အားကစားဆိုတာက ပြိုင်ပွဲတွေရှိနေမှ ဖွံ့ဖြိုးတိုးတက်တာဆိုတော့ ပြိုင်ပွဲတွေကို ပုံမှန်ကျင်းပပေးစေလိုပါတယ်။ အဲဒါမှကစားသမားကောင်းတွေ ပေါ်ထွက်လာမှာဖြစ်ပါတယ် (ဦးနိုင်ကျော်ဟိန်း)
၂၀၂၄ ခုနှစ် ပဉ္ဓမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် ဆက်လက်ကျင်းပလျက်ရှိရာ သက်ဆိုင်ရာအားကစားနည်းအလိုက် တာဝန်ရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်ကြသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်-
ဦးနိုင်ကျော်ဟိန်း ကရာတေးအားကစားနည်းပြ ကချင်ပြည်နယ်ကိုယ်စားပြု
ဒီပြိုင်ပွဲဝင်ဖို့ ကရာတေးအားကစားသမားတွေကို ကချင်ပြည်နယ်မှာ ခြောက်လလောက် လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ ကရာတေးပြိုင်ပွဲမှာ ကချင်ပြည်နယ်က ခတရောကုမိတဲ့ပါ နှစ်မျိုးစလုံး ပါဝင်ယှဉ်ပြိုင်ခဲ့တာမှာ ရွှေတစ်ခု၊ ကြေးနှစ်ခုရရှိခဲ့ပါတယ်။ အခုရွှေရတာကတော့ ကုမိတဲ့ ၅၀ ကီလို အောက်ပြိုင်ပွဲမှာရရှိခဲ့တာပါ။ ပြိုင်ပွဲဝင်ကစားသမားကတော့ အားလုံး ၁၀ ယောက်ပါလာပါတယ်။ အမျိုးသားငါးယောက်၊ အမျိုးသမီးငါးယောက်ဖြစ်ပါတယ်။ အားကစားဆိုတာကပြိုင်ပွဲတွေရှိနေမှ ဖွံ့ဖြိုးတိုးတက်တာဆိုတော့ ပြိုင်ပွဲတွေကို ပုံမှန်ကျင်းပပေးစေလိုပါတယ်။ အဲဒါမှ ကစားသမားကောင်းတွေ ပေါ်ထွက်လာမှာဖြစ်ပါတယ်။
မောင်မင်းနိုင်ငြိမ်း ကရာတေးအားကစားပြိုင်ပွဲဝင် ရှမ်းပြည်နယ်ကိုယ်စားပြု
ကျွန်တော်က ကရာတေးပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်း ခတပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရခဲ့တာ ဖြစ်ပါတယ်။ အခုလိုဆုရအောင်တောင်ကြီးမှာ တစ်လကျော်ကျော် နှစ်လလောက် မနက်ညအပြင်းအထန် စခန်းသွင်းလေ့ကျင့်ပြီး ဒီပြိုင်ပွဲကြီးကို လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ကရာတေးအားကစားကို ရှစ်နှစ်ကိုးနှစ်အရွယ်ကတည်းက နွေရာသီသင်တန်းတွေတက်ပြီး လေ့လာသင်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန် ကတည်းကလေ့လာဖြစ်ခဲ့တာပါ။ ကျွန်တော် ၂၀၁၈ ခုနှစ်မှာ Thailand Open ကရာတေး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ အဲဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအသင်းလိုက် ခတကစားသမားအနေနဲ့ ကြေးတံဆိပ်ဆုရရှိခဲ့ပါတယ်။ ကျွန်တော်တို့ကရာတေးက ပြိုင်ပွဲမကျင်းပတာ ကိုဗစ်ပြီးကတည်းကဆိုတော့ တော်တော်အလှမ်းကွာနေပြီ။ အခုလိုပြန်လည်ကျင်းပပေးတာ အလွန်အားရကျေနပ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ပါတယ်။ ဆုတံဆိပ်တွေလည်း ရခဲ့ဖူးပါတယ်။
ကိုထက်ဝေယံထွန်း ဘိလိယက်နှင့်စနူကာ အားကစားပြိုင်ပွဲဝင် ရှမ်းပြည်နယ်ကိုယ်စားပြု
ကျွန်တော်တို့က ၁၅ လုံးနှစ်ယောက်တွဲပြိုင်ပွဲမှာဝင်ပြိုင်ပြီး ရှမ်းပြည်နယ် ကိုယ်စားပြုရွှေတံဆိပ်ဆု ရခဲ့တာဖြစ်ပါတယ်။ အခုလိုရွှေတံဆိပ်ဆုရတော့ အလွန်ဝမ်းသာပါတယ်။ ကျွန်တော်တစ်ယောက်တည်းကောင်းလို့မဟုတ်ပါဘူး။ ကျွန်တော်တို့နှစ်ယောက် တိုင်တိုင်ပင်ပင်နဲ့ စည်းစည်းလုံးလုံးလုပ်ခဲ့လို့ အောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။ ပြိုင်ဘက်ကစားသမားတွေက တော်တော်လေးကောင်းတယ်။ အတွေ့အကြုံရှိတဲ့ကစားသမားတွေနဲ့ထိုးရတော့ ပညာရပါတယ်။ ပြိုင်ပွဲမလာခင်ကတောင်ကြီးမှာ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်က သေချာသင်ကြားပေးတယ်။ ဒီပြိုင်ပွဲအတွက် လေ့ကျင့်ရတာကတော့ သုံးလလောက်ဖြစ်ပါတယ်။ အခုပြိုင်ပွဲက ကျွန်တော့်ရဲ့ပထမဆုံးပွဲဖြစ်ပါတယ်။ ပထမဆုံးပွဲမှာ ရွှေရခဲ့တာပါ။ ကစားသမားကောင်းတစ်ဦး ဖြစ်လာဖို့ကတော့ အရေးကြီးဆုံးက လေ့ကျင့်မှုဖြစ်ပါတယ်။ လေ့ကျင့်မှုရှိရမယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရမယ်။ ပြိုင်ဘက်ကိုလုံးဝအထင်သေးလို့မရဘူး။ ပြိုင်ပွဲမှာ အကျပ်အတည်းကနေ ကိုယ်ဘယ်လိုရုန်းထွက်ရမလဲဆိုတာ အရေးကြီးတယ်။ ဒီပုံစံအတိုင်းဆက်လက်ကျင်းပပေးမယ်ဆိုရင် နောင်တစ်ချိန်မှာ မျိုးဆက်သစ်ကစားသမားတွေအတွက် အခွင့်အလမ်းတွေအများကြီးရမှာဖြစ်ပါတယ်။
ကိုပြည့်ဖြိုးမောင် အမျိုးသားဖူဆယ် အားကစားနည်းပြ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကိုယ်စားပြု
အခုလိုပြိုင်ပွဲဝင်နိုင်ဖို့ ကစားသမားတွေကို နှစ်လခွဲသုံးလလောက် စခန်းသွင်းလေ့ကျင့်ပေးခဲ့တာဖြစ်ပါတယ်။ ပထမတော့ဒီပြိုင်ပွဲအတွက် ကစားသမား ၁၈ ယောက်ရွေးခဲ့ပြီး နောက်တော့ ၁၄ ယောက်နဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲမဝင်ခင်ကတည်းက ကစားသမားတွေရဲ့ ကြံ့ခိုင်မှုတွေ၊ ကစားကွက်တွေ၊ စည်းလုံးမှုတွေ အများကြီးပေါင်းစပ်ပြီးလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲအဆင့်အထိ ရောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ကစားသမားတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ တစ်ဖက်အသင်းကလည်း ကောင်းကောင်းပြင်ဆင်လာတဲ့အသင်းဖြစ်တာကြောင့် အနိုင်ရဖို့ တော်တော်လေးတော့ ကြိုးစားရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော်တို့အသင်းမှာ ရန်ကုန်နဲ့ မန္တလေးတို့က ကစားသမားတွေနဲ့စုဖွဲ့ပြီး လာပြိုင်တာဖြစ်ပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီးပွဲတွေ၊ ဝန်ကြီးဌာနပွဲတွေ လုပ်ပေးတဲ့အတွက် ကစားသမားတွေလည်း ပြိုင်ပွဲဝင်အတွေ့အကြုံတွေ အများကြီးရပါတယ်။ ပွဲများများကစားရတဲ့အတွက် လူငယ်ကစားသမားတွေလည်း အများကြီးပေါ်ထွက်လာမယ်လို့ ယုံကြည်ပါတယ်။