သံတော်ဆင့်


Kanal geosi va tili: Butun dunyo, Inglizcha
Toifa: Telegram


နိုင်ငံရေး/စစ်ရေး သတင်းစုံ
သတင်းအမှန်ကို ပြန်ကြားပေးနေတဲ့ သံတော်ဆင့်

Связанные каналы  |  Похожие каналы

Kanal geosi va tili
Butun dunyo, Inglizcha
Statistika
Postlar filtri


Thazin Oo 🇲🇲 dan repost
Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
ထိုင်းနိုင်ငံ ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်၊အုန်းနွဲ့ - ဖက်ကစင်လမ်းမကြီးပေါ်မှာ ရှိတဲ့ ပိုက်လုံးစက်ရုံက မြန်မာလုပ်သားတွေ နေထိုင်ခွင့်သက်တမ်းတိုး စာအုပ်လုပ်ဆောင်ရန် ထိုင်းဘတ်ငွေ ၉၈၀၀ ကုန်ကျမည်ဖြစ်၍ စက်ရုံရှေ့ လူအုပ်နှင့် ဆန္ဒပြခဲ့တာဖြစ်ပြီး  ထိုင်းစစ်သားတွေကတော့ "မလုပ်နိုင်ရင်ပြန်"ဆိုပြီး ပြန်ပြောနေတဲ့ ရုပ်သံဖြစ်ပါတယ်။ ဦးဆောင်ဆန္ဒပြသူတွေကိုလည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီခေါ်ဆောင်သွားပြီပဲ ဖြစ်ပါတယ်။

မူရင်း ရုပ်သံ 👇
https://www.facebook.com/share/v/19ng6f2QgU/


Thazin Oo 🇲🇲 dan repost
Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
DVB က ပြောသမျှ သတင်းတွေထဲ ဒီသတင်းအမှန်ဆုံးပဲ

တစ်မြို့လုံးကို ဒုက္ခပေးနေတဲ့လူကိုမှ ဒီပါတီက ကာကွယ်ပေးပြီး ပြည်သူဘက်က မရပ်တည်ရင် ဒီပါတီလည်း ဆန့်ကျင်ရပါလိမ့်မယ်။

ပြည်သူ့စစ်အကြောင်းပြပြီး ကိုယ်ကျိုးစီးပွားရှာ ဒုက္ခပေးနေတာ တစ်မြို့လုံး ဘယ်သူ့မေးမေး သိကြပါတယ်။

တပ်မတော်နဲ့ မိတ်ဖက်ပါတီမို့ ထောက်ခံတာက တစ်ကြောင်း၊ မိမိဇာတိမြို့ကို အကျိုးပြုချင်လို့ ထောက်ခံဝန်းရံခဲ့တာ (နေရာ၊ ရာထူး) တောင် မရယူခဲ့ပါဘူး။

မြို့ကို ဒုက္ခပေးရင် နီနီစိမ်းစိမ်း လက်မခံနိုင်ပါဘူး....


Thazin Oo 🇲🇲 dan repost
❗️❗️❗️❗️❗️❗️

စားသုံးကုန် စက်သုံးဆီ လမ်းကြောင်း ဖြတ်တောက်နိုင်ပြီဆိုပြီး ရင်အေးရပြီ မှတ်နေတာ ပြည်သူလူထု ကောင်းစားရေးဆိုတဲ့ နာမည်ကောင်းတပ် အကြမ်းဖက် ဝါဒ ကျင့်သုံးနေတဲ့ DPLA သူပုန်က သေနတ်ပြချိန်းခြောက်  အနိုင်ကျင့် အာဏာ ပြလာပြီဆိုတော့ ငြိမ်းချမ်းနေတဲ့ ကျောက်ဂူ အင်တောမြို့လေးက စစ်မီးတောက်ကျရအုံးမှာပေါ့...။

အခုသူပုန် အချင်းချင်း အားကျနေရတဲ့ TNLA ကပါ မြှောက်ထိုးပင့်ကော် ပါအုံးမယ်ဆိုတော့   သူတို့ DPLA က အရူးဘုံမြှောက်သလို ဘာမှ မစဉ်းစား ရှူးတိုက်တိုင်း ကိုက်တော့မှာပါ။

ကျောက်ဂူအနီးတစ်ဝိုက်မှာ က အဖွဲ့ပေါင်းစုံ ရောက်ရှိပြီး အေးချမ်းတည်ငြိမ်မှုလေးကိုဖျက်စီး ကျတော့မှာပါ ( ဂျိုးဖြူ စစ်ကြောင်းတောင်ပေါ်နဂါး အဖွဲ့ မြေပြန့် အဖွဲ့တွေကပါ အားတတ်သရော ဖျက်ဆီးပေးကျအုံးမှာပါ)

ဝါးပြား ပုန်းအင်း လွယ်ကန် အုံးတော ထမင်းပေါင်း ကျောက်မီးခက် အဲ့ရွာ အားလုံးက သူပုန် အမာခံ ရွာတွေကြည့်ပါ။ အင်စုဖွဲ့မှုက 1100 နဲ့ 1400 ကြားရှိတယ်။ လက်နက်ခဲယမ်း မပြည့်စုံသေးဘူး ဆိုပေါ်မယ့် ဘယ်ကမှနမသိရောက်လာမယ့် လက်နက်တွေနဲ့ဆို ဒီအင်အားက ထိမ်းဖို့ခက်မယ်။

အခုက စခန်းငယ်လေးတွေ သိမ်းပြီး  သူတို့ သူပုန်လေးတွေ အားတတ်အောင် တိုက်တိုင်းနိူင် သဘောတရားလေးတွေ စိတ်ထဲ ရောက်အောင် စိတ်ဓါတ်တတ်ကြွမှုအတွက် သူပုန်ခေါင်ဆောင်တွေက စိတ်ဓာတ်စစ်ဆင်ရေးလုပ်ပေးပြီး နိုင်စိတ်သွင်းနေတာ။

သူတို့ရည်းညွန်းချက်က ကျောက်ဂူ အင်တော မရမချင်း အရယူဖို့ဘဲ။သူပုန်ဆိုတာ လူသား ဖြစ်တာနဲ့ အညီ သတ်ရင်သေတဲ့ အမျိုး သူပုန် ပပျောက်ချင်ရင် သူပုန်စခန်း ရှင်းလင်းရမယ်။ အခုလိုသာ ဆက်လက်သွားရင်  စခန်းငယ်တွေ ကျ အုံးမယ်။ ခြေလျင် ခြေမြန် စစ်ကြောင်း နှစ်ကြောင်း လောက် လက်ယှက်ထိုး စစ်ကြောင်း ထိုးလိုက်ရင် သူပုန်တွေ ဘာခံနိူင်မလဲ။


မှိုင်းဝေ dan repost
ရဲမင်းတို့ရဲ့ကောင်းမှုကြောင့် ထိုင်းရောက် မြန်မာတွေကို ထိုင်းစစ်တပ်နဲ့ရဲတပ်ဖွဲ့က ဖမ်းဆီးနေ

NUG တစ်ကွက်ပြပြီ😂😂😂

မှိုင်းဝေ


မှိုင်းဝေ dan repost
Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
မလေးရှား NUG ရုံးကကောင်တွေ
ဘာဖြစ်သွားပြီလဲ..?
😂😂😂


YBSကဒ်စက်များဖြတ်တောက်ထားသည့်ယာဉ်မောင်များကိုYBSယာဥ်မောင်းခွင့်ပိတ်သိမ်းခွင့်အထိအရေးယူသွားမည်
NOM၊ဒီဇင်ဘာ၁၉၊၂၀၂၄
ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲလျက်ရှိသည့်YBSယာဉ်များစီးနင်းရာတွင်ခရီးသွားပြည်သူများအဆင်ပြေစွာဆောင်ရွက်ထားသည့်YBSကဒ်စက်များဖြတ်တောက်ထားသည့်ယာဉ်မောင်းများကိုYBSမောင်းခွင့်ပိတ်သိမ်းခွင့်အထိအရေးယူသွားမည်ဖြစ်ကြောင်းယနေ့မွန်းလွဲပိုင်းကပြုလုပ်သည့်စာနယ်ဇင်းရှင်းလင်းပွဲတွင်ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှတွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။
"ကညနကယာဥ်‌​မောင်းလိုင်စင်ကိုပြောတာမဟုတ်ပါဘူး။YRTCကထုတ်ပေးထားတဲ့YBSစမက်ကဒ်လိုင်စင်ပိတ်သိမ်းမှာပါ၊ဒါ့‌​ကြောင့်ybsယာဉ်တွေမှာမောင်းလို့မရပါဘူး။ကညနကထုတ်‌​ပေးတဲ့လိုင်စင်တော့ဘယ်မှာဘဲမောင်းမောင်းရပါတယ်"ဟုတွဲဖက်အတွင်းရေးမှူးကဆက်လက်ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲလျက်ရှိသည့်YBSယာဉ်စီး​ရေ၃၉၅၁စီးရှိသည့်အနက်YBSကဒ်ဖြင့်သုံးစွဲစီးနင်းသူခရီးသည်တစ်သိန်းခွဲခန့်ရှိကြောင်းသိရသည်။


Banyunt6 dan repost
အင်းတော်မြို့၊ မြို့မ ဘုန်းကြီးကျောင်း တွင်စစ်ရှောင်နေထိုင်လျက်ရှိသည့်အရပ်သားပြည်သူများအား KIA/PDF အဖွဲ့မှ ရှော့တိုက်ဒုံးဖြင့်အကြောင်းမဲ့ပစ်ခတ်မှုကြောင့်စစ်ရှောင် အပြစ်မဲ့ ပြည်သူ အမျိုးသမီး၂ဦးသေဆုံးပြီးသံဃာ ၁ပါးနှင့် အမျိုးသမီး၁ဦးတို့ထိခိုက်ဒဏ်ရာရရှိ
-ဒီဇင်ဘာလ၁၆ရက်နေ့ နေ့လည်၁၂၀၀ နာရီခန့်တွင်KIA /PDFအဖွဲ့မှ အင်းတော်မြို့ မြို့မပရိယတ္တိစာသင်တိုက်အား ရှော့တိုက်ဒုံးဖြင့်အကြောင်းမဲ့ပစ်ခတ်မှုကြောင့်ကျောင်းဝင်းအတွင်းရှိ စစ်ရှောင် ယောဂီအဆောင် အားထိမှန်ပေါက်ကွဲခဲ့ပြီး စစ်ရှောင်နေသူ အသက်၄၉ နှစ် အရွယ် နှင့်    အသက်၅၃ နှစ် အရွယ်အမျိုးသမီး နှစ်ဦးတို့ ပွဲချင်းပြီး သေဆုံး၍ ကျောင်းနေ သံဃာ ၁ပါးနှင့်စစ်ရှောင်အမျိုးသမီး၁ဦးတို့ ဒဏ်ရာပြင်းထန်စွာရရှိခဲ့။
-ဒဏ်ရာရလူနာများအားအင်းတော်မြိုရှိတပ်မတော်စစ်ကြောင်းမှဆေးကုသမှု ပေးလျက်ရှိ ။
KIA /PDF အကြမ်းဖက် အဖွဲ့မှ အင်းတော်မြို့ အား သြဂုတ်လ၁၆ရက်နေ့စ၍အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုကြောင့် ဒေသခံလူထုမှာ မြို့မဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေထိုင်လျက်ရှိပြီးတိုက်ပွဲဖြစ်ပွားလျက်ရှိ သည့်၄လတာ ကာလအတွင်း စစ်ရှောင် ဒေသခံများအား အကြမ်းဖက်အဖွဲ့ မှရှော့တိုက်ဒုံး ၊ဒရုန်း၊စနိုက်ပါများဖြင့်ပစ်ခတ်မှုကြောင့်အပြစ်မဲ့ပြည်သူ စစ်ရှောင် သက်ကြီးရွယ်အိုအဘွား၃ ဦး၊၁၂နှစ်အရွယ်ကလေး၁ဦး အပါအဝင် ၁၂ဦး သေဆုံးခဲပြီး၄၀ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့။
အဆိုပါဖြစ်စဥ်များနှင်ပတ်သက်၍မိမိမြို့ကို ဖျက်ဆီးမီးရှို့ပြီး ဒေသခံများအားအကြမ်းဖက်ပစ်ခတ်နေမှု အပေါ် မြို့သူ မြို့သားများမှဝေဖန်ရှုံ့ချလျက်ရှိကြောင်းသိရှိရ

#BN




မြစ်ဆုံသတင်းဌာန dan repost
⚠️ ဗန်းမော်မြို့လက်ရှိအခြေအနေအမှန်ကို သိချင်နေကြတဲ့သူများအတွက်....

👉 ဗန်းမော်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ထားပြီးပါပြီ၊ တပ်မတော်စစ်ကြောင်းတွေက ဗန်းမော်မြို့လမ်းကြို၊ လမ်းကြားကအစ Kia/Pdf အဖျက်သမားတွေ မခိုအောင်းနိုင်အောင် အသေးစိတ်လိုက်ရှင်းနေပါတယ်၊ အဝေးကနေ Kia/Pdf တွေက လက်နက်ကြီးနဲ့ပစ်တာတော့ အခုချိန်ထိရှိနေပါသေးတယ်၊ ဒါကြောင့်စိတ်မချရသေးလို့ မြို့ထဲမှာပိတ်မိနေတဲ့ပြည်သူတွေကို တပ်မတော်က လူမှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ကယ်ထုတ်ပေးနေပါတယ်၊ ဒါပေမဲ့ ရွှေကူဘက်လမ်းမှာ Kia/Pdf တွေက အဓမ္မဖမ်းဆီးလူသစ်ဆွဲနေလို့ အခြေအနေကိုစောင့်ကြည့်ပြီးမှထွက်နေရကြောင်း ဗန်းမော်မြို့ခံတစ်ဦးက ဆက်သွယ်ပြောကြားလာပါတယ်။

✍️ မြစ်ဆုံသတင်းဌာန


တိုင်းစစ်ဌာနချုပ်ဘေးမှာ အတွဲလိုက် ဒုံးတွေရှိတယ်။ အခြား အမြောက်တွေလည်း ပတ်လည်နေရာချထားတာ တွေ့တယ်။ ဒါပေမယ့် ရန်သူ့ ဒရုန်းကြောင့် တိုင်းစစ်ဌာနချုပ်ဟာ ဗလပွ ဖြစ်နေတာ တွေ့ရတယ်။ အဓိက ပြဿနာ ဖြစ်ခဲ့ဟန် ရှိတာက ရန်သူကို အဝေးစည်းကတည်းက ဦးနှိမ်မှု မရှိခဲ့တာပါပဲ။ ဒီလက်နက်ကြီးတွေရှိပြီး ဒရုန်းတွေ အနီးကပ်ခံကတည်းက ဒီလို အခြေအနေ ဖြစ်တယ်လို့ ယူဆရမယ်။ ဂုဏ်ယူစရာ ကောင်းတာကတော့ ဒီလိုအခြေအနေ ဖြစ်နေတာတောင် အပြင်းအထန် ခုခံနေဆဲ စစ်သည်တွေရဲ့ အမိန့်နာခံမှုနဲ့ တာဝန်ကျေပွန်မှုဟာ မလေးစားပဲနဲ့ကို နေလို့မရဘူး။ ဒီအောင်စိတ်တွေ မကျိုးမပဲ့စေဖို့ ရှိသမျှ ၊ စွမ်းသမျှ လက်နက်ခွန်အားတွေ အကောင်းဆုံး အထောက်အကူ ပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်။


(နရီမိုး)


Snow Queen. dan repost
အနက်ရောင်သေမင်းတမန်အဖွဲ့။

နတ္တလင်းခရိုင်အတွင်းအေးချမ်းစွာနေထိုင်နေကြတဲ့ပြည်သူများနှင့်ရပ်ကျေးအုပ်ကြီးများကိုအကြမ်းဖက်PDFများမှ
လုပ်ကြံသတ်ဖြတ်မှုတွေများပြားလာတာကြောင့်

ပေါင်းတည်အကြမ်းဖက်PDF၂ ဦးအားတန်ပြန်အပြစ်ပေးချေမှုန်းသုတ်သင်ခဲ့ပြီးနောက်ထပ်အကြမ်းဖက်အဖွဲ့တွေကိုထောက်ခံအားပေးနေတဲ့သူတွေနဲ့အကြမ်းဖက်PDF အဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကိုလည်းရှာဖွေဖော်ထုတ် အပြစ်ပေးသွားမယ်လို့အနက်‌သေမင်းတမန်အဖွဲ့မှ သတိပေးကြေငြာခဲ့ပါသည်။

အနက်ရောင်သေမင်းတမန်အဖွဲ့
နတ္တလင်းခရိုင်


သတိပြုနိုင်စေရန် ပြည်သူတစ်ဦးမှပေးပို့သည့်သတင်း
===================

ဒီဇင်ဘာ(၁၀) ရက်နေ့တွင် ရှမ်းမြောက် ဟိုပန်တွင် ဝ အဖွဲ့မှ
ဉီးဆောင်၍ အစည်းအဝေးပြု
လုပ်ခဲ့ကြောင်း၊ထိုအစည်းအ
ဝေးသို့ တိုင်းရင်းသား လက်
နက်ကိုင် အကဖ အဖွဲ့ပေါင်းစုံ
နီးပါးတက်ရောက်ခဲ့ကြောင်း၊
KNU မှတာဝန်ရှိသူတစ်ဉီးမှ
online မှတက်ရောက်ကြောင်း၊၄အစည်းအဝေး
တွင် အဓိကဆွေးနွေးသည်
မှာ လက်ရှိ အခြေအနေအရ
အပစ်အခတ်ရပ်စဲထားသည့်
အဖွဲ့များ အနေဖြင့်ဟန်မပျက်
ရပ်စဲထားချိန်တွင် မိမိတပ်ဖွဲ့
များအားအနားပေးပြီး ဒါဏ်
ရာရသူများကိုဆေးကုသ
ခြင်း၊လက်နက်ခဲယမ်းများ
ဖြည့်တင်းခြင်းလုပ်ငန်းများ
လုပ်ဆောင်ပြီး ၂၀၂၅ ခုနှစ်
နှစ်ဉီးပိုင်းတွင် ၁၀၂၇ စစ်ဆင်
ရေး တတိယလှိုင်းကိုဖော်ဆောင်တိုက်ခိုက်မည်ဖြစ်
ကြောင်း၊ထို့အတွက် ဝ အဖွဲ့မှ
လားရှိူးသို့ မတယ အစင်း ၈၀
စာခန့်ရှိ လက်နက်ခဲယမ်းများ
ပို့ဆောင်စုဖွဲ့ထားပြီးဖြစ်
ကြောင်း၊ ထိုတိုက်ပွဲများဖော်
ဆောင်ရာတွင် ဝ အဖွဲ့မှ ဝင်
ရောက်တိုက်ခိုက်ခြင်းမပြုဘဲ
ထောက်ပို့ လုပ်ငန်းများကိုသာ
လုပ်ဆောင်မည်ဖြစ်ကြောင်း ၊
ထိုသို့လုပ်ဆောင်ရာတွင် တိုင်းရင်းသား လက်နက်ကိုင်
အကဖပေါင်းစုံနီးပါးတို့မှ
စစ်မျက်နှာပေါင်းစုံမှ တိုက်
ကွက်ဖော်တိုက်ခိုက်မည်ဖြစ်
ကြောင်း၊ယခုအချိန်တွင် ဝ
ဒေသ၌ လက်နက်ခဲယမ်းစက်
ရုံများထပ်မံတိုးချဲ့ဆောက်လုပ်လည်ပတ်လျှက်
ရှိကြောင်းနှင့်ထိုလုပ်ငန်းများ
ကို ထိုင်ဝမ်ပညာရှင်များမှ
ဉီးစီး ဆောင်ရွက်လျှက်ရှိ
ကြောင်း၊ ယခုတင်ပြပြုလုပ်
သည့်အစည်းဝေးသို့ စစ်ကိုင်းတိုင်းဘက်မှ PDF
အကဖခေါင်းဆောင်အချို့
လည်းတက်ရောက်ကြ
ကြောင်း၊ သို့ဖြစ်ပါ၍ မိမိတပ်
များအနေဖြင့် မိမိနယ်မြေအတွင်း အမာခံသတင်းပေးများ မွေးမြူတည်ဆောက်၍
ကြိုတင်သတင်းရရှိရန်နှင့်
တပ်တွင်းတပ်ပြင် လခရအ
ခြေအနေများကို အထူးသတိပြု ရန်လိုအပ်ကြောင်း
မိမိအမာခံသတင်းပေးများ
ထံမှသတင်းရရှိတင်ပြအပ်
ပါသည်--/


Breaking News (တောင်ခမ်း)

ဒီဇင်ဘာလ ၁၉ ( ယနေ့ ) တောင်ခမ်းတွင် နယ်မြေရှင်းလင်းနေသော လုံခြုံရေးတပ်ဖွဲ့များနှင့် TNLA အကြမ်းဖက်များ တိုက်ပွဲဖြစ်ပွားရာ မိမိဘက် အဖိတ်အစင်မရှိဘဲ ရန်သူ့ထံမှ -
(၁) TNLA အလောင်း ၆ လောင်း
(၂) သေနတ် ၆ လက်
  - Type 81 သေနတ် ၅ လက်
  - MA-1 သေနတ် ၁ လက်
(၃) ကျည်အိမ် ၆ ခု
(၄) ကျည် ၇၀ တောင့်

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
တောင်ခမ်းက စစ်သည်တော်ကောင်းများအတွက် ဂုဏ်ယူမိပါတယ်။ ရုတ်ချည်းထိတွေ့ တိုက်ပွဲဖြစ်ချိန် ကိုယ့်ထက် အင်အားသာလွန်တဲ့ အကြမ်းဖက်သမားများအား ရဲဝံ့စွန့်စားစွာဖြင့် သတ္တိရှိရှိ တိုက်ခိုက်ခဲ့သဖြင့် ရန်သူဟာ ရင်ဆိုင်မယှဉ်ဝံ့ဘဲ အလောင်း/လက်နက်များ ထားကာ ထွက်ပြေးသွားကြသည်။
-
ဒီလို ရဲရဲဝံ့ဝံ့ဖြင့် တိုက်ပွဲဝင်နေကြတဲ့ တောင်ခမ်းမှ စစ်သည်တော်/ စစ်သူရဲကောင်းတို့ရဲ့ အောင်မြင်မှုများ ဆက်တိုက်ကြားရမှာဖြစ်ပြီး ထိုစစ်သည်တော်များကိုလည်း ဒီ Post လေးဖြင့် မှတ်တမ်းတင် ဂုဏ်ပြုဖော်ပြပေး လိုက်ပါသည်။

(လိုင်းအခက်အခဲကြောင့် ကျန်ရှိအလောင်းများအား ဆက်လက်ဖော်ပြပေးပါမည်)

တိုက်ပွဲသတင်းစုံ




၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် - ၁၅ ရက်အတွင်း ရန်သူထံမှ အကျိုးအမြတ် ရရှိမှုစာရင်း
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

တိုင်းစစ်ဌာနချုပ်အလိုက် ဒီဇင်ဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တိုက်ပွဲသတင်းများနဲ့ အကြမ်းဖက်သမားများသေဆုံး၊ အရှင်မိ၊ အလင်းဝင်နဲ့ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများ၊ အခြားပစ္စည်းများ ဇယားပေါင်းချုပ်အား ဖော်ပြလိုက်ပါတယ်။
-
ဒီစာရင်းဇယားထဲမှ High Light ထုတ် ပြောရရင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းက တိုက်ပွဲဖြစ်စဉ်များပဲ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး အကြမ်းဖက်သူပုန်များက ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း တပ်စခန်းများအား လာရောက်တိုက်ခိုက်ရာတွင် အကြမ်းဖက် KIA/PDF (သေဆုံးမှုအနေဖြင့် ၁၈၇ ဦး ဒဏ်ရာရ ၂၂၈ ဦး) မိုးမောက်မြို့နယ်တွင်း တိုက်ပွဲဖြစ်စဉ်များတွင် အကြမ်းဖက် KIA/PDF များ (သေဆုံးမှုအနေဖြင့် ၈ ဦး ဒဏ်ရာရ  ၂၄ ဦး)မံစီမြို့နယ်အတွင်း တပ်စခန်းများအားလာရောက်တိုက်ခိုက်စဉ် အကြမ်းဖက် KIA/PDF (သေဆုံး ၁ ဦး)၊ ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်စဉ်တွင်  အကြမ်းဖက် KIA/PDF (သေဆုံးမှုအနေဖြင့် ၅ ဦး၊ ဒဏ်ရာရ ၂ ဦး) အထိရှိခဲ့သည်။ ကချင်ပြည်နယ်တိုက်ပွဲများအတွင်း KIA/PDF များသေဆုံးမှု ၂၁၀ ဦးအထိရှိခဲ့၍ ဒဏ်ရာရ ၂၆၂ ဦးရှိခဲ့ကြောင်း တွေ့ရှိရပြီး ဗန်းမော်မြို့နယ်တွင် KIA/PDF အဖွဲ့မှ ခေါင်းဆောင်ပိုင်းများ အပါအဝင် အများအပြား သေဆုံး/ဒဏ်ရာရရှိခဲ့ကြောင်းတွေ့ရှိရပါသည်။
-
လက်ရှိအချိန်တွင် တပ်မတော်မှ ဗန်းမော်မြို့အား ဆက်လက်ထိန်းချုပ်ထားပြီး ဗန်းမော်မြို့နယ်အတွင်း ခိုအောင်းနေတဲ့ အကြမ်းဖက်သမားများကို လိုက်လံရှင်းလင်းလျက်ရှိပါသည်။
-
မှတ်ချက်။ မြေပြင်သိမ်းဆည်းရမိ အလောင်းလက်နက်၊ ဝေဟင်ကင်းထောက်မှု၊ ဖမ်းဆီးရမိအကြမ်းဖက်များ၏ ထွက်ဆိုချက်များနှင့် ကြားဖြတ်သတင်းများမှ အရေအတွက်များကိုသာဖော်ပြထားသဖြင့် မြေပြင်ထိခိုက် သေဆုံးသည့်အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။

တိုက်ပွဲသတင်းစုံ


မှိုင်းဝေ dan repost
နစက၏ ရွေးကောက်ပွဲအစီအစဉ်အပေါ် မြန်မာ့အိမ်နီးချင်းနိုင်ငံများက အကောင်းမြင်ဟု ထိုင်းနိုင်ငံပြော
၁၉ ဒီဇင်ဘာ ၂၀၂၄
▪️မြန်မာနစက နိုင်ငံခြားရေးဝန်ကြီးတင်ပြတဲ့ နစကရွေးကောက်ပွဲအစီအစဉ်အပေါ် ဆွေးနွေးပွဲတက် ရောက်လာတဲ့မြန်မာအိမ်နီးချင်းနိုင်ငံတွေက ခြုံငုံပြီး အကောင်းမြင်ကြတယ် လို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ နီကွန်ဒက်ချ် ဘာလန်ကူရာက ပြောတဲ့အကြောင်း ဘန်ကောက်ပိုစ် သတင်းမှာ ဖော်ပြထားပါတယ်။
▪️မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက အကျပ်အတည်းနှင့်ပတ်သက်ပြီး အဖြေခပ်သွက်သွက်  လိုချင်ကြတယ်  လိုလည်း သူက ဖြည့်စွက်ပြောပါတယ်။
▪️“ မြန်မာနိုင်ငံခြားရေးဝန်ကြီးက ခြုံငုံမိတဲ့နိုင်ငံရေးဆွေးနွေးမှုအတွက် တံခါးဖွင့်ထားတယ်လို ပြောပါ တယ်” လိုလည်း သူကပြောပါတယ်။
▪️မြန်မာနစက နိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်းနိုင်ငံဘန်ကောက်မြိုသိုရောက်ရှိနေပြီး မြန်မာနှင့် ယင်းရဲ့ အိမ်နီးချင်းနိုင်ငံများ အလွတ်သဘောဆွေးနွေးပွဲသို ဒီဇင်ဘာ ၁၉ရက်က တက်ရောက်နေတာဖြစ်ပါတယ်။
▪️အဲဒီဆွေးနွေးပွဲသို တရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံ(၅)နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန  ဝန်ကြီးများနှင့်အဆင့်မြင့်အရာရှိကြီးများတက်ရောက်နေကြပါတယ်။
▪️မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက လာမယ့်နှစ်မှာကျင်းပမယ့် မြန်မာ့ရွေးကောက်ပွဲအစီ အစဉ်ကို အိမ်နီးချင်းနိုင်ငံတွေကို ချပြခဲ့ပါတယ်။ သူက နိုင်ငံခြားက ရွေးကောက်ပွဲစောင့်ကြည့်သူတွေကို ဖိတ်ခေါ် နိုင်ခြေရှိတာကိုလည်း ပြောပြခဲ့တယ်လို့ဆိုပါတယ်။



17 ta oxirgi post ko‘rsatilgan.