြေးချမ်းသာသူများ ဒဏ်ကြေးပေး အချိန်ဆွဲကြရင်လည်း ဆွဲကြပါစေ ။ အကျိုးရှိမယ့်နေရာမှာ ဒီ ဒဏ်ကြေးကို ပြလည်သုံးစွဲလို့ ရနိုင်ပါတယ် ။    

               စစ်မှုထမ်း ပြဿနာရဲ့ အဓိက အားနည်းချက်က ဥပဒေ အတည်ပြုပြီးနောက် ၇ လလောက် ကြာတဲ့ အထိ ဗဟိုအဖွဲ့က အလုပ်မလုပ်ပဲ ငုတ်တုတ်ထိုင်နေလို့ပါပဲ ။ လိုအပ်တဲ့ နည်းပဒေကို ၇ လ အထိ အတည်မပြုနိုင်သေးပဲ ဖင်လေးနေတာ ဒီတိုင်းပြည်လို အရေးပေါ်ဖြစ်နေတဲ့ အခြေအနေနဲ့ မကိုက်ညီပါဘူး ။

          လစာထောက်ပံ့ကြေးယူပြီး အလုပ်မလုပ်တဲ့ ဗဟိုကို နစက အနေနဲ့ ဖင်တို့ပေးဖို့ အရေးတကြီး လိုအပ်နေပါပြီ ။ မှေးစား ပေါင်းစား မလုပ် မရှုပ် မပြုပ် ဆိုတဲ့ အသုံးမကျတဲ့ ရိုးရာတွေနဲ့ အထာကျနေတာတွေကို အရေးကြီးကိစ္စအဖြစ် ရှုမြင်တတ်ဖို့ လိုအပ်နေပါပြီ ။       

                ကိုရွှေမျိုးဝင်း


ဘာအကြောင်းအရာနဲ့ဖြစ်ဖြစ် ဆွေးနွေးပွဲ ဆက်မဖြစ်ဘူး ဆိုမှတော့ စစ်တိုက်ကြရုံပေါ့။ ဒီနေရာမှာ အရေးကြီးတာကတော့ "UWSA" နဲ့ တရုတ်ပဲ။

ဘယ်လိုပဲ ကာဗာလုပ်လုပ်၊ ကိုးကန့်က ပြည်သူစစ်တွေကို ကျားဖြန့်ခေါင်းစဉ်နဲ့ကြိုးတုပ်ပြီး MNDAA ကို မီးစိမ်းပြခဲ့တာက တရုတ်ပဲ။ ဒီ ၁ နှစ် အတွင်းမှာ မွေးထားတဲ့ EAO တွေက ထိန်းမနိုင်သိမ်းမနိုင် ဖြစ်သွားခဲ့ရတာကို တရုတ်ပြန်ပြီး ထိန်းညှိပေးဖို့ လိုတယ်။


လက်ရှိ အခင်းအကျင်းအရ တပ်မတော်မှာ ရွေးချယ်စရာ ၂ ခုပဲရှိတယ်။ တပ်ချုပ်ကြီးက လက်နက်စွန့်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ပါလို့ ပြောထားတာက ဝန်ကြီးချုပ်တယောက်အနေနဲ့ရော ၊တပ်ချုပ်ကြီး တယောက်အတွက်ပါ စကား ကုန်ပြီလို့ ယူဆရတယ်။ ဆိုတော့ ....လက်ရှိနေမြဲ တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေအနေနဲ့ လွတ်လပ်ရေးပွဲတို့ ၊ ဒီဇင်ဘာ လူထု လမ်းလျှောက်ပြိုင်ပွဲတို့မှာ လားလား လားလား လုပ်မနေပဲ စနစ်တကျ ခံစစ်ပြင်ပြီး ဘယ်လို စစ်တိုက်မလဲ ဆိုတာ ဆွေးနွေးဖို့ပဲ လိုတော့တယ်။


ဒုတိယအချက်ကတော့ ....ဘယ်လိုမှ နောက်‌ဆုတ်မပေးဘူး ဆိုမှတော့ ကူမင်း ဆွေးနွေးပွဲလည်း ပျက်တဲ့အနေအထားမှာ ဟိုက်ဂင်ဆွေးနွေးပွဲကာလတုန်းက ဒီတိုင်း ခံစစ်အသေ ထိုင်စောင့်ခဲ့တာကို နမူနာယူကြပေါ့။ ဆိုလိုတာက ...ရန်သူကအထိမနာပဲနဲ့တော့ ငြိမ်းချမ်းရေးဆွေးနွေးချင်ပါတယ်ဆိုပြီး ထ ပြောစရာ အကြောင်းမှမရှိဘဲ။ ဒီတော့ တတက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်ပဲ။ အကြမ်းဖက်လူသတ်၊ ဘာသာရေးလည်း စော်ကား၊ လမ်းတံတားတွေချိုးပြီး မြို့တွေသိမ်းထားတဲ့ ရန်သူကို ဘယ်လိုနည်းနဲ့ ချေမှုန်းချေမှုန်း တရားတယ်လို့ ယူဆတာပဲ။ ရန်သူလုပ်တဲ့ ပုံစံကိုက နိုင်ငံတခုရဲ့ တပ်မတော်ကို ဖင်ပုတ်၊ ခေါင်းပုတ် လုပ်နေတယ်လို့ပဲ မြင်မိတယ်။ ဒါက ကိုယ်တယောက်တည်း အမြင်တော့ မဟုတ်ဘူး။ တတိုင်းပြည်လုံးက မြင်တဲ့အမြင်။ ကြာရင် အိမ်နီးနားချင်းတွေကပါ အထင်သေးပြီး သွေးတိုးစမ်းလာနိုင်တဲ့အခြေအနေမျိုးဆိုတာလည်း တွေးဖို့ လိုအပ်တယ်။


နောက်ဆုံးအချက်အရေးကြီးတာကတော့ ရန်သူက တတိယအကြိမ် တိုက်စစ်ဖွင့်တာကို ကိုယ်က ငြိမ်ခံမလား၊ ဒါမှမဟုတ် ကိုယ်အားသာတဲ့ လေကြောင်းနဲ့အရင် စိစိညှက်ချေမှုန်းမလား ဆိုတာ အဓိက ဖြစ်လာတယ်။ ဒီနိုင်ငံမှာ ဘရွှေ လက်ထက် တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်လို့ရတယ်ဆိုတာ တနိုင်ငံလုံးကို ပြားပြားဝပ်အောင် အရင်ဦးနှိမ်ထားလို့ လုပ်လို့ရခဲ့တာလို့ပဲ မြင်မိတယ်။ အကြမ်းဖက် လူသတ်နေတဲ့ သူတွေကို ဘာဒီမိုကရေစီ ရွှေရင်အေး တရားမှ ဟော နေစရာ အကြောင်းကို မရှိတာ။


ဒါနဲ့ မေးစမ်းပါဦးမယ်။  ခုချိန် တပ်က ရွေးကောက်ပွဲ လုပ်ပေးပြီး အရပ်သား အစိုးရတက်လာလည်း ခု အညာမှာ အခွန်ဆပ်ကြေးနဲ့ သာယာနေတဲ့ PDF တွေက လက်နက်စွန့်မယ် ထင်လို့လား။
အဖြေကဒါပဲ။



(နရီမိုး)


20.12.2024. 8


KNU လှုပ်ရှားမှုသတင်း


KNU လက်နက်သောင်းကျန်းသူထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ညွှန်ကြားချက်အရ.

ကရင်လူမျိုးများကောင်းစားရေးနဲ့ကရင်ပြည်နယ်ခွဲထွက်ရေးအတွက် ကရင်လူငယ်အများစုကို တိတ်တဆိတ်သင်တန်းပေးနေတာတွေပြုလုပ်နေသလို၊အချို့နယ်မြေများမှာ စခန်းဟောင်းများကို ပြန်လည်ပြင်ဆင်ကာ သင်တန်းပေးနေကြောင်း KNU spy ကသတင်းပေးပို့လာပါတယ်၊

၁၂.၁၂.၂၀၂၄ရက်နေ့မှ ၁၂.၂.၂၀၂၅ ရက်နေ့အထိ ရက်ပေါင်း ( ၆၀)  စစ်ရေးအဖြစ်သတ်မှတ်ကာ ကရင်လူငယ်များအားလုံး ကျား  / မ မရွေး တိုက်ပွဲမှာပါဝင်ရမယ်လို့ တပ်မဟာအလိုက်ညွှန်ကြားစာများထုတ်ထားကြောင်းသိရပါတယ်၊

ဒီသတင်းကိုသုံးသပ်ရမယ်ဆိုရင်တော့ သေချာတာတခုက ထိုင်း - မြန်မာနယ်စပ်က တပ်စခန်းများကို သာလွန်အင်အားသုံးတိုက်ခိုက်လာနိုင်သလို၊ AA ရဲ့နည်းဗျူဟာအတိုင်း အခြားစခန်းများကိုပါ တပြိုင်နက်ထဲတိုက်ခိုက်ကာ အဓိကစခန်းကို အင်အားသုံးတိုက်ခိုက်နိုင်တယ်လို့သုံးသပ်မိပါတယ်၊စစ်ကူဖြတ်တောက်ရေးနဲ့လေယာဥ်ပစ်ကူအလွယ်တကူမရရှိရေး၊အချိန်တိုအတွင်းစခန်းသိမ်းပိုက်နိုင်ရေးအတွက်စစ်ပွဲကို ရောစုံကခင်းကျင်းလာမယ့်ဗျူဟာကိုသုံးလာနိုင်မယ့်အနေအထားလို့သုံးသပ်မိပါတယ်၊

သက်ဆိုင်ရာများ လူအင်အား၊ဒရုန်း၊လနခယ၊ရိက္ခာတွေနဲ့စခန်းခံစစ်ကိုပြင်ဆင်ထားရန်လိုအပ်မှာဖြစ်သလို၊စစ်ကူအလွယ်တကူရောက်ရှိရေးအစရှိတဲ့စစ်ရေးရာပြင်ဆင်ဖွယ်ရာများကို ပြင်ဆင်ထားဖို့လိုမယ်ထင်ပါတယ်။



အမဲလိုက်မုဆိုးကြီး
20.12.2024(01:20PM)
Fri. day


မန္တလေးမြို့တွင် ဆရာဝန် အချင်းချင်း ပြန်ပေးဆွဲ လူသတ်မှု ဖြစ်ပွား

မန္တလေးမြို့တွင် ဆရာဝန် အချင်းချင်း ပြန်ပေးဆွဲလူသတ်မှု ယခု ရက်ပိုင်းတွင်းက ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ဒီဇင်ဘာ ၁၉ ရက်က ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းမြသာစည်မြို့နယ် ၊အောင်သာယာ ရပ်ကွက် ၊၁၀၁ အေ လမ်း ၊ ၅၅လမ်းနှင့်၅၆လမ်းကြားရှိ  ဒေါက်တာအောင်မြင့်မြတ်ထွန်း (အသက် ၃၃ နှစ်) သည်  နံနက် ၉နာရီခွဲခန့်က အပြင်ဆေးခန်းသို့ ဆေးကုသရန်ထွက်သွားရာမှ အဆက်သွယ် မရတော့ကြောင်း နှင့် မွန်းတည့် ၁၂ နာရီခန့်တွင် ဒေါက်တာအောင်မြင့်မြတ်ထွန်းအား ပြန်ပေးဆွဲထားကြောင်း ၊ အသက်ရှင်လျက် ပြန်လိုချင်ပါက  ငွေကျပ်သိန်းသုံးထောင်ဖြင့် လာရွေးယူရန် ဖုန်းဝင်လာခဲ့ကြောင်း သိရသည်။

ထို့နောက် ညနေသုံးနာရီခန့်တွင် ဘုရားကြီးအနီးသို့ ငွေလာရောက်ပေးရန် ချိန်းဆိုသဖြင့် မိသားစုဝင်များမှ ငွေသိန်းသုံးထောင်ဖြင့်သွားရောက်ခဲ့ရာ မီနီအိုးဝေသမားမှတဆင့် အဆင့်ဆင့် လက်လွှဲယူခဲ့ပြီး ပြန်ပေးဆွဲခံရသူအား နောက်ရက်တွင် ပြန်ပို့ပေးမည်ဟု ပြောခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မိသားစုဝင်များက သက်ဆိုင်ရာရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ရာ ငွေပေးခဲ့သည့် မီနီအိုးဝေမှတဆင့် ၊CCTV မှတ်တမ်းများအပါအဝင် စုံစမ်းခဲ့ရာ ပြန်ပေးဆွဲကျူးလွန်သူကို ဒီဇင်ဘာ ၁၈ ရက် နံနက် ကလည်းကောင်း ၊အတူကျူးလွန်သူကို ၁၉ ရက်နေ့တွင်လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ကျူးလွန်သူမှာလည်း ဆေးခန်းဖွင့်ထားသည့်ဆရာဝန်တစ်ဦးဖြစ်ပြီး ၎င်းပိုင်ဆေးခန်းတွင် ဆေးကုသရန်ခေါ်ဆောင်ခဲ့ကာ  ပြန်ပေးဆွဲရန် အားထုတ်ခဲ့ခြင်းဖြစ်သည်။

"  သူ့ဆေးခန်းကိုဆေးကုစရာရှိလို့ဆိုပြီး အသတ်ခံရတဲ့ဆရာဝန်ကို ခေါ်လိုက်တယ် ။အဲဒီမှာ သူနဲ့ဆေးခန်းအကူအမျိုးသားက ချုပ်ဖို့လုပ်တုန်း အော်ဟစ်ရုန်းကန်လို့ ပါးစပ်တွေပိတ် ဟိုလုပ် ဒီလုပ်လုပ်ရင်း သေသွားတယ်လို့ ကနဦး သိရတယ် ။တစ်ခြားဒဏ်ရာတွေနဲ့ပတ်သက်ပြီးတော့ စစ်ဆေးနေတုန်းပဲ။သေပြီးမှကို မိသားစုဆီ ပိုက်ဆံတောင်းတာ ။အဲကရတဲ့ ပိုက်ဆံနဲ့ ကားတွေဝယ် ၊ KTV တွေ သွားပြီး နောက်ရက်မနက်စောမှ အလောင်းကို လေယာဉ်ကွင်းဟောင်းနဲ့ ဆိုင်ကယ်လမ်းကြားအနီး မြောင်းထဲသွားပစ်ထားတာ ။အဓိကက ငွေပေးငွေယူလုပ်တဲ့ မှတ်တမ်းတွေကို cctvကတဆင့် ရလိုက်လို့ ဖမ်းမိတာ ။အဲကနေမှ အလောင်းဖွက်တဲ့ နေရာကို ထွက်ဆိုလို့ တွေ့ရတာ" ဟု ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက ဆိုသည်။


မော်လမြိုင်မြို့နယ်၌ မိုးစပါးစိုက်ပျိုးအောင်မြင်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
+++++

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ကော့လှာကျေးရွာအုပ်စု ဖဲထော်ကျေးရွာ (စံပြကျေးရွာ) ရှိ အိပ်မက်သစ်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း လီမိတက်မှ အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား ပြည်နယ်သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၉ ရက်က ကွင်းဆင်းကြည့်ရှုခဲ့ပြီး အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ သီးနှံစိုက်ပျိုးရိတ်သိမ်းရာတွင် ဆောင်ရွက်ရမည့် လိုအပ်ချက်များအပေါ် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့သည်။

အိပ်မက်သစ် စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်အနေဖြင့် အသင်းသား ၁၁၂ ဦးရှိပြီး မိုးစပါးစိုက်ဧက ၁၀၅၈ ဧကတွင် ဒေသမျိုးများဖြစ်သည့် ဆင်းသုခ၊ ရွှေတစ်ဆုပ်မျိုးများကို စိုက်ပျိုးထားရှိကာ စပါးများကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း ရိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။


Репост из: Myanmar Hard Talk
❝စစ်ကိုင်း-မန္တလေးလမ်းဟောင်းမှာ ဆီဘောက်ဆာယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားပြီး ယာဥ်မောင်းဒဏ်ရာရ❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟐𝟎》

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပန်းချီကျေးရွာအနီး စစ်ကိုင်း- မန္တလေးလမ်းဟောင်းရှိ စက်သုံးဆီဆိုင်ရှေ့တွင် ဒီဇင်ဘာ ၁၉ ရက်၊ နေ့လည် ၂ နာရီ ၄၃ မိနစ်အချိန်က ဆီဘောက်ဆာယာဉ် (၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မီုဖြစ်ပွားရာသို့ အမရပူရမြို့နယ်မီးသတ်စခန်း၊ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်း၊ မြစ်ငယ်နယ်မြေမီးသတ်စခန်း၊ တောင်သမန်ကျေးရွာအရန်မီးသတ်စခန်း၊ ဘုံးအိုးကျေးရွာအရန်မီးသတ်စခန်းနှင့် ရှမ်းကလေးကျွန်းကျေးရွာအရန်မီးသတ်စခန်းတို့မှ ရေသယ်ယာဉ်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နေ့လည် ၃ နာရီ အချိန်တွင် မီးငြိမ်းသွားခဲ့သည်ဟုဆိုသည်။

ထို့ပြင် မဏီစလ လူမှုကူညီရေးအသင်း(မန္တလေး) ကလည်း ရေဘောက်ဆာယာဥ်၊ လူနာတင်ယာဥ်တို့ဖြင့် သွားရောက်ကူညီခဲ့သလို အဆိုပါမီးလောင်မှုကြောင့် မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည့် ဆီဘောက်ဆာယာဉ်မောင်းဖြစ်သူ အသက် (၃၆) နှစ်အရွယ် ကိုအောင်ကိုကို ဆိုသူကို လူငယ်အားမာန်လူမှုကူညီရေးအသင်း သူနာတင်ယာဉ်ဖြင့် အမရပူရမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎


Репост из: HtayOung(OungMarine)
(ဒီဇင်ဘာ-၂၀၊ ၂၀၂၄) လွန်ခဲ့တဲ့ ၄-ရက်မှ ယနေ့နံနက်ပိုင်းအထိ ရခိုင်ပြည်နယ် ဂွမြို့မှာ ဖုန်းလိုင်းအဆက် အသွယ် မရရှိပါ။ သို့သော် ဂွမြို့ပေါ်တွင် တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားနေခြင်း မရှိဘူးလို့ သိရှိရပါတယ်။
..
ဂွမြို့ မြောက်ဖက် ရဟိုင်းကတို့နှင့် ရဟိုင်းဖျား ရွာတို့မှာ တိုက်ပွဲဖြစ်နေပြီး လက်နက်ကြီးနဲ့ ရှော့တိုက်ဒုံးကြောင့် နေအိမ်အချို့ မီးလောင်နေကြောင်း၊ ရွာသားများမှာ ယခင်ရက်တည်းက တိမ်းရှောင်သွားပြီဖြစ်ကြောင်း သိရှိရပါ တယ်။
..
ရခိုင်ပြည်နယ် ဂွမြို့မှာ ပုသိမ်-မုံရွာလမ်းပေါ်ရှိ ရေကြည်မြို့အနီး ရေနံသာ လမ်းဆုံမှ ဧရာဝတီတိုင်းနဲ့ ဆက် သွယ်နိုင်
..
လွန်ခဲ့သည့် ဒီဇင်ဘာ ၁၅-ရက်နေ့အထိ ရေကြည်ဘက်မှ ဂွမြို့သို့ ကား-ဆိုင်ကယ်ကယ်ရီများဖြင့် မှတ်ပုံတင်-ယာဉ်မောင်းလိုင်စင် ပြသ၍ လွယ်ကူစွာ သွားလာနိုင်
..
ယခုရက်ပိုင်း လုံခြုံရေးအခြေအနေကြောင့် ရေနံသာနှင့် ဂွအကြား အသွားအလာ အလွန်နည်းပါးပြီး အရေးကြီး ကိစ္စမှတစ်ပါး သွားလာခြင်း မပြုရန် လုံခြုံရေး စိစစ်နေ
.
ရေနံသာ လမ်းခွဲအနီး ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာများမှာ ပုံမှန် အသွားအလာ မပျက်ရှိနေပြီး ဧရာ ဝတီတိုင်း ကျန်နယ်မြေများအတွင်း တည်ငြိမ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။
#OungMarine #HtayOung


" ပြန်ပေးဆွဲသူကိုလည်း ဖမ်းမိပြီလို့ သိရပါတယ်။ ငွေတောင်းသူလို့ သံသယရှိသူက သေဆုံးသူနဲ့ ဆေးကျောင်း same batch  ခုံနံပါတ် ရှေ့နောက်လို့ သိရတယ်။

“ရက်ရက်စက်စက် အသတ်ခံရတာပါ။ မနာလိုလို့ သတ်တာတဲ့။ သတ်တဲ့ ဆရာဝန်က ရိုးရိုးဆရာဝန်ပေါ့။ ဆေးခန်းတော့ ဖွင့်ထားတယ်။ သေဆုံးတာက ခွဲစိပ် ဆရာဝန်လေ။ အခု စစ်ဆေးတော့ ဆေးရုံ ဆေးခန်းတွေ ပိုင်တော့ မနာလိုဘူးလို့ ပြောတယ်တဲ့”

သေဆုံးသူရဲ့ဇနီးကလည်း ဆရာဝန်ဖြစ်ပြီး သူ့ခင်ပွန်းရဲ့ အိုင်ဖုန်းရဲ့ တည်နေရာကို လိုက်ကြည့်ရာက ချမ်းမြသာစည်မြို့နယ် မြို့ဟောင်းစျေးနားက ၂၄ နာရီဆေးခန်းဖြစ်နေတာ တွေ့ရတာကြောင့် သက်ဆိုင်ရာက ဒီမနက်မှာ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာ"

ဝင်ရောက်ဖမ်းဆီးခံရတဲ့ ၂၄ နာရီဆေးခန်းနား..နေသူတဦးပြောပြတာက

"ဒီမနက် မလင်းခင် ဆေးခန်းကိုဝင်ဖမ်းသွားတာ ဆရာဝန် ၂ယောက်ရော.. ဆေးခန်းအကူတွေရော..ဖမ်းသွားတာ.. ဆေးခန်းက ဒေါက်တာက လောင်းကစားကြောင့် အကြွေးဝိုင်းနေတာတော့ကြားဘူးတယ်"

လတ်တလော ဖမ်းဆီးခံရတဲ့ ဆရာဝန်ဖွင့်တဲ့ ၂၄ နာရီဆေးခန်းကို တော့ ပိတ်ထားတာတွေ့ရပါတယ်။

လူမိုက် ငှါးပြီး ပြန်ပေးဆွဲ၊ ပိုက်ဆံတောင်းတာ လက်လွန်သွားတာလို့ ကြားပါတယ်”

ဒီဇင်ဘာလ ၁၇ရက် မနက်ပိုင်းက မန္တလေးမြို့ရှိ နေအိမ်ကနေ ချမ်းအေးသာစံမြို့နယ်ထဲက နာမည်ကြီး ပုဂ္ဂလိက ဆေးရုံကို အသွားမှာ မီနီအိုးဝေနဲ့ ပြန်ပေးဆွဲ ဖမ်းခေါ်ခံရပြီး ငွေကျပ်သိန်း ၃၀၀၀ တောင်းလို့ ငွေလွှဲပေးခဲ့ပေမယ့် ဒီကနေ့
ဒီဇင်ဘာ ၁၉ရက် မနက်ပိုင်းမှာ လမ်းဘေး စွန့်ပစ်ထားတဲ့ အသက် ၃၀ ဝန်းကျင်အရွယ်
OG (သားဖွား) ဆရာဝန် ဒေါက်တာ အောင်မြင့်မြတ်ထွန်း ရဲ့ အလောင်းကို ပြန်တွေ့ရတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

“မနက်ပိုင်း ဆေးခန်းအသွားမှာ ပြန်ပေးဆွဲ ခံရပြီး အသတ် ခံလိုက်ရတာပါ။ သိန်း ၃၀၀၀ ပေးလိုက်ရတယ်လို့ ကြားပါတယ်။ အလောင်းကို ဒီနေ့ မနက် ၄ နာရီလောက်မှာ (မန္တလေး - ကန်တော်ကြီး) ကန်ပတ်လမ်းဘက်မှာ ပြန်တွေ့တာပါတဲ့”

MFP


Репост из: lashio thar
မူဆယ်မြို့မှ အားကစားဝါသနာရှင် မိဘပြည်သူများအတွက် မီနီ မာရသွန် အပြေးပြိုင်ပွဲ....သတင်း


ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းက လေဖိအားနည်းရပ်ဝန်း(စောင့်ကြည့်ရမဲ့ system INVEST-91B)က -
ပင်လယ်ရေမျက်နှာပြင် အပူချိန်တွေကျဆင်းနေတာ၊ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ မြောက်ပိုင်းပင်လယ်ပြင်အထက် ပေ ၁၀၀၀၀ ခန့်မှာ ဖြစ်ပေါ်နေတဲ့ လက်ယာရစ်လေစီးကြောင်း(Anti-Cyclonic flow)ရှိနေတာတွေကြောင့် အားပိုကောင်းလာနိုင်တော့မဲ့ အခြေအနေမရှိတော့သလို မြန်မာနိုင်ငံဘက်မှာ မိုးရွာသွန်းနိုင်မဲ့ အခြေအနေတွေလည်း လျော့ကျလာတာတွေ့ရပါတယ်။ ဒီဇင်ဘာလ လကုန်ရက်များအထိ ဘင်္ဂလားပင်လယ်အော်ဘက်မှာ ဖျက်မိုးအန္တရာယ်ပေးနိုင်မဲ့ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်လာနိုင်ချေမရှိတော့ပါ။

မိုးအများဆုံးရွာသွန်းနိုင်မယ်လို့ ကြိုတင်ခန့်မှန်းထားတဲ့ ချင်းပြည်နယ်မှာတောင် ဒီဇင်ဘာ ၂၁ ရက်နဲ့ ၂၅ ရက်တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၀ မီလီမီတာကျော်ကျော်(၀.၄ လက်မခန့်)သာရွာသွန်းနိုင်မယ်လို့ တွေ့ရပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်း၊ အလယ်ပိုင်းဒေသတွေနဲ့ ရှမ်းပြည်နယ်ဘက်မှာလည်း မိုးပါးပါး(ဆောင်းမိုးဖွဲဖွဲ)ရွာသွန်းနိုင်ချေရှိပေမဲ့ မိုးများနိုင်မည့်အခြေအနေကတော့ လျော့ကျသွားကြောင်းတွေ့ရပါတယ်။

အခြားဒေသများက စပါးရိတ်/စပါးလှမ်းတောင်သူတွေအတွက် ဖျက်မိုးအန္တရာယ်ကလွတ်ကင်းသွားပြီဖြစ်ပေမဲ့ ပဲစိုက်တောင်သူများ "အောင်ရေ"ရနိုင်ဘို့ ရေသွင်းတာ/ရေတင်တာတွေ အတွက်ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်လာမှာပါ။

(ဒီဇင်ဘာ ၁၉ ရက် ည ၉ နာရီ ၂၀ မိနစ်)




ရန်ကုန်တွင် ဓါတ်အားစနစ် ဝန်အားမနိုင်နင်းမှုကြောင့် ယနေ့ ည(၉)နာရီမှ မှ စတင်ကာ နံနက် (၁)နာရီအထိ မီးဖြတ်မည်

ဓါတ်အားစနစ်အတွင်း ဝန်အားမနိုင်နင်းမှုကြောင့် ယနေ့ ဒီဇင်ဘာ (၁၉)ရက်၊ ည (၉)နာရီမှ နံနက် (၁)နာရီအထိ တစ်ချိန်ထပ်တိုး မီးဖြတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က အသိပေးကြေညာထားသည်။

အဆိုပါမီးဖြတ်မည့်အကြောင်းကို ရန်ကုန်တိုင်းအတွင်းရှိ လှိုင် ၊ ဒေါပုံ၊ သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်းအပါအဝင် မြို့နယ်အချို့ရှိ YESC ဌာနများကလည်း အသိပေး ထုတ်ပြန်ထားပါသည်။


Видео недоступно для предпросмотра
Смотреть в Telegram
စီးပွားရေးနယ်ပယ်မှာ တရုတ်၊ အမေရိကန်နဲ့ အိန္ဒိယတိုသာ ရုရှားရှေ့ကို ရောက်နေတယ်လို ပူတင်က ပြောဆိုလိုက်ပါတယ်။ အခြားအချက်အချာကျတဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံဖြိုးတိုးတက်မှုတွေ ရှိနေချိန်မှာ ဥရောပသမဂ္ဂက အိပ်ပျော်နေခဲ့တယ်လိုလည်း ပူတင်က ပြောဆိုခဲ့ပါတယ်။


ရန်ကုန်မှာ တစ်ရက် ၁၂ နာရီ လျှပ်စစ်မီးပျက်မည်

၁၉. ၁၂. ၂၀၂၄
Written by Nyein Kyaw

ရန်ကုန်တိုင်းအတွင်း ဓာတ်အားစနစ်လိုအပ်ချက်အရ အုပ်စု A နှင့် အုပ်စု B နှစ်ခုခွဲ၍ တစ်ရက်လျှင် ၈ နာရီ လျှပ်စစ်မီးပျက်ရာမှ ဒီဇင်ဘာ ၁၉ ရက် (ယနေ့) မှစတင်ပြီး ည ၉ နာရီမှ မနက် ၁ နာရီအထိ ဓာတ်အားလျှော့ချထားမှုတစ်ချိန် ထပ်မံတိုးမည်ဖြစ်၍ တစ်ရက်လျှင် ၁၂ နာရီအထိ မီးပျက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား‌ပေးရေးကော်ပိုရေးရှင်း(YESC)က ကြေညာထားသည်။

ယနေ့တွင် အသစ်ထုတ်ပြန်လိုက်သည့် လျှပ်စစ်ဓာတ်အား ပိတ်ထားမည့် အချိန်စာရင်းအရ နံနက် ၅ နာရီမှ နံနက် ၉ နာရီအထိ Group A ၊ မနက် ၉ နာရီမှ နေ့လယ် ၁ နာရီအထိ Group B ၊ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ Group A ၊ ညနေ ၅ နာရီမှ ည ၉ နာရီအထိ Group B ကိုပေးပြီး ည ၉ နာရီမှ နောက်နေ့ နံနက် ၁ နာရီအထိ မီးစတင်ပေးသည့် Group A ကို ဓာတ်အားပိတ်ထားမည်ဖြစ်သည်။

သို့သော် နေ့စဉ် နံနက် ၁ နာရီမှ မနက် ၅ နာရီအထိ Group A နှင့် B နှစ်စုလုံးအား ဓာတ်အားပေးထားမည်ဖြစ်ကြောင်းနှင့် စက်မှုဇုန်များအား Group A နှင့် B ခွဲ၍ လျှပ်စစ်ဓာတ်အားပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

◾ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=85423

#ရန်ကုန် #လျှပ်စစ်မီး #ပြတ်တောက် #YESC #MT #mtnews




Видео недоступно для предпросмотра
Смотреть в Telegram
ယနေ့ နံနက် ၃ နာရီ အချိန်က စပြီး
မတ္တရာမြို့နယ်၊ ကျောက်တံခါး၊ ဂျားရွာ၊
ထန်းပင်ကုန်း တိုက်ပွဲဖြစ်ပွားနေသည်။

အခြားသတင်းများ အရ မိုးကုတ်ဘက်မှ
ပလောင်များလည်းဆင်းလာနေကြောင်း
သိရသည်။

ရည်ရွယ်ချက်မှာ မတ္တရာကိုသိမ်းပြီး မန္တလေးမြို့ကို ထိန်းချုပ်ရန် nug ပြည်ဖျက် မိစ္ဆာ ပဒက်များ လုပ်ဆောင်နေခြင်း
ဖြစ်ပါသည်။
KS


သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။ မာ တေ ဘဝန္တန္တရာယာ၊ သုခီ ဒီဃာယုကော ဘဝ။

အဘိဝါဒန သီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။ စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။

ဘေးရန်ခပ်သိမ်းကင်းစေကုန်သတည်း။ စိုးရိမ်ကြောင့်ကြ ကင်းစေကုန်သတည်း။ အနာရောဂါဟူသမျှ ပျောက်စေကုန်သတည်း။ သင့်အား အန္တရာယ် တစုံတရာမဖြစ်စေသတည်း။ ချမ်းချမ်းသာသာနှင့် အသက်ရှည်စွာ နေရပါစေသတည်း။

ရတနာမြတ်သုံးပါးအား ရိုသေစွာ ရှိခိုးဆည်းကပ်လေ့ရှိသောသူ၊ သီလရှိသူ၊ သမာဓိရှိသူ၊ ပညာရှိသူတို့ကို အမြဲမပြတ်ရိုသေလေးစားတတ်သူသည် အသက်ရှည်၏။ အဆင်းလှ၏၊ ချမ်းသာကြီးပွါး၏။ ခွန်အားဗလ တိုးတက်လေ၏။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းဟူသော ဤကျေးဇူးတရားတို့သည် ထိုပုဂ္ဂိုလ်အဖို့ ထာဝစဉ် တိုးတက်လျက်သာနေကြကုန်သတည်း။
🙏🙏🙏🙏🙏

https://t.me/updatenews2023

Показано 20 последних публикаций.