တပ်ကြပ်ကြီးဖိုးကွန်း ✍✍✍


Channel's geo and language: World, English
Category: Telegram


Similar channels

Channel's geo and language
World, English
Category
Telegram
Statistics
Posts filter


မင်္ဂလာ နံနက်ခင်းပါ
နံနက်ခင်း နိုးထချိန်မှစပြီး ညအိပ်စက်ချိန်အထိ တစ်စုံတစ်ရာသော အနှောက်အယှက် အတားအဆီး မကြုံတွေ့ရပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့် ကောင်းကျိုးလိုရာ မှန်သမျှ ပြည့်ဝပါစေကြောင်း  ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် ခင်ဗျာ🌷🙏🙏🙏🌷---


Forward from: ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ တရားတော်များ
Video is unavailable for watching
Show in Telegram
၂၀၂၅နိုင်ငံတကာနှစ်သစ်ကူး
ဆုတောင်းမေတ္တာပို့သလွှာ
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏
https://t.me/Ashinandarmarlrbiwitha


နှစ်သစ်ချိန်ခါ၊ ပြည်မြန်မာ
မင်္ဂလာရှိပါစေ--
နှစ်သစ်ချိန်ခါ၊ ဤကမ္ဘာ၊ မင်္ဂလာရှိပါစေ--
New Yearမှာ၊ ဤကမ္ဘာ၊ သာယာငြိမ်းချမ်းကြပါစေ--
နှစ်သစ်မိုးသောက်၊ အလင်းရောက်၊ ကျန်းမာထီပေါက်ကြပါစေ--
--ကပ်ရောဂါဘေး၊ လက်နက်ဘေး၊ ကင်းဝေးကြပါစေ--
-နိုင်ငံတစ်ဝှမ်း၊ ပြည်သူများ၊ စိတ်ထားမြင့်မြတ်ကြပါစေ--
-အရောင်ကွဲလွဲ၊ စိတ်မစွဲ၊ လက်တွဲပျော်ရွှင်နိုင်ပါစေ---
-မနာလိုပြန်၊ ဣဿာထန်၊ ရန်မှန်သမျှကင်းပါစေ--
-မင်းကဘာလဲ၊ ငါဘာလဲ၊ စစ်ပွဲဟူသမျှငြိမ်းပါစေ---
-တစ်ဦးနှင့်တစ်ဦး၊ မေတ္တာကူး၊ ကြည်းနူးပျော်ရွှင်ကြပါစေ--
-၂၀၂၅ မှာ၊ ဤကမ္ဘာဝယ်၊ ဘယာကင်းပ၊ ချမ်းသာကြ၍၊ ဘဝဆန္ဒ၊ ထပ်တူကြလျှက်၊ ကြီးပွားတိုးတက်ကြပါစေ--
*စည်းစိမ်တိုးပွား၊ ချမ်းသာများ၊ နှစ်ထောင့်နှစ်ဆယ့်ငါး*
* Happy New Year *


ကျက်သရေသတင်း၊
တက်နေလင်း၍
ကျန်းမာချမ်းသာဘေးရန်ကွာ
မင်္ဂလာရှိသော နှစ်သစ် ဖြစ်ကြပါစေခင်ဗျာ🙏🙏🙏


Forward from: ရွှေဘ
Video is unavailable for watching
Show in Telegram
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိင်၏ ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား


ကိုယ်တွေက တောင်ခမ်းဆို တောင်ခမ်းလိုက်တာပဲ။ အမ်း ဆို အမ်းလိုက်တာပဲ။ ဂွ ဆို ဂွလိုက်တာပဲ။ ခုလည်း ဗန်းမော်ဆို ဗန်းမော်လိုက်တာက အဓိကပြဿနာပဲ။ ခဲပစ်ရာ နောက်ကိုပဲ လိုက်နေတာ အဓိက ပြဿနာ ဖြစ်နေတယ်လို့ပဲ မြင်မိတယ်။


ဖြစ်နေတဲ့နေရာလည်း စစ်ကူဖြည့်၊ လေကြောင်းပစ်ကူ ယူပြီးတိုက်။ ရန်သူ့နောက်ချန်ကိုလည်း ဖိအားပေး ဗုံးကြဲရင် အဲ့လို မြို့သိမ်းဖို့ ရန်သူ့အတွက် မလွယ်ဘူး။ လက်ရှိ ပေးလိုက်ရတဲ့ မြို့တွေကလည်း ခံစစ်မပြင်ဘဲ ရော့အင့်ဆိုပြီး ပေးလိုက်ရတာ တမြို့မှ မရှိခဲ့ဘူး။ ရက်အတော်ကြာအောင် ၊ လအတန်ကြာသည့်တိုင် အသက်ပေးပြီး ကာကွယ်နေခဲ့ကြတာပဲ။


ရန်သူ့နောက်ချန်မှ ဖိအားမပေးရင်....လက်ရှိ တင်းမာမှု ဖြစ်နေတဲ့ နေရာတွေဟာ ဆုတ်လွယ်၊ ပြောင်းလွယ်မှ မရှိရင် ဘယ်လောက်ကြာကြာ ခံစစ်ပြင်ပြင် အချိန်တန် အမ်းလို၊ လားရှိုးလို၊ လောက်ကိုင်လိုပဲ ဖြစ်မှာပဲ။


(နရီမိုး)


မင်္ဂလာနံနက်ခင်းလေးပါခင်ဗျာ။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊၁၃၈၆ ခုနှစ်၊ပြာသိုလဆန်း ၂ရက် ၊အင်္ဂါနေ့။
နိုင်ငံတကာနှစ်သစ်ကူးအကြိုနေ့

ကျွန်တော်၏
မိဘဆရာသမားများ၊ ညီအစ်ကိုမောင်နှမဆွေမျိုးသားချင်းများ၊ မိတ်ဆွေသူငယ်ချင်းများ၊လုပ်ဖော်ကိုင်ဖက်များနှင့်တကွ မိမိအားစောင့်ရှောက်ခဲ့ပြီး ကျေးဇူးတရားပြုခဲ့သူများအားလုံး

အောင်အတိတ်
အောင်နိမိတ်များဖြင့်
တွေ့ကြုံရသော
နေ့လေးဖြစ်ပါစေ။

ကောင်းခြင်းမင်္ဂလာများနှင့်ပြည်စုံပါစေ။

သက်ရှည်ကျန်းမာဘေးရန်ကွာ၍ ကပ်ကြီးသုံးပါးကျော်နင်းနိုင်ပါစေ။

ရန်သူမျိုးငါးပါး နှိပ်စက်ခြင်းဘေးရန်မှကင်းဝေး၍ ကောင်းကျိုးချမ်းသာများရရှိခံစားရပါစေ။

အလုပ်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းများ
အဆင်ပြေချောမွေ့အောင်မြင်ပါစေ။

မိသားစုဝင်များအားလုံး
ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာပြီးချမ်းမြေ့ပျော်ရွှင်ကြပါစေ။

နှစ်သစ်ကူး အခါသမယတွင် မေတ္တာများစွာဖြင့်
ဆုတောင်းပေးအပ်ပါတယ်
ခင်ဗျား 🙏🙏🙏


ဘေးရန်ပါယ်ရှင်း စိုးရိမ်ကင်း ၍ ကျန်းမာခြင်းသုခ၊ချမ်းသာခြင်းသုခအပေါင်းနှင့်ပြည့်စုံသောနေ့သစ်ဖြစ်
ကြပါစေခင်ဗျာ🌷🙏🙏🙏🌷


မြောက်ပိုင်းမဟာမိတ်အဖွဲ့ ရယ်၊ နောက်ကွယ်က ထောက်ပံ့ခဲ့ကြတဲ့ အဖွဲ့အစည်းတွေကြောင့် မြို့ရွာတွေ အများအပြား ပျက်စီးခဲ့ရတယ်။ လူပေါင်းများစွာသေပြီး အိမ်ထောင်စုပေါင်းများစွာ စစ်ဘေး ရှောင်ခဲ့ကြရတယ်။ အထူးသဖြင့် ရှမ်းမြောက်က ဒေသခံတွေဟာ တံတားတွေ အချိုးခံရကတည်းက အခက်အခဲပေါင်း မြောက်များစွာ ခံစားခဲ့ကြရသလို လက်ရှိအချိန်မှာလည်း ပြန်စရာ အိမ်မရှိတော့တဲ့ အခြေအနေမျိုး ပိုင်ဆိုင်နေကြရတဲ့သူတွေကလည်း ဒုနဲ့ဒေးပဲ။


ဒီအထဲမှာမှ မြို့နေလူထု မကျန်တော့တောင် မြို့‌‌ေစာင့်တပ်ပုံစံနဲ့ အသက်တွေစတေးပြီး ရန်သူ့လက်အောက် မြို့မကျအောင် မှီခိုသူကအစ ရဲမေမကျန် ရှိတဲ့ စွမ်းအားတွေနဲ့အားကုန် ထုတ်ကာကွယ်ကြတဲ့ တပ်မိသားစုတွေကတော့ အဆိုးဆုံးပဲ။ စစ်သည် ယောက်ျား မရှိတော့ရင် နေစရာ မရှိတော့တဲ့ ဘဝတွေ၊ ပြန်စရာ တပ်မရှ်တော့တဲ့ အခြေအနေတွေကို မျက်ဝါးထင်ထင် နဖူးတွေ့ ဒူးတွေ့ကြုံခဲ့ကြရတယ်။


ဒါတွေအားလုံးကို တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုချင်လို့ စစ်တိုက်ရပါတယ်ဆိုတဲ့ EAO တွေရဲ့ အကြောင်းပြချက်က တကယ် တရားရဲ့လား ဆိုတာ မေးရတော့မယ်။ ကျားဖျန့်ကို ခေါင်းစဉ်တပ်ပြီး ချင်းရွှေဟော် က ရဲကင်းစခန်းက ရဲဝန်ထမ်းတွေ ရက်ရက်စက်စက် အသတ်ခံရတာတွေ၊ ဘာသာရေး အရ ကိုးကန့်တွေက ‌စော်ကားခဲ့တာတွေ၊ သမိုင်းအစဉ်အဆက်အရ ဘယ်တုန်းကမှ မပိုင်ဆိုင်ဖူးတဲ့ လားရှိုးကိုတောင် အထူးဒေသ အဖြစ်သတ်မှတ်နေမှုတွေဟာ သူတို့အစဉ်တစိုက်ပြောနေတဲ့ စစ်အာဏာရှင်တိုက်ထုတ်ရေးခေါင်းစဉ်နဲ့ ထပ်တူ ကြပါရဲ့လားဆိုတာ မေးခွန်းထုတ်ဖို့ လိုလာတယ်။


ဒီ‌ နေ့ အချိန်အထိ ကိုယ်တွေရေးသမျှဟာ စစ်ဖြစ်ဖို့ ၊ စစ်သွေးကြွဖို့ပဲ မဟုတ်ဘူး။ ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ ပေးဆပ်မှုတွေ ၊ ဘဝပျက်သွားကြတဲ့ ပြည်သူလူထုရဲ့ အနာဂတ် တွေ၊ ဒီမိုကရေစီနည်းလမ်းမကျတဲ့ လက်နက်ကိုင်နယ်မြေချဲ့ပြီး နိုင်ငံရေး တောင်းဆိုမှုတွေဟာ ဘယ်ခေတ်မှာ ဖြစ်ဖြစ် အားပေးဖို့ မထိုက်တန်ဘူးဆိုတာကို မီးမောင်းထိုးပြချင်တာပါ။


ဆိုခဲ့ဖူးသလိုပဲ ရခိုင်ပြည်ကို ရခိုင်လူထုက စီမံချင်တာဟာ ခွင့်ပြုလို့ရကောင်းတဲ့ ဖက်ဒရယ်အစီအစဉ်ပါပဲ။ ဒါပေမယ့် လက်နက်ကိုင်အင်အားစုက စသ်ဘုရင်ဝါဒကျင့်သုံးပြီး ဒီမိုကရေစီကိုသွေဖယ်တဲ့ စနစ်မဖြစ်ဖို့ လိုတာပါ။ ဦးသိန်းစိန် လက်ထက်ဖြစ်ဖြစ်၊ NLD လက်ထက်ဖြစ်ဖြစ် ရခိုင်ပြည်ဟာ ရခိုင်ပါတီတွေပဲ ကြီးစိုး အုပ်ချုပ်ကြတာပဲမဟုတ်လား။ ရခိုင်ပြည်မှာ တပ်မတော် ကင်းရှင်းရေးဆိုတာထက် ရခိုင်လူစု သီးသန့်ရှင်သန်ရေးဆိုတဲ့ အိပ်မက်တွေကသာ ရခိုင်သားတိုင်း ကြီးစိုးနေတဲ့ စိတ်ကူးဖြစ်နေတာက ဒီလို ဖြစ်စေတဲ့အကြောင်းတရားတွေပါလို့ ပြောရင် ဘယ်သူမှ ငြင်းနိုင်မယ်မထင်ဘူး။


နိုင်ငံရေးဟာ အေးအေးချမ်းချမ်းပြီးဆုံးသွားရင် ကောင်းတယ်။ ဒါပေမယ့် ကိုယ်တွေဆိုနေတဲ့ သစ္စာလေးချက်တွေထဲက ကျဆုံးလေပြီးသော တပ်မတော်သား‌တို့ရဲ့ သစ္စာကို စောင့်သိရိုသေပြီး ဂုဏ်သိက္ခာရှိသော တပ်မတော် ၊ လေးစားထိုက်သော တပ်မတော် ဖြစ်စေချင်တာတော့ အမှန်ပဲ။ ရေရှည်အတွက်မှ မဟုတ်ရင် ဘယ်ငြိမ်းချမ်းရေးကမှ ကြာရှည်မခံဘူး။ ရှေ့မှာ ဆာဆာကာဝါလုပ်သွားတဲ့ ငြိမ်းချမ်းရေးတွေ၊ မိုခါကြောင့် ကစထမှူးတွေကိုယ်တိုင် ကွင်းဆင်းကြီးကြပ်ခဲ့တဲ့ လုပ်ရပ်တွေတောင် မှင်မခြောက်လောက်သေးဘူး။


မြောက်ပိုင်း၃ ဖွဲ့နဲ့ ဒီစစ်ပွဲတွေဖန်တီးခဲ့ကြတဲ့ လက်သည်တိုင်းအတွက် ထိုက်တန်တဲ့ တရားမျှတမှုတော့ တကယ် လိုအပ်ပါတယ်။ ပြည်သူတွေ၊ စစ်သည်တွေရဲ့ အသက်ဟာ ဈေးမှမပေါကြပဲ။


(နရီမိုး)


Forward from: People Media
Video is unavailable for watching
Show in Telegram
ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေမှလွဲ၍ ကျန်မြို့နယ်တွေကို စစ်သွေးကြွ အေအေ ထိန်းချုပ်ထား

နွားထိုးကြီး-တောင်သာ၊ ပုပ္ပား-ညောင်ဦးဒေသမှာ အကြမ်းဖက် လှုပ်ရှားမှုများကို တိုင်းအစိုးရ ပြင်းထန် ထိရောက်စွာ ကိုင်တွယ်သင့်ပြီ

အဆက်ဖြတ်တဲ့ မိန်းကလေးနဲ့ အမေဖြစ်သူကို သတ်ဖြတ်မှု မိတ္ထီလာမြို့မှာ ဖြစ်ပွား

အဆိုတော် ယုန်လေး ကားကို စစ်သွေးကြွတွေ မိုင်းခွဲပြီး အောင်ပွဲခံ

#PeopleMedia


အမြတ်ဆုံးသော ရှင်သန်ခြင်း


Forward from: KO CHIT (MDY)
ယနေ့ အကြိုက်ဆုံး ဓာတ်ပုံ

စမ်းချောင်းပေါက်ကွဲဖြစ်စဉ် ဒဏ်ရာရသူတဦးကိုတပ်မတော်သားမှ
ဆေးကု ကယ်ထုတ်လာပုံ

Pho card##


Forward from: တပ်ကြပ်ကြီး ဖိုးစီ🇲🇲
သတင်းနှင့်ဗဟုသုတမျိုးစုံအတွက်
Join ထားသင့်သော Telegram ချန်နယ်များ
==================
1.Link ကို နှိပ်၍ ဝင်ပါ။

2. Join ကို နှိပ်ပါ။

သတင်းတင်ဆက်မှုတွေကို သိနိုင်ဖို 👇
https://t.me/dbnchannel
------------------
သတင်းမှန်တွေ ဖတ်ချင်ရင်👇
https://t.me/truthnews12345
------------------
သတင်းတွေ အချိန်မှန်သိနိုင်ဖို
Myanmar Update News 👇
https://t.me/myanmarupdate
----------------------
ပေးစာကဏ္ဍ👇
https://t.me/armymailbox
----------------------
နေ့စဉ် စက်သုံးဆီ/ ရွှေ/ ဒေါ်လာဈေးနှုန်းများ သိနိုင်ဖို👇
https://t.me/petroldailyprices
----------------------
မြန်မာနှင့် နိုင်ငံတကာသတင်း 👇
https://t.me/myanmar19623
-------------------
ရုပ်သံသတင်းများ ကြည့်ရှုရန် 👇
https://t.me/mwdmmnews
--------------------------
နေ့စဥ်သတင်းစာ ဖတ်ကြမယ်👇
https://t.me/mwdnewspaper
------------------------
သတင်းမှန်များ ဖတ်မယ် 👇
https://t.me/drsatephwar
------------------------
အတိုအထွှာလေးတွေ ဖတ်မယ် 👇
https://t.me/minzawlwinchannel
----------------
Live သတင်းများကြည့်ရန် 👇
https://t.me/saiaungtvchannel
-------------------
သတင်းစုံ 👇
https://t.me/nationalnewschannel
---------------------
သတင်းမှားများဆန်းစစ်ခြင်း  👇
https://t.me/factcheckmm
---------------------
သုတရသစာပေတွေဖတ်ချင်ရင်👇
https://t.me/Phoesi01233
------------------
စစ်သတင်းများဖတ်ချင်ရင် 👇
https://t.me/kothetjournalist9000
------------------
လုံခြုံရေးဆိုင်ရာ သတင်းများဖတ်ချင်ရင် 👇
https://t.me/hminewai
------------------
စစ်ဘက်ဆိုင်ရာ သတင်းများဖတ်ချင်ရင် 👇
https://t.me/kyawswar49111
------------------
သုတစာပေတွေဖတ်ကြမယ် 👇
https://t.me/bak24news
------------------
ဘောလုံးပွဲသတင်းများ 👇
https://t.me/OraginalSoeAung
------------------
နေ့စဥ်သတင်းများဖတ်ကြမယ် 👇
https://t.me/thurain11111
--------------------
နိုင်ငံရေး သုံးသပ်ချက် ဆောင်းပါးတွေဖတ်ကြမယ် 👇
https://t.me/Nyemoee
-------------------
ဟာသတွေဖတ်ကြမယ်👇
https://t.me/memefunny1
-------------------
အားကစားသတင်းတွေ ဖတ်ကြမယ်👇
https://t.me/myanmarsport1992
-------------------
အင်္ဂလိပ်လို သတင်းတွေ ဖတ်ကြမယ်👇
THE GLOBAL NEW LIGHT OF MYANMAR
https://t.me/gnlmon

MT News - English Edition
https://t.me/mt_news_english_edition

Myanmar Update News - English Edition
https://t.me/M_U_N_English_Edition
-------------------
Telegram

Telegram

Telegram


Forward from: HtayOung(OungMarine)
(ဒီဇင်ဘာ-၃၀၊ ၂၀၂၄) ဂွမြို့ တပ်ရင်းများ လက်နက်ချကြောင်း သတင်းမှားယွင်း
==
ယမန်နေ့ မွန်းလွဲ ၂-နာရီတွင် ဂွမြို့ရှိ နစက တပ်များကို အောင်ပွဲရ သိမ်းယူလိုက်ကြောင်း AA ခိုင်သုခ၏ ပြောဆိုချက်မှာ လုံးဝမှားယွင်းနေတယ်လို့ သတ်မှတ်ရပါလိမ့်မယ်။
..
ယမန်နေ့ ညပိုင်းတွင် ရဲလုံခြုံရေးတပ်များက ဂွမြို့နှင့် ဘောဓိအကြား ဆုတ်ခွာလာပြီး ဆက်လက်ခုခံနေ ကြောင်း၊
ယခု သတင်းရေးချိန်ထိ ဂွမြို့ ၅၆၂ မှာ အပြင်းအထန် ခုခံနေဆဲဖြစ်ပြီး ရေနံသာ ၃၄၄ က လက်နက်ကြီး ပစ်ကူ ပေးလျှက်ရှိကြောင်း၊
..
ယမန်နေ့နှင့် ယနေ့နံနက်ပိုင်းတွင် ပုသိမ်နှင့် ရေကြည် ငါးသိုင်းချောင်းကို ဖြတ်၍ စစ်ကူ စေလွှတ်လျှက်ရှိ ကြောင်း သတင်း ရရှိပါတယ်။
.
ယခင် သတင်းများအရ ဂွမြို့ဘက်တွင် ၅၆၂ နှင့် ၅၆၃ မှာ ပူးပေါင်းထားခြင်းဖြစ်ပြီး တပ်ရင်းတစ်နေရာမှာ လူမရှိ သည့် စခန်းအလွတ် ဖြစ်နေပါတယ်။ ခြေမြန်တပ်မ xx နဲ့ xx လက်အောက်ခံ တပ်များလည်း ရှိနေပါတယ်။
..
လွန်ခဲ့သည့် ဒီဇင်ဘာ ၂၅-ရက် ရခိုင်ပြည်နယ် ဒေါင်းချောင်းနှင့် ဧရာဝတီတိုင်း ဗေဒါ စစ်ဆေးရေးဂိတ်တို့ကို AA က သိမ်းယူကြောင်း သတင်းမှာလည်း မှားယွင်းကြောင်း သိရှိရပါတယ်။
..
#HtayOung, #OungMarine #ဂွမြို့ #ဘောဓိ #Myanmar_Army #AA #fyp #Viewer
===


Forward from: တပ်ကြပ်ကြီး ဖိုးစီ🇲🇲
ဒီမိုကရေစီ အရေခြုံပြီး တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ ပြည်သူအတွက်လို့သာ ပြောတာ သူတို့ကြောင့်ပဲ ပြည်သူတွေက ဒုက္ခရောက်နေရရှာတာ ။

https://t.me/Phoesi01233


Forward from: Kyaw Swar
Dec -30

ဒုတိယအကြိမ် စမ်းချောင်း
ဖျာပုံလမ်း ပေါက်ကွဲမှုဖြစ်ပွား
========================================================

ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊စမ်းချောင်းမြို့နယ်၊ဖျာပုံလမ်း၊ကျွန်းလယ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး အနီး၌ ယနေ့နံနက် (11:30)အချိန်ခန့်ကဒုတိယအကြိမ်  ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ရပ်ကွက်နေပြည်သူကပြောပါတယ်။

▪️အဆိုပါပေါက်ကွဲမှုဖြစ်စဥ်ကြောင့် လမ်းသွားပြည်သူ(၃)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး မော်တော်ယာဥ် တစ်စီး ထိခိုက်ပျက်ဆီးခဲ့ပါတယ်။ဒဏ်ရာ ရရှိသူအား လုံခြုံရေးတာဝန်ရှိသူများကအချိန်မှီဆေးကုသရန်ဆောင်ရွက်ပေးခဲ့ပါတယ်။

ပေါက်ကွယ်မှုဖြစ်စဥ်ဖြစ်ပွားပြီးမကြာမှီ တာဝန်ရှိသူတို့ရောက်ရှိလာပြီး လုပ်ထုံးလုပ်နည်းများအတိုင်းဥပဒေအရ ဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်။

https://t.me/kyawswar49111


အမြတ်ရတနာ ဥပါသကာကျင့်စဥ်
တရားဒေသနာတော်
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏
https://t.me/Ashinandarmarlrbiwitha


Forward from: Kyaw Swar
အဆိုတော် ယုန်လေး အိမ်ကို
Nug က ဗုံးခွဲတိုက်ခိုက်သတ်ဖြတ် မိသားစုဝင်တစ်ဦး
ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။

https://t.me/kyawswar49111


Forward from: People Media Myanmar
စမ်းချောင်းမြို့နယ်၊ဖျာပုံလမ်း၊ကျွန်းလယ်ရပ်ကွက်ရှိ ပန်းလှိုင်မိသားစု Clinic ရှေ့၌ ယနေ့နံနက် (9:10)အချိန်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

19 last posts shown.