❗️❗️❗️❗️❗️❗️
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ယူနက်စကို ဒြပ်မဲ့အမွေအနှစ်အဖြစ် တရားဝင်ကြေညာ
၅ ဒီဇင်ဘာ ၂၀၂၄
▪️မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေ အနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) တွင် ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို၌ ကျင်းပနေသည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ညီလာခံတွင် အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ညီလာခံတွင်ကော်မတီဥက္ကဋ္ဌက တရားဝင်ကြေညာခဲ့ပါတယ်။
▪️ကော်မတီဒုတိယဥက္ကဋ္ဌက မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်၏ ထူးခြားလှသော ယဉ်ကျေးမှုပုံရိပ် များကိုရှင်းလင်းတင်ပြပြီးနောက် ဥက္ကဋ္ဌက ယင်းကဲ့သို့ကြေညာခဲ့ခြင်းဖြစ်ပါတယ်။
▪️အဲဒီနောက် မြန်မာ့အတာသင်္ကြန်ပုံရိပ်ရုပ်သံကို ညီလာခံတွင်တင်ဆက်ပေးခဲ့ပြီးနောက် တက်ရောက်လာ သူများက လက်ခုပ်ဩဘာပေး၍ချီးကျူးဂုဏ်ပြုခဲ့ကြကြောင်းသိရပါတယ်။
#knl/ymg