Myanmar Focus Online Platform


Kanal geosi va tili: ko‘rsatilmagan, ko‘rsatilmagan
Toifa: ko‘rsatilmagan


ပြည်တွင်းပြည်ပသတင်းများ နှင့် နည်းပညာဗဟုသုတများဖျော်ဖြေရေးအစီစဥ်များကိုလွှင့်တင်ပေးပါမည်။

Связанные каналы  |  Похожие каналы

Kanal geosi va tili
ko‘rsatilmagan, ko‘rsatilmagan
Toifa
ko‘rsatilmagan
Statistika
Postlar filtri


#ထူးခြားနိုင်ငံတကာသတင်းတိုများ (၈-၁၀-၂၀၂၃) ❗️❗️❗️❗️❗️❗️

📌၁။ ၂၀၂၃ ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာနိုဘယ်ဆုကို “ ကွမ်တမ်အမှုန် တစ်ပိုင်းလျှပ်ကူးပစ္စည်းအမှုန်များ ရှာဖွေတွေ့ရှိမှုနှင့် ပေါင်းစပ်မှု ”အတွက် ရွေးချယ်ခဲ့။

📌၂။ ဂျပန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ဘရူနိုင်း၊ ဗီယက်နမ်၊ လာအို နဲ့ ထိုင်းနိုင်ငံ အရှေ့တောင်အာရှ ၄ နိုင်ငံခရီးစဉ် စတင်။

📌၃။ အာရှအားကစားပြိုင်ပွဲ လက်မှတ်ရောင်းရငွေ ယွမ် သန်း ၆၁၀ ကျော်ရရှိခဲ့သည့် တရုတ်နိုင်ငံ။

📌၄။ အင်ဒိုနီးရှားနိုင်ငံသည် ကျွန်းစုနိုင်ငံများနှင့် ကျွန်းနိုင်ငံဖိုရမ်ကို ဗုဒ္ဓဟူးနေ့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ။

📌၅။ အမေဇုန်သည် ၎င်းတို့၏ ပထမဆုံးစမ်းသပ်မစ်ရှင်အဖြစ် ပြီးခဲ့သည့် သောကြာနေ့က ဂြိုဟ်တုနှစ်စင်းအား လွှတ်တင်ခဲ့။

📌၆။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးကူးစက်ရောဂါဖြစ်ပွားနေပြီး သေဆုံးသူ (၁,၀၀၀) ကျော် ရှိပြီဖြစ်။

📌၇။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ Hazrat Shahjalal နိုင်ငံတကာလေဆိပ်တွင် တတိယမြောက်ဂိတ်ကို ဖွင့်လှစ်ပေးခဲ့။

📌၈။ စပိန်အခြေစိုက် လုပ်ငန်းစု PLD Space သည် စပိန်နိုင်ငံ၏ ပထမဦးဆုံးပုဂ္ဂလိက ဒုံးပျံသစ်ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီဖြစ်။

📌၉။ ဗီယက်နမ်နိုင်ငံ၏ (၂၀၂၃)ခုနှစ် ပထမ(၉)လအတွင်း ဆန်တင်ပို့မှုသည် စံချိန်တင် မြင့်တက်လာခဲ့။

📌၁၀။ အာဖကန်နစ္စတန်အနောက်ပိုင်းတွင် အောက်တိုဘာလ (၇)ရက်နေ့က ပြင်းအား (၆ ဒသမ ၃) အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့။
#myanmarfocusonlineplatform


#ပြည်တွင်းထူးခြားသတင်းတိုများ (၈-၁၀-၂၀၂၃)❗️❗️❗️❗️❗️❗️

📌၁။ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းနှင့် ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းတို့တွင် ရထားလမ်းများ ရေကျော်နေသဖြင့် လူစီးရထားခရီးစဉ်များ ခေတ္တရပ်နားခဲ့ရ။

📌၂။ သီတင်းကျွတ်ကာလအတွက် မန္တလေးမြေထည်ဆီမီးခွက်များ ပြည်တွင်း၌သာမက ထိုင်းနိုင်ငံအထိပါ ရောင်းချနေရလျက်ရှိ။

📌၃။ ငလျင်ခပ်စိပ်စိပ်လှုပ်ခတ်လာပြီးနောက် ရန်ကုန်တိုင်းဒေသကြီးတွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (၁၈၀) ကျော် အသင့်ပြင်ထားရှိ။

📌၄။ ဘေးမကင်း၍ သုံးစွဲရန်မသင့်သည့် အလှကုန်(၁၂)မျိုးကို အသုံးမပြုရန် FDA မှ ထုတ်ပြန်။

📌၅။ မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ ပို့ကုန် ဒေါ်လာ သန်း (၈၆၀) ကျော်ဖိုး တင်ပို့ခဲ့။

📌၆။ ပြင်ပလူနာကုသမှုအတွက် တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများအနေဖြင့် Provider Purchaser Split စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်လိုလျှင် လျှောက်ထားနိုင်။

📌၇။ ခရီးစဉ် ဒေသ (၇)ခု ဖော်ဆောင်ထားသည့် ပုဂံဒေသသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက် လည်ပတ်ရန် စိတ်ဝင်စားမှု မြင့်တက်လျက်ရှိ။

📌၈။ မန်းရွှေစက်တော်ဘုရားကြီးတွင် မိုခါမုန်တိုင်းအလွန်နှင့် မိုးတွင်းကာလ ထိခိုက်ပျက်စီးခဲ့မှုများအား ရှေးမူလက်ရာမပျက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်။

📌၉။ ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် အောက်တိုဘာလ (၈)ရက်နေ့တွင် ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်အထက် (၇၄)စင်တီမီတာ ကျော်လွန်နေပြီး ရေဘေးကယ်ဆယ်ရေးစခန်း(၂၂)ခုတွင် လူဦးရေ(၅,၆၄၈)ဦး လာရောက်နေထိုင်လျက်ရှိ။

📌၁၀။ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက အဆင့်(၂၇)တွင် ရပ်တည်နိုင်ခဲ့။
#myanmarfocusonlineplatform


Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
ကမ္ဘာ့နံပါတ် (၂) ပိုလန် တင်းနစ်မယ် အီဂါ စီဝါတက်ဟာ China Open ပြိုင်ပွဲရဲ့ အမျိုးသမီး တစ်ဦးချင်း ပွဲစဉ်မှာ ဗိုလ်လုပွဲကို တက်လှမ်း

ကမ္ဘာ့နံပါတ် (၂) ပိုလန် တင်းနစ်မယ် အီဂါ စီဝါတက်ဟာ China Open ပြိုင်ပွဲရဲ့ အမျိုးသမီး တစ်ဦးချင်း ဆီမီးဖိုင်နယ် ပွဲစဉ်မှာ အမေရိကန် တင်းနစ်မယ် ကိုကိုဂေါ့ဖ်ကို အနိုင်ရရှိပြီး ဗိုလ်လုပွဲစဉ်ကို တက်လှမ်း နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒီသတင်းကို Sports Channel မှ မအေးမြမြမိုးဦးက တင်ဆက်ပေးမှာဖြစ်ပါတယ်။
#myanmarfocusonlineplatform


Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
ပြီးခဲ့တဲ့စနေနေ့က မေဂျာလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူးမက်ဆီပါဝင်ကစားခဲ့ပေမယ့် ဒဏ်ရာပြဿနာက အကင်းမသေသေးကြောင့် ခြေစွမ်းပြကစားနိုင်ခြင်းမရှိခဲ့

အင်တာမီယာမီအသင်းဟာ ပြီးခဲ့တဲ့စနေနေ့က မေဂျာလိဂ်ပွဲစဉ်ဖြစ်တဲ့ စင်စင်နာတီအသင်းနဲ့ပွဲစဉ်မှာ ၁ ဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီး အသင်းရဲ့အားထားရတဲ့ တိုက်စစ်မှူးမက်ဆီပါဝင်ကစားခဲ့ပေမယ့် ဒဏ်ရာပြဿနာက အကင်းမသေသေးကြောင့် ခြေစွမ်းပြကစားနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကို Sports Channel မှ ကိုအုပ်စိုးအောင်ကိုကိုက တင်ဆက်ပေးမှာဖြစ်ပါတယ်။
#myanmarfocusonlineplatform


Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
အင်္ဂလန်လက်ရွေးစင်အသင်းရဲ့တိုက်စစ်မှူးဟောင်းဖြစ်တဲ့ ဝိန်းရွန်းနီဟာ ရှုံးထွက်ပွဲစဉ်ကစားခွင့်နဲ့ လွဲချော်ပြီး နောက် မေဂျာလိဂ်ကလပ် DC United အသင်းကနေ နုတ်ထွက်

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့တိုက်စစ်မှူးဟောင်းဖြစ်တဲ့ ဝိန်းရွန်းနီဟာ ရှုံးထွက်ပွဲစဉ်ကစားခွင့်နဲ့လွဲချော်ပြီးနောက် မေဂျာလိဂ်ကလပ် DC United အသင်းကနေ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။ ဒီသတင်းကို Sports Channel မှ ကိုအုပ်စိုးအောင်ကိုကို က တင်ဆက်ပေးမှာဖြစ်ပါတယ်။
#myanmarfocusonlineplatform


Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
ပရီးမီးယားလိဂ်ပွဲစဉ်ရှစ်မှာတော့ စပါးအသင်းက အမှတ်ပေးဇယားကိုယာယီဦးဆောင်

ပရီးမီးယားလိဂ်ပွဲစဉ်ရှစ်မှာတော့ စပါးအသင်းက လူတန်တောင်းအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့အနိုင်ယူပြီး အမှတ်ပေးဇယားကိုယာယီဦးဆောင်ခွင့်ရခဲ့ပါတယ်။ ဒီသတင်းကို Sports Channel မှ ကိုပြည့်ဖြိုးလှိုင် က တင်ဆက်ပေးမှာဖြစ်ပါတယ်။
#myanmarfocusonlineplatform


Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
၂၀၂၃ ခရစ္စကက်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးစီစဉ်သူများဟာ ပါကစ္စတန် ပရိသတ်များနဲ့ မီဒီယာသမားများအတွက် ဗီဇာများလုပ်ဆောင်နေ

၂၀၂၃ ခရစ္စကက်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးစီစဉ်သူများဟာ ပါကစ္စတန် ပရိသတ်များနဲ့ မီဒီယာသမားများအတွက် ဗီဇာများလုပ်ဆောင်နေပြီဖြစ်ကြောင်း နိုင်ငံတကာ ခရစ္စကက်ကောင်စီက ပြောကြားခဲ့ပါတယ်။ ဒီသတင်းကို Sports Channel မှ ကိုကောင်းဆက်အောင်က တင်ဆက်ပေးမှာဖြစ်ပါတယ်။
#myanmarfocusonlineplatform


Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းဟာ ရန်ကုန်မြို့မှာ ကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေ ပြုလုပ်နေ

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့် အဖြစ် တရုတ်မက္ကာအိုအသင်းနဲ့ယှဉ်ပြိုင်ဖို့ရှိတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းဟာ ရန်ကုန်မြို့မှာ ကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေ ပြုလုပ်နေပြီလို့သိရပါတယ်။ ဒီသတင်းကို Sports Channel မှ ကိုဇော်မင်းထွန်းက တင်ဆက်ပေးမှာဖြစ်ပါတယ်။
#myanmarfocusonlineplatform


မင်္ဂလာဆိုင်ရာဘွဲ့တံဆိပ်တော် လှူဒါန်းပူဇော်ခြင်း ခံရသည့် ရခိုင်ပြည်နယ်မှ ဆရာတော်ကြီး ၉ ပါးတို့အား အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်
ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း Y.M.B.A (ဗဟို)မှ မင်္ဂလာဆိုင်ရာ ဘွဲ့တံဆိပ်တော် လှူဒါန်းပူဇော်ခြင်းခံရသည့် ရခိုင်ပြည်နယ်မှ ဆရာတော်ကြီး ၉ ပါး တို့အား မင်္ဂလာဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို အောက်တိုဘာ ၇ ရက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လောကာနန္ဒာ စေတီတော်မြတ်ကြီးဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း Y.M.B.A (ရခိုင်ပြည်နယ်) ဥက္ကဋ္ဌ က မင်္ဂလာဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းနှင့် ပတ်သက်၍ လျှောက်ထားတင်ပြပြီး ပြည်နယ်ဝန် ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီး ၉ ပါးတို့အား ၂၀၂၃ ခုနှစ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း Y.M.B.A (ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) (ဗဟို)မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် များဆက်ကပ် လှူဒါန်းရာတွင် စစ်တွေမြို့နယ် မှ ဆရာတော်(၇)ပါးနှင့် သံတွဲမြို့နယ်မှဆရာတော် နှစ်ပါးတို့အား အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်နှင့် မဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
#myanmarfocusonlineplatform


မင်္ဂလာဆိုင်ရာဘွဲ့တံဆိပ်တော် လှူဒါန်းပူဇော်ခြင်း ခံရသည့် ရခိုင်ပြည်နယ်မှ ဆရာတော်ကြီး ၉ ပါးတို့အား အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်


ဂျပန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ဘရူနိုင်း၊ ဗီယက်နမ်၊ လာအို နဲ့ ထိုင်းနိုင်ငံ အရှေ့တောင်အာရှ ၄ နိုင်ငံခရီးစဉ် စတင်
ဂျပန် နိုင်ငံခြားရေးဝန်ကြီး Kamikawa Yoko ဟာ သူ့ရဲ့ အရှေ့တောင်အာရှ ၄ နိုင်ငံခရီးစဉ် ပထမတစ်ထောက်ဖြစ်တဲ့ ဘရူနိုင်းကို ဦးတည်ထွက်ခွာသွားခဲ့ပါတယ်။
မီးစ် Kamikawa ဟာ တနင်္ဂနွေနေ့မှာ တိုကျိုအနားက Narita လေဆိပ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။ သောကြာနေ့အထိဖြစ်တဲ့ သူ့ရဲ့ ခရီးစဉ်အတွင်း ဘရူနိုင်းပြီးရင် ဗီယက်နမ်၊ လာအို နဲ့ ထိုင်းနိုင်ငံတွေကို သူ သွားရောက်ဖို့ စီစဉ်ထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးတွေ၊ တခြား အရာရှိတွေနဲ့ တွေ့ဆုံတဲ့အခါ တိုကျိုမှာ ဒီဇင်ဘာလကျရင် ကျင်းပမယ့် ဂျပန်နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အထူးထိပ်သီး အစည်းအဝေး အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိရေး မီးစ် Kamikawa က ကြိုးပမ်းမယ်လို့ မျှော်လင့်ရပါတယ်။
သောကြာနေ့မှာ မီးစ် Kamikawa က အခုနှစ်ဟာ ဂျပန်-ASEAN ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး နှစ် ၅၀ ပြည့်နှစ်ဖြစ်တယ်လို့ ဆိုရင်း အဲဒီ ၄ နိုင်ငံနဲ့အကြား ဆက်ဆံရေးကို လှုံ့ဆော်ရာမှာ အခန်းကဏ္ဍတစ်ခုကနေ စွမ်းဆောင်နိုင်ဖို့ မျှော်လင့်ချက်တွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မီးစ် Kamikawa ဟာ ဂျပန်အနေနဲ့ ဥပဒေစိုးမိုးမှုကို အခြေခံတဲ့ လွတ်လပ်ပြီး ပွင့်လင်းတဲ့ နိုင်ငံတကာတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်အောင် နိုင်ငံတစ်ခုချင်းနဲ့ အနီးကပ်လုပ်ဆောင်သွားရေး အတည်ပြုဖို့ မျှော်လင့်နေတယ်လို့လည်း ပြောပါတယ်။ ဒါဟာ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တွေမှာ ရေကြောင်းလှုပ်ရှားမှုတွေ တိုးမြှင့်လာနေတဲ့ တရုတ်ကို ရည်ရွယ်တာလို့ ယူဆရပါတယ်။
#NHK
#myanmarfocusonlineplatform


ဂျပန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ဘရူနိုင်း၊ ဗီယက်နမ်၊ လာအို နဲ့ ထိုင်းနိုင်ငံ အရှေ့တောင်အာရှ ၄ နိုင်ငံခရီးစဉ် စတင်


မဂ္ဂနီကျုဒ် ၆.၃ ရှိတဲ့ ငလျင် ၂ ခု အာဖဂန်နစ္စတန်မှာ လှုပ်ခဲ့ပြီး အနည်းဆုံး လူ ၂,၀၀၀ သေဆုံး
အာဖဂန်နစ္စတန် အနောက်ပိုင်းမှာ စနေနေ့က မဂ္ဂနီကျုဒ် ၆.၃ ရှိတဲ့ ငလျင်တွေ လှုပ်ခဲ့ပြီး အနည်းဆုံး လူ ၂,၀၀၀ သေဆုံးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ဘူမိဗေဒ လေ့လာရေးဌာနက ပထမ ငလျင်ဟာ ဒေသအချိန် မွန်းမတည့်ခင်မှာ လှုပ်ခဲ့ပြီး ဒုတိယအကြိမ်ကတော့ အဲဒီနောက်နာရီဝက်လောက်အကြာမှာ လှုပ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆက်တွဲငလျင် အများအပြားရှိခဲ့တာကိုလည်း မှတ်တမ်းတင်ခဲ့ပါတယ်။
လူပေါင်း ၂,၀၀၀ ကျော် သေဆုံးတယ်လို့ တာလီဘန်အုပ်စုက ပြောပါတယ်။
ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံတွေထဲမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေကြပါတယ်။
အခုနောက်ဆုံး ငလျင်တွေ အပါအဝင် အာဖဂန်နစ္စတန်မှာ ကြီးမားတဲ့ ငလျင်တွေ ဆက်တိုက်ဆိုသလို လှုပ်နေပါတယ်။ ပြီးခဲ့တဲ့ နှစ် မတ်လတုန်းက အာဖဂန်နစ္စတန် အရှေ့ပိုင်းက Khost ပြည်နယ်မှာ မဂ္ဂနီကျုဒ် ၅.၉ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခဲ့ပြီး လူ ၁,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
#NHK
#myanmarfocusonlineplatform


မဂ္ဂနီကျုဒ် ၆.၃ ရှိတဲ့ ငလျင် ၂ ခု အာဖဂန်နစ္စတန်မှာ လှုပ်ခဲ့ပြီး အနည်းဆုံး လူ ၂,၀၀၀ သေဆုံး


ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/၂)နှင့် (၄၅/၃)ကြားတွင် အရှည်(၂၅)ပေရှိသော ကြက်ချောင်းတံတားဘေးရှိ ကွန်ကရစ်လမ်း(၁၀)ပေခန့် မြေကျွံကျ
#MFSD
#myanmarfocusonlineplatform


မိတ္ထီလာ-တောင်ကြီး၊ ပြည်ထောင်စုလမ်းမကြီးတွင် ၆ ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး ချောက်ထဲထိုးကျ
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ မိတ္ထီလာ-တောင်ကြီး၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၉၇/၅)နှင့် (၉၇/၆)ကြား၊ ဘဝသံသရာတံတားအနီးတွင် မန္တလေးမှ တောင်ကြီးသို့ မောင်းနှင်လာသော CANTAR အမျိုးအစား(အဖြူရောင်) ၆ ဘီးယာဉ်သည် ၈.၁၀.၂၀၂၃ ရက်နေ့၊ ယနေ့ ၁ နာရီခန့်တွင် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဟဲဟိုးနယ်မြေမီးသတ်စခန်း၊ ရွှေညောင်နယ်မြေမီးသတ်စခန်းနှင့် အောင်ပန်းနယ်မြေမီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပါသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ခေါင်းခန်းအတွင်းညပ်နေသည့် ယာဉ်မောင်း(မစိုးရိမ်ရ)အား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး ဟဲဟိုးမြို့ မြတ်စေတနာလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဉ်ဖြင့် ဟဲဟိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်‌ပေးခဲ့ပါသည်။
#MFSD
#myanmarfocusonlineplatform


မိတ္ထီလာ-တောင်ကြီး၊ ပြည်ထောင်စုလမ်းမကြီးတွင် ၆ ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး ချောက်ထဲထိုးကျ


Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
ကျောင်းပိတ်ရက် အလည်အပတ်သွားခဲ့တဲ့ အတွေ့အကြုံလေးကို ပြန်လည်ပြောပြရင်း🚙🚙🚙 နောက်တစ်ခေါက်အတူသွားဖို့ ချစ်သူကို 💑💑ပူဆာနေတဲ့ ကျောင်းပိတ်ရက် သီချင်းလေးကို နားဆင်ရင်း သီတင်းကျွတ်ပိတ်ရက်လေးအတွက် အစီအစဉ် ဆွဲလိုက်ကြရအောင်နော်📖📖✍️✍️
#(၁၀၃)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲ"
#myanmarfocus


Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
ချစ်တဲ့သူကို လွမ်းဆွတ်ရင်း ချယ်ရီပင်အောက် 🌳🌳🌳ပြန်လည်တွေ့ဆုံဖို့ ဆုတောင်းနေသူ 🙏🙏🙏တစ်ယောက်ရဲ့ ရင်ဖွင့်သီချင်းလေး ချယ်ရီပင်အောက် နောက်တစ်ခေါက်ဆိုတဲ့ သီချင်းလေးကို နားဆင်ကြည့်ပါအုံးရှင့်
#(၁၀၃)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲ"
#myanmarfocus


Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
တိမ်စိုင်တိမ်လိပ်များကို ငေးကြည့်လို့ ရွာချတော့မယ့် မိုးနဲ့အတူ 🌧🌧🌧အလွမ်းလေးကို ဖွဲ့ဆိုထားတဲ့ အောင်မြင်ကျော်ကြား ရုပ်ရှင်ဇာတ်ဝင်တေး တိမ်လွှာမို့မို့လွင် ကို နားဆင်ရင်း လွမ်းလိုက်ကြရအောင်နော်🎧🎧🎧
#(၁၀၃)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲ"
#myanmarfocus

20 ta oxirgi post ko‘rsatilgan.

150

obunachilar
Kanal statistikasi