တရုတ်မှာ လုပ်တဲ့ ကူမင်းဆွေးနွေးပွဲမှာ ဟိုက်ဂင်အခြေအနေလောက်အထိ တပ်က လက်ခံပြီး လားရှိုး ပြန်ပေးဖို့ တောင်းတဲ့အခြေအနေကို MNDAA က လက်မခံဘူးလို့ ရေးတာတွေ့ရတယ်။ ဒီအခြေအနေကို ကို့ကန့်တွေက ဘာလို့ လက်မခံလည်း ဆိုတော့ စစ်နိုင်ထားတဲ့ အပေါ်စီးက ရှိနေလို့ပဲ လို့ ယေဘုယျ ဆိုရမယ်။ ဒီကာလမှာ အရင်က ခပ်စိပ်စိပ် ဗုံးကျဲခဲ့တဲ့ လေကြောင်းချီ ထိုးစစ်တွေလည်း တပါတ်လောက်အတွင်းမှာ အကုန်ရပ်သွားကြတယ်။ သဘောက ....ဒီဆွေးနွေးပွဲကို လိုတာထက် ပိုပြီး တပ် ဘက်က စည်းကမ်းရှိပြခဲ့သလိုပါပဲ။
ကိုးကန့်က ဆွေးနွေးပွဲကို လှန့်ပြတဲ့အခြေအနေမှာ AA က အမ်းကို ရအောင် ထိုးစစ်ဆင်သွားတယ်။ အမ်းဟာ ဒုတိယ တိုင်းစစ်ဌာနချုပ်ကျတဲ့ စာရင်း ဝင်သွားတယ်။ ခုချိန် အရေးကြီးတယ်လို့ သတိပေးချင်တာက ဗန်းမော်နဲ့ မြစ်ကြီးနားပဲ။ ဆိုခဲ့သလို ဗန်းမော်ဟာ မြစ်ကြီးနားအတွက် အရေးအကြီးဆုံး အထောက်အကူပြု နယ်မြေပါ။ ဒီလောက်ဆို မြင်သာမယ်ထင်ပါတယ်။
နောက်တချက်သတိပေးချင်တာက မွန်တပ်ဖွဲ့ ပေါင်းသွားတဲ့ကိစ္စပါ။ ဒါက ရတခ အတွက် သတိပေးချက်ဆိုတာ သိရင် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ပါပြီ။
EAo တဖွဲ့ဖွဲ့ကို ပြင်းပြင်းထန်ထန် လုပ်မပြရင်.....နောင်အလားတူ ကိစ္စ တွေ ထပ်လာဖို့ တွန်းအားပေးသလို ဖြစ်သွားပါလိမ့်မယ်။ နောက်တချက်က လက်ရှိ ညှိ/ကွပ် ကို ဧရာဝတီလို သတင်းဌာနတွေက စတင်ပုံဖျက်တဲ့ သတင်းတွေပါ။ ဒါက ညှိ/ကွပ် တယောက်အတွက် ပုံရိပ်မကောင်းစေပါဘူး။ သာမန် ပုံဖျက်ခြင်းလို့ မမြင်စေချင်ပါဘူး။ စစ်သားတယောက်ဟာ ဘယ်လက်ရုံး တပ်ဖွဲ့ဝင် ဖြစ်ပါစေ ယူနီဖောင်း ဝတ်ထားရင် စစ်သားပါပဲ။ နဂါးမှန်းသိအောင် အမောက်ထောင်ပြစေချင်မိပါတယ်။
(နရီမိုး)