တခါတလေကျတော့ ဦးသန်းရွှေ ရဲ့ သဘောထား ခပ်တင်းတင်းနဲ့ သောက်ဂရုမစိုက်ဘဲ ကိုယ့် အလုပ် ကိုယ်လုပ်နေတဲ့ လုပ်ရပ်တွေက အားကျစရာတော့ အကောင်းသားလားလို့ တွေးမိတယ်။ စဉ်းစားကြည့်လေ။ လက်ရှိ စီးပွားရေးပျက်ကပ်တွေကြားမှာ အင်ဒိုနီးရှားလို တိုးတက်နေတဲ့ နိုင်ငံတောင် မြို့သစ်စီမံကိန်းမှာ အတော်လေးရုန်းကန်နေရတယ်။ ဘရွှေကြီးက ရန်ကုန်ကနေ နေပြည်တော်ကို ရွှေ့တော့ ကျီးအာသီးတွေလိုပဲ ဝိုင်းအော်ခဲ့ကြတာမဟုတ်ဘူးလား။ နေပြည်တော်ကို လူမနေတဲ့ ကျပ်ပြေးတို့၊ ဝန်ထမ်းတွေကို အတင်းအဓမ္မ ပြောင်းရွှေ့တယ်တို့ ဘလာ၊ ဘလာပေါ့။ ဘာပဲဖြစ်ဖြစ် ခုချိန်မှာသာ အစိုးရဝန်ကြီးရုံးတွေ ရန်ကုန်မှာ ရှိနေသေးရင်….တခြားပြဿနာတွေ ဆိုတာထက် ကားပိတ်တဲဒဏ်က အတော်လေး ဆိုးနေဦးမှာ။
----
နိုင်ငံတကာနဲ့ပတ်သက်ရင်လည်း သိပ်စောက်ဂရုစိုက်ခဲ့တာတော့ မဟုတ်ဘူး။ ဥပမာ ပြောရရင် ၉၀ ခုနှစ် ရွေးကောက်ပွဲကာလကိုပဲ လက်ညိုးထိုးရမယ်။ ခုခေတ် လူငယ်တွေက ၉၀ ရွေးကောက်ပွဲကို အာဏာလွှဲမပေးတာပဲ မြင်ကြတာ။ ဘာကြောင့် တပ်က အာဏာလွှဲမပေးတာလည်း ဆိုတဲ့ အကြောင်းအရင်းတော့ တမင်ချန်ခဲ့ကြတာလားတော့ မသိဘူး။ ဒေါက်တာမောင်မောင်က ၃ လအတွင်းရွေးကောက်ပွဲ လုပ်ပေးပါ့မယ် ပြောတာတောင် အရင်လူတွေမပါတဲ့ ကြားဖြတ်အစိုးရမျိုး ဖွဲ့ချင်ခဲ့တာကိုတော့ လူတွေက ရူးချင်ယောင်ဆောင်နေကြတယ်။ ကိုယ်ပါတီနဲ့ ကိုယ်ဖွဲ့မှတော့ ကြားဖြတ်အစိုးရမှ မမည်တော့ပဲ။ ယာယီအစိုးရ ဖြစ်နေပြီလေ။ အဲ့တုန်းက ကိုဖီအာနန်လာတွေ့ပြီး မေတ္တာရပ်ခံလည်း နေအိမ်အကျယ်ချုပ်ကို (၁)နှစ်ထပ်တိုးပြစ်ခဲ့တာပဲ။ ဆိုလိုတာက… သူသွားမယ့် Plan ကိုပဲရောက်အောင်သွားတယ်။ ဘာဘာညာညာ သိပ်ဂရုစိုက် နေတော့မရှိဘူး။ ခုလည်း ICC တွေ ၊ ICJ တွေ နဲ့ လာချိန်းခြောက်နေတာပါပဲ။ခက်တာက ဒီဥပဒေတွေဆိုတာ ကိုယ်က ဘယ်မှ မသွားရင် ဘာမှမဖြစ်ဘူး။ အဲဒီခေတ်တုန်းက ဘရွှေကလည်း ဘယ်မှ မသွားဘူး။ အကုန်လုံးကို ဝန်ကြီးချုပ်နဲ့ လွှတ်ထားတယ်။
-----
ခုလည်း နိုင်ငံတကာတွေ သိပ်ဂရုမစိုက်နေရင် ကောင်းမယ်။ လက်ရှိ တပ်က ပြည်သူကို အကြမ်းဖက်နေပါတယ်ပြောရအောင်… စိပ်ပုတီးကိုင်နေတဲ့ PDF တစ်ယောက်မှ မရှိဘူး။ အချင်းချင်းပြန်သတ်နေလို့တောင် လက်သည်မဖော်နိုင်တဲ့ သူတွေကို ဘာပြည်သူမှ သတ်မှတ်နေစရာအကြောင်းမရှိဘူး။ တခါတလေ…မီဒီယာတွေရေးကြတာ ရှိတယ်။ “တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့ကို တပ်က ဗုံးကြဲ” ဆိုတဲ့ ကပ်ရှင်တွေက သိပ်ရယ် ချင်စရာကောင်းတယ်။ အဲ့မြို့တွေမှာ တပ်က အရင်ဆုံး တိုက်ပွဲဖော်ဆောင်ခဲ့တာလား။ ဥပမာ- ထန်တလန်၊ တောင်ကုတ်၊ ဗန်းမော်နဲ့ ပုလဲ မြို့တွေက တပ်က အရင် စတိုက် ခဲ့တာလား ဆိုတာ ပါးရိုက်ပြီးမေးရမယ်။
----
တကယ်…. အစိုးရဝန်ကြီး တွေနောက် တကောက်ကောက်လိုက်နေတာ ထက်စာ ရင်…. ခပ်ကြမ်းကြမ်း ဗျင်းတဲ့ စစ်တိုင်းမှူးတွေကိုပဲ အလိုရှိပါတယ်။ အဲလို့ဗျင်းလို့ တာဝန်ခံရရင် လည်း အနည်းဆုံး တပ်မတော်က အနားယူရုံပေါ့။ ရန်သူလက်ထဲ အဖမ်းခံရတာစာရင် ကိုယ်က အရင်ဗျင်းတာမျိုးပဲ သဘောကျပါတယ်။
(နရီမိုး)