#Local_News
#စမ်းချောင်းဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးအား လုပ်ကြံ၍ မြို့နယ်များအတွင်း မိုင်းထောင်ဖောက် ခွဲကြသည့် Free Land Attack Force (FLA)အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်၊ ခဲယမ်း များနှင့်အတူ ဖမ်းမိ
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++
Published_26 Dec 2024
စမ်းချောင်းဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးအား လုပ်ကြံ၍ မြို့နယ်များအတွင်း မိုင်းထောင်ဖောက် ခွဲကြသည့် Free Land Attack Force (FLA)အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်၊ ခဲယမ်း များနှင့်အတူ ဖမ်းမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ဒီဇင်ဘာလ ၂၄ ရက်နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်း ဘူတာရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစန်းငွေ (၆၆)နှစ်၊ (ဘ)ဦးလှရွှေသည် ဟုမ်းလမ်းဘူတာ ရပ်ကွက်၊ ပန်းလှိုင်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး၌ရှိနေစဉ် အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးစန်းငွေတွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ကာ ယင်းဒဏ်ရာဖြင့် ယနေ့ ဒီဇင်ဘာလ ၂၆ ရက်က နံနက်က ကွယ်လွန်ခဲ့ကြောင်း သိရသည်။
လုပ်ကြံပစ်ခတ်မှု ကျူးလွန်သူများဖြစ်ကြသည့် တရားခံ ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်(၂၉)နှစ်၊ (ဘ)ဦး သိန်းဇော် နှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်(၂၃)နှစ်၊ (ဘ)ဦးမြင့်တို့အား ၎င်းတို့နေထိုင်ရာ အင်းစိန်မြို့နယ်၊ အောင်ဆန်း ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ အမှတ်(၇၈၂)နေအိမ်၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် CZ 2075 RAMI P အမျိုးအစား အနက်ရောင်ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ လုပ်ကြံပစ်ခတ်စဉ် အတွင်း အသုံးပြုစီးနင်းခဲ့သည့် ယာဉ်အမှတ် YGN-8 GG-6136 Fielder အဖြူရောင်အငှားယာဉ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံ ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်နှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ် တို့၏ထွက်ဆိုချက် အရ လုပ်ကြံပစ်ခတ်မှုအတွင်း ပါဝင်သူ ထန်းတပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာ၊ ရေတွင်းကုန်း-ဝါးတရာလမ်း၊ “စိုင်းသူအောင်”အဆောင်နေ ကျော်ဇင်ဦး(ခ)ကျောင်းဆရာ (၃၁)နှစ်၊ (ဘ)ဦးမြင့်ဦးအား ယင်းနေ့ ည ၁၀ နာ ရီခွဲတွင် Glock အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၁၄ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့နှင့်အတူ ထပ် မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တရားခံ မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၂၅ ရက်နံနက် ၁ နာရီ ၁၅ မိနစ်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မင်းရဲကျော်စွာ(၅)လမ်း၊ အိမ်အမှတ်(၁) နေ စိုင်းနောင်ထက်(ခ)အာကြီး(၂၇)နှစ်၊ (ဘ)ဦးဇော်ဝင်း၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိုင်းနောင်ထက်(ခ) အာ ကြီးအား ၎င်းနေထိုင်သည့် အဆောက်အဦ ပထမထပ်၏ထပ်ခိုးပေါ်တွင် အနက်ရောင်စက္ကူဘူးအတွင်း ထည့်၍ ဝှက်သိမ်းထားသည့် SIG SAUER အမျိုးအစား အနက်ရောင်ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ 9 mm ကျည် ၃၃ တောင့်နှင့် မီးခိုးဗုံး ၂ လုံး တို့နှင့်အတူ ထပ်မံတွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ တရားခံ ကျော်ဇင်ဦး(ခ)ကျောင်းဆရာ၊ ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင် နှင့် မေမြတ်သဉ္ဇာ ကျော်(ခ)ငယ်ငယ်တို့ ၃ ဦး၏ထွက်ဆိုချက်များအရ ၎င်းတို့ ၃ ဦးသည် Free Land Attack Force(FLA) အမည်ခံ အကြမ်းဖက်အဖွဲ့မှ အဖွဲ့ ဝင်များဖြစ်ကြပြီး ၎င်းအဖွဲ့တွင် အဖွဲ့ဝင် ၁၅ ဦးခန့်ရှိကာ အဖွဲ့ ခေါင်း ဆောင်မှာ ဖမ်းဆီးရန်ကျန် တရားခံ နေမျိုးနွယ်(စိစစ်ဆဲ)ဖြစ်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တွင် နေထိုင်သူဖြစ် ကြောင်း၊ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများအား အဖွဲ့ ခေါင်းဆောင် ဖြစ်သူ နေမျိုးနွယ်၏စေခိုင်းချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစန်းငွေ အား သေနတ် ဖြင့် လုပ်ကြံပစ်ခတ်ရန်အတွက် ဒီဇင်ဘာလ ၂၂ ရက်တွင် FLA အဖွဲ့ ခေါင်းဆောင် နေမျိုးနွယ်မှ တရားခံ ကျော်ဇင်ဦး(ခ)ကျောင်းဆရာပါ ၃ ဦးတို့အား Telegram မှဆက်သွယ်၍ စေခိုင်းခဲ့ခြင်း ဖြစ်ကြောင်း၊ဒီ ဇင် ဘာလ ၂၄ ရက်နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ငှားရမ်းထားသည့် ယာဉ်အမှတ် YGN-8 GG-6136 Fielder အဖြူရောင်အငှားယာဉ်ကို ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်မှ မောင်းနှင်၍ ကျော်ဇင်ဦး(ခ)ကျောင်းဆရာနှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်တို့မှ ပစ္စတိုသေနတ် ၁ လက်စီဖြင့် အုပ်ချုပ်ရေးမှူး ဦးစန်းငွေအား ရုံးရှေ့ ၅ ပေအကွာခန့်မှ လုပ်ကြံပစ်ခတ်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ လုပ်ကြံပစ်ခတ်ပြီးနောက် တရားခံ ကျော်ဇင်ဦး(ခ) ကျောင်း ဆရာနှင့် ဇော်ဇော်ဗိုလ်(ခ) ထွန်းထွန်းအောင်တို့မှ ပစ္စတိုသေနတ် ၁ လက်စီယူဆောင်သွားခဲ့ကြပြီး မေမြတ်သဉ္ဇာကျော်(ခ) ငယ်ငယ်မှ ၎င်းကိုင်ဆောင်သည့် SIG SAUER အမျိုးအစား အနက်ရောင်ပစ္စတို သေနတ် ၁ လက်၊၎င်းကျည်အိမ် ၂ ခု၊ 9 mm ကျည် ၃၃ တောင့်တို့ကိုစိုင်းနောင်ထက်(ခ)အာကြီး၏နေအိမ်တွင် သွားရောက်အပ်နှံသိမ်းဆည်းထားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြောင်း သိရသည်။