ယနေ့ နံနက်အစောပိုင်း သရက်မြို့အနီး ၄ ဒဿမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်
ယနေ့ ဒီဇင်ဘာ (၂၄)ရက် နံနက်အစောပိုင်း (၁၂)နာရီ (၂၇)အချိန်တွင် သရက်မြို့အနီး ၄ ဒဿမ ၄ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံ မြေငလျင်သတင်းများနှင့် သုတေသနပြုစင်တာထံက သိရသည်။
အသိပေးချက်တွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့အနောက်ဘက် မိုင်(၃၀) မိုင်ကျော်အကွာ၊ မင်းတုန်းအရှေ့တောင်ဘက် (၁၂)မိုင်ခန့်အကွာ မြေအောက်အနက် (၆) မိုင်ကျော်၌ မဂ္ဂနီကျု ၄ ဒဿ မ ၄ အဆင့် မြေငလျင်လှုပ်ရှားသွားခဲ့ကြောင်း ဆိုသည်။
ထို့အပြင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရှမ်းပြည်နယ်အတွင်း (၈) ကြီမ်၊ မကွေး တိုင်းအတွင်း (၁)ကြိမ်၊ တနင်္သာရီ တိုင်းအတွင်း(၂) ကြိမ်၊ စုစုပေါင်း (၁၁) ကြိမ် လှုပ်ခတ်ခဲ့သည်ဟု အသိပေးထားသည်။
အလားတူ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ယနေ့ ဒီဇင်ဘာ (၂၄)ရက် မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၂၇)မိနစ်၊ (၂၅) စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် မိုင် (၇၀)ခန့်ကွာဝေးသော (ဆင်ပေါင်ဝဲမြို့၏ အနောက်တောင်ဘက် (၁၂) မိုင်ခန့်အကွာ)၊ အနက်(၆၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄ ဒဿမ ၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း အသိပေးထုန်ပြန်ထားသည်။
ယခု ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ အတွင်း နေရာအချို့တွင် အင်အားအ သင့်အတင့်ရှိ ငလျင်ငယ်များ ဆက် တိုက်လှုပ်ရှားမှုများဖြစ်ပေါ်နေသည်ကို အသိပေးချက်များအရ တွေ့လာရသည်။