🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲


Kanal geosi va tili: Myanma, Birmancha
Toifa: Telegram


သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️

Связанные каналы  |  Похожие каналы

Kanal geosi va tili
Myanma, Birmancha
Statistika
Postlar filtri




HtayOung(OungMarine) dan repost
(၂၅၊ ၁၂၊ ၂ဝ၂၄) ၂၁၀၀-နာရီ
===

ယနေ့ နေ့လည်တွင် ဂွမြို့ ၅၆၃ ကျပြီး

ခုခံနေသည့် ၅၆၂ မှ ၁ဝဝ ကျော်လက်နက်ချကြောင်း

ဂွနှင့် ငါးသိုင်းချောင်းကြား တင့်ကားများ အမတ ၃၄၄ သို့ ပြန်ဆုတ်ကြောင်း TikTok တွင် ဖော်ပြနေသည့်သတင်းများ လုံး၀ မှန်ကန်ခြင်း မရှိပါ။ ဂွမြို့ပေါ်နေထိုင်သူအားလုံး စစ်ဘေးရှောင်သွားခဲ့ပြီဖြစ်
.

ယခင်တည်းက ဂွမြို့ ၅၆၂ နှင့် ၅၆၃ မှာ ပူးပေါင်းထားခြင်းဖြစ်ပြီး
တပ်ရင်းနေရာတစ်ခုမှာ နေထိုင်သူ မရှိတော့ပါ ။
.
ဂွမြို့ဝန်းကျင်တွင် ၎င်းတပ်ရင်း ၂-ခုအပြင် တမခ xx နှင့် တမခ xx လက်အောက်ခံတပ်များလည်း ရှိနေ၊ တိုက်ပွဲပြင်းထန်နေပြီး တပ်ဘက်က အသာစီး ရရှိထားဟန်တူ
..

ဂွမြို့နယ် ဒေါင်းချောင်းစစ်ဆေးဂိတ် ကျဆုံးကြောင်း သတင်းလည်း မှန်ကန်ခြင်း မရှိပါ။
..
ယမန်နေ့ တစ်နေလုံး ဒေါင်းချောင်းနှင့် ဗေဒါဂိတ်ဘက်တွင် ပစ်ခတ်မှုများ ကြို့ကြားရှိခဲ့ပြီး၊ ယနေ့ ၃၄၄ မနီးတစ်ဝှိုက် လူသားလူလာ ကင်းမဲ့နေခြင်းမှလွဲ၍ တိတ်ဆိတ်လျှက်ရှိ
..
ညနေ ၄-နာရီခန့်တွင် ဂွမြို့ဘက်သို့ ရဟတ်ယာဉ်-ဂျက်တိုက်လေယာဥနဲ့ Y12 တို့ ပျံသန်းသွားကြောင်း တွေ့ရှိရ
..
ယနေ့ မွန်းလွဲပိုင်း ဧရာဝတီတိုင်း ရေနံသာနှင့် ငါးသိုင်းချောင်းကြား လမ်းပိုင်းနှင့် ၃၄၄ အကျော် ငါးသိုင်းချောင်း သာပေါင်းလမ်းတစ်လျောက် လူသူကင်းမဲ့နေပါတယ်။
.
၃၄၄ ကို သံချပ်ကာယာဉ်များ ဆုတ်ခွာတယ်ဆိုတာ လုံး၀ မမှန်ပါ
.
#HtayOung, #OungMarine #ဧရာဝတီတိုင်း #ရခိုင်ပြည်နယ် #ဂွမြို့ #fyp #Viewer
#ဗေဒါစစ်ဆေးရေးဂိတ် #ဒေါင်းချောင်း_စစ်ဆေးရေးဂိတ်


Snow Queen🇲🇲🇲🇲🇲🇲 dan repost
Dec -25

ရခိုင်ပြည်နယ်တောင်ပိုင် ဂွမြို့ရှိ ခ-မ-ရ ၅၆၂ နှင့် ၅၆၃ ကျဆုံးမှု မရှိပါ။


စစ်သွေးကြွများသည် ခ-မ-ရ ၅၆၂ နှင့် ၅၆၃ တပ်တို့ကို ဖြတ်တောက်နိုင်ရန် အပြင်းအထန် တိုက်ခိုက်လျက် ရှိသည်။


#PeopleMedia


Ko Thet dan repost
❗️❗️❗️❗️❗️❗️❗️❗️❗️

ဟားခါးဒေသမှ ရန်သူ ၄၀ ဦး နေရာယူထားတဲ့ ချယ်ကုန်းကို ဒီ ၂၃ ရက် (မနေ့) နေ့လည်ပိုင်းအချိန်က စတင် ထိုးစစ်ဆင်ဖို့ ချဉ်းကပ်ခဲ့ပါတယ်။ ရန်သူ့ကုန်းမရောက်ခင် မီတာ ၁၈၀၀ အလိုကတည်းက ထိတွေ့မှုအနည်းငယ်ဖြစ်ပြီး စစ်သည် ၁ ဦး မိုင်းထိခဲ့တယ်။
-
ဒါကြောင့် မနေ့ကတည်းက အသေးစိတ် မိုင်းရှင်းရင်း အဆင့်ဆင့် ခြေကုတ်ယူ ချဉ်းကပ်ခဲ့ရပါတယ်။ မြေပြင်တိုက်စစ်အဖွဲ့နဲ့အတူ လက်စွမ်းပြခဲ့တာက တပ်မတော် Drone Team အဖွဲ့ပါ။ ရည်မှန်းချက်ကို ချဉ်းကပ်နေတဲ့အချိန် Drone တွေက ကင်းထောက်ပြီး ရန်သူ့အခိုင်အမာနေရာတွေကို Bomb တွေ တစ်လုံးပြီး တစ်လုံး ကျဲချပေးပါတယ်။
-
ဒီလို Drone အဖွဲ့ပစ်ကူနဲ့ ဟန်ချက်ညီညီ ချဉ်းကပ်ခဲ့တာ ဒီ ၂၄ ရက် (ဒီနေ့) မွန်းလွဲ ၃ နာရီခန့်မှာ ရန်သူနဲ့ မီတာ ၅၀ အကွာကို ချဉ်းကပ်ခြေကုတ်ယူနိုင်ခဲ့တယ်။ ရန်သူနဲ့ လက်တစ်ကမ်းမှာ ရောက်နေတဲ့ မိမိအဖွဲ့တွေအပေါ် ထိခိုက်မှုမရှိစေဖို့ Drone Team က Drone တွေကို အနိမ့်ဆုံးထိ ပျံသန်းပြီး တိတိကျကျ ပစ်ကူပေးခဲ့တယ်။
-
ညနေ ၃ : ၄၅ မိနစ်အချိန်မှာတော့ Drone တွေကို အပစ်ရပ်ခိုင်းပြီး တိုက်စစ်အဖွဲ့တွေ ကျားတက်ထိုး လုံးခဲ့လို့ ရန်သူ့စခန်းကုန်းကို ရရှိခဲ့ပါတယ်။ ရဲရဲတက် .. ရဲရဲချေမှုန်းခဲ့တဲ့ စစ်သည်တော်တွေကြောင့် ရန်သူဟာ အလောင်း တွေ/လက်နက်တွေ ဆွဲပြေးပြီး ကုန်းရဲ့အနောက်ဘက် လျှိုထဲ ဆင်းပြေးသွားကြတယ်။
-
အခုသတင်းရေးတဲ့အချိန်ထိ ဆုတ်ခွာရန်သူနောက် လိုက်လံရှင်းလင်းနေဆဲဖြစ်ပြီး လက်တလော ရထားတာ ကတော့ -
(၁) အကြမ်းဖက် CDF အလောင်း ၁၈ လောင်း
(၂) သေနတ်မျိုးစုံ ၁၀ လက်

ရရှိထားပြီး မိမိစစ်သည် ၁ ဦးကျဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
-
ဆိုချင်တာကတော့ Drone တွေရဲ့ စွမ်းဆောင်ရည်ကြောင့် မိမိတပ်ဖွဲ့တွေ အထိအခိုက်အနည်းဆုံးနဲ့ အကျိုးအမြတ် ရခဲ့တယ် ဆိုတာပါပဲ။ Drone တွေကို ပေါပေါသီသီသုံးပြီး စစ်ကစားရင် လေကြောင်းပစ်ကူ မယူဘဲ အကျိုးအမြတ်များရရှိနိုင်ပါကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။
-
ပုံတွေ ထပ်ရရင် တင်ပေးပါမယ် .. အဲ့ဘက် လိုင်းက မိတစ်ချက် မမိတစ်ချက် ဖြစ်နေလို့ပါ။
-
Congratulations ပါ စစ်သည်တော်များ။

KT


Snow Queen. dan repost
မတ္တရာPDFကင်

မတ္တရာအနောက်ဘက်ခြမ်းကPDFကောင်တွေတုပ်တုပ်မလှုပ်ပါစေနဲ့မတ္တရာမန်းလေးလမ်းကိုဖြတ်တောက်ပိတ်ဆို့ဖို့ကြံနေကြတယ်
...
ထရုမီဒီယာ


မှိုင်းဝေ dan repost
Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
ဂန့်ဂေါ်ရွာအနီး ချဉ်းကပ်လာတဲ့ အကြမ်းဖက် TNLA သူပုန်အဖွဲ့ကို တပ်မတော် Drone တပ်ဖွဲ့မှ ချေမှုန်းသုတ်သင်

မှိုင်းဝေ


Ba Kaung dan repost
မိဘနှစ်ပါးလုံး ကျန်းမာရေးမကောင်းတာကြောင့် ပဲပြုတ်ရောင်းပြီး လုပ်ကျွေးနေတဲ့ ၁၁ နှစ်သမီးလေး မေပုလဲခိုင်

၇နှစ်အရွယ်ကတည်းကစ ပဲပြုတ်ရောင်းပြီး လုပ်ကျွေးလာတာ ခုဆို ၄နှစ်ရှိပြီလို့ ပြောပါတယ်
ရောင်းရတာရှက်ပေမဲ့လဲ မိဘလုပ်ကျွေးရတာမို့ ေပျာ်ပါတယ်တဲ့

၄တန်းတက်နေရတယ်ဆိုပေမဲ့ အလုပ်တစ်ဖက်နဲ့ဆိုတော့ နေ့တိုင်းကျောင်းမတက်နိုင်ရှာပါဘူး

သီချင်းဆို ဝါသနာပါပြီး အသက်ကြီးလာရင်တော့ အောင်မြင်တဲ့ အဆိုတော်ဖြစ်ချင်သူပါ
အနုပညာရှင်များ ဝိုင်းဝန်းပြီး ပါရမီဖြည့်ပေးဖို့ တိုက်တွန်းပါတယ်။

သန်လျင် ဘုရားကုန်းမှတ်တိုင် ကျောင်းဘေးလမ်းတည့်တည့်၀င်သွားရင်ညာဘက်ခြမ်းမှာမနက်ခင်းေရာ ညနေခင်းပါ ရောင်းပါတယ်
သမီးလေးဆီက ဝယ်ယူအားပေးကြပါဦး


လားရှိုးမြို့ပေါ်မှာဝဲနေတာ မဟုတ်ဘူး မြန်မာ့တပ်မတော်ကို တရုတ်ကနေ ထောက်ပံ့ပြီးပြန်သွားတဲ့ Y 20 ထောက်ပို့လေယာဥ်တွေ😊


Kyaw Win Maung ✍ dan repost
လားရှိုးမြို့ပေါ်မှာ ပျံဝဲနေကြတဲ့ လေယာဉ်များကို မြင်တွေ့ရစဉ်။


နရီမိုး dan repost
ဘာအကြောင်းအရာနဲ့ဖြစ်ဖြစ် ဆွေးနွေးပွဲ ဆက်မဖြစ်ဘူး ဆိုမှတော့ စစ်တိုက်ကြရုံပေါ့။ ဒီနေရာမှာ အရေးကြီးတာကတော့ "UWSA" နဲ့ တရုတ်ပဲ။

ဘယ်လိုပဲ ကာဗာလုပ်လုပ်၊ ကိုးကန့်က ပြည်သူစစ်တွေကို ကျားဖြန့်ခေါင်းစဉ်နဲ့ကြိုးတုပ်ပြီး MNDAA ကို မီးစိမ်းပြခဲ့တာက တရုတ်ပဲ။ ဒီ ၁ နှစ် အတွင်းမှာ မွေးထားတဲ့ EAO တွေက ထိန်းမနိုင်သိမ်းမနိုင် ဖြစ်သွားခဲ့ရတာကို တရုတ်ပြန်ပြီး ထိန်းညှိပေးဖို့ လိုတယ်။


လက်ရှိ အခင်းအကျင်းအရ တပ်မတော်မှာ ရွေးချယ်စရာ ၂ ခုပဲရှိတယ်။ တပ်ချုပ်ကြီးက လက်နက်စွန့်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ပါလို့ ပြောထားတာက ဝန်ကြီးချုပ်တယောက်အနေနဲ့ရော ၊တပ်ချုပ်ကြီး တယောက်အတွက်ပါ စကား ကုန်ပြီလို့ ယူဆရတယ်။ ဆိုတော့ ....လက်ရှိနေမြဲ တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေအနေနဲ့ လွတ်လပ်ရေးပွဲတို့ ၊ ဒီဇင်ဘာ လူထု လမ်းလျှောက်ပြိုင်ပွဲတို့မှာ လားလား လားလား လုပ်မနေပဲ စနစ်တကျ ခံစစ်ပြင်ပြီး ဘယ်လို စစ်တိုက်မလဲ ဆိုတာ ဆွေးနွေးဖို့ပဲ လိုတော့တယ်။


ဒုတိယအချက်ကတော့ ....ဘယ်လိုမှ နောက်‌ဆုတ်မပေးဘူး ဆိုမှတော့ ကူမင်း ဆွေးနွေးပွဲလည်း ပျက်တဲ့အနေအထားမှာ ဟိုက်ဂင်ဆွေးနွေးပွဲကာလတုန်းက ဒီတိုင်း ခံစစ်အသေ ထိုင်စောင့်ခဲ့တာကို နမူနာယူကြပေါ့။ ဆိုလိုတာက ...ရန်သူကအထိမနာပဲနဲ့တော့ ငြိမ်းချမ်းရေးဆွေးနွေးချင်ပါတယ်ဆိုပြီး ထ ပြောစရာ အကြောင်းမှမရှိဘဲ။ ဒီတော့ တတက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်ပဲ။ အကြမ်းဖက်လူသတ်၊ ဘာသာရေးလည်း စော်ကား၊ လမ်းတံတားတွေချိုးပြီး မြို့တွေသိမ်းထားတဲ့ ရန်သူကို ဘယ်လိုနည်းနဲ့ ချေမှုန်းချေမှုန်း တရားတယ်လို့ ယူဆတာပဲ။ ရန်သူလုပ်တဲ့ ပုံစံကိုက နိုင်ငံတခုရဲ့ တပ်မတော်ကို ဖင်ပုတ်၊ ခေါင်းပုတ် လုပ်နေတယ်လို့ပဲ မြင်မိတယ်။ ဒါက ကိုယ်တယောက်တည်း အမြင်တော့ မဟုတ်ဘူး။ တတိုင်းပြည်လုံးက မြင်တဲ့အမြင်။ ကြာရင် အိမ်နီးနားချင်းတွေကပါ အထင်သေးပြီး သွေးတိုးစမ်းလာနိုင်တဲ့အခြေအနေမျိုးဆိုတာလည်း တွေးဖို့ လိုအပ်တယ်။


နောက်ဆုံးအချက်အရေးကြီးတာကတော့ ရန်သူက တတိယအကြိမ် တိုက်စစ်ဖွင့်တာကို ကိုယ်က ငြိမ်ခံမလား၊ ဒါမှမဟုတ် ကိုယ်အားသာတဲ့ လေကြောင်းနဲ့အရင် စိစိညှက်ချေမှုန်းမလား ဆိုတာ အဓိက ဖြစ်လာတယ်။ ဒီနိုင်ငံမှာ ဘရွှေ လက်ထက် တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်လို့ရတယ်ဆိုတာ တနိုင်ငံလုံးကို ပြားပြားဝပ်အောင် အရင်ဦးနှိမ်ထားလို့ လုပ်လို့ရခဲ့တာလို့ပဲ မြင်မိတယ်။ အကြမ်းဖက် လူသတ်နေတဲ့ သူတွေကို ဘာဒီမိုကရေစီ ရွှေရင်အေး တရားမှ ဟော နေစရာ အကြောင်းကို မရှိတာ။


ဒါနဲ့ မေးစမ်းပါဦးမယ်။ ခုချိန် တပ်က ရွေးကောက်ပွဲ လုပ်ပေးပြီး အရပ်သား အစိုးရတက်လာလည်း ခု အညာမှာ အခွန်ဆပ်ကြေးနဲ့ သာယာနေတဲ့ PDF တွေက လက်နက်စွန့်မယ် ထင်လို့လား။
အဖြေကဒါပဲ။



(နရီမိုး)


Mdy မှာ အခု လျှော့တိုက် ဒုန်းလား မသိဘူး လေးလုံးရှိပြီ တစ်အုန်းအုန်းနဲ့ ကြားနေရတာ

ခနခနလဲ အထုခံနေရတာ လျှော့တိုက်ဒုန်းရဲ့ သွားနိုင်စွမ်း အကွာအဝေးကို လိုက်ပြီး တန်ပြန် Droneတွေနဲ့သာဆိုရင် အကြမ်းဖက် ပဒတ်တွေရဲ့ ဘဝက မသာ ဘယ်စျေးလဲ ဆိုတာတွေဖြစ်ကုန်မယ် အခုတော့.......
တန်ပြန်လိုက်ဖို့တောင် အစီအစဥ် မရှိဘူးထင်ပါရဲ့....
အခုလို လျှော့တိုက်ဒုန်းနဲ့ အပစ်ခံနေရတာ ဘယ်နှစ်ကြိမ်မှန်းတောင် မသိဘူးနော်...😅

P.S နန်းတွင်းထဲလား မသိဘူး မြောက်ပြင်ဘက်အခြမ်းထင်တယ် ကိုယ်တွေက နန်းရှေ့ဘက်နေတာဆိုတော့ အသံက အလှမ်းဝေးတယ်


Ko Myo Win dan repost
မိုးပေါ
==========

အဆက်ပျက်နေတဲ့ ကိုစိုးဆီက ဖုန်းဝင်လာတယ် ။

'' ငမျိုးရေ မင်းက သတင်းရေးတာ ကြဲသွားလို့ သိချင်တာလည်း ရှိနေလို့ မေးမလိုကွ ဒီလောက် စစ်ရှုံးနေတာကို တပ်ချုပ်ကြီးက သူပုန်တွေ လက်နက်ချဖို့ ထပ်ပြောနေတာရယ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်သူတွေ ထိခိုက်မှာ စိုးလို့ပါ ဆိုတဲ့ ပြောစကားတွေကို မင်း ဘယ်လို သဘောထားလဲ ကွ ''

'' ပထမဆုံး ဗိုလ်ချုပ်ဇော်မင်းထွန်း စကားကို ဝေဖန်ရရင်တော့ ဆင်ခြေလို့ပဲ ဗြောင်ပြောရမှာပဲ နိုင်ကို မနိုင်တာပါ ပြည်သူမရှိတဲ့ တပ်စခန်းတွေ ကျကုန်တာကိုက မိမိသောက်သုံးမကျတာ ပေါ်လွင်နေတာပဲလေ ''

'' ထားပါကွာ နောက်ထပ် လက်နက်ချဖို့ စကားကရော ''

'' ခပ်တည်တည်တော့ ပြောတာပဲလေ လက့်ထဲမှာ ဖျက်အားပြင်းလက်နက်တွေ နဲ့ မင်းတို့ကို ချေမှုံးပစ်မယ်လို့ ကြိမ်းဝါးတဲ့ သဘောပဲ ''

'' အဲဒါတော့ ကလေးတောင် တွေးတတ်သေး ဖြစ်နိုင်မဖြစ်နိုင် မေးကြည့်တာ ''

'' SU 30 ဆိုတာ ဗုံး တန်ပေါင်းများစွာ သယ်နိုင်တယ် MIG 29 ၂ စီးစာလောက်သယ်နိုင်တယ် တိကျမှုစကေးက ပြောစရာမလိုဘူး ဒါပေမယ့် ခုချိန်ထိ ထုတ်သုံးတာ မတွေ့ရသေးဘူး တာလတ်ပစ် မစ်ဇိုင်းတွေ ကိုယ်တိုင်ထုတ်နေတာ ကြာပြီ မသုံးသေးဘူး Why ''

'' သုံးပါ့ မလား ကွာ ''

'' ခင်ဗျား ကျုပ်ဦးလေး ဦးလူမိုက်ကို သိတယ်မဟုတ်လား ''

'' သိတာပေါ့ ကွ သူက မင်းအဖေတယောက်ပဲ ကြောက်တာ မိုက်တာလည်း တူးခါးနေရောလေ ပြောပြီးမှ ရိုက်တတ်လို့ကို နာမည်ကြီးတာကိုးကွ ''

'' ဟုတ်တယ် တနေ့ တခြားရပ်ကွက်က လူမိုက်ကို ရိုက်မယ်လို့ ပြောခဲ့တော့ အပြောခံရသူက အဖေ့ဆီ လာတောင်းပန်တယ် တားပေးပါပေါ့ ၊ အဖေကလည်း တားပေးပါတယ် ဟေ့ ကောင် မလုပ်နဲ့နော် ဆိုတော့ ဘာမှ မပြောဘူး ပြန်သွားတယ် ''

'' အင်း နောက်ကော ''

'' သူပြောခဲ့သလို သွားရိုက်တာပါပဲ ဗျာ ''

'' ဟိုက် မင်းအဖေက...? ''

'' သူ့စကား နားမထောင်လို့ ခေါ်ငေါက်တယ် ဦးလေးက ဘာပြောလဲ သိလား ''

'' အေး လုပ်စမ်းပါအုံး ဘာပြောလဲ ''

'' အကို လူမိုက်ဆိုတာ ပြောသလို လုပ်နိုင်မှ လူရှိန်တာဗျ ပြောသလို မလုပ်နိုင်ရင် စော်ကားချင်တဲ့သူ ပိုများလာပြီး ငပေါကြီးပါကွာ လို့ သတ်မှတ်ပြီးတာနဲ့ ကိုယ့်စော်မယ့်သူတွေ ပေါ်လာမို့ ပြောသလို လုပ်ပြဖို့ လိုတယ် မဟုတ်ရင် ခြိမ်းရုံခြိမ်းပြီး မရွာတဲ့ မိုးပေါကြီး ဖြစ်နေမှာစိုးလို့ကို ရိုက်ဖြစ်အောင် သွားရိုက်ပြရတာ ဆိုပဲ ဗျ ''

'' ဟိုက် မိုက်သကွ ဒါလည်း ဟုတ်တာပဲ ဒါနဲ့ ငါမေးခွန်းနဲ့က.....''

'' တိုင်းပြည်ခေါင်းဆောင်အနေနဲ့ သူပုန်ကို ခြိမ်းခြောက်ပြီးရင်တော့ ပြောသလို လုပ်ပြဖို့ လိုတာပေါ့ဗျာ အဲလိုမှ လုပ်မပြနိုင်ရင်တော့ မိုးပေါကြီး ဖြစ်နေမှာပေါ့လေ ''

'' အေးပါကွာ အေးကွာ ငါလည်း မင်းနဲ့အတူ အမှုအတွဲ မခံနိုင်လို့ ဖုန်းချပြီကွာ ''

ကိုရွှေမျိုးဝင်း


CDMလုပ်ဖို့မြှောက်ပင့်ပေးခဲ့သူတွေကတော့ နိုင်ငံခြားမှာ တိုက်နဲ့ ကားနဲ့နေပြီး သာသာယာယာပါပဲ သူတို့တွေပြောတာကို နားယောင်ပြီး လိုက်လုပ်ကြတဲ့သူတွေကတော့ ဘဝတွေပျက်လို့🙂


The Nation Voice dan repost
သော်တာရောင်ခြည်လည်း မထိန်လင်းနိုင်တော့ပါ

ဒီဇင်ဘာ ၁၇၊ The Nation Voice
ဘုန်းမောင်

သတင်းအပြည့်အစုံဖတ်ရန်
https://thenationvoicemm.com/9463/



15 ta oxirgi post ko‘rsatilgan.