ဆက်လက်စစ်ဆေးချက်များအရ တရားခံ ကျော်ဇင်ဦး(ခ)ကျောင်းဆရာ၊ ဇော်ဇော်ဗိုလ်(ခ) ထွန်းထွန်းအောင်နှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်တို့ ၃ ဦးသည် FLA အဖွဲ့ ခေါင်းဆောင် ဖမ်းဆီး ရန်ကျန် တရားခံ နေမျိုးနွယ်၏ စေခိုင်းချက်အရ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက် ညပိုင်းတွင် တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဗညားဒ လလမ်းပေါ်ရှိ တာမွေမြို့နယ်လျှပ်စစ်မန်နေဂျာ ရုံးကိုလက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ခြင်းနှင့် ဒီဇင်ဘာလ ၁၀ ရက်တွင် ညပိုင်းတွင် တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ ကျိုက္ကဆံလမ်းနှင့် မလွှကုန်းလမ်းထောင့်ရှိ တာမွေမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှု ၂ ကြိမ် ကျူးလွန်ခဲ့ကြကြောင်းသိရသည်။
တရားခံ ကျော်ဇင်ဦး(ခ)ကျောင်းဆရာ၊ မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်နှင့် ဖမ်းဆီးရန် ကျန်တရားခံ Free Land Attack Force (FLA) အဖွဲ့ဝင်ဖြစ်သူ အောင်မျိုးအေး(ခ)ဆာကူရာ(စိစစ်ဆဲ) တို့ ၃ ဦးသည် ၂၀၂၃ ခုနှစ်၊ မေလအတွင်း အင်းစိန်ပန်းခြံ၊ လျှပ်စစ်ရုံးရှေ့ခြံစည်းရိုးဘေးတွင် ချိန်ကိုက်မိုင်း ၃ လုံး၊ ဇွန်လအတွင်း တာမွေမြို့ နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးရှေ့ ခြံစည်းရိုး တွင် ချိန်ကိုက်မိုင်း ၁ လုံး၊ ဩဂုတ်လအတွင်း မရမ်းကုန်းမြို့ နယ်၊ သမိုင်းလမ်း၊ မင်းဓမ္မလမ်းမီးပွိုင့် အနီးရှိ CCTV ပုံးတွင် ရီမုမိုင်းတစ်လုံးတို့ကိုအကြမ်းဖက်မိုင်း ထောင် ဖောက် ခွဲခဲ့ခြင်း ၃ ကြိမ် ကျူးလွန်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရကြောင်း သိရသည်။
ဖြစ်စဉ်တွင် အကြမ်းဖက်လုပ်ကြံပစ်ခတ်မှုနှင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှုများကျူးလွန် ခဲ့သူ Free Land Attack Force (FLA) အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်ကြသော ကျော်ဇင်ဦး (ခ)ကျောင်းဆရာပါ ၄ ဦး တို့အား ပြစ်မှုများကျူးလွန်စဉ် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ် ၃ လက်၊ ကျည်မျိုးစုံ ၅၂ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ မီးခိုးဗုံး ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရ ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်း ထိရောက် စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ် ပြန် ထားသည်။
#Yangon_Times/PP