ဖက်ဒရယ်အရ ပြောပြော၊ လူမျိုးစုတွေဟာ သူတို့ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ဓလေ့ထုံးတမ်းအစဉ်အလာကို ကိုယ်တိုင်စီမံချင်လို့ပါလို့ ဆိုဆို....ဘယ်ခေါင်းစဉ်နဲ့ သတ်မှတ် သတ်မှတ် ဒီလိုလားချက်ဟာ တရားတယ်။
သို့သော် ဒီလူမျိုးစုတွေရဲ့ အုပ်ချုပ်သူဟာ ဒီမိုကရေစီအရ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်ပဲ ဖြစ်ရမယ်။ လက်နက်ကိုင်ပြီး အဖ ရခိုင်ပြည်လိုလို ပြန်လွမ်းနေလို့မရဘူး။ ဘယ်ပြည်နယ်မှာမှ လူမျိုးစု တစ်စုတည်း သီးသန့်နေထိုင်တာမျိုးလည်း ဒီဘက်ခေတ်မှာ မရှိတော့ဘူး။
ဒီလို အခြေအနေမျိုး အထိ မရောက်သေးပဲ၊ ဖက်ဒရယ်ခေါင်းစဉ်တပ်ပြီး လက်နက်ကိုင် တစုဆီမှာ အကျိုးစီးပွားအရ Share လုပ်ချင်တာဟာ အမေရိကန် လိုချင်တဲ့ Federal Army တပ်ပေါင်းစု သဏ္ဍန် ဖြစ်သွားလိမ့်မယ်။ ဒဲ့ပြောရရင် တပ်မတော်ဆိုတဲ့ နိုင်ငံတခုရဲ့ တပ်မတော်က အားမကောင်းတော့လို့ သူပုန်လက်နက်ကိုင် တွေနဲ့ အကျိုးတူပူးပေါင်းပြီး Resources တွေကို ရှယ်လုပ်တဲ့ သဏ္ဍန်ပဲ ဖြစ်သွားလိမ့်မယ်။
ဒါ့ကြောင့်လည်း တရုတ်က EAo တွေကို လက်နက်ဖြုတ်သိမ်းပြီး နိုင်ငံရေး အရ ညှိနှိုင်းဖို့ အထိ မဆွေးနွေးပဲ ၊ တပ်မတော်ကို နိုင်ငံတခုလုံးစာရဲ့ စီးပွားရေးကို အကြောင်းပြပြီး ခုတုံး လုပ်နေတာလို့ပဲ မြင်မိတယ်။ သဘောက မင်းရဲ့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ ငါကြားဝင်ပေးမယ်။ အကျိုးစီးပွားကို မင်းတို့ ရှယ်ကြဆိုတဲ့ သဘော သက်ရောက်တယ်။ ဒါက ဖက်ဒရယ်အရလည်း မမည်ဘူး။ လက်နက်ကိုင်ပဋိပက္ခလည်း မချုပ်ငြိမ်းဘူး။
အပိုဒ် ၁ မှာ ဆိုခဲ့သလို ပြည်နယ်လူမျိုးစုတွေရဲ့ အခွင့်အလမ်းတွေကို ဖွဲ့စည်း ပုံ က အာမခံပေးရမှာ ဖြစ်သလို လိုအပ်တဲ့ တန်းတူညီမျှမှုကိုရရင် လက်နက်ဖြုတ်သိမ်းပြီး ရွေးကောက်ခံ ပြည်နယ်ကိုယ်စားပြုကို မသွားနိုင်သေးခင်သမျှကာလပတ်လုံး.......ဘယ် EAO တွေကိုမှ လက်ခံဆွေးနွေးစရာ မလိုဘူး ဆိုတဲ့ အသိ ရှိဖို့ လိုအပ်တယ်။ မဟုတ်ရင် စစ်ဘုရင်ဝါဒအားကောင်းပြီး ဗဟိုအစိုးရ အာဏာစက်မရှိတဲ့ ကွန်ဖက်ထရိတ် အစိုးရအင်အားစုတွေသာ အားကောင်းလာလိမ့်မယ်။
(နရီမိုး)