ဂျပန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ဘရူနိုင်း၊ ဗီယက်နမ်၊ လာအို နဲ့ ထိုင်းနိုင်ငံ အရှေ့တောင်အာရှ ၄ နိုင်ငံခရီးစဉ် စတင်
ဂျပန် နိုင်ငံခြားရေးဝန်ကြီး Kamikawa Yoko ဟာ သူ့ရဲ့ အရှေ့တောင်အာရှ ၄ နိုင်ငံခရီးစဉ် ပထမတစ်ထောက်ဖြစ်တဲ့ ဘရူနိုင်းကို ဦးတည်ထွက်ခွာသွားခဲ့ပါတယ်။
မီးစ် Kamikawa ဟာ တနင်္ဂနွေနေ့မှာ တိုကျိုအနားက Narita လေဆိပ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။ သောကြာနေ့အထိဖြစ်တဲ့ သူ့ရဲ့ ခရီးစဉ်အတွင်း ဘရူနိုင်းပြီးရင် ဗီယက်နမ်၊ လာအို နဲ့ ထိုင်းနိုင်ငံတွေကို သူ သွားရောက်ဖို့ စီစဉ်ထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးတွေ၊ တခြား အရာရှိတွေနဲ့ တွေ့ဆုံတဲ့အခါ တိုကျိုမှာ ဒီဇင်ဘာလကျရင် ကျင်းပမယ့် ဂျပန်နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အထူးထိပ်သီး အစည်းအဝေး အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိရေး မီးစ် Kamikawa က ကြိုးပမ်းမယ်လို့ မျှော်လင့်ရပါတယ်။
သောကြာနေ့မှာ မီးစ် Kamikawa က အခုနှစ်ဟာ ဂျပန်-ASEAN ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး နှစ် ၅၀ ပြည့်နှစ်ဖြစ်တယ်လို့ ဆိုရင်း အဲဒီ ၄ နိုင်ငံနဲ့အကြား ဆက်ဆံရေးကို လှုံ့ဆော်ရာမှာ အခန်းကဏ္ဍတစ်ခုကနေ စွမ်းဆောင်နိုင်ဖို့ မျှော်လင့်ချက်တွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မီးစ် Kamikawa ဟာ ဂျပန်အနေနဲ့ ဥပဒေစိုးမိုးမှုကို အခြေခံတဲ့ လွတ်လပ်ပြီး ပွင့်လင်းတဲ့ နိုင်ငံတကာတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်အောင် နိုင်ငံတစ်ခုချင်းနဲ့ အနီးကပ်လုပ်ဆောင်သွားရေး အတည်ပြုဖို့ မျှော်လင့်နေတယ်လို့လည်း ပြောပါတယ်။ ဒါဟာ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တွေမှာ ရေကြောင်းလှုပ်ရှားမှုတွေ တိုးမြှင့်လာနေတဲ့ တရုတ်ကို ရည်ရွယ်တာလို့ ယူဆရပါတယ်။
#NHK
#myanmarfocusonlineplatform