Репост из: MT News _ Myanmar Transparency
လျှပ်စစ်အကျပ်အတည်းအတွက် ရေတိုဖြေရှင်းမယ့် LNG ၊ AA နဲ့ EAOs တွေ ထိန်းချုပ်ထားတဲ့ တရုတ်စီမံကိန်း ၂၃ ခုနဲ့ ကျပ် ၁၄၈၀ လောက် ခုန်တက်တဲ့ ပို့ကုန်သွင်းကုန် ကြီးကြပ်ခွန်
၂၉. ၁၂. ၂၀၂၄
Written by Phyo Wei
လာမယ့် ၂၀၂၅ ဇန်နဝါရီ ၁ ရက်က စတင်လို့ ပိုကုန်/သွင်းကုန်တွေအပေါ် အခွန်ကြီးကြပ်ကောက်ခံခြင်းကို လက်ရှိကောက်ခံနေတဲ့ တစ်ဒေါ်လာ ကျပ် ၂,၁၀၀ အစား တစ်ဒေါ်လာ ကျပ် ၃၅၈၀ ဝန်းကျင်နဲ့ ပြောင်းလဲကောက်ခံတော့မယ်လို့ ကြေညာလာပြီဖြစ်ပါတယ်။ တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ ကောက်ခံနေတဲ့ အခွန်နှုန်းတွေကို ကျပ် ၃၅၈၀ လောက်သတ်မှတ်ကောက်ခံမယ်ဆိုတာက တစ်ဒေါ်လာ ၇၀ ရာခိုင်နှုန်းလောက် စျေးမြင့်တက်လာမယ်ဆိုတဲ့ အခြေအနေပဲဖြစ်ပါတယ်။ ဒီလိုမျိုး နိုင်ငံတော်က အခွန်နှုန်းပြောင်းလဲမှုကို လုပ်ငန်းရှင်တွေကတော့ လည်စင်းခံမှာမဟုတ်ဘဲ ပို့ကုန်သွင်းကုန်တွေအပေါ်ပဲ စျေးနှုန်းမြင့်တက်ပြီး အမြတ်ထွက်အောင် လုပ်မှာဖြစ်တာကြောင့် ပြည်သူတွေကပဲ မိအေးနှစ်ခါနာဦးမယ့် အခြေအနေပါ။
ပြီးခဲ့တဲ့ ဩဂုတ်လမှာဆိုရင် ဒေါ်လာစျေးဟာ တစ်ဒေါ်လာကို ကျပ် ၈၅၀၀ လောက်အထိ ဆွဲတင်ခံရပြီး ကျပ် ၁၀၀၀၀ အထိ ဆွဲတင်စျေးကစားမယ်၊ ဒီပမာဏဆိုရင် လူထုအုံကြွကျပ်တည်းမယ်ဆိုတဲ့ အမြင်တွေကိုလည်း NLD ၊ NUG ၊ PDF တွေကြားမှာ ရေပန်းစားခဲ့တဲ့အပြင် တကယ်လည်း ဆွဲတင်ခဲ့တာပါ။ ဒါကို အချိန်မီထိန်းနိုင်တာကြောင့် ဒေါ်လာစျေးဟာ ကျပ် ၄၅၀၀ ဝန်းကျင် ပြန်ကျလာပေမဲ့ လက်ရှိကောက်ခံနေတဲ့ တစ်ဒေါ်လာ ကျပ် ၂,၁၀၀ အစား တစ်ဒေါ်လာ ကျပ် ၃၅၈၀ ဝန်းကျင်နဲ့ ပြောင်းလဲကောက်ခံမှုဟာ ကုန်စျေးနှုန်းမြင့်တက်မှုအပြင် ဒေါ်လာစျေးအပေါ်ကိုပါ ဂယက်ရိုက်လာဦးမှာ အသေအချာဖြစ်လို့ လျှပ်စစ်မီးပြတ် ကုန်စျေးနှုန်းတက်မယ့် ၂၀၂၅ ဟာ မြန်မာပြည်သူတွေအတွက်တော့ ကိုးနဝင်းနဲ့ မိုးလင်းဖို့ထက် အနေကျပ်၊ အသေကျပ်၊ အစာရေစာငတ်ပြတ်မှုဒဏ် ပိုခံရတော့မလားဆိုတဲ့ အခြေအနေဖြစ်လို့ ဒီအခြေအနေဆိုးမဖြစ်ရအောင် ဘက်ပေါင်းစုံတာဝန်ရှိသူတွေက ချိန်ညှိထိန်းသိမ်း....
◾ Website တွင် ဆက်လက်ဖတ်ရှုရန်
https://www.mtnewstoday.com/?p=86398
#MT #mtnewsagency
#MT_ဆောင်းပါး
#MT_စီးပွားရေးသုံးသပ်ချက်
#MT_နိုင်ငံရေးသုံးသပ်ချက်