ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့အနီးတွင် စိန်ပြောင်းဗုံးသီးများ ဖမ်းဆီးရမိ
==========================================================================
၂၀၂၄ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် လက်နက်/ခဲယမ်းများ သယ်ဆောင်လာမည်ဟု သတင်းရရှိသဖြင့် ကာလိမြို့အဝင် ဆိုင်းဘုတ် အနီးတွင် စောင့်ဆိုင်းနေစဉ် တာကော်ဘက်မှ ကာလိမြို့ဘက်သို့ ယာဉ်မောင်း စိုင်းစွမ်း(ဘ) ဦးဆန်ဆွဲ၊ ၃၀ နှစ်၊ဆောင်ကျဲကျေးရွာ၊ သီပေါမြို့နေသူ မောင်းနှင်ပြီး ဇနီးဖြစ်သူ မနကျစီး(ဘ) ဦးဘသိန်း၊ ၂၄ နှစ်၊ နဘူးရဲ ကျေးရွာ၊မိုင်းဆတ်မြို့နယ်နေသူ လိုက်ပါလာသည့် ပါဂျဲရိုး(အဖြူရောင်)ယာဉ် အား စစ်ဆေးရာ ယာဉ်၏ နောက်ခမ်း ထိုင်ခုံပေါ်တွင်အဝါရောင် ဆာလာအိတ်ဖြင့် ပတ်ထားသည့် ၆၀ မမ တာဝေးစိန်ပြောင်း(ခွင်းဗုံး) ၁၀ လုံးပါ ၊ ၂ ထုပ်၊စုစုပေါင်း ၂၀ လုံးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံ များအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။
သံတော်ဆင့်