ပြတ်သားတဲ့ Road Map ချပြသင့်ပြီ ထင်ပါတယ်။ ဘာဆက်လုပ်မလဲ ဆိုတဲ့ Plan ပါ။ ရခိုင်ပြည်နယ်က မြို့တော်တော်များများ သိမ်းပိုက်ပြီးတဲ့အချိန် နိုင်ငံရေး ဆွေးနွေးမယ်ဆိုတဲ့ အကွက် ခင်းလာခဲ့ပြီ။ ရှေ့မှာ တရုတ်ဖိအားကြောင့် MNDAA နဲ့ TNLA ကလည်း စာထုတ်ပြန်ထားတယ်။ ဒါပေမယ့် တပ်ချုပ်ကြီး ပြောတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတော့ မဟုတ်ဘူး။ ဒါ့ကြောင့်လည်း ကူမင်း ဆွေးနွေးပွဲက ပျက်ခဲ့တာလို့ ယူဆတယ်။ ဘယ်သမိုင်း အစဉ်အဆက်မှာမှ တကန့်ပျက်တွေ မပိုင်ဘူးတဲ့ လားရှိုးက ၂၁ ရာစုမှာမှ လက်လွှတ်ပေးရမလိုလို ဖြစ်နေပြီ။ သေချာတာကတော့ နစက နဲ့ မဆွေးနွေးခင်မှာ တရုတ် အနေနဲ့ မြောက်ပိုင်း ၃ ဖွဲ့ + KIA ဆွေးနွေးထားတယ်။ သိပ်တော့ မရိုးရှင်းလှဘူးလို့ပဲ မြင်မိတယ်။ ဒါ့ကြောင့် ပြည်သူတွေက တပ်မတော် ဘာဆက်လုပ်မလဲ ဆိုတာမျိုး သိချင်လွန်းလှတာ မဆန်းဘူး။
မေးချင်တာက တရုတ်နဲ့ မြောက်ပိုင်း ၃ ဖွဲ့ အာဂျင်တာက ဘာလဲ ဆိုတာပါပဲ။ တနေ့က ရေးတဲ့စာလိုပဲ ယာယီ အကျိုးစီးပွားအတွက် Share ကြတော့မှာလား။ လူပိန်းနည်း နားလည်အောင်ပြောရရင် စစ်ပွဲတွေ ရပ်မယ်။ တရုတ် BRI နဲ့ လက်ရှိ EAO သိမ်းထားတဲ့ နယ်မြေတွေကို လက်ခံပေးစေချင်ပုံပဲ။ ဖက်ဒရယ်အရ လူမျိုးစု ပြည်နယ်မှာ လူမျိုးစု တွေကိုယ်တိုင် အုပ်ချုပ်စီမံချင်တာ လက်ခံပေမယ့် လက်နက်ကိုင်ပြီး အုပ်ချုပ်မှတော့ တန်းတူညီမျှမှု လိုချင်လို့ ခေတ်အဆက်ဆက် လက်နက်ကိုင်ခဲ့ရပါတယ်ဆိုတဲ့ စကားတွေနဲ့လည်း ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ဒါဆို အနာဂတ် မြန်မာ့နိုင်ငံရေးဟာ လူမျိုးစုပြည်နယ်တွေမှာ လက်နက်ကိုင်အင်အားစု ကိုယ်စီနဲ့ ဗဟို အစိုးရအာဏာ မသက်ရောက်တဲ့ နိုင်ငံတခုဆီကို ဦးတည် ချီတက်သွားတော့မယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်လာလိမ့်မယ်။
နစက အတွက် မေးခွန်းကတော့ ဒီအခင်းအကျင်းကို လက်ခံမှာလား ဆိုတဲ့ မေးခွန်း ဖြစ်နိုင်လောက်တယ်လို့ တွေးမိတယ်။ တခုတော့ ရှိတယ်။ ဒီအခင်းအကျင်းက ၂၀၀၈ ပေးထားချက်ကို ကျော်လွန်နေတယ်။ နောင်မှာ မလွဲမသွေ သမိုင်းဆိုး တံဆိပ် အကပ်ခံရဖို့ များတယ်လို့ ယူဆတယ်။ ဘယ်ပါတီမှ၊ ဘယ်နိုင်ငံရေးခေါင်းဆောင်မှ တာဝန်ခံမဲ့ အရာ မဟုတ်ဘူး။ အထူးသဖြင့် တပ်မတော်ရဲ့ အရေးကြီးတဲ့ စစ်တိုင်းတွေ ပါထားတယ်။
လက်တလော အဆင်ပြေစေချင်ရုံလောက်နဲ့တော့ စစ်ပွဲကို ဒီပုံစံမျိုး မရပ်စေချင်ဘူး။ ရပ်ခဲ့ရရင်တောင် ဘာကတိကဝတ်မှမပေးမိစေနဲ့လို့ မျှော်လင့်တယ်။ နောင် ကိုယ်ဘက်က အင်အားစုမိကျစ်လစ်ချိန်မှာ ပြန်တိုက်ပေါ့။ လက်ရှိစစ်ပွဲမှာ ရခိုင်ဆိုရင်လည်း ရှိသမျှ ရွာက ရခိုင်လူမျိုးတွေ အကုန်စုတိုက်ကြတာပဲ။ SSPP နဲ့ MNDAA တွေဆို ပိုဆိုး။ လက်ရှိ အသိမ်းခံနယ်မြေတွေကတောင် စစ်မှုထမ်း အတင်းအကြပ် ခေါ်နေတာ ရှိတယ်။ သဘောပေါက်နားလည်စေချင်တာ ကိုယ်တွေက ဒီပြဿနာတွေကို နိုင်ငံရေး Issues လိုမြင်ပေမယ့် EAO တွေက လူမျိုးရေး အကြောင်းပြပြီး ကိုယ့်ပြည်နယ် ကိုယ်ပိုင်တယ်ဆိုတဲ့ ရည်မှန်းချက်ဆိုတာ ရှင်းရှင်းလင်းလင်း သိထားရပါ့မယ်။
အကြံပြုချင်တာက ....တပ်မတော်အင်အားကောင်းအောင် စစ်မှုထမ်း အခွင့်အရေးကို ပြည့်ပြည့်ဝဝ မြှင့်တင်ပေးလိုက်ပါ။ ပြည်သူ့စစ်ဥပဒေအရ ဝင်လာသမျှ စစ်သည်တိုင်းကို စည်းလုံးအောင် ကျစ်ကျစ်လစ်လစ် ပြန်တည်ဆောက်ပါ။ အဓိက ခံစားခွင့်နဲ့ အခွင့်အရေးကို အပြည့်အဝပေးပါ။ စစ်မှုထမ်းဥပဒေအရ ဆိုတာထက် လိုလိုလားလား ဝင်ရောက်လာအောင် ဆွဲဆောင်စည်းရုံးပါ။ ဒီဥပဒေအရ ၂ နှစ်ပြည့်ရင် ဆန္ဒမရှိတဲ့သူမှန်သမျှ ထွက်ခွင့်ပြုကြောင်းကိုပါ တပါတည်း ကြေငြာပေးပါ။ စစ်မှုထမ်းပြီးသား သူတွေကို ဘယ်လို အာမခံပေးတယ်။ ဘယ်လို မက်လုံးနဲ့ တိုင်းပြည်က စောင့်ရှောက်တယ်ဆိုတာမျိုး အကျိုးခံစားခွင့်ပေးပါ။ EAO အောက်က ဆန္ဒမရှိတဲ့ သူတွေကိုလည်း ကန့်သတ်ထားတဲ့ ဥပဒေတွေ ပယ်ဖျက်ပြီး အကာအကွယ်ပေးလိုက်ပါ။ ကြိုဆို လက်ခံလိုက်ပါ။ ဒေသန္တရ ပြည်သူ့စစ်တွေကို နယ်မြေခံ တပ်တွေနဲ့ ပေါင်းစပ်ပြီး လက်နက်ခဲယမ်းတပ်ဆင်ပါ။ ဥပဒေ အကာအကွယ်ပြုပြီး လုပ်စားတဲ့ တာဝန်ရှိသူ အဆင့်ဆင့်ကိုလည်း ထိုက်ထိုက်တန်တန် အရေးယူပါ။ စစ်သားစိတ် ပီပီသသ တောင်းဆို ဆန္ဒပြုသူတွေကို အဆင့်တိုးပေးပြီး ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးပါ။
နောက်ထပ် လိုအပ်ရင်လည်း အာဏာသိမ်းပြီး ၂၀၀၈ အရ ပေးထားတဲ့ ပြည်နယ် နယ်နမိတ်တွေ ပယ်ဖျက်လိုက်ပါ။ အကုန် အသစ်က ပြန်စကြတာပေါ့။ နိုင်ငံတခုရဲ့ တပ်မတော်က အင်အားချိနဲ့ နေလို့မှ မရပဲလေ။
(နရီမိုး)