Myanmar National Post


Kanal geosi va tili: Myanma, Birmancha


ဆက်သွယ်ရန်-
Email - mmnationalpost@gmail.com
Ph - 09692366274, 09790975969

Связанные каналы  |  Похожие каналы

Kanal geosi va tili
Myanma, Birmancha
Statistika
Postlar filtri


မိုးညှင်းနှင့် လွိုင်လင်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၂၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီတွင် မိုးညှင်းမြို့နယ် နန့်စီးအောင်ကျေးရွာအုပ်စု နန့်စီးအောင်ကျေးရွာအနီးတွင် သန်းစိုးအောင် မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် မမေဇင်ဝင်းမောင်းနှင်ပြီး မသက်သက်မာလိုက်ပါလာသည့် ဆိုင်ကယ်တို့ကို စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ ဘိန်းဖြူ ၁ ဒသမ ၅၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၇၈၂၀ နှင့် ဘိန်းစိမ်း ၁ ကီလို သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် ယင်းနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာအုပ်စု ဟိုတင်ကျေးရွာအနီးတွင် ကျော်စွာဝင်းမောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
https://www.mmnationalpost.com/2024/12/blog-post_471.html


ပင်လောင်းနှင့် ဟိုပုံးမြို့နယ်တို့၌ ဘိန်းခင်းများ ဖျက်ဆီး

နေပြည်တော်၊ ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက်က ဘန့်ဘာကျေးရွာအုပ်စု လူဖဲ့ခြမ်းကျေးရွာ၏ အရှေ့တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ အမြင့်သုံးပေခန့်ရှိ ဘိန်းခင်း ၄၂ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း၊ အလားတူ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖက်ရမ်းကျေးရွာအုပ်စုဖက်ရမ်းကြီးကျေးရွာ၏ အရှေ့ဘက်တစ်မိုင်ခန့်အကွာရှိ အမြင့်သုံးပေခန့်ရှိ ဘိန်းခင်း ၆ ဒသမ ၅ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

Join - https://t.me/MyanmarNationalPost


တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၂၆
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဒီဇင်ဘာ ၂၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်း စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၂၁၅၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/12/blog-post_825.html


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာ ၂၆
ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားကို ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ရန်အောင်(၁)ရပ်ကွက်ရှိ စိန့်မိုင်ကယ် ကက်သလစ်ဘုရားကျောင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၏ ဇနီး၊ ကောင်စီဝင် ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာ မှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်နှင့် ၎င်းတို့၏ ဇနီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ၎င်းတို့၏ ဇနီးများ၊
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/12/blog-post_350.html


GuideInfo4U dan repost
၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအတွက် အထောက် အကူပြုစေရန် ပထဝီဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ





#EducationIndustryGuide









9 ta oxirgi post ko‘rsatilgan.