ဖေ့ဘုတ် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ
⚠️သတင်းအမှားတွေ၊
⚠️သတင်းအတုတွေ၊
⚠️လုပ်ကြံဖန်တီးထားတဲ့သတင်းတွေ၊
⚠️ကောလာဟလသတင်းတွေနဲ့
ပတ်သက်ပြီး ပြည်သူတွေကို ကျနော်တို့အနည်းငယ် ပြန်လည်ရှင်းပြချင်ပါတယ်။
အရင်ကတော့ ဒါတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ကော၊ ဒီအတိုင်း သတင်းတင်ပေးတဲ့အနေနဲ့ကော၊ "ဆိုက်ဝါး" ဆိုတဲ့ ခေါင်းစဥ်နဲ့ကော ရည်ရွယ်ချက်မျိုးစုံနဲ့ ဖြန့်ဝေခဲ့ကြပါတယ်။ ဒီထဲမှာမှ အဆိုးဆုံးနဲ့ အများဆုံး ကောလာဟလ သတင်းအမှားတွေကတော့ မိုဘိုင်းအင်တာနက်တွေ၊ အများပြည်သူသုံးဝိုင်ဖိုင်လိုင်းတွေ ပိတ်/ဖွင့်တာနဲ့ပတ်သက်တဲ့ သတင်းတွေပဲဖြစ်ပါတယ်။ နောက်ပြီးတော့ တိုက်ပွဲသတင်းတွေ၊ သေဒဏ်သတင်းတွေ၊ ဘဏ်သတင်းတွေ၊ ပြည်ပက UN / US / R2P/ QUAD/စစ်ရေးတွေကစပြီး သတင်းတွေ စုံလို့ပါပဲ။
ဒါ့အပြင် မက်စင်ဂျာကနေ အတွင်းသတင်းတို့ ထိပ်ပိုင်းသတင်းတို့ ဆိုပြီး အသံဖိုင်တွေ၊ စာတိုတွေပို့ကြတာလည်းရှိခဲ့ပါတယ်။ နောက် Copy, Credit တို့၊ Source တိကျတို့ဆိုတာတွေကောပါပဲ။ ဒါအားလုံးကြုံခဲ့ သိခဲ့ပြီးသားတွေပါ။
အခုနောက်ပိုင်း ဒီလိုသတင်းတွေ သိပ်မတွေ့ရတော့ဘူးဆိုပေမယ့်လို့ တစ်ခါတစ်ခါ ပြန်ပြန်ပေါ်လာတတ်ပါတယ်။ ဥပမာ - လွန်ခဲ့တဲ့ ၄-၅ရက်က ပြောခဲ့ကြတဲ့ အင်တာနက်တွေ ပြန်ဖြတ်မယ် ပြန်ပိတ်မယ်ဆိုတာတွေ၊ မနေ့ကဆိုလည်း KNU နယ်မြေတစ်ခုမှာ PDF ရဲဘော် (၅၀) ကျဆုံးတယ်ဆိုတာတွေပေါ့။ အခုလည်း ငွေစက္ကူ တစ်သောင်းတန်နဲ့ပတ်သက်တဲ့သတင်းတွေ ထွက်နေတာ ကျနော်တို့တွေ့ပါတယ်။
အဲ့တော့ ဒီလို သတင်းတွေက ဆိုရှယ်မီဒီယာပေါ်မှာ အပြီးပျောက်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သိတဲ့အတိုင်းပဲ လူစိတ်ဝင်စားလောက်တဲ့ သတင်းထူးတစ်ခုထွက်လာရင် အမှား/အမှန် အသာထား အားလုံးက ပြန်လည်မျှဝေဖို့နဲ့ ဝေဖန်သုံးသပ်ဖို့ပဲ အားသန်နေကြတာပါ။
ပြည်သူတွေအနေနဲ့ကတော့ ဆိုရှယ်မီဒီယာပေါ်က သတင်းတွေကို ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး၊ မှားတယ် မှန်တယ်ဆိုတာကို မိမိကိုယ်ပိုင်စဥ်းစားဉာဏ်နဲ့ ချင့်ချိန်ပြီးမှယုံကြည်စေချင်ပါတယ်။
ကျနော်တို့ဖြစ်စေချင်တာလည်း အဲ့တာပါပဲ။
အွန်လိုင်းပေါ်မှာ ထူးခြားတဲ့ သတင်းတစ်ခုခု တက်လာရင် ဟိုလူ ကွန်ဖမ်းမှ၊ ဒီလူ ကွန်ဖမ်းမှ၊ ဟိုလူ အတည်ပြုပေးမှ ဒီလူ အတည်ပြုပေးမှ ဆိုတာမျိုးမဟုတ်ဘဲ မိမိရဲ့ ကိုယ်ပိုင်စဥ်းစားဉာဏ်နဲ့စဥ်းစားဆုံးဖြတ်တာ အကောင်းဆုံးဖြစ်ပါတယ်။ အိုကေ... ကိုယ်မသိတဲ့ ကိစ္စ၊ ကိုယ်နားမလည်တဲ့ ကိစ္စမျိုး သတင်းမျိုးဆိုရင်လည်း ချက်ချင်းကြီး မျက်စိမှိတ်မယုံလိုက်ဘဲနဲ့ ယုံကြည်စိတ်ချရတဲ့သူတွေ၊ သတင်းဌာနတွေက တင်တာကို စောင့်ဖတ်ပေါ့။ ကျနော်တို့လည်း အဲ့လိုပဲ လုပ်တာပါ။ ကျနော်တို့က သူများထက်ပိုပြီး သိတတ်နေတဲ့ ဆရာကြီးတွေလည်း မဟုတ်ပါဘူး။ ဒီလိုပဲ မိမိတို့ရဲ့ စဥ်းစားဆင်ခြင်ဉာဏ်နဲ့ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ သတင်းရင်းမြစ်တွေက ဖော်ပြတာတွေနဲ့ ချင့်ချိန်ပြီး သတင်းတွေကို စိစစ်ပေးတာပါ။ ကျန်တဲ့ ထူးထူးခြားခြားသတင်းရင်းမြစ်တွေမရှိသလို မည်သည့်နိုင်ငံရေးအဖွဲ့အစည်းနဲ့မှလည်း ပါဝင်ပတ်သက်ထားခြင်းမရှိထားပါဘူး။ အဲ့ထဲက ဘယ်သူနဲ့မှလည်းမသိပါဘူး။
နောက်တစ်ခုက ကျနော်တို့ နားမယ်ဆိုတာပါ။ ဟုတ်ပါတယ်။ ကျနော်တို့လည်း ကိုယ်ရေးကိုယ်တာကိစ္စလေးတွေနဲ့ အလုပ်ကိစ္စလေးတွေရှိတာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ သတင်းတွေ စိစစ်ပေးတာကို နားကြတော့မယ်လို့ ဆုံးဖြတ်ထားပြီးကြပါပြီ။ သို့်သော်လည်း အများပြည်သူ စိတ်သောကရောက်စေနိုင်တဲ့ ကောလာဟလသတင်းတွေ၊ အရေးကြီးတဲ့သတင်းတွေဆိုရင်တော့ ကျနော်တို့လည်း ဒီတိုင်းမနေပါဘူး။ ကျနော်တို့ တတ်နိုင်သလောက် ဝင်ရောက်ကူညီပြီး စိစစ်ဖော်ပြပေးပါ့မယ်။
အဓိကကတော့ အပေါ်ကပြောခဲ့သလိုပဲ သတင်းတွေကို ဘယ်သူဘာပြောပြော မိမိရဲ့ စဥ်းစားဆင်ခြင်ဉာဏ်နဲ့ ဆုံးဖြတ်တဲ့ အလေ့အကျင့်လေး ရှိစေချင်တာပါ။ ကိုယ်မသိတဲ့ သတင်းတွေဆိုရင်တော့ ယုံကြည်ရတဲ့သတင်းဌာနတွေ၊ သတင်းရင်းမြစ်တွေက ဖော်ပြတာကို စောင့်ပေါ့။ ဒါကျနော်တို့ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ပေ့ချ်စဖွင့်ပြီးနောက်ပိုင်း အကြိမ်ကြိမ် ထပ်ခါတလဲလဲ ရှင်းပြခဲ့ဖူးပါတယ်။
ပြည်သူတွေမှာလည်း ကိုဗစ်က နှိပ်စက်လိုက်၊ စစ်တပ်က ကိုယ်ထိလက်ရောက်နှိပ်စက်လိုက်၊ ဆိုရှယ်မီဒီယာပေါ်က ကောလာဟလသတင်းအမှားတွေကြောင့် အထိတ်တလန့် ဖြစ်လိုက်နဲ့ အတော်လည်း လုံးပါးပါးနေကြပြီလို့ထင်ပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ။ အားလုံးပဲ ဂရုစိုက်ကြပါဗျာ။
ပြည်သူအားလုံး ဘေးကင်းကြပါစေ။
We Check
We Check Community