🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲


Kanal geosi va tili: Myanma, Birmancha
Toifa: Telegram


သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️

Связанные каналы  |  Похожие каналы

Kanal geosi va tili
Myanma, Birmancha
Statistika
Postlar filtri


Snow Queen. dan repost
မတ္တရာPDFကင်

မတ္တရာအနောက်ဘက်ခြမ်းကPDFကောင်တွေတုပ်တုပ်မလှုပ်ပါစေနဲ့မတ္တရာမန်းလေးလမ်းကိုဖြတ်တောက်ပိတ်ဆို့ဖို့ကြံနေကြတယ်
...
ထရုမီဒီယာ


မှိုင်းဝေ dan repost
Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
ဂန့်ဂေါ်ရွာအနီး ချဉ်းကပ်လာတဲ့ အကြမ်းဖက် TNLA သူပုန်အဖွဲ့ကို တပ်မတော် Drone တပ်ဖွဲ့မှ ချေမှုန်းသုတ်သင်

မှိုင်းဝေ


Ba Kaung dan repost
မိဘနှစ်ပါးလုံး ကျန်းမာရေးမကောင်းတာကြောင့် ပဲပြုတ်ရောင်းပြီး လုပ်ကျွေးနေတဲ့ ၁၁ နှစ်သမီးလေး မေပုလဲခိုင်

၇နှစ်အရွယ်ကတည်းကစ ပဲပြုတ်ရောင်းပြီး လုပ်ကျွေးလာတာ ခုဆို ၄နှစ်ရှိပြီလို့ ပြောပါတယ်
ရောင်းရတာရှက်ပေမဲ့လဲ မိဘလုပ်ကျွေးရတာမို့ ေပျာ်ပါတယ်တဲ့

၄တန်းတက်နေရတယ်ဆိုပေမဲ့ အလုပ်တစ်ဖက်နဲ့ဆိုတော့ နေ့တိုင်းကျောင်းမတက်နိုင်ရှာပါဘူး

သီချင်းဆို ဝါသနာပါပြီး အသက်ကြီးလာရင်တော့ အောင်မြင်တဲ့ အဆိုတော်ဖြစ်ချင်သူပါ
အနုပညာရှင်များ ဝိုင်းဝန်းပြီး ပါရမီဖြည့်ပေးဖို့ တိုက်တွန်းပါတယ်။

သန်လျင် ဘုရားကုန်းမှတ်တိုင် ကျောင်းဘေးလမ်းတည့်တည့်၀င်သွားရင်ညာဘက်ခြမ်းမှာမနက်ခင်းေရာ ညနေခင်းပါ ရောင်းပါတယ်
သမီးလေးဆီက ဝယ်ယူအားပေးကြပါဦး


လားရှိုးမြို့ပေါ်မှာဝဲနေတာ မဟုတ်ဘူး မြန်မာ့တပ်မတော်ကို တရုတ်ကနေ ထောက်ပံ့ပြီးပြန်သွားတဲ့ Y 20 ထောက်ပို့လေယာဥ်တွေ😊


Kyaw Win Maung ✍ dan repost
လားရှိုးမြို့ပေါ်မှာ ပျံဝဲနေကြတဲ့ လေယာဉ်များကို မြင်တွေ့ရစဉ်။


နရီမိုး dan repost
ဘာအကြောင်းအရာနဲ့ဖြစ်ဖြစ် ဆွေးနွေးပွဲ ဆက်မဖြစ်ဘူး ဆိုမှတော့ စစ်တိုက်ကြရုံပေါ့။ ဒီနေရာမှာ အရေးကြီးတာကတော့ "UWSA" နဲ့ တရုတ်ပဲ။

ဘယ်လိုပဲ ကာဗာလုပ်လုပ်၊ ကိုးကန့်က ပြည်သူစစ်တွေကို ကျားဖြန့်ခေါင်းစဉ်နဲ့ကြိုးတုပ်ပြီး MNDAA ကို မီးစိမ်းပြခဲ့တာက တရုတ်ပဲ။ ဒီ ၁ နှစ် အတွင်းမှာ မွေးထားတဲ့ EAO တွေက ထိန်းမနိုင်သိမ်းမနိုင် ဖြစ်သွားခဲ့ရတာကို တရုတ်ပြန်ပြီး ထိန်းညှိပေးဖို့ လိုတယ်။


လက်ရှိ အခင်းအကျင်းအရ တပ်မတော်မှာ ရွေးချယ်စရာ ၂ ခုပဲရှိတယ်။ တပ်ချုပ်ကြီးက လက်နက်စွန့်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ပါလို့ ပြောထားတာက ဝန်ကြီးချုပ်တယောက်အနေနဲ့ရော ၊တပ်ချုပ်ကြီး တယောက်အတွက်ပါ စကား ကုန်ပြီလို့ ယူဆရတယ်။ ဆိုတော့ ....လက်ရှိနေမြဲ တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေအနေနဲ့ လွတ်လပ်ရေးပွဲတို့ ၊ ဒီဇင်ဘာ လူထု လမ်းလျှောက်ပြိုင်ပွဲတို့မှာ လားလား လားလား လုပ်မနေပဲ စနစ်တကျ ခံစစ်ပြင်ပြီး ဘယ်လို စစ်တိုက်မလဲ ဆိုတာ ဆွေးနွေးဖို့ပဲ လိုတော့တယ်။


ဒုတိယအချက်ကတော့ ....ဘယ်လိုမှ နောက်‌ဆုတ်မပေးဘူး ဆိုမှတော့ ကူမင်း ဆွေးနွေးပွဲလည်း ပျက်တဲ့အနေအထားမှာ ဟိုက်ဂင်ဆွေးနွေးပွဲကာလတုန်းက ဒီတိုင်း ခံစစ်အသေ ထိုင်စောင့်ခဲ့တာကို နမူနာယူကြပေါ့။ ဆိုလိုတာက ...ရန်သူကအထိမနာပဲနဲ့တော့ ငြိမ်းချမ်းရေးဆွေးနွေးချင်ပါတယ်ဆိုပြီး ထ ပြောစရာ အကြောင်းမှမရှိဘဲ။ ဒီတော့ တတက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်ပဲ။ အကြမ်းဖက်လူသတ်၊ ဘာသာရေးလည်း စော်ကား၊ လမ်းတံတားတွေချိုးပြီး မြို့တွေသိမ်းထားတဲ့ ရန်သူကို ဘယ်လိုနည်းနဲ့ ချေမှုန်းချေမှုန်း တရားတယ်လို့ ယူဆတာပဲ။ ရန်သူလုပ်တဲ့ ပုံစံကိုက နိုင်ငံတခုရဲ့ တပ်မတော်ကို ဖင်ပုတ်၊ ခေါင်းပုတ် လုပ်နေတယ်လို့ပဲ မြင်မိတယ်။ ဒါက ကိုယ်တယောက်တည်း အမြင်တော့ မဟုတ်ဘူး။ တတိုင်းပြည်လုံးက မြင်တဲ့အမြင်။ ကြာရင် အိမ်နီးနားချင်းတွေကပါ အထင်သေးပြီး သွေးတိုးစမ်းလာနိုင်တဲ့အခြေအနေမျိုးဆိုတာလည်း တွေးဖို့ လိုအပ်တယ်။


နောက်ဆုံးအချက်အရေးကြီးတာကတော့ ရန်သူက တတိယအကြိမ် တိုက်စစ်ဖွင့်တာကို ကိုယ်က ငြိမ်ခံမလား၊ ဒါမှမဟုတ် ကိုယ်အားသာတဲ့ လေကြောင်းနဲ့အရင် စိစိညှက်ချေမှုန်းမလား ဆိုတာ အဓိက ဖြစ်လာတယ်။ ဒီနိုင်ငံမှာ ဘရွှေ လက်ထက် တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်လို့ရတယ်ဆိုတာ တနိုင်ငံလုံးကို ပြားပြားဝပ်အောင် အရင်ဦးနှိမ်ထားလို့ လုပ်လို့ရခဲ့တာလို့ပဲ မြင်မိတယ်။ အကြမ်းဖက် လူသတ်နေတဲ့ သူတွေကို ဘာဒီမိုကရေစီ ရွှေရင်အေး တရားမှ ဟော နေစရာ အကြောင်းကို မရှိတာ။


ဒါနဲ့ မေးစမ်းပါဦးမယ်။ ခုချိန် တပ်က ရွေးကောက်ပွဲ လုပ်ပေးပြီး အရပ်သား အစိုးရတက်လာလည်း ခု အညာမှာ အခွန်ဆပ်ကြေးနဲ့ သာယာနေတဲ့ PDF တွေက လက်နက်စွန့်မယ် ထင်လို့လား။
အဖြေကဒါပဲ။



(နရီမိုး)


Mdy မှာ အခု လျှော့တိုက် ဒုန်းလား မသိဘူး လေးလုံးရှိပြီ တစ်အုန်းအုန်းနဲ့ ကြားနေရတာ

ခနခနလဲ အထုခံနေရတာ လျှော့တိုက်ဒုန်းရဲ့ သွားနိုင်စွမ်း အကွာအဝေးကို လိုက်ပြီး တန်ပြန် Droneတွေနဲ့သာဆိုရင် အကြမ်းဖက် ပဒတ်တွေရဲ့ ဘဝက မသာ ဘယ်စျေးလဲ ဆိုတာတွေဖြစ်ကုန်မယ် အခုတော့.......
တန်ပြန်လိုက်ဖို့တောင် အစီအစဥ် မရှိဘူးထင်ပါရဲ့....
အခုလို လျှော့တိုက်ဒုန်းနဲ့ အပစ်ခံနေရတာ ဘယ်နှစ်ကြိမ်မှန်းတောင် မသိဘူးနော်...😅

P.S နန်းတွင်းထဲလား မသိဘူး မြောက်ပြင်ဘက်အခြမ်းထင်တယ် ကိုယ်တွေက နန်းရှေ့ဘက်နေတာဆိုတော့ အသံက အလှမ်းဝေးတယ်


Ko Myo Win dan repost
မိုးပေါ
==========

အဆက်ပျက်နေတဲ့ ကိုစိုးဆီက ဖုန်းဝင်လာတယ် ။

'' ငမျိုးရေ မင်းက သတင်းရေးတာ ကြဲသွားလို့ သိချင်တာလည်း ရှိနေလို့ မေးမလိုကွ ဒီလောက် စစ်ရှုံးနေတာကို တပ်ချုပ်ကြီးက သူပုန်တွေ လက်နက်ချဖို့ ထပ်ပြောနေတာရယ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်သူတွေ ထိခိုက်မှာ စိုးလို့ပါ ဆိုတဲ့ ပြောစကားတွေကို မင်း ဘယ်လို သဘောထားလဲ ကွ ''

'' ပထမဆုံး ဗိုလ်ချုပ်ဇော်မင်းထွန်း စကားကို ဝေဖန်ရရင်တော့ ဆင်ခြေလို့ပဲ ဗြောင်ပြောရမှာပဲ နိုင်ကို မနိုင်တာပါ ပြည်သူမရှိတဲ့ တပ်စခန်းတွေ ကျကုန်တာကိုက မိမိသောက်သုံးမကျတာ ပေါ်လွင်နေတာပဲလေ ''

'' ထားပါကွာ နောက်ထပ် လက်နက်ချဖို့ စကားကရော ''

'' ခပ်တည်တည်တော့ ပြောတာပဲလေ လက့်ထဲမှာ ဖျက်အားပြင်းလက်နက်တွေ နဲ့ မင်းတို့ကို ချေမှုံးပစ်မယ်လို့ ကြိမ်းဝါးတဲ့ သဘောပဲ ''

'' အဲဒါတော့ ကလေးတောင် တွေးတတ်သေး ဖြစ်နိုင်မဖြစ်နိုင် မေးကြည့်တာ ''

'' SU 30 ဆိုတာ ဗုံး တန်ပေါင်းများစွာ သယ်နိုင်တယ် MIG 29 ၂ စီးစာလောက်သယ်နိုင်တယ် တိကျမှုစကေးက ပြောစရာမလိုဘူး ဒါပေမယ့် ခုချိန်ထိ ထုတ်သုံးတာ မတွေ့ရသေးဘူး တာလတ်ပစ် မစ်ဇိုင်းတွေ ကိုယ်တိုင်ထုတ်နေတာ ကြာပြီ မသုံးသေးဘူး Why ''

'' သုံးပါ့ မလား ကွာ ''

'' ခင်ဗျား ကျုပ်ဦးလေး ဦးလူမိုက်ကို သိတယ်မဟုတ်လား ''

'' သိတာပေါ့ ကွ သူက မင်းအဖေတယောက်ပဲ ကြောက်တာ မိုက်တာလည်း တူးခါးနေရောလေ ပြောပြီးမှ ရိုက်တတ်လို့ကို နာမည်ကြီးတာကိုးကွ ''

'' ဟုတ်တယ် တနေ့ တခြားရပ်ကွက်က လူမိုက်ကို ရိုက်မယ်လို့ ပြောခဲ့တော့ အပြောခံရသူက အဖေ့ဆီ လာတောင်းပန်တယ် တားပေးပါပေါ့ ၊ အဖေကလည်း တားပေးပါတယ် ဟေ့ ကောင် မလုပ်နဲ့နော် ဆိုတော့ ဘာမှ မပြောဘူး ပြန်သွားတယ် ''

'' အင်း နောက်ကော ''

'' သူပြောခဲ့သလို သွားရိုက်တာပါပဲ ဗျာ ''

'' ဟိုက် မင်းအဖေက...? ''

'' သူ့စကား နားမထောင်လို့ ခေါ်ငေါက်တယ် ဦးလေးက ဘာပြောလဲ သိလား ''

'' အေး လုပ်စမ်းပါအုံး ဘာပြောလဲ ''

'' အကို လူမိုက်ဆိုတာ ပြောသလို လုပ်နိုင်မှ လူရှိန်တာဗျ ပြောသလို မလုပ်နိုင်ရင် စော်ကားချင်တဲ့သူ ပိုများလာပြီး ငပေါကြီးပါကွာ လို့ သတ်မှတ်ပြီးတာနဲ့ ကိုယ့်စော်မယ့်သူတွေ ပေါ်လာမို့ ပြောသလို လုပ်ပြဖို့ လိုတယ် မဟုတ်ရင် ခြိမ်းရုံခြိမ်းပြီး မရွာတဲ့ မိုးပေါကြီး ဖြစ်နေမှာစိုးလို့ကို ရိုက်ဖြစ်အောင် သွားရိုက်ပြရတာ ဆိုပဲ ဗျ ''

'' ဟိုက် မိုက်သကွ ဒါလည်း ဟုတ်တာပဲ ဒါနဲ့ ငါမေးခွန်းနဲ့က.....''

'' တိုင်းပြည်ခေါင်းဆောင်အနေနဲ့ သူပုန်ကို ခြိမ်းခြောက်ပြီးရင်တော့ ပြောသလို လုပ်ပြဖို့ လိုတာပေါ့ဗျာ အဲလိုမှ လုပ်မပြနိုင်ရင်တော့ မိုးပေါကြီး ဖြစ်နေမှာပေါ့လေ ''

'' အေးပါကွာ အေးကွာ ငါလည်း မင်းနဲ့အတူ အမှုအတွဲ မခံနိုင်လို့ ဖုန်းချပြီကွာ ''

ကိုရွှေမျိုးဝင်း


CDMလုပ်ဖို့မြှောက်ပင့်ပေးခဲ့သူတွေကတော့ နိုင်ငံခြားမှာ တိုက်နဲ့ ကားနဲ့နေပြီး သာသာယာယာပါပဲ သူတို့တွေပြောတာကို နားယောင်ပြီး လိုက်လုပ်ကြတဲ့သူတွေကတော့ ဘဝတွေပျက်လို့🙂


The Nation Voice dan repost
သော်တာရောင်ခြည်လည်း မထိန်လင်းနိုင်တော့ပါ

ဒီဇင်ဘာ ၁၇၊ The Nation Voice
ဘုန်းမောင်

သတင်းအပြည့်အစုံဖတ်ရန်
https://thenationvoicemm.com/9463/


မှိုင်းဝေ dan repost
တပ်မတော်(လေ)က စမ်းသပ်တီထွင် ထုတ်လုပ်ထားသည့် MTX-1B လေယာဉ်


မှိုင်းဝေ dan repost
ဗန်မော် မြို့ အတွက် ဖိဖိ စီးစီး ဆောင်ရွက်ခဲ့ကြတဲ့၊ လူကြီးများကိုရော၊
ရန်သူကို၊ ရွပ်ရွပ်ချွံချွံ တွန်းလှန်ခဲ့ကြတဲ့
တပ်မတော်သား၊ ရဲတပ်ဖွဲ့၀င်များအား

အထူးပင် လေးစား ဂုဏ်ပြုပါကြောင်း
ပြောလိုပါတယ်၊ ဗန်မော် ကို KIA လက်ထဲ
ရောက်သွားမယ်လို့ထင် ထားခဲ့တာ၊
မထင်မှတ်ထားတဲ့ အောင်မြင်မှု တခု၊
တပ်မတော်က စိုက်ထူခဲ့ပါတယ်။

တပ်မတော်ရဲ့ အောင်ပွဲတွေလည်း များစွာ ရှိနေပါတယ်၊ သပိတ်ကျင်း မတ္တရာ ကယားပြည်နယ် ကရင်ပြည်နယ်၊ တောင်ခမ်း နောင်ချို အပါ၀င် ကချင်ပြည်နယ် ဗန်မော် နဲ့
၀ိုင်းမော် မင်းတပ် မိမိတို့ သတိ မမူမိခဲ့တဲ့၊

မြို့တွေ စခန်းတွေလည်း တပ်က ပြန်လည်
သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ရှိပါတယ်၊
ယခု နောက်ပိုင်း တပ်မတော်က လိုအပ်တဲ့ အင်အားတွေ ဖြည့်တင်းမှု နည်းပညာ
လက်နက်တွေ ထုတ်လုပ် ဖြည့်တင်းမှု လိုအပ်သည်များ၊

လုပ်ဆောင်လျက် ရှိနေပါတယ်၊
ကျနော်တို့ အနေနဲ့ တပ်မတော်ကို ယုံကြည်ကာ အချိန် တခုကို သည်းခံ စောင့်ဆိုင်းနေဖို့ လိုပါလိမ့်မယ်။ မကြာခင် တပ်မတော်ရဲ့ အောင်မြင်မှုတွေ တခုပြီး တခု တွေ့မြင်လာရတော့မှာပါ။
#SittNweOo


View of Sue dan repost
Nug ဘောမရကျိုး မနပ်ဘူးပေါ့ မြေလတ်ရယ်


View of Sue dan repost
ဪ ဘယ် media ကလဲလို့
မြေလတ်အသံကကိုး

ကောင်းတယ်။ စစ်တပ်ကို ဆဲနေတဲ့ media
အချင်းချင်းက ဆွဲထိုးခံရ။ ဒီမိုကရေစီဆိုပြီး လိင်ပိုင်းဆိုင်ရာ blame ခံရ။


အညတရစစ်သားအို dan repost
-
AA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အမ်းကို အရသိမ်းမယ်ဟု ဆို
==============================================================

ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် AA အကြမ်းဖက်အဖွဲ့ က အမ်းကို ရအောင် သိမ်းမယ်လို့ စဉ်ဆက်မပြတ် လော်နဲ့အော်နေပါတယ်။ ညနေ ၆ ၀၀ နာရီ အထိ အချိန်ပေးထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို AA အကြမ်းဖက်အဖွဲ့ က လက်နက်ချခိုင်းနေခြင်း ဖြစ်ပါတယ်။
-
တပ်ထဲကနေ အကူအညီတောင်းခံမှုတွေကို ဒေသခံတစ်ဦး က ဆက်သွယ်ပြောဆိုပေးနေပါတယ်။ ထိခိုက်ဒဏ်ရာရ စစ်သည်တွေလည်း ရှိပါတယ်။ ဆေးတပ်က ကာနယ်ကြီးတစ်ဦး Drop Bomb ထိမှန် ကျဆုံးသွားရပါပြီ။
-
တာဝန်ရှိသူများ အချိန်နဲ့ တပြေးညီ ကူညီပေးစေလိုပါတယ်။
-
အနူးအညွတ် မေတ္တာရပ်ခံပါတယ်။

Join - https://t.me/MyanmarNationalPost


✍️စွမ်းအားရှင်✍️ dan repost
အားကိုးစရာ

တပ်မတော်မှ တစ်ပါး

အခြားမရှိ


Ko Myo Win dan repost
ဗျူဟာ နဲ့ စေတနာ ဟူသည်
========================

'' အဘ ကျနော်တို့ကို ရေပဲ ရအောင် ပို့ပေးပါ ခင်ဗျ စခန်းမကျစေရပါဘူး ''

အရေးပေါ်စက်ထဲက တောင်းဆိုမှုတခု မြန်မာ့တပ်မတော် စစ်ရုံးချုပ်ဆီကို ရောက်လာပါတယ် ။

ဖြစ်နေတာက ရှမ်းမြောက် ရှေ့တန်းတနေရာရှိ မိမိ၏ ရဲဘော် ၃၀ ရှိသော စခန်းအား ရန်သူမှ ပိတ်ဆို့ ချေမှုံးနေသောနေရာ ။ မိမိအင်အား ၃၀ ကို ရာပေါင်းများစွာ ပိတ်ဆို့ချေမှုံးနေသော ရက်ပေါင်း ၈ ရက်အကြာဖြစ်ပါတယ် ။

ဦးနေဝင်းက လေတပ်ဦးစီးချုပ် သာမက လေယာဥ်မှူး အရာရှိတွေကိုပါ ချက်ခြင်းခေါ်ပါတယ် ။ အားလုံးကို မြေပုံညွှန်းပြပါတယ် ။

'' အေး ဒီနေရာမှာ ငါတို့ ရဲဘော် ၃၀ အတိုက်ခံနေရတာ ၈ ရက်ရှိပြီ ။ မြေပြင်က ဖြတ်တောက်ထားလို့ တိုးနေပေမယ့် မရသေးဘူး ။ မင်းတို့ အဲဒီ စခန်းဆီကို ရေခဲတုံးတွေ ရအောင်ချပေး မရရင် လေယာဥ်တွေ ပြန်ဆင်းမလာနဲ့ ကြိုက်တဲ့နည်းသုံး လိုသလောက်လေယာဥ်သုံး ဒါပဲ ''

လေယာဥ်မှူးတွေလည်း ရေခဲတုံးတွေ စပါးခွံနဲ့ အိတ်တွေထဲ ထည့်ပြီး ဒါကိုတာ လေယာဥ်အစုတ်လေးတွနဲ့ စခန်းထဲ မကျမခြင်း ချပေးရပါတယ် ။ စခန်းဆီက ရေခဲတွေ ရပါပြီလို့ စက်ပေါက်လာမှ သက်ပြင်းချနိုင်ခဲ့ကြသတဲ့ ။

နောက်တနေ့ ကြည်းတပ် လေတပ် အရာရှိတွေ ထပ်ခေါ်တယ် ။ မြေပုံပြပြီး စခန်းဝန်းကျင်က ရွာတွေကို ပြတယ် ။
'' ရန်သူ့အင်အားက ဒီနေရာတွေ အခြေပြုပြီး တိုက်နေတာ အဲဒီနေရာတွေ လေတပ်က ဗုံးကြဲ ပြီးတော့ စခန်းဆီ တိုးမရတဲ့ စစ်ကြောင်းတွေ အဲဒီ ရန်သူအခြေပြုရွာတွေ တိုက်ခိုင်းလိုက် ''

ဗျူဟာအရ ရန်သူတွေဟာ ရှေ့က စခန်း မဲတိုက်နေတာ မရသေးပဲ နောက်တန်းက သူတို့ သောက်မျိုးတွေ အတိုက်ံခံရတာနဲ့ စိတ်ဓာတ်ကျပြီး နောက်ကျောမလုံ ဖြစ်ကာ ဆုတ်ခွာသွားကြရသတဲ့ ။

ဗျူဟာဆိုတာ ဒါမျိုး ၊ စေတနာဆိုတာဒါမျိုး....အတုခိုးဖို့လိုရင် အတုခိုး...

(ရခိုင်မှာ AA ထက် PDF တွေရဲ့ ပူးပေါင်းအင်အားက များနေတာ ။ ပဒက်ရွာတွေ အခုဝင်တိုက်ကြပါ ။ စစ်တိုင်းမှူးတွေ ငါ့မတိုက်ပြီးရော လုပ်မနေပါနဲ့)

ကိုရွှေမျိုးဝင်း

17 ta oxirgi post ko‘rsatilgan.