ပုပ္ပါးတောင်မကြီးက လုံခြုံရေး စစ်သည်တွေ ဖြစ်တဲ့ ကိစ္စ က အရေးကြီးပါတယ်။ ဒါက တပြည်လုံးမှာရှိတဲ့ လုံခြုံရေး စခန်းတွေဟာ စစ်ရေး အသိ၊ သတိ ရှိရမယ်ဆိုတဲ့ လုံခြုံရေး သတိပေးချက် ခေါင်းလောင်းသံပါ။ ၂၀၂၁ ကတည်းက ဖြစ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုဟာ ခုထိ မပြီးဆုံးသေးဘူးဆိုတဲ့အချက်ကို လက်နက်ကိုင်ထားကြတဲ့ လုံခြုံရေး တာဝန်ရှိမောင်တွေ သတိရှိဖို့ လိုပါတယ်။ မြေပြင်တပ်နယ်မှူးတွေအနေနဲ့ စခန်းငယ်တွေကို စုစည်းတာ၊ လိုအပ်ရင် ပစ်မိန့်တခါတည်း ပြတ်ပြတ်သားသား ပေးဖို့ လိုအပ်ပါတယ်။
------
နယ်စပ် EAO ကလွဲရင် ရန်သူဟာ ပြည်သူကြားမှာ အရပ်ဝတ်နဲ့ နေကြတယ်။ တပ်မတော်က ဖိဖိစီးစီးကိုင်တွယ်ရင် အရပ်သားလို့ အော်တယ်။ ဥပမာ အမြန်လမ်းပေါ်တက်လာတဲ့ နွားထိုးကြီး ပြဿနာက အလားတူ ဖြစ်စဉ်ပါပဲ။ ဒီလိုပဲ ကျောက်ပန်းတောင်းကနေ ၁၅ မိုင်ပတ်လည်မှာ ရှိတဲ့ ပုပ္ပါးတောင်ကိစ္စကလည်း ဒီနယ်မြေရဲ့ အတွင်းသိအဖွဲ့က လုံခြုံရေး အခြေအနေကို အတိအကျ လေ့လာပြီးမှ လုပ်တာလို့ပဲ ယူဆရမှာပါ။
-------
မပြောချင်ပေမယ့် လက်ရှိအချိန်မှာ အဓိက ထားပြောရမယ့် အရေးကတော့ EAO တွေရဲ့ ကွန်ဖက်ထရိတ် ဆန်ဆန် လက်နက်ကိုင် နယ်မြေချဲ့မှုတွေပါပဲ။ ရခိုင်ကလည်း ရခိုင်အလျောက် ၊ ကချင်အပါအဝင် ၊ရှမ်းမြောက်နဲ့ ကရင် အရေးဟာ ထင်သလောက် မရိုးရှင်းနေပါဘူး။ ဒါကို တိုင်းရင်းသား တန်းတူညီမျှရေး စကားလုံးနဲ့ ဝါးချလို့မရဘူး။ တပ်မတော် အားမကောင်းရင် လက်ရှိ မိုးမိတ်၊ မိုးကုတ်က ပြည်သူတွေလို EAO အောက်က ပြည်သူတွေဟာ ဒီမိုကရေစီကျင့်ဝတ်မဲ့တဲ့ အုပ်ချုပ်မှုအောက်မှာ ရှင်သန်ကြရလိမ့်မယ်။ EAO တွေ အားကောင်းပြီး ဖက်ဒရယ်တပ်ပေါင်းစု ဖြစ်ရေး အသွင်ကို အစပြုနေပြီဆိုတာ သိမြင်ဖို့ လိုပါတယ်။
------
ဒါ့ကြောင့်လည်း လက်ရှိ အညာဒေသမှာ NUG ဦးဆောင်မှုအောက်မပါတဲ့ ဗမာ PDF တွေရဲ့ ကွဲပြားမှုကို EAO တွေကိုယ်တိုင်အကျိုးရှိရှိ အသုံးချနေကြတာ တွေ့ရလိမ့်မယ်။ တနည်းအားဖြင့် EAO တွေ လိုချင်တဲ့ နယ်မြေပိုင်ဆိုင်မှုကို ဗမာ PDF တွေက အသက်ပေး စတေး နေရတာကလည်း ရင်နာစရာပဲ။ သေချာတာကတော့ ....ဗမာလူမျိုးစုဟာ စုစည်းမှု မရှိတဲ့ ဝါးအစည်းပြေ သဏ္ဍန် ဖြစ်နေတာကတော့ အသေအချာဆိုတာ တွေ့ရလိမ့်မယ်။
------
သိပ်လည်း မပေါ့ကြပါနဲ့။ တရားဥပဒေ စိုးမိုးမှုမရှိရင် လက်ရှိ မုံရွာလိုမျိုး ပြန်ပေးဆွဲ လူသတ်မှုတွေ၊ မန္တလေး မြို့ပေါ်လို ရွှေဆိုင်ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်တွေ ခပ်စိတ်စိတ် ဖြစ်လာပါလိမ့်မယ်ဆိုတာ ဗေဒင်မေးတာထက် ပိုသေချာတာမျိုး ကြုံရပါလိမ့်မယ်။
(နရီမိုး)