စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာ ဝါဝါဝင်းဆီဆိုင်အနီးတွင် အကြမ်းဖက် PDF များ၏ အလောင်း ခဲယမ်းများ သိမ်းဆည်းရရှိ
2024 December 24
ဒီဇင်ဘာလ ၂၃ ရက် ညနေ ၄ နာရီခန့်က စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာ ဝါဝါဝင်းဆီဆိုင်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များသည် ကားလမ်းမပေါ်တွင် မိုင်းထောင်ရန်ပြုလုပ် နေသည့် အကြမ်းဖက် PDF အား ပစ်ခတ်ဖမ်းဆီးရာ
- အကြမ်းဖက် PDF ၁ လောင်း
- လက်လုပ်လက်ပစ်ဗုံး ၃ လုံး
- လက်လုပ်မိုင်း ၃ လုံးတို့အား သိမ်းဆည်းရရှိသည်။
PDF ဆိုတဲ့တရားမဝင်အဖွဲ့တွေ မှိုလိုပေါက်အောင်ဖွဲ့ပြီး လက်နက်မဲ့ပြည်သူကိုအနိုင်ကျင့် အကြမ်းဖက် မျိုးစုံလုပ် ဒုက္ခပေးနေတဲ့ အကြမ်းဖက် PDF ပဒက်တွေ တစ်နေ့ထက်တစ်နေ့ ယုတ်မာအောက်တန်းကျ ချက်ကတော့ ကမ်းကုန်အောင်ပါပဲလား… ခုလဲ ပြည်သူတွေ နေ့စဉ်အေးချမ်းစွာနဲ့ သွားနေတဲ့ အများ ပြည်သူသုံး ကားလမ်းမပေါ် မိုင်းထောင်နေတဲ့ အကြမ်းဖက် PDF ငနဲ တစ်ကောင်ကိုတော့ လုံခြုံရေးအဖွဲ့က သုတ်သင်ရှင်းလင်းလိုက်တာ အကြမ်းဖက်တို့သွားရာလမ်းအတိုင်း အသေဆိုးနဲ့ နိဂုံးချုပ်သွားပြန်ပြီ… ဟေ့… ပဒက်တွေ ခုလိုအကြမ်းဖက်လုပ်နေသမျှ တစ်နေ့ ငါလဲ ဒီလိုပဲ နိဂုံးချုပ်ရမှာပါလားဆိုတာ စဉ်းစား ပြီး နှလုံးသွင်းထားပေါ့ကွာ…
Fifty Two News
သတင်းပေးပို့လိုပါက
https://t.me/FiftyTwo543