The River News TRN dan repost
ဆယ်စုနှစ်အတွင်း အကြီးမားဆုံးနည်းပညာချို့ယွင်းမှုကို ဒုတိယမြောက်နေ့အဖြစ် DBS ဘဏ် ရင်ဆိုင်နေရ
____________________________
စင်ကာပူနိုင်ငံက DBS အုပ်စုရဲ့ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေဟာ ဒုတိယနေ့အဖြစ် ဆက်လက်ပြီး အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ အရှေ့တောင်အာရှရဲ့ အကြီးမားဆုံးဘဏ်လုပ်ငန်းစုဟာ နည်းပညာပိုင်းဆိုင်ရာအခက်အခဲတွေဖြစ်ပေါ်ခဲ့တယ်လို့
သိရပြီး ဒီပြသနာကို အမြန်ဆုံးဖြေရှင်းနေတယ်လို့လည်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
မနေ့ကစတင်ပြီး အခုလိုအခက်အခဲတွေဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်မဖြစ်ပွားခင် နာရီပိုင်းအလိုကမှ ပထမတစ်ကြိမ်ဖြစ်ပေါ်ခဲ့မှုကို ပြင်ဆင်ခဲ့ပြီးဖြစ်တယ်လို့ ကြေညာခဲ့ပါသေးတယ်။ ဒီလိုတွေဖြစ်ပေါ်ခဲ့ပြီးနောက် ၂၀၁၀ နောက်ပိုင်း DBS ကနေ ဖောက်သည်တွေအနေနဲ့ အေတီအမ်စက်တွေကနေ ငွေသားထုတ်ယူနိုင်မှုမရှိမှု ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့ပြီး အကြီးမားဆုံးချို့ယွင်းချက်လည်းဖြစ်လာခဲ့ပါတယ်။
အွန်လိုင်းကတဆင့် complain တက်မှုတွေ ထောင်နဲ့ချီကာရှိခဲ့ပြီး အကောင့်တွေဝင်ရောက်လို့မရတာကြောင့် ငွေသားတွေကို ဘဏ်ပြောင်းလဲကာ ပြုလုပ်မယ်လို့ပါ ခြိမ်းခြောက်မှုတွေရှိနေခဲ့ပါတယ်။ ပထမတစ်ကြိမ်ဖြစ်ပွားမှုကို ပြင်ဆင်ပြီးမကြာခင်မှာပဲ ထပ်မံဖြစ်ပွားခဲ့တာက ဖောက်သည်တွေကို ဒေါသထွက်စေခဲ့ပြီး လုပ်ငန်းဆောင်တာတွေ နှောင့်နှေးခဲ့တာဖြစ်ပါတယ်။
ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးချို့ယွင်းမှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ဘဏ်ကတော့ ဖောက်သည်တွေအနေနဲ့ တစုံတရာစိုးရိမ်စရာမရှိဘူးလို့ အာမခံချက်ပေးခဲ့ပါတယ်။ ဘဏ်မန်နေဂျာဖြစ်သူ Shee Tse Koon က "ဘဏ်ခွဲအားလုံးကို ဝန်ဆောင်မှုအနေနဲ့ ၂ နာရီကြာတိုးချဲ့ဆောင်ရွက်ပေးထားပြီး ဆက်ဆံရေးမန်နေဂျာတွေနဲ့ ဖောက်သည်ဝန်ဆောင်မှုအရာရှိတွေက အရေးပေါ်ဘဏ်လုပ်ငန်းတောင်းဆိုမှုတွေကို ဆောင်ရွက်ပေးဖို့ အသင့်ရှိနေပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
The River News