Myanmar International News


Kanal geosi va tili: ko‘rsatilmagan, ko‘rsatilmagan
Toifa: ko‘rsatilmagan


Sharing of Myanmar & International News

Связанные каналы  |  Похожие каналы

Kanal geosi va tili
ko‘rsatilmagan, ko‘rsatilmagan
Toifa
ko‘rsatilmagan
Statistika
Postlar filtri


မာရဝိဇယကျောင်းတော်သို ဗုဒ္ဓရုပ်ပွားတော် နှင့် သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမ သိမ်တော်ကြီးသို နောင်တော်ကြီးဗုဒ္ဓရုပ်ပွားတော်တိုအား ပင့်ဆောင်ပူဇော်

နေပြည်တော်၊ဒက္ခိဏသီရိမြိုနယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယကျောင်းတော်သို ဗုဒ္ဓရုပ်ပွားတော် နှင့် သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမ သိမ်တော်ကြီးသို နောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်တိုအား ပင့်ဆောင်ပူဇော်ခြင်း မင်္ဂလာအခမ်းအနားအား ဇွန် ၂၈ ရက်နံနက်ပိုင်းကကျင်းပခဲ့ပါတယ်။

အခမ်းအနားသို နစက ဥက္ကဋ္ဌနှင့်ဇနီးတိုတက်ရောက်ကြည်ညိုပူဇော်ကာလှူဒါန်းထားသည့် မာရဝိဇယ ကျောင်းတော်သို ဗုဒ္ဓရုပ်ပွားတော်မြတ်အား နစက ဥက္ကဋ္ဌမှ စက်ခလုတ်နှိပ်၍ ရတနာပလ္လင်တော်ထက်သိုပင့်ဆောင်ကာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာရည်များဖြင့်ပက်ဖျန်းပူဇော်ခဲ့ကြပါတယ်။


နိုင်ငံတော်က မိုးစပါးစိုက် ဧက (၅)သိန်းကျော်အတွက် ဓာတ်မြေဩဇာများကို အထူးဈေးဖြင့် ရောင်းချပေးမည်

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမည့် မိုးစပါး စီမံကိန်း ဧက (၅ ဒသမ ၃)သိန်းအတွက် လိုအပ်သည့် ဓာတ်မြေဩဇာနှင့် သွင်းအားစုများကို သက်သာသောအထူးဈေးနှုန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရပါတယ်။

အဆိုပါ မိုးစပါးစီမံကိန်းကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်းဒေသကြီးများတွင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ၎င်းစိုက်ဧကများအတွက် ဓာတ်မြေဩဇာ တန်ချိန်ပေါင်း ၇၉,၅ဝဝ လိုအပ်မည်ဖြစ်ကြောင်း သိရပါတယ်။

လိုအပ်လာမည့် ဓာတ်မြေဩဇာများကို အထူးသက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးသွားရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ မြန်မာနိုင်ငံမျိုးစေ့၊ မြေဩဇာနှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းတို့က ညှိနှိုင်းစီစဉ်ဆောင်ရွက်နေကြောင်း သမဝါယမဦးစီးဌာနမှ သိရှိရပါတယ်။


မိုင်းခွဲခံရသည့် ကျုံအိတ်တံတားအား တာဝန်ရှိသူများ စစ်ဆေးစဥ် Drone ဗုံးဖြင့် ထပ်မံတိုက်ခိုက်ခံ၍ ခရိုင် လမ်းဦးစီးမှူး သေဆုံး၊ ပြည်သူများ ဒဏ်ရရ

ရန်ကုန် - မော်လမြိုင်ကားလမ်း မိုင်တိုင် အမှတ် (၁၃၁/၆) နှင့် (၁၃၁/၇) အကြား တံတားအမှတ် (၁၃၂/၃) သထုံမြိုနယ် နှင့် ဘီးလင်းမြိုနယ်ကြား၊ ကျုံအိတ်တံတား မှာ ဇွန် ၂၉ ရက် နံနက် ၄ နာရီခွဲ ခန့်က မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံများ ထံမှ သိရပါတယ်။

တံတားမိုင်းခွဲခံရသည့်အချိန်တွင် တံတားပေါ် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ် သုံး စီး အနက် နှစ် စီးမှာ တံတားနှင့် အတူချောင်းအတွင်းကျရောက်ပျက်ဆီးခဲ့ပြီး တစ်ဦးသေဆုံးကာ၊ တစ်ဦးထိခိုက်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦး ကပြောကြားထားပါတယ်။

ထို့ကြောင့် မိုင်းခွဲခံရသည့် တံတားအား တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ် KNU နှင့် PDF ပူးပေါင်းအဖွဲ့များ Drone ဗုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် သထုံခရိုင်လမ်းဦးစီးမှူး သေဆုံးခဲ့ပြီး ပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မိုင်းခွဲခံရခြင်းကြောင့် တံတားအကျယ် ၄၁ ပေရှိသည့်အနက် ၂၇ ပေ တံတားပျက်စီးခဲ့ရကြောင်း သိရှိရပါတယ်။
#MIN


ရုရှားနိုင်ငံ၏ စွမ်းဆောင်ရည်ကို လျှော့မတွက်သင့်ကြောင်း နေတိုးအဖွဲ့အကြီးအကဲ သတိပေး

ရုရှားနိုင်ငံတွင် ကြေးစားအုပ်စု Wagner အဖွဲ့၏ ပုန်ကန်မှုကြောင့် အကျပ်အတည်းများရှိနေသော်လည်း နေတိုး အဖွဲ့ဝင်နိုင်ငံများသည် ရုရှားနိုင်ငံ၏ စွမ်းဆောင်ရည်များကို လျှော့မတွက်သင့်ကြောင်း နေတိုးအဖွဲ့အကြီးအကဲ ဂျန်စတိုလ်တန်ဘာ့ချ် က ပြောကြားခဲ့ပါတယ်။

နေတိုးအဖွဲ့အကြီးအကဲ ဂျန်စတိုလ်တန်ဘာ့ချ်က "ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရုရှားက အဖြစ်အပျက်တွေကို ကျွန်တော်တို့အားလုံး တွေ့မြင်ခဲ့ရပါတယ်။ ဒါဟာ ရုရှားရဲ့ပြည်တွင်းရေးကိစ္စပါ၊၊ ကျွန်တော်တို့ဟာ ရုရှားရဲ့ စွမ်းဆောင်ရည်ကို လျှော့မတွက်သင့်ပါဘူး။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းကို စစ်ရေးအကူအညီတွေ ဆက်လက်ထောက်ပံ့ပေးသွားမှာပါ" ဟု ပြောဆိုခဲ့ပါတယ်။

ယူကရိန်းတပ်ဖွဲ့ဝင်များ၏ တန်ပြန်ထိုးစစ်ဆင်မှုသည် တိုးတက်မှုများရှိပြီး ရုရှားသိမ်းပိုက်ထားသော နယ်မြေများ ကို ပြန်လည်သိမ်းယူနိုင်ခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ရုရှားကို ပြန်လည်ပါဝင်လာစေနိုင်မည်ဖြစ် ကြောင်း ဂျန်စတိုလ်တန်ဘာ့ချ် က ပြောကြားခဲ့ပါတယ်။


NCA လက်မှတ်ရေးထိုးထားသော PPST အဖွဲ့ဝင် အဖွဲ့အစည်း (၅)ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတော်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ သဘောတူညီခဲ့မှုအကြောင်းအရာ ထုတ်ပြန်ကြေငြာချက်


ပဲရစ်မြို့အနောက်ပိုင်းမှာ ဆူပူအကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း (၂ဝ)ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရဟု ပြင်သစ်ရဲတပ်ဖွဲ့ပြော

ပြင်သစ် ရဲတပ်ဖွဲ့ဟာ Nanterre မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး အနည်းဆုံး လူပေါင်း (၂ဝ)ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။

ပြင်သစ်ရဲအရာရှိတစ်ဦးဟာ မီးပွိုင့်မှာ အသက် ၁၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ပြီးနောက် ဆူပူဆန္ဒပြမှုတွေဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ပြင်သစ်ရဲတပ်ဖွဲ့က အသက် ၁၇နှစ်အရွယ်ရှိ လူငယ်ဟာ ကားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့ ကြိုးပမ်းမှုနဲ့အတူ စည်းကမ်းတွေကို လိုက်နာခြင်းမရှိတဲ့အတွက် ပစ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောပါတယ်။

ဒါပေမယ့် ရုပ်သံဖိုင်ထဲမှာတော့ ရဲအရာရှိနှစ်ဦးဟာ အဝါရောင် Mercedes AMG အမျိုးအစား ကားဘေးမှာရပ်တန့်စစ်ဆေးခဲ့ကြောင်း၊ အခြားရဲအရာရှိတစ်ဦးက ကားတံခါးရဲ့အပြင်ဘက်မှာရပ်နေခဲ့ကြောင်း၊ကားမောင်းသမား ဖြစ်တဲ့လူငယ်နဲ့ ကားထဲမှာပါလာသူများကို ညွှန်ကြားပြောဆိုမှုတွေရှိနေခဲ့ကြောင်းဖော်ပြထားပါတယ်။


အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးမှ လွှပြောင်းလက်ခံ

မြန်မာသံအမတ်ကြီးက အလှည့်ကျဥက္ကဋ္ဌတာဝန် လွှပြောင်းလက်ခံမှုနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားရာ၌ အင်ဒိုနီးရှားသံရုံးမှ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ခြင်းနှင့် အင်ဒိုနီးရှားသံအမတ်ကြီးနှင့်တကွ သံရုံးဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများအတွက် ဂုဏ်ယူပါကြောင်း၊ အာဆီယံ-ဘရပ်ဆဲလ်ကော်မတီဝင် သံရုံးများအနေဖြင့် မြန်မာသံရုံးအပေါ် ယခုကဲ့သို အလေးအနက် ယုံကြည်မှုထားကာ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှပြောင်းပေးအပ်ခဲ့သဖြင့် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူစဉ်ကာလအတွင်း တန်းတူရည်တူရှိမှုနှင့် အားလုံးလွှမ်းခြုံပါဝင်မှုရှိမှု၊ အာဆီယံ၏ အချက်အချာကျမှုနှင့် အပြန်အလှန် လေးစားနားလည်မှု ဟူသော မူကို ကိုင်ဆွဲကာ အာဆီယံနှင့် ဥရောပသမဂ္ဂတိုအကြား ဘုံအကျိုးစီးပွားများအား မြှင့်တင်ဆောင်ရွက်သွားရန် ကတိကဝတ်ပြုပါကြောင်း၊ ဘရပ်ဆဲလ်မြိုအခြေစိုက် အာဆီယံသံရုံးများကလည်း မြန်မာသံရုံးမှ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလအတွင်း ဘာသာရပ်ဆိုင်ရာ အသိပညာနှင့် အတွေ့အကြုံများ မျှဝေကာ ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း သိရှိရပါတယ်။


ရုရှားနှင့် အစ္စရေးဆက်ဆံရေးကို ပြစ်တင်ရှုတ်ချခဲ့သော ယူကရိန်းသံအမတ်ကြီးကို အစ္စရေးအစိုးရ ဆင့်ခေါ်သတိပေး

အစ္စရေးနှင့် ရုရှားတို့၏ နီးကပ်သောဆက်ဆံရေးကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချမှုများလုပ်ဆောင်ခဲ့သော အစ္စရေး နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးယူဂဲနီကော်နီချက်ကို ဆင့်ခေါ်ကာ သတိပေးပြောဆိုမှုများလုပ်ဆောင်ခဲ့ ကြောင်း နိုင်ငံခြားရေးဝန်ကြီးအီလိုင်ကိုဟန် က ပြောကြားခဲ့ပါတယ်။

အစ္စရေးအစိုးရသည် ယူကရိန်းအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းမျိုး မရှိခဲ့သည့်အပြင် ကြားနေရေးဆိုသည့် ဆောင်ပုဒ်ဖြင့် ရုရှားနှင့်ဆက်ဆံရေးများ တိုးမြှင့်နေကြောင်း ယူဂဲနီကော်နီချက် က စွပ်စွဲပြောဆိုခဲ့ပါတယ်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အီလိုင်ကိုဟန်သည် အစ္စရေးနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးယူဂဲနီကော်နီချက်၏ စွပ်စွဲပြောဆိုချက်များကို ပြစ်တင်ရှုတ်ချခဲ့ကြောင်းသိရပါတယ်။

အီလိုင်ကိုဟန် က "ရုရှားနဲ့ ဆက်ဆံရေးတွေ ရှိနေပေမယ့်လည်း အစ္စရေးဟာ ယူကရိန်းစစ်ပွဲ စတဲ့အချိန်ကနေစပြီး ဒီနေ့အထိ ယူကရိန်းနဲ့အတူ ရပ်တည်ခဲ့ပါတယ်။ ပြီးတော့ ယူကရိန်းကိုလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုလည်း ပေးပို့ခဲ့ပါတယ်" ဟု ပြောဆိုခဲ့ပါတယ်။


ပုန်ကန်မှုဖြစ်ပွားပြီးနောက် နိုင်ငံအေးချမ်းရန် ထိန်းသိမ်းခဲ့သော ရုရှားအစိုးရကို ထောက်ခံကြောင်း တရုတ်အစိုးရပြော

တရုတ်နိုင်ငံသည် ၎င်း၏နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်လုပ်ဆောင်ခဲ့သော ရုရှားအစိုးရ၏ လုပ်ရပ်များကိုထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုခဲ့ပါတယ်။

ရုရှားကြေးစားအဖွဲ့ Wagnerသည် ဘီလာရုစ်သမ္မတလူကာရှန်ကို၏ ကြားဝင်စေ့စပ်ပေးမှုများအရ ၎င်း၏ တပ်ဖွဲ့ဝင်များကိုပြန်လည်ရုတ်သိမ်းပြီးနောက် တစ်ရက်အကြာတွင် တရုတ်ဖက်ကယခုကဲ့သို့ ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

ရုရှားကြေးစားအဖွဲ့၏ ပုန်ကန်မှုများဖြစ်ပွားပြီးနောက် ရုရှားနိုင်ငံခြားရေးဒုဝန်ကြီး အန်ဒရီရူဒန်ကိုသည် ဇွန်လ (၂၅)ရက်တွင် တရုတ်နိုင်ငံသို့သွားရောက်ကာ နိုင်ငံတကာကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်းသိရပါတယ်၊၊

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန က"ဇွန်လ(၂၄)ရက်က ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ရုရှားရဲ့ကြိုးပမ်းအားထုတ်မှုတွေကို တရုတ်ဖက်ကထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဆက်လက်ပြီးရုရှားနိုင်ငံရဲ့စည်းလုံးညီညွတ်မှုနဲ့သာယာဝပြောရေးကို ပိုမိုကောင်းမွန်လာစေရေးနဲ့ပတ်သက်ပြီး သူတို့ရဲ့စိတ်ဝင်စားမှုတွေကိုအတည်ပြုခဲ့ပါတယ်" ဟုပြောဆိုခဲ့တာဖြစ်ပါတယ်။


မြန်မာ နဲ့ ရုရှားနိုင်ငံတို့က ယခုနှစ်အတွင်းမှာပဲ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖွယ်ရှိနေဟုဆို

အမေရိကန်အပါအဝင် အာရှတိုက်အတွင်းရှိ နိုင်ငံအချို့က ကန့်ကွက်မှုများရှိခဲ့ပေမယ့် မြန်မာနိုင်ငံ နဲ့ ရုရှားနိုင်ငံတို့ဟာ ယခုနှစ်အတွင်းမှာပြုလုပ်ဖွယ်ရှိနေတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနဲ့ ရုရှားနိုင်ငံတို့ဟာ အာဆီယံဒေသအတွင်း အကြမ်းဖက်မှုများကို တန်ပြန်နိုင်ဖို့ ရည်ရွယ်ပြီး အာရှတိုက်အတွင်းရှိ အိမ်နီးချင်းနိုင်ငံများနဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို လုပ်ဆောင်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။

ရုရှား နဲ့ မြန်မာနိုင်ငံတို့က ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပမှာဖြစ်ပြီး သြဂုတ်လ အတွင်းကျင်းပမယ့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပဖွယ်ရှိနေသလို စက်တင်ဘာလအတွင်းကျင်းပမယ့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ရုရှားနိုင်ငံ Khabarovsk ဒေသမှာကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။


မြန်မာ-ဘရာဇီးလ်နှစ်နိုင်ငံ ကုလသမဂ္ဂမျက်နှာစာအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နီး ကပ်စွာပူးပေါင်းဆောင်ရွက်သွားရေးဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရန်ကုန်မြို၊ ဘရာဇီးလ်ဖက်ဒရယ် သမ္မတ နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ မစ္စစ် အစ္စဘဲလ် ခရစ်စတီးနား ဒဲ အဇဗီဒို ဟေးဗရက်ထ်အား နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နေပြည်တော်၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

ထိုသိုတွေ့ဆုံစဉ် မြန်မာ-ဘရာဇီးလ်နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုတိုး တက်ခိုင်မာရေး၊ နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေးနှင့် ကုလသမဂ္ဂမျက်နှာစာ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတိုနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။


CDM အောင်မြင်အောင်မလုပ်နိုင်ခဲ့သလို ခဏတောင့်ခံပေးပါလို NUG လိမ်ညာခဲ့တယ်လိုအပြောခံနေရကြောင်း NUG ဝန်ကြီးဝန်ခံလာ

CDM တွေ ခဏပဲတောင့်ခံပေးပါလို NUGက လိမ်ညာခဲ့တယ်လို ပြောဆိုစွပ်စွဲခံနေရသလို CDMအောင်မြင်အောင်လည်းမလုပ်နိုင်ခဲ့ဘူးလို NUGဝန်ကြီး ဒေါက်တာတူးခေါင်က ယနေ့မှာဝန်ခံလိုက်ပါတယ်။

နွေဦးတော်လှန်ရေးအစမှာ နိုင်ငံ့ဝန်ထမ်းတွေကို CDM လုပ်ဖို၊CDM လုပ်ရင်ကျွေးထားမယ်လို ဖျားယောင်းခဲ့သလို CDMမလုပ်တဲ့ဝန်ထမ်းတွေကိုလည်း ရိုက်နှက်ခြိမ်းခြောက် လူမှုကွန်ရက်မှာ Social Punishment လုပ်တာတွေ အဓမ္မစည်းရုံးခဲ့တာကြောင့် ပြည်သူ့ဝန်ဆောင်မှုပေးတဲ့ ဆေးရုံတွေ၊စာသင်ကျောင်းတွေ ပိတ်ပြီး ဒီဝန်ထမ်းအများစုကသာ CDMလုပ်ခဲ့ရတာကြောင့် ပညာရေးနဲ့ကျန်းမာရေးကဏ္ဍက ယနေ့အထိ အခက်ကြုံနေရတာပါ။

တစ်ဖက်မှာလည်း NUG ဟာသူ့ယုံလို CDMလုပ်ထားသူတွေကို တစ်လ ၁၀၀၀၀၊၂၀၀၀၀ တောင် လူတိုင်းစေ့အောင်မပေးနိုင်လို CDMလုပ်သူတွေဘဝပျက်ကုန်ပါတယ်။

တချိုကလည်း NUG ရဲ့လိမ်လည်မှုကို ဆက်မခံတော့ဘဲ နိုင်ငံ့တာဝန်ပြန်ထမ်းဆောင်တာကြောင့် အရင် CDM လုပ်စကနိုင်ငံ့ဝန်ထမ်း ၇သိန်းလောက်ပါတယ် ခန့်မှန်းခဲ့ကြပေမဲ့ လက်ရှိမှာတော့ CDMဝန်ထမ်းက ၂ သိန်းလောက်ပဲကျန်တော့တယ်လို NUG ကဝန်ခံထားပါတယ်။


ဘီလာရုစ့်သမ္မတအနေနဲ့ ယူကရိန်းနဲ့ ရုရှားကြားဖြစ်ပွားနေတဲ့စစ်ပွဲအဆုံးသတ်ဖို ဆွေးနွေးပွဲတွေမှာ ပါဝင်လာဖွယ်ရှိနေကြောင်း ယူကရိန်း ဆို

ဘီလာရုစ့်သမ္မတ လူကာရှန်ကိုဟာ ယူကရိန်း နဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခများ အဆုံးသတ်စေဖို့ အနာဂတ်ငြိမ်းချမ်းရေးမှာ ကြားဝင်စေ့စပ်သူအဖြစ်ပါဝင်လာဖွယ်ရှိနေကြောင်း ယူကရိန်းရဲ့အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီအကြီးအကဲ အဲလက်ဆေး ဒါနီလောဗ့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လူကာရှန်ကိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားတဲ့ ရုရှားစစ်တပ် နဲ့ Wagner Group ကြေးစားတပ်ဖွဲ့ရဲ့ လက်နက်ကိုင် ပုန်ကန်မှုများကို အဆုံးသတ်နိုင်အောင် ကြားဝင်စေ့စပ်ပေးခဲ့ကြောင်း သိရပါတယ်။

ယူကရိန်းအမျိုးသားလုံခြုံရေး ကောင်စီနဲ့ ကာကွယ်ရေးကောင်စီအကြီးအကဲရဲ့ပြောဆိုချက်တွေဟာ ယူကရိန်းအစိုးရတာဝန်ရှိသူများရဲ့ပြောဆို ချက်များ နဲ့ ကိုက်ညီမှုမရှိဘဲ ကွဲလွဲနေကြောင်း သိရပါတယ်။


ထိပ်တန်းပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အမေရိကန်

လာမည့် (၃)နှစ်အတွင်း မြောက်အမေရိကတိုက်မှ အမေရိကန်နိုင်ငံဟာ ဘောလုံးလောကရဲ့ထိပ်တန်းပြိုင်ပွဲ(၃)ရပ်ကို လက်ခံကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

အမေရိကန်ဟာ (၂၀၂၄)ခုနှစ်တွင် ကိုပါအမေရိကပြိုင်ပွဲ၊(၂၀၂၅)ခုနှစ်တွင် ဖီဖာကမ္ဘာ့ကလပ်အသင်းများပြိုင်ပွဲ၊(၂၀၂၆)ခုနှစ်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲများကို လက်ခံကျင်းပခွင့်ရရှိထားသည့် နိုင်ငံဖြစ်ပါတယ်။

ပြိုင်ပွဲ(၃)ရပ်ရဲ့ ချန်ပီယံများမှာ အာဂျင်တီးနား နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတိုဖြစ်ပြီး အာဂျင်တီးနားဟာ ကိုပါ နဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ(၂)ခုစလုံးရဲ လက်ရှိချန်ပီယံအဖြစ် ပါဝင်ကစားမှာ ဖြစ်ပါတယ်။

အမေရိကန်မှာ ကျင်းပမည့်ပြိုင်ပွဲများတွင် ဘယ်နိုင်ငံ နဲ့ ကလပ်အသင်းတွေ ချန်ပီယံဆုကို ရယူသွားနိုင်မှာလဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်?


ကမ္ဘာ့အကောက်ခွန်အဖွဲချုပ် ကောင်စီအစည်းအဝေးသို ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်

အစည်းအဝေးတွင် မြန်မာသံအမတ်ကြီးမှ WCO ၏ စံနှုန်းတန်ဖိုးထားမှုများနှင့်အညီ အစည်းအဝေးများ၌ ဘာသာရပ်နှင့် သက်ဆိုင်သည့် လုပ်ငန်းများကိုသာ ဦးတည်ဆွေးနွေးသွားရန် ဆိုသည့် အချက်အား Modernization Plan တွင် အခြေခံမူအဖြစ် ထည့်သွင်းပြဋ္ဌာန်းသင့်ပါကြောင်း၊ Secretary General နှင့် Deputy Secretary General တို၏ လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်မှုတွင်လည်း ၎င်းတို၏ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းကိုပါ ထည့်သွင်းစဉ်းစားသင့်ပါကြောင်း၊ ယခု အစည်းအဝေးမှ ရွေးကောက်တင်မြှောက်ခံရမည့် Chairperson နှင့် Secretary General တိုအနေဖြင့်လည်း WCO လုပ်ငန်းစဉ်များကို နိုင်ငံရေး သွတ်သွင်းခြင်း မပြုသည့် အစဉ်အလာကို ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည်ဟု ယုံကြည်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါတယ်။

ကမ္ဘာ့အကောက်ခွန်အဖွဲချုပ် (WCO) ၏ ၁၄၁/၁၄၂ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးသို နိုင်ငံပေါင်း ၁၈၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။


မည်သည့်အကြမ်းဖက်မှုမဆို ရှုတ်ချပေးရန် အမေရိကန်နှင့် အိန္ဒိယကို မြန်မာ တောင်းဆို

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံ တို၏ ပူးတွဲကြေညာချက်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေနှင့် ပတ်သက်ပြီးဖော်ပြခဲ့မှုအပေါ် မည်သည့်အကြမ်းဖက်မှုမဆို ရှုတ်ချပေးရန်လိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုလိုက်ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲစည်းပုံအခြေခံဥပဒေနှင့်အညီ အာဏာ (၃)ရပ်ကို တာဝန်ယူထားတဲ့ အစိုးရအနေဖြင့် တရားစီရင်ရေးအာဏာကို ဥပဒေနှင့်အညီ ကျင့်သုံး၍ အကြမ်းဖက်လုပ်ရပ်များနှင့် ရာဇဝတ်မှု ကျူးလွန်ထားသူများကိုသာ တည်ဆဲဥပဒေများနှင့် အညီ ပြစ်ဒဏ်ချမှတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဥပဒေမဲ့ အရေးယူဆောင်ရွက်ထားခြင်းမရှိကြောင်း တုန့်ပြန်ထားပါတယ်။

နစကက မြန်မာပြည်သူများရဲ့ ဆန္ဒနှင့်အညီ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှာ ပါဝင်တဲ့ ဦးတည်ချက်တစ်ရပ်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ အားလုံး ပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် တစ်ရပ် ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။

ထိုပြင် အစိုးရသည် ဆန့်ကျင်ဘက်အဖွဲအစည်းများနှင့် လူပုဂ္ဂိုလ်များကိုလည်း ၎င်းတိုရဲ့ ပုံမှန်လူမှုဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရန်အတွက် ဥပဒေဘောင်အတွင်း ဝင်ရောက်ကြရန် ဖိတ်ခေါ်ထားပါတယ်။ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှတစ်ဆင့် ငြိမ်းချမ်းစွာ ဥပဒေနှင့်အညီ နိုင်ငံရေးလုပ်ငန်းစဉ်တွင် မည်သူမဆိုပါဝင်နိုင်ရန် လမ်းဖွင့်ပေးထားပြီး ဖြစ်ပါတယ်။

ထိုပြင် နစက သည် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက ဖွဲစည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပေးသွားမည်ဟု အသိပေးထားပြီး ဖြစ်ပါတယ်။

အစိုးရအနေဖြင့် ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါင်း (၁၀၆) ကြိမ် ပြုလုပ်ခဲ့သည့်အပြင် ပြစ်ဒဏ်ကျခံနေရသူ (၆၂၈၁၈) ကျော်ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်မှ ယနေ့အထိ သေဒဏ်ကျခံနေရသည့် စုစုပေါင်း အကျဉ်းသား (၅၉) ဦးကိုလည်း တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို လျော့ပေါ့ပေးခဲ့ပါတယ်။

နစကအစိုးရ ဆောင်ရွက်လျက်ရှိတဲ့ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် နားလည်မှု၊ အားပေးမှုနှင့် အပြုသဘောပူးပေါင်း ဆောင်ရွက်မှုများ ပေးအပ်ရန်လိုပြီး နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးကို ပျက်ပြားစေသည့် မည်သည့်အကြမ်းဖက်မှု လုပ်ရပ်မျိုးကိုမဆို ဆန့်ကျင်ရှုတ်ချသွားရန်လိုကြောင်း အမေရိကန်နှင့် အိန္ဒိယကို မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည် တောင်းဆိုလိုက်သည်ကြောင်း သိရှိရပါတယ်။


အမေရိကန်နိုင်ငံအနေနဲ့ ထိုင်းနိုင်ငံရဲ့ပြည်တွင်းနိုင်ငံရေးကို ကြားဝင်စွက်ဖက်နေခြင်းများအား ရပ်တန့်စေလိုကြောင်း ထိုင်းပြည်သူများတောင်းဆို

အမေရိကန်နိုင်ငံအနေနဲ့ ထိုင်းနိုင်ငံရဲ့ပြည်တွင်းနိုင်ငံရေးကို ကြားဝင်စွက်ဖက်နေခြင်းများအား ရပ်တန့်စေလိုကြောင်း ထိုင်း "Homeland Defense Network" အဖွဲ့က တောင်းဆိုလိုက်ကြောင်းသိရပါတယ်။

အဆိုပါ အဖွဲဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထိုင်းနိုင်ငံရှိအမေရိကန်သံရုံးကိုစာပေးပို့တောင်းဆိုလိုက်ခြင်းဖြစ်ပြီး အမေရိကန်သံရုံးရဲ့ဒုတိယအကြီးအကဲတစ်ဦးဖြစ်တဲ့ ကီဗင်အမ်မက်ဒေါင်းက စာကိုလက်ခံရယူခဲ့ကြောင်းသိရပါတယ်။

အမေရိကန်သံရုံးတာဝန်ရှိသူထံပေးပို့ခဲ့တဲ့စာထဲမှာ ထိုင်းနိုင်ငံဟာ နှစ်ပေါင်းများစွာကြာ ဒီမိုကရေစီနည်းလမ်းနဲ့ဘုရင့်အုပ်ချုပ်တဲ့ လွတ်လပ်တဲ့ နိုင်ငံအဖြစ်ရပ်တည်ခဲ့ကြောင်း၊ ၁၉၃၂ ခုနှစ်နောက်ပိုင်းကတည်းက ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘုရင်ဟာ နိုင်ငံရဲ့အကြီးအကဲခေါင်းဆောင်အဖြစ် သတ်မှတ်ဖော်ပြခဲ့ကြောင်းဖော်ပြထားပါတယ်။

"HDN"အဖွဲ့ဟာ ထိုင်းနိုင်ငံရှိ အမေရိကန်သံရုံးရှေ့မှာ တောင်းဆိုဆန္ဒပြတာမျိုးတွေလည်းလုပ်ဆောင်ခဲ့ပြီး ထိုင်းနိုင်ငံရေးကို ကြားဝင်မစွက်ဖက်ဖို့ဗီနိုင်းများကိုင်ဆောင်ကာဆန္ဒပြခဲ့ကြောင်းသိရှိရပါတယ်။


၂၀၂၃ အာဆီယံလေတပ်များ၏ ဥက္ကဋ္ဌအဖြစ် မြန်မာ့တပ်မတော်(လေ) ကာကွယ်ရေးဦးစီးချုပ် တက်ရောက်

၂၀၂၃ အာဆီယံလေတပ်များ၏ ဥက္ကဋ္ဌအဖြစ် မြန်မာ့တပ်မတော်(လေ) ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်က တက်ရောက်ခဲ့ပါတယ်။

ထို့အတွက် ကုလသမဂ္ဂကျွမ်းကျင်သူ သောမတ်စ်အန်ဒရူးက ပဋိပက္ခဖြစ်ပွားနေသော မြန်မာနိုင်ငံ၌ အရပ်သားများအပေါ်တိုက်ခိုက်မှုများ ပိုမိုများလာနေသော်လည်း အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ တရားဝင်အစည်းအဝေးများသို့ မြန်မာအစိုးရအားဖိတ်ကြားမှုများအပေါ်စိုးရိမ်မိပါကြောင်း ဇွန်လ ၂၁ ရက်က ဝေဖန် ပြောကြားခဲ့သည်ဟု သတင်းများက ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ မြန်မာ့အရေးလူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူးတင်သွင်းသူ သောမတ်စ် အန်ဒရူးက ၎င်းအနေဖြင့် မြန်မာအစိုးရက အာဆီယံ၏ ကာကွယ်ရေးဆိုင်ရာအစည်းအဝေးများတွင် ပါဝင်တက်ရောက်လာခြင်းအပေါ် အများဆုံးစိုးရိမ်မိပါကြောင်း ပြောလာခဲ့ပြီး ထိုသည်မှာ ၂၀၂၃ ခုနှစ် အာဆီယံနိုင်ငံများ၏ လေတပ်အကြီးအကဲများအစည်းအဝေး၌ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်အား ဥက္ကဋ္ဌအဖြစ်ခန့်ထားတက်ရောက်ခဲ့ခြင်းကို ရည်ညွှန်းခဲ့ခြင်းဖြစ်ပါတယ်။

18 ta oxirgi post ko‘rsatilgan.

3

obunachilar
Kanal statistikasi