တပ်ကြပ်ကြီးဖိုးကွန်း ✍✍✍


Kanal geosi va tili: Butun dunyo, Inglizcha
Toifa: Telegram


Похожие каналы

Kanal geosi va tili
Butun dunyo, Inglizcha
Statistika
Postlar filtri


မင်္ဂလာနံနက်ခင်းပါ
ကာယစိတ္တ သုခနှစ်ဖြာ ပြည့်စုံစွာဖြင့် ရင်မှာအေးချမ်း ဘေးမသန်းဘဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ ခင်ဗျာ🙏🙏🙏---


ပြတ်သားတဲ့ Road Map ချပြသင့်ပြီ ထင်ပါတယ်။ ဘာဆက်လုပ်မလဲ ဆိုတဲ့ Plan ပါ။ ရခိုင်ပြည်နယ်က မြို့တော်တော်များများ သိမ်းပိုက်ပြီးတဲ့အချိန် နိုင်ငံရေး ဆွေးနွေးမယ်ဆိုတဲ့ အကွက် ခင်းလာခဲ့ပြီ။ ရှေ့မှာ တရုတ်ဖိအားကြောင့် MNDAA နဲ့ TNLA ကလည်း စာထုတ်ပြန်ထားတယ်။ ဒါပေမယ့် တပ်ချုပ်ကြီး ပြောတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတော့ မဟုတ်ဘူး။ ဒါ့ကြောင့်လည်း ကူမင်း ဆွေးနွေးပွဲက ပျက်ခဲ့တာလို့ ယူဆတယ်။ ဘယ်သမိုင်း အစဉ်အဆက်မှာမှ တကန့်ပျက်တွေ မပိုင်ဘူးတဲ့ လားရှိုးက ၂၁ ရာစုမှာမှ လက်လွှတ်ပေးရမလိုလို ဖြစ်နေပြီ။ သေချာတာကတော့ နစက နဲ့ မဆွေးနွေးခင်မှာ တရုတ် အနေနဲ့ မြောက်ပိုင်း ၃ ဖွဲ့ + KIA ဆွေးနွေးထားတယ်။ သိပ်တော့ မရိုးရှင်းလှဘူးလို့ပဲ မြင်မိတယ်။ ဒါ့ကြောင့် ပြည်သူတွေက တပ်မတော် ဘာဆက်လုပ်မလဲ ဆိုတာမျိုး သိချင်လွန်းလှတာ မဆန်းဘူး။


မေးချင်တာက တရုတ်နဲ့ မြောက်ပိုင်း ၃ ဖွဲ့ အာဂျင်တာက ဘာလဲ ဆိုတာပါပဲ။ တနေ့က ရေးတဲ့စာလိုပဲ ယာယီ အကျိုးစီးပွားအတွက် Share ကြတော့မှာလား။ လူပိန်းနည်း နားလည်အောင်ပြောရရင် စစ်ပွဲတွေ ရပ်မယ်။ တရုတ် BRI နဲ့ လက်ရှိ EAO သိမ်းထားတဲ့ နယ်မြေတွေကို လက်ခံပေးစေချင်ပုံပဲ။ ဖက်ဒရယ်အရ လူမျိုးစု ပြည်နယ်မှာ လူမျိုးစု တွေကိုယ်တိုင် အုပ်ချုပ်စီမံချင်တာ လက်ခံပေမယ့် လက်နက်ကိုင်ပြီး အုပ်ချုပ်မှတော့ တန်းတူညီမျှမှု လိုချင်လို့ ခေတ်အဆက်ဆက် လက်နက်ကိုင်ခဲ့ရပါတယ်ဆိုတဲ့ စကားတွေနဲ့လည်း ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ဒါဆို အနာဂတ် မြန်မာ့နိုင်ငံရေးဟာ လူမျိုးစုပြည်နယ်တွေမှာ လက်နက်ကိုင်အင်အားစု ကိုယ်စီနဲ့ ဗဟို အစိုးရအာဏာ မသက်ရောက်တဲ့ နိုင်ငံတခုဆီကို ဦးတည် ချီတက်သွားတော့မယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်လာလိမ့်မယ်။


နစက အတွက် မေးခွန်းကတော့ ဒီအခင်းအကျင်းကို လက်ခံမှာလား ဆိုတဲ့ မေးခွန်း ဖြစ်နိုင်လောက်တယ်လို့ တွေးမိတယ်။ တခုတော့ ရှိတယ်။ ဒီအခင်းအကျင်းက ၂၀၀၈ ပေးထားချက်ကို ကျော်လွန်နေတယ်။ နောင်မှာ မလွဲမသွေ သမိုင်းဆိုး တံဆိပ် အကပ်ခံရဖို့ များတယ်လို့ ယူဆတယ်။ ဘယ်ပါတီမှ၊ ဘယ်နိုင်ငံရေးခေါင်းဆောင်မှ တာဝန်ခံမဲ့ အရာ မဟုတ်ဘူး။ အထူးသဖြင့် တပ်မတော်ရဲ့ အရေးကြီးတဲ့ စစ်တိုင်းတွေ ပါထားတယ်။


လက်တလော အဆင်ပြေစေချင်ရုံလောက်နဲ့တော့ စစ်ပွဲကို ဒီပုံစံမျိုး မရပ်စေချင်ဘူး။ ရပ်ခဲ့ရရင်တောင် ဘာကတိကဝတ်မှမပေးမိစေနဲ့လို့ မျှော်လင့်တယ်။ နောင် ကိုယ်ဘက်က အင်အားစုမိကျစ်လစ်ချိန်မှာ ပြန်တိုက်ပေါ့။ လက်ရှိစစ်ပွဲမှာ ရခိုင်ဆိုရင်လည်း ရှိသမျှ ရွာက ရခိုင်လူမျိုးတွေ အကုန်စုတိုက်ကြတာပဲ။ SSPP နဲ့ MNDAA တွေဆို ပိုဆိုး။ လက်ရှိ အသိမ်းခံနယ်မြေတွေကတောင် စစ်မှုထမ်း အတင်းအကြပ် ခေါ်နေတာ ရှိတယ်။ သဘောပေါက်နားလည်စေချင်တာ ကိုယ်တွေက ဒီပြဿနာတွေကို နိုင်ငံရေး Issues လိုမြင်ပေမယ့် EAO တွေက လူမျိုးရေး အကြောင်းပြပြီး ကိုယ့်ပြည်နယ် ကိုယ်ပိုင်တယ်ဆိုတဲ့ ရည်မှန်းချက်ဆိုတာ ရှင်းရှင်းလင်းလင်း သိထားရပါ့မယ်။


အကြံပြုချင်တာက ....တပ်မတော်အင်အားကောင်းအောင် စစ်မှုထမ်း အခွင့်အရေးကို ပြည့်ပြည့်ဝဝ မြှင့်တင်ပေးလိုက်ပါ။ ပြည်သူ့စစ်ဥပဒေအရ ဝင်လာသမျှ စစ်သည်တိုင်းကို စည်းလုံးအောင် ကျစ်ကျစ်လစ်လစ် ပြန်တည်ဆောက်ပါ။ အဓိက ခံစားခွင့်နဲ့ အခွင့်အရေးကို အပြည့်အဝပေးပါ။ စစ်မှုထမ်းဥပဒေအရ ဆိုတာထက် လိုလိုလားလား ဝင်ရောက်လာအောင် ဆွဲဆောင်စည်းရုံးပါ။ ဒီဥပဒေအရ ၂ နှစ်ပြည့်ရင် ဆန္ဒမရှိတဲ့သူမှန်သမျှ ထွက်ခွင့်ပြုကြောင်းကိုပါ တပါတည်း ကြေငြာပေးပါ။ စစ်မှုထမ်းပြီးသား သူတွေကို ဘယ်လို အာမခံပေးတယ်။ ဘယ်လို မက်လုံးနဲ့ တိုင်းပြည်က စောင့်ရှောက်တယ်ဆိုတာမျိုး အကျိုးခံစားခွင့်ပေးပါ။ EAO အောက်က ဆန္ဒမရှိတဲ့ သူတွေကိုလည်း ကန့်သတ်ထားတဲ့ ဥပဒေတွေ ပယ်ဖျက်ပြီး အကာအကွယ်ပေးလိုက်ပါ။ ကြိုဆို လက်ခံလိုက်ပါ။ ဒေသန္တရ ပြည်သူ့စစ်တွေကို နယ်မြေခံ တပ်တွေနဲ့ ပေါင်းစပ်ပြီး လက်နက်ခဲယမ်းတပ်ဆင်ပါ။ ဥပဒေ အကာအကွယ်ပြုပြီး လုပ်စားတဲ့ တာဝန်ရှိသူ အဆင့်ဆင့်ကိုလည်း ထိုက်ထိုက်တန်တန် အရေးယူပါ။ စစ်သားစိတ် ပီပီသသ တောင်းဆို ဆန္ဒပြုသူတွေကို အဆင့်တိုးပေးပြီး ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးပါ။


နောက်ထပ် လိုအပ်ရင်လည်း အာဏာသိမ်းပြီး ၂၀၀၈ အရ ပေးထားတဲ့ ပြည်နယ် နယ်နမိတ်တွေ ပယ်ဖျက်လိုက်ပါ။ အကုန် အသစ်က ပြန်စကြတာပေါ့။ နိုင်ငံတခုရဲ့ တပ်မတော်က အင်အားချိနဲ့ နေလို့မှ မရပဲလေ။


(နရီမိုး)


ဟန်ငြိမ်းဦး✍ dan repost
ရခိုင်ပြည်နယ်ရှိ ရခိုင်တိုင်းရင်းသားတွေကို ဆင်းရဲဒုက္ခတွင်းထဲ အရောက်ပို့ပြီးမှ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း မြောက်ပိုင်းလက်နက်ကိုင်သူပုန်များနည်းတူ အကြမ်းဖက် သူပုန် AA ဓာတ်ခဲမှ သတင်းထုတ်ပြန်

*သိမ်းတုန်းက သိမ်းပီး မထိန်းနိုင်တော့မှ ဒီလိုစကားထွက်လာတာ*
ပေါ ကားရိုက်စားရင်တော်တော်ပေါက်မယ်


ပုပ္ပါးတောင်မကြီးက လုံခြုံရေး စစ်သည်တွေ ဖြစ်တဲ့ ကိစ္စ က အရေးကြီးပါတယ်။ ဒါက တပြည်လုံးမှာရှိတဲ့ လုံခြုံရေး စခန်းတွေဟာ စစ်ရေး အသိ၊ သတိ ရှိရမယ်ဆိုတဲ့ လုံခြုံရေး သတိပေးချက် ခေါင်းလောင်းသံပါ။ ၂၀၂၁ ကတည်းက ဖြစ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုဟာ ခုထိ မပြီးဆုံးသေးဘူးဆိုတဲ့အချက်ကို လက်နက်ကိုင်ထားကြတဲ့ လုံခြုံရေး တာဝန်ရှိမောင်တွေ သတိရှိဖို့ လိုပါတယ်။ မြေပြင်တပ်နယ်မှူးတွေအနေနဲ့ စခန်းငယ်တွေကို စုစည်းတာ၊ လိုအပ်ရင် ပစ်မိန့်တခါတည်း ပြတ်ပြတ်သားသား ပေးဖို့ လိုအပ်ပါတယ်။

------
နယ်စပ် EAO ကလွဲရင် ရန်သူဟာ ပြည်သူကြားမှာ အရပ်ဝတ်နဲ့ နေကြတယ်။ တပ်မတော်က ဖိဖိစီးစီးကိုင်တွယ်ရင် အရပ်သားလို့ အော်တယ်။ ဥပမာ အမြန်လမ်းပေါ်တက်လာတဲ့ နွားထိုးကြီး ပြဿနာက အလားတူ ဖြစ်စဉ်ပါပဲ။ ဒီလိုပဲ ကျောက်ပန်းတောင်းကနေ ၁၅ မိုင်ပတ်လည်မှာ ရှိတဲ့ ပုပ္ပါးတောင်ကိစ္စကလည်း ဒီနယ်မြေရဲ့ အတွင်းသိအဖွဲ့က လုံခြုံရေး အခြေအနေကို အတိအကျ လေ့လာပြီးမှ လုပ်တာလို့ပဲ ယူဆရမှာပါ။
-------
မပြောချင်ပေမယ့် လက်ရှိအချိန်မှာ အဓိက ထားပြောရမယ့် အရေးကတော့ EAO တွေရဲ့ ကွန်ဖက်ထရိတ် ဆန်ဆန် လက်နက်ကိုင် နယ်မြေချဲ့မှုတွေပါပဲ။ ရခိုင်ကလည်း ရခိုင်အလျောက် ၊ ကချင်အပါအဝင် ၊ရှမ်းမြောက်နဲ့ ကရင် အရေးဟာ ထင်သလောက် မရိုးရှင်းနေပါဘူး။ ဒါကို တိုင်းရင်းသား တန်းတူညီမျှရေး စကားလုံးနဲ့ ဝါးချလို့မရဘူး။ တပ်မတော် အားမကောင်းရင် လက်ရှိ မိုးမိတ်၊ မိုးကုတ်က ပြည်သူတွေလို EAO အောက်က ပြည်သူတွေဟာ ဒီမိုကရေစီကျင့်ဝတ်မဲ့တဲ့ အုပ်ချုပ်မှုအောက်မှာ ရှင်သန်ကြရလိမ့်မယ်။ EAO တွေ အားကောင်းပြီး ဖက်ဒရယ်တပ်ပေါင်းစု ဖြစ်ရေး အသွင်ကို အစပြုနေပြီဆိုတာ သိမြင်ဖို့ လိုပါတယ်။
------

ဒါ့ကြောင့်လည်း လက်ရှိ အညာဒေသမှာ NUG ဦးဆောင်မှုအောက်မပါတဲ့ ဗမာ PDF တွေရဲ့ ကွဲပြားမှုကို EAO တွေကိုယ်တိုင်အကျိုးရှိရှိ အသုံးချနေကြတာ တွေ့ရလိမ့်မယ်။ တနည်းအားဖြင့် EAO တွေ လိုချင်တဲ့ နယ်မြေပိုင်ဆိုင်မှုကို ဗမာ PDF တွေက အသက်ပေး စတေး နေရတာကလည်း ရင်နာစရာပဲ။ သေချာတာကတော့ ....ဗမာလူမျိုးစုဟာ စုစည်းမှု မရှိတဲ့ ဝါးအစည်းပြေ သဏ္ဍန် ဖြစ်နေတာကတော့ အသေအချာဆိုတာ တွေ့ရလိမ့်မယ်။
------
သိပ်လည်း မပေါ့ကြပါနဲ့။ တရားဥပဒေ စိုးမိုးမှုမရှိရင် လက်ရှိ မုံရွာလိုမျိုး ပြန်ပေးဆွဲ လူသတ်မှုတွေ၊ မန္တလေး မြို့ပေါ်လို ရွှေဆိုင်ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်တွေ ခပ်စိတ်စိတ် ဖြစ်လာပါလိမ့်မယ်ဆိုတာ ဗေဒင်မေးတာထက် ပိုသေချာတာမျိုး ကြုံရပါလိမ့်မယ်။


(နရီမိုး)


မှိုင်းဝေ dan repost
ဘန်ကောက်ကနေ တောင်ကိုရီးယားကို ပျံသန်းခဲ့တဲ့ Boeing 737 လေယာဉ်ဟာ ဒီနေ့မနက်ပိုင်း Muan လေဆိပ်ကို ဆင်းသက်ရာမှာ ဘီးချမရတဲ့ ပြသနာဖြစ်ပွားခဲ့ပြီး လေယာဉ်ကွင်းခြံစည်းရိုးကို ဝင်တိုက်မိကာ ပေါက်ကွဲခဲ့။

ပေါက်ကွဲမှုကြောင့် ခရီးသည်ပေါင်း ၂၇ ဦးအထိ သေဆုံးခဲ့ပြီး ၂ ဦးကိုတော့ ကယ်တင်ထားနိုင်သလို ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်းသိရ။


မှိုင်းဝေ


KO CHIT (MDY) dan repost
Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
ပြီးမှ သာသနိကအဆောက်အဦးတွေကို ဗုံးကျဲနေပါတယ်ဆိုပြီး အော်မှာစိုးလို့ သက်သေအနေနဲ့တင်ထားတာ


ခုရက်ပိုင်း တွေးနေမိတာကတော့ ....ဗန်းမော် မထိန်းနိုင်ရင် မြစ်ကြီးနားက အန္တရာယ်ဇုံ ရောက်ပါလိမ့်မယ်ဆိုတဲ့ အကြောင်းပဲ။ အဲ့ဒီအခါ KIA က မြစ်ကြီးနားကို ရည်မှန်းချက်ထားပြီး ရှိသမျှ အရင်းအမြစ်အကုန်သုံးပြီး တိုက်ပါလိမ့်မယ်။ ဒီလို တိုက်နိုင်အောင်လည်း ရှေ့မှာ လေဆိပ်ရှိတဲ့ သံတွဲဟာ AA လက်အောက်၊ လားရှ်ိုးက MNDAA လက်အောက် ရောက်လို့ နေပြီးပါပြီ။ မြစ်ကြီးနားကို ဘယ်လို ကာမလဲ ။ ဘယ်လို အစီအမံ ရှိထားပြီးပြီလဲ။ ဒါ မဖြစ်မနေ ကြိုတွေးထားရတော့မယ့် ကိစ္စဖြစ်လာပြီ။


တပ်ဟာ အရင်အစိုးရလက်ထက်ကတည်းက တဖက်သတ်အပစ်ရပ်ကို အကြိမ် ၂၀ ကျော် ၊ နှစ်နဲ့ဆိုရင်၁၂ လ အထက်ကို အပစ်ရပ်ပေးခဲ့တဲ့ မှတ်တမ်းရှိပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင်လည်း ၁၀၂၇ မတိုင်ခင်အထိ UWSA တပ်ဖွဲ့တွေတောင် နပတ လာပြီး ဆွေးနွေးခဲ့တာတွေရှိပါတယ်။ ဆိုလိုတာက...တပ်ဖက်မှာ ငြိမ်းချမ်းရေး ကိစ္စအတွက် လေးလေးနက်နက်ဆောင်ရွက်ခဲ့ပေမယ့် မြောက်ပိုင်းအဖွဲ့တွေမှာတော့ ၁၀၂၇ မာစတာ Plan ရှိနေတာတောင် နပတ အထိ လာပြီး ဟန်ပြ ဆွေးနွေးခဲ့တာတွေက အတော်လေး လက်ဖျားခါစရာပါပဲ။ သေချာတာကတော့ ငြိမ်းချမ်းရေးဟာ ဟန်ပြစကားလုံးပါပဲ။


ပြီးခဲ့တဲ့ လ တွေမှာ မဲခေါင်-လျန်ချန်းအစည်း အဝေးနဲ့ပတ်သက်ပြီး တပ်ချုပ်ကြီး တရုတ်သွားတယ်။ အစိုးရနဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအပေါ်မှာ Back up အနေနဲ့ ရှိနေပေးမယ်ဆိုတဲ့ စကားကလွဲရင် ကျန်တဲ့ ပူးပေါင်းကူညီမှုတွေ အားနည်းနေသေးသလားဆိုတဲ့ မေးခွန်း ရှိနေပါသေးတယ်။ တရုတ် ရိုးသားဖို့ လိုတယ်ဆိုတဲ့အချက်ရယ်၊ ကိုယ်တွေဘက်ကလည်း ကိုယ်ခံအားကောင်းဖို့ ဒီထက်ပြတ်သားဖို့ လိုတယ်ဆိုတဲ့အချက်ပဲ မြင်မိတယ်။


နှစ် ၅၀ ပြည့် သဝဏ်လွှာမှာ အစိုးရ ဘက်က ငြိမ်းချမ်းရေး လမ်းဖွင့်ထားတယ်ဆိုတာမျိုး ပြောတာ တွေ့ရတယ်။ ခက်တာက .....ဘယ် EAO မှ စိတ်မဝင်စားဘူးဆိုတာကတော့ အရှိတရားပဲ။ စိတ်မဝင်စားတာကလည်း စစ်နိုင်နေတဲ့အကြောင်းတရားက ထီးထီးကြီး ဖြစ်နေတယ်။


ရွေးစရာ သိပ်မရှိတော့ဘူး မြင်ပါတယ်။
လက်ရှိ နာမည်ကြီးနေတဲ့ ဇာတ်ကားထဲက dialogue လိုပဲ။

(၁) နယ်မြေတွေ စွန့်လွှတ်မလား?
(၂) ရန်သူ့ဌာနချုပ်ကို ဗုံးကြဲမလား?

ဒီ နှစ်မျိုးက လက်ရှိ မြန်မာ့နိုင်ငံရေးရဲ့ အဖြေ ဖြစ်လာနိုင်ကောင်းပါတယ်။


(နရီမိုး)


HtayOung(OungMarine) dan repost
(ဒီဇင်ဘာ-၂၉၊ ၂၀၂၄) လူ ၃၈-ဦးသေဆုံးရသည့် အဇာဘိုင်ဂျန်ခရီးသည်တင်လေယာဉ်ပျက်ကျရမှု ရုရှားဒုံး ကျည်ထိမှန်ခြင်းဖြစ်ဖွယ်ရှိကြောင်း သတင်းထွက်ပေါ် #HtayOung, #OungMarine


KO CHIT (MDY) dan repost
#BREAKINGNEWS
****

29.12.2024

မနေ့ည ထိုင်းနိုင်းငံ ဘန်ကောက်ကနေထွက်လာတဲ့ လေယဉ် ဒီမနက် ၉ နာရီ ကိုရီးယားအရောက်မှာပျက်ကျ... ၁၈၁ ယောက်စီးလေယဉ်ဖြစ်ပြီး ...အသေပျောက်မသိရသေး

#crd


KO CHIT (MDY) dan repost
ရွှေနဂါးရွှေဆိုင် ဓါးမြတိုက်သူများ ဖမ်းမိ တဆက်တည် ဆင်ဖြူတော်ငွေလွဲ တိုက်တာပါ ပေါ်ပေါက်

ကနဦး

VDO ပါရှိပါတယ် တင်ပြလို့ရတဲ့အချိန် တင်ပြပါ့မယ်


People Media Myanmar dan repost
AA ထံ ရိက္ခာ ရောက်ရှိရာ လမ်းကြောင်း သစ်


"ဆိပ်ဖြူ-ကန်ဇွန်းမ -ဆော-လောင်းရှည် လမ်း မပွင့် ဆိပ်ဖြူမှ စလင်း သို့ ကုန်များ ပို့နေ ။ စလင်း တွင် လောင်းရှည် နှင့် ဆော ကုန်သည်များ စလင်းမြို့ ၏ ပံ့ပိုးမှု့ဖြင့်စလင်း -လောင်းရှည်- ဆော သို့ ကုန်များ ရောက်နေ။ ဆိပ်ဖြူ - စလင်း ကား များ အထူးစစ်ဆေး ရန်လိုအပ်။ဆိပ်ဖြူ-စလင်း မှတဆင့် ဖြန်ဖြူးနေ။"


ရွှေဘ dan repost
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေဖြင့် မိမိဒေသနှင့် မိမိလူမျိုးအကျိုးကို မျက်ကွယ်ပြုကာ အကြမ်းဖက်လုပ်ရပ်များကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့မြင်နေရကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
======================
နိုင်ငံတော်အတွင်း ဒေသအချို့တွင်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းများဖြင့်ဖြေရှင်းရန် ဖိတ်ခေါ်ထားရှိပြီးဖြစ်ပါကြောင်း၊ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေဖြင့် မိမိဒေသနှင့် မိမိလူမျိုးအကျိုးကို မျက်ကွယ်ပြုကာ အကြမ်းဖက်လုပ်ရပ်များကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့မြင်နေရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် နှစ်(၅၀)ပြည့် ရွှေရတုအာခါအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။


အေးချမ်းသာယာကျက်သရေဖြာမင်္ဂလာရှိသော နေ့သစ်ဖြစ်ကြပါစေခင်ဗျာ---


မင်္ဂလာနံနက်ခင်းပါ
ကာယစိတ္တ သုခနှစ်ဖြာ ပြည့်စုံစွာဖြင့် ရင်မှာအေးချမ်း ဘေးမသန်းဘဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ ခင်ဗျာ🙏🙏🙏---


ဖက်ဒရယ်အရ ပြောပြော၊ လူမျိုးစုတွေဟာ သူတို့ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ဓလေ့ထုံးတမ်းအစဉ်အလာကို ကိုယ်တိုင်စီမံချင်လို့ပါလို့ ဆိုဆို....ဘယ်ခေါင်းစဉ်နဲ့ သတ်မှတ် သတ်မှတ် ဒီလိုလားချက်ဟာ တရားတယ်။


သို့သော် ဒီလူမျိုးစုတွေရဲ့ အုပ်ချုပ်သူဟာ ဒီမိုကရေစီအရ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်ပဲ ဖြစ်ရမယ်။ လက်နက်ကိုင်ပြီး အဖ ရခိုင်ပြည်လိုလို ပြန်လွမ်းနေလို့မရဘူး။ ဘယ်ပြည်နယ်မှာမှ လူမျိုးစု တစ်စုတည်း သီးသန့်နေထိုင်တာမျိုးလည်း ဒီဘက်ခေတ်မှာ မရှိတော့ဘူး။


ဒီလို အခြေအနေမျိုး အထိ မရောက်သေးပဲ၊ ဖက်ဒရယ်ခေါင်းစဉ်တပ်ပြီး လက်နက်ကိုင် တစုဆီမှာ အကျိုးစီးပွားအရ Share လုပ်ချင်တာဟာ အမေရိကန် လိုချင်တဲ့ Federal Army တပ်ပေါင်းစု သဏ္ဍန် ဖြစ်သွားလိမ့်မယ်။ ဒဲ့ပြောရရင် တပ်မတော်ဆိုတဲ့ နိုင်ငံတခုရဲ့ တပ်မတော်က အားမကောင်းတော့လို့ သူပုန်လက်နက်ကိုင် တွေနဲ့ အကျိုးတူပူးပေါင်းပြီး Resources တွေကို ရှယ်လုပ်တဲ့ သဏ္ဍန်ပဲ ဖြစ်သွားလိမ့်မယ်။


ဒါ့ကြောင့်လည်း တရုတ်က EAo တွေကို လက်နက်ဖြုတ်သိမ်းပြီး နိုင်ငံရေး အရ ညှိနှိုင်းဖို့ အထိ မဆွေးနွေးပဲ ၊ တပ်မတော်ကို နိုင်ငံတခုလုံးစာရဲ့ စီးပွားရေးကို အကြောင်းပြပြီး ခုတုံး လုပ်နေတာလို့ပဲ မြင်မိတယ်။ သဘောက မင်းရဲ့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ ငါကြားဝင်ပေးမယ်။ အကျိုးစီးပွားကို မင်းတို့ ရှယ်ကြဆိုတဲ့ သဘော သက်ရောက်တယ်။ ဒါက ဖက်ဒရယ်အရလည်း မမည်ဘူး။ လက်နက်ကိုင်ပဋိပက္ခလည်း မချုပ်ငြိမ်းဘူး။

အပိုဒ် ၁ မှာ ဆိုခဲ့သလို ပြည်နယ်လူမျိုးစုတွေရဲ့ အခွင့်အလမ်းတွေကို ဖွဲ့စည်း ပုံ က အာမခံပေးရမှာ ဖြစ်သလို လိုအပ်တဲ့ တန်းတူညီမျှမှုကိုရရင် လက်နက်ဖြုတ်သိမ်းပြီး ရွေးကောက်ခံ ပြည်နယ်ကိုယ်စားပြုကို မသွားနိုင်သေးခင်သမျှကာလပတ်လုံး.......ဘယ် EAO တွေကိုမှ လက်ခံဆွေးနွေးစရာ မလိုဘူး ဆိုတဲ့ အသိ ရှိဖို့ လိုအပ်တယ်။ မဟုတ်ရင် စစ်ဘုရင်ဝါဒအားကောင်းပြီး ဗဟိုအစိုးရ အာဏာစက်မရှိတဲ့ ကွန်ဖက်ထရိတ် အစိုးရအင်အားစုတွေသာ အားကောင်းလာလိမ့်မယ်။


(နရီမိုး)


လက်ရှိသိမ်းထားခံရတဲ့နေရာတွေ မဆုတ်ပေးရင် ဘာဆွေးနွေးပွဲမှ မလုပ်နဲ့။ ၂၀၂၅ ထဲ ရွေးကောက်ပွဲ သေချာရင် တနှစ်လောက်နဲ့တော့ ငတ်မသေဘူး။ ရေလမ်းကသာ သုံး။


တရုတ်သွားမယ့် လမ်းမှာ လမ်းဖြစ်ရုံ ဆိုရုံလောက် အခွန် ခွဲ‌ယူကြေးသာဆိုရင် လက်နက်ကိုင်ပဋိပက္ခ ထပ်ဖြစ်မှာ အသေအချာပဲ။ ဒီကြားထဲ အပစ်ရပ်ရင် တောင် လူအင်အား ဖြည့်လို့ကောင်းအောင်၊ စစ်အင်အား ဖြည့်လို့ရအောင် လုပ်တာလို့ပဲ မြင်မိတယ်။ ဒါ့ထက်အရေးကြီးတာက ဒီနယ်မြေတွေ မပါသွားရလေအောင် အသက်ပေးတိုက်ခဲ့တဲ့ စစ်သည်တွေရဲ့ သစ္စာနဲ့ မျက်နှာကို ကြည့်ရမယ်။


ကုန်သွယ်ရေး ဖွင့်ချင်တယ်မလား။ နဂိုအတိုင်း ပြန်ဆုတ်။ ပြည်နယ် လိုချင်ရင် ၂၀၀၈ မှာ နည်းဥပဒေရှိတယ်။ လုပ်ထုံး လုပ်နည်း ရှိတယ်။ ဒါကို လက်ရှိနိုငိငံရေး ပါတီတွေကလည်း အသံထွက်ရမယ်။ တချို့သော စခန်း တွေဟာ နယ်စပ်မျဉ်းပေါ် ရှိလို့ နှစ်နိုင်ငံ အချုပ်အခြာကို ငဲ့ရတာမျိုးဆို ထားတော့။ ပလောင်နဲ့ ရခိုင်က ဘယ်သူ့ အားနာစရာ ရှိလို့လဲ။


လူအင်အား မလိုဘူး။ အားနေရင် လေယာဉ်သံကိုပါကြောက်နေရအောင် လုပ်လို့ရတယ်။ ခက်တာက နယ်စပ် မပြောနဲ့။ မြင်းခြံ-တောင်သာ တဝိုက်က အညာ နွားထိုးကြီး PDF တွေရဲ့ အမြန်လမ်းကို ရန်လာရှာတာတောင် ခံနေရတာတော့ သိပ်မကောင်းလှပေဘူး။


နယ်စပ်ကုန်သွယ်ရေးပွင့်ရုံလောက်နဲ့ အပစ်အခတ်ရပ်ရင်တော့...EAO သိမ်းထားတဲ့ နယ်မြေတွေဟာ ဖက်ဒရယ်ခေါင်းချိတ်ပြီး ကွန်ဖက်ထရိတ်သွားမယ့် လမ်းစပဲလို့ မြင်မိတယ်။


(နရီမိုး)


ပျော်ရွှင်လန်းဆန်းဘေးမသန်းအေးချမ်းသာယာကျက်သရေဖြာမင်္ဂလာရှိသောနေ့သစ်ဖြစ်ကြပါစေခင်ဗျာ🙏🙏🙏


ဒီဘက်လူကြီးတွေဆီရဲ့ အတွေးထဲမှာ လူမျိုးရေးပဋိပက္ခအထိ ဦးတည်မယ်ဆိုတဲ့ ပညာရှိတွေရဲ့ စကားသံတွေ နားထဲ ရောက်တယ်ထင်ပါတယ်။ အဓိကကတော့ နာမည်ပျက်မှာ၊ ထိုးချခံရမှာ ၊လူမျိုရေး နှိမ်နင်း နေပါတယ်ဆိုတဲ့ စကားသံတွေကို မရင် ဆိုင်လိုဘူးလို့ပဲ တွေးမိပါတယ်။ ဒါပေမယ့် ဒါက နိုင်ငံရေး အတွက်ဆိုရင်တော့ မှန်ကောင်း မှန်နိုင် ပေမယ့် တကယ့် စစ်မြေပြင်မှာ အသက်ပေးပြီး ကာကွယ်နေတဲ့ စစ်သည်တွေ အတွက် ကျတော့ ရာနှုန်းပြည့် မမှန်တော့ပါဘူး။ ဒါကပဲ ရေပက်မဝင်တဲ့ စည်းရုံးရေးကို နည်းမျိုးစုံ နဲ့ထိုးချဖို့ အကြောင်းတရား ရသွားခဲ့တယ်လို့ပဲ မြင်မိတယ်။
----
ဆိုပါစို့။ ရန်သူဟာ ဒီနယ်မြေတွေ ရဖို့အတွက် လုပ်သင့်တာမှန်သမျှ အကုန်လုပ်တယ်။ လိုအပ်ရင် စစ်ကူမလာနိုင်ဖို့ တံတားချိုးသင့်ရင်ချိုးတယ်။ အရပ်ဖက်ဝန်ထမ်းတွေ ပြန်ပေးဆွဲပြီး ဓားစာခံ လုပ်တာမျိုးလည်း လုပ်တယ်။ ဒါက လွိုင်ကော်မှာ တက္ကသိုလ် ပညာရေးဝန်ထမ်းတွေ ထင်ထင်ရှားရှားဖြစ်ခဲ့တယ်။ တစ်ခါ…စစ်ကို နိုင်ဖို့အတွက် ရန်သူဟာ ဘာလူမျိုးရေးမှလည်း ခေါင်းထဲထည့်ထားတာမျိုးမရှိဘူး။ ဘာကျင့်ဝတ်မှ လိုက်နာ တာမျိုး မရှိခဲ့ဘူး။ ဥပမာ- လားရှိုး တပ်မတော်ဆေးရုံကို တိုက်တုန်းက စစ်ကို စစ်နဲ့ပဲ ပီပီသသ တိုက်သွားခဲ့တာမျိုး၊ နေ့စဉ် လားရှိုးထဲကို ရှော့တိုက်ဒုံးတွေ အလုံးရေ မရေအတွက်နိုင်အောင် ပစ်ထည့်ခဲ့တာမျိုး။ ရခိုင်မှာဆိုရင်လည်း မိသားစုတွေတင်ပြီး ဆုတ်ခွာလာတဲ့ သင်္ဘောကို မြစ်ထဲ မြုတ်ပစ်လိုက်တာမျိုး။ ဒီဖြစ်စဉ်တွေမှာ ဘက်ပေါင်းစုံ က သတင်း ထုတ်ပြန်ခဲ့တာ လည်း မတွေ့ရဘူး။ နောက်ဆုံး….မှန်၏ / မှား၏ ဆိုတာထက် ဖြစ်စဉ်မှန် ကိုတောင် ချပြတာမျိုး မလုပ်ခဲ့ကြဘူး။ တဖက်မီဒီယာတွေကလည်း တပ်က ဗုံးကြဲမှသာ အပြစ်မဲ့ပြည်သူတွေ သေဆုံးတဲ့ပုံစံမျိုးရေးသားကြပေမယ့် ဒီမြို့ မကျခင် ရန်သူက နည်းမျိုးစုံနဲ့ ရက်ရက်စက်စက် တိုက်ခိုက်ခဲ့တာတွေတော့ မသိမသာ ဖာထေး ပေးခဲ့ကြတယ်။
--------
ကိုယ်က ဘာကို စိတ်ပူသလဲဆိုတော့ နယ်စပ်ကုန်သွယ်ရေးတွေ မစီးဆင်းနိုင်သမျှ နှစ်ကြာ လာတာနဲ့ ကြီးမြင့်လာမယ့် အထွေထွေစားသောက်ကုန်စရိတ်ပဲဖြစ်တယ်။ အဓိက နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိတာနဲ့အမျှ အစိုးရမှာ အခွန်ကောက်ခံမှု လျော့နည်းလာ လိမ့်မယ်။ တမူးနယ်စပ်၊ မောင်တောကုန်သွယ်ရေး၊ ရှမ်းမြောက်ကုန်သွယ်ရေးနဲ့ မြဝတီ နယ်စပ်ဂိတ်တွေကို EAO တွေထိန်းချုပ်လာတာနဲ့အမျှ အစိုးရဟာ ရေကြောင်း ကုန်သွယ်ရေးတစ်ခုတည်းကိုပဲ အားထားနေရလိမ့်မယ်။ ဒီလမ်းကြောင်းတွေပေါ်က တရားမဝင် ကုန်သွယ်မှုကိုလည်း မထိန်းချုပ်နိုင်ဘူးဆိုရင်…တိုင်းပြည်စီးပွားရေး အတွက် စိတ်ပူရလိမ့်မယ်။ ဒါက စစ်ပွဲထက် ပိုတဲ့ အထွေထွေအကြပ်အတည်းဆီ ဦးတည်သွား လိမ့်မယ်။
----------
ကိုယ်တွေ မျှော်လင့်မိတာကတော့ လူမျိုးရေးဦးတည်တဲ့ လူမျိုးစု ကို ဖိနှိပ်တဲ့ စစ်ပွဲမျိုး တော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီအကြမ်းဖက်တွေကြောင့် မြို့ရွာတွေ မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေဆိုးကြီးရယ်၊ ဘယ်အစိုးရတက်တက် အသက်ပေးပြီး ကာကွယ်ရတဲ့ ကိုယ်တွေ အဖွဲ့အစည်းကို ဂုဏ်သိက္ခာမရှိတော့တဲ့ အဖွဲ့အစည်းပုံစံမျိုးနဲ့ ပုံဖော်နေတာမျိုး တွေကို လက်သင့်မခံနိုင်တဲ့ စိတ်ကြောင့်သာ ဖြစ်တယ်။ ကုန်ကုန်ပြောရရင်….နယ်မြေပေး လိုက်လျောပြီး ငြိမ်းချမ်းရေး ဆွေးနွေးကြလည်း အတောမသတ်နိုင်တဲ့ လောဘတွေကို ဘယ်သူတွေက အာမခံ ပေးနိုင်ကြမလဲ။ ဥပမာ UWSA လိုမျိုး။ ဒါက သားစဉ် မြေးမြစ်ထိတိုင်အောင် အမြစ်တွယ်စေတဲ့ စစ်ပွဲအကြောင်းတရားတွေပဲ။ ဒီနိုင်ငံမှာ…. နောက်ဆုံး တပ်မတော် မရှိတော့ဘူးဆိုရင်တောင် လက်ရှိဖြစ်နေတဲ့ EAO အချင်းချင်း ကြားက အကျိုးစီးပွားနွယ်တဲ့ ပဋိပက္ခတွေက ဆက်ပြီး ဖြစ်နေဦးမှာပဲ။
-----
တကယ့်ကို ပြတ်ပြတ်သားသား ဖြေရှင်းနိုင်တဲ့ အခြေအနေမျိုး ရောက်ပါစေလို့ပဲ မျှော်လင့် ပါတယ်။
(နရီမိုး)


မင်္ဂလာနံနက်ခင်းလေးပါခင်ဗျာ။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်၊၁၃၈၆ ခုနှစ်၊နတ်တော်လပြည့်ကျော် ၁၁ရက် ၊ကြာသာပတေးနေ့။

ကျွန်တော်၏
မိဘဆရာသမားများ၊ ညီအစ်ကိုမောင်နှမဆွေမျိုးသားချင်းများ၊ မိတ်ဆွေသူငယ်ချင်းများ၊လုပ်ဖော်ကိုင်ဖက်များနှင့်တကွ မိမိအားစောင့်ရှောက်ခဲ့ပြီး ကျေးဇူးတရားပြုခဲ့သူများအားလုံး

အောင်အတိတ်
အောင်နိမိတ်များဖြင့်
တွေ့ကြုံရသော
နေ့လေးဖြစ်ပါစေ။

ကောင်းခြင်းမင်္ဂလာများနှင့်ပြည်စုံပါစေ။

သက်ရှည်ကျန်းမာဘေးရန်ကွာ၍ ကပ်ကြီးသုံးပါးကျော်နင်းနိုင်ပါစေ။

ရန်သူမျိုးငါးပါး နှိပ်စက်ခြင်းဘေးရန်မှကင်းဝေး၍ ကောင်းကျိုးချမ်းသာများရရှိခံစားရပါစေ။

အလုပ်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းများအစစအရာရာ
အဆင်ပြေချောမွေ့အောင်မြင်ပါစေ။

မိသားစုဝင်များအားလုံး
ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာပြီးချမ်းမြေ့ပျော်ရွှင်ကြပါစေ။

မေတ္တာများစွာဖြင့်
ဆုတောင်းပေးအပ်ပါတယ်
ခင်ဗျား 🙏🙏🙏


ကြည်လင်ရွှင်လန်းစိတ်အေးချမ်း၍ ပြုံးပန်းဝေဆာ သုခဖြာမင်္ဂလာရှိသောနေ့သစ်ဖြစ်ကြပါစေခင်ဗျာ🙏🙏🙏.

20 ta oxirgi post ko‘rsatilgan.