ခုရက်ပိုင်း တွေးနေမိတာကတော့ ....ဗန်းမော် မထိန်းနိုင်ရင် မြစ်ကြီးနားက အန္တရာယ်ဇုံ ရောက်ပါလိမ့်မယ်ဆိုတဲ့ အကြောင်းပဲ။ အဲ့ဒီအခါ KIA က မြစ်ကြီးနားကို ရည်မှန်းချက်ထားပြီး ရှိသမျှ အရင်းအမြစ်အကုန်သုံးပြီး တိုက်ပါလိမ့်မယ်။ ဒီလို တိုက်နိုင်အောင်လည်း ရှေ့မှာ လေဆိပ်ရှိတဲ့ သံတွဲဟာ AA လက်အောက်၊ လားရှ်ိုးက MNDAA လက်အောက် ရောက်လို့ နေပြီးပါပြီ။ မြစ်ကြီးနားကို ဘယ်လို ကာမလဲ ။ ဘယ်လို အစီအမံ ရှိထားပြီးပြီလဲ။ ဒါ မဖြစ်မနေ ကြိုတွေးထားရတော့မယ့် ကိစ္စဖြစ်လာပြီ။
တပ်ဟာ အရင်အစိုးရလက်ထက်ကတည်းက တဖက်သတ်အပစ်ရပ်ကို အကြိမ် ၂၀ ကျော် ၊ နှစ်နဲ့ဆိုရင်၁၂ လ အထက်ကို အပစ်ရပ်ပေးခဲ့တဲ့ မှတ်တမ်းရှိပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင်လည်း ၁၀၂၇ မတိုင်ခင်အထိ UWSA တပ်ဖွဲ့တွေတောင် နပတ လာပြီး ဆွေးနွေးခဲ့တာတွေရှိပါတယ်။ ဆိုလိုတာက...တပ်ဖက်မှာ ငြိမ်းချမ်းရေး ကိစ္စအတွက် လေးလေးနက်နက်ဆောင်ရွက်ခဲ့ပေမယ့် မြောက်ပိုင်းအဖွဲ့တွေမှာတော့ ၁၀၂၇ မာစတာ Plan ရှိနေတာတောင် နပတ အထိ လာပြီး ဟန်ပြ ဆွေးနွေးခဲ့တာတွေက အတော်လေး လက်ဖျားခါစရာပါပဲ။ သေချာတာကတော့ ငြိမ်းချမ်းရေးဟာ ဟန်ပြစကားလုံးပါပဲ။
ပြီးခဲ့တဲ့ လ တွေမှာ မဲခေါင်-လျန်ချန်းအစည်း အဝေးနဲ့ပတ်သက်ပြီး တပ်ချုပ်ကြီး တရုတ်သွားတယ်။ အစိုးရနဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအပေါ်မှာ Back up အနေနဲ့ ရှိနေပေးမယ်ဆိုတဲ့ စကားကလွဲရင် ကျန်တဲ့ ပူးပေါင်းကူညီမှုတွေ အားနည်းနေသေးသလားဆိုတဲ့ မေးခွန်း ရှိနေပါသေးတယ်။ တရုတ် ရိုးသားဖို့ လိုတယ်ဆိုတဲ့အချက်ရယ်၊ ကိုယ်တွေဘက်ကလည်း ကိုယ်ခံအားကောင်းဖို့ ဒီထက်ပြတ်သားဖို့ လိုတယ်ဆိုတဲ့အချက်ပဲ မြင်မိတယ်။
နှစ် ၅၀ ပြည့် သဝဏ်လွှာမှာ အစိုးရ ဘက်က ငြိမ်းချမ်းရေး လမ်းဖွင့်ထားတယ်ဆိုတာမျိုး ပြောတာ တွေ့ရတယ်။ ခက်တာက .....ဘယ် EAO မှ စိတ်မဝင်စားဘူးဆိုတာကတော့ အရှိတရားပဲ။ စိတ်မဝင်စားတာကလည်း စစ်နိုင်နေတဲ့အကြောင်းတရားက ထီးထီးကြီး ဖြစ်နေတယ်။
ရွေးစရာ သိပ်မရှိတော့ဘူး မြင်ပါတယ်။
လက်ရှိ နာမည်ကြီးနေတဲ့ ဇာတ်ကားထဲက dialogue လိုပဲ။
(၁) နယ်မြေတွေ စွန့်လွှတ်မလား?
(၂) ရန်သူ့ဌာနချုပ်ကို ဗုံးကြဲမလား?
ဒီ နှစ်မျိုးက လက်ရှိ မြန်မာ့နိုင်ငံရေးရဲ့ အဖြေ ဖြစ်လာနိုင်ကောင်းပါတယ်။
(နရီမိုး)