-
အမြန်လမ်း မိုင်တိုင် ၃၁၈ မိုင် ၆ ဖာလုံအနီး၌ စစ်သွေးကြွများ အမြန်လမ်းပေါ် ရောက်ပြီး ယာဉ်များကို စစ်ဆေး၊ ယာဉ်ငယ်တစ်စီးကို ဖမ်းဆီးခေါ်ဆောင်သွား
========================================================================
ဝမ်းတွင်း၊ ဒီဇင်ဘာ ၂၃
ယနေ့ နံနက် ၁၀း၃၀ အချိန်က ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် ၃၁၈ မိုင် ၆ ဖာလုံအနီး၌ စစ်သွေးကြွ အဖွဲ့ဝင်များသည် အမြန်လမ်းပေါ် ရောက်ပြီး ယာဉ်များကို စစ်ဆေးခဲ့သလို ယာဉ်ငယ်တစ်စီးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း အဆိုပါ ဖြစ်စဉ်ကို သိရှိခဲ့သူတစ်ဦးက ပြောသည်။
စစ်သွေးကြွများသည် ရန်ကုန်-မန္တလေးဘက်သို့ လာသည့် ယာဉ်ငယ်တစ်စီးကို ဇီးတောဆည်ဘောင်ဘက်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
နွားထိုးကြီး စစ်သွေးကြွအဖွဲ့များသည် ရန်ကုန်-မန္တလေး မိုင်တိုင် ၃၁၈ ပတ်လည် ဧရိယာအနီး၌ မကြာခဏ လှုပ်ရှားလျက်ရှိသလို ရဲကင်းစခန်းများကိုလည်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
▪️အမြန်လမ်းမကြီးပေါ်သို့ တက်ရောက်လှုပ်ရှားမှုပြုလုပ်နေသည့် စစ်သွေးကြွများကို တိုင်းအစိုးရမှ ရှင်းလင်းနိုင်မှု မရှိသေးပါ။
#Newvisionmedia