🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲


Гео и язык канала: Мьянма, Бирманский
Категория: Telegram


သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️

Связанные каналы  |  Похожие каналы

Гео и язык канала
Мьянма, Бирманский
Категория
Telegram
Статистика
Фильтр публикаций


Репост из: View of Sue
သူပုန်တွေကို ဘာမှ ငဲ့နေစရာ မလိုတော့ဘူး
နောက်မျိုးဆက်အတွတ် တခါပဲ
လူကြမ်းလုပ်လိုက်
လုပ်နေတုန်းတော့ ဦးသန်းရွှေလို မုန်းကြမယ်
အချိန်ကြာလာရင် တန်ဖိုး သိသွားကြပါလိမ့်မယ်


Репост из: Myanmar National Post
NUG အကြမ်းဖက်အဖွဲ့ရဲ့ အလွဲသုံးစားလုပ်မှုတွေကို ဖုံးကွယ်ဖို့ ဗြောင်လိမ်ဗြောင်စား လုပ်လိုက်ပြီ

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာအုပ်စုကို ဦးဆောင်တဲ့ DVB သတင်းဌာန မှာ ရေးသားထားတဲ့ သတင်းတစ်ပုဒ်မှာ -
လိုအပ်နေသည့် ပြည်သူများထံ ကျပ်သန်းပေါင်း ၈,၀၀၀ ခန့် ကူညီပေးခဲ့ဟု NUG အကြမ်းဖက်အဖွဲ့က ထုတ်ပြန်
လို့ ခေါင်းစဉ်တပ်ပြီး ရေးသားထားတာကို တွေ့ရပါတယ်။ DVB သတင်းရဲ့ ရေးသားဖော်ပြချက်အရ (NUG) အကြမ်းဖက်အဖွဲ့က လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်အတွင်း ကျပ်သန်းပေါင်း ၈,၀၀၀ လောက်ကို ဒေသအလိုက် လိုအပ်နေတဲ့ပြည်သူတွေဆီ ထောက်ပံ့ကူညီခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ပြည်သူတွေက ထောက်ပံ့လှူဒါန်းထားတဲ့ ငွေကျပ်သန်း ၇,၇၀၀ ကို ဒေသအလိုက် အမှန်တကယ်အကူအညီလိုအပ်နေသူတွေဆီ လက်ဝယ်အရောက် ထောက်ပံ့ခဲ့တယ်လို့ ဇန်နဝါရီ ၇ ရက်မှာ ထုတ်ပြန်ဖော်ပြထားတာပါ။" ဆိုပါတယ်။
NUG အကြမ်းဖက်အဖွဲ့ က တစ်နှစ်အတွင်းမှာ ငွေကြေးပမာဏများစွာ ပြည်သူကို ထောက်ပံ့ကူညီတယ်ဆိုတဲ့ ပုံရိပ်ကို ပြလိုခြင်း ဖြစ်ပါတယ်။ သို့သော် NUG အကြမ်းဖက်အဖွဲ့ဝင်တွေဟာ ပြည်တွင်းမှာ မရှိကြပါဘူး။ ပြည်ပ ကို ထွက်ပြေးနေသူတွေ ဖြစ်ပါတယ်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/01/nug_7.html


Репост из: Saw Ba Maung
စိုင်းစိုင်းရဲ့ ဝမ်းနည်းမှတ်တမ်းမဟုတ်တဲ့ အကြမ်းဖက်များရဲ့ ဝမ်းနည်းမှတ်တမ်း😂😂😂


Репост из: HtayOung(OungMarine)
၇ ဇန်နဝါရီ ၂ဝ၂၅

မြန်မာ့တပ်မတော်က

ခြေမြန်တပ်မဌာနချုပ်  xx အား ဖွဲ့စည်းပုံပြည့် ပြန်လည်တည်ဆောက်ပြီး

Refit ပြင်ဆင်လျှက်ရှိကြောင်း သတင်းရရှိ

#HtayOung, #OungMarine #MyanmarArmy #fyp #tikTokNews


Репост из: nay min
အမျိုးသားအားကစားပွဲတော်မှာသုံးလိုက်တာကုန်ကျစရိတ် နှစ်ဘီလျံ တောင်ကုန်သွားတယ်ဆိုပါလား။

အဲ့ဒီအားကစားပြိုင်ပွဲကုန်မည့်ပိုက်ဆန်ကို စစ်တိုက်နေတဲ့တပ်မတော်သားတွေအတွက်
မြို့တစ်မြို့ပြန်သိမ်နိုင်တိုင်း စစ်သည်တစ်ဦးကိုသိန်းငါးဆယ်နှုန်းဆုချမယ်လို့ကြေညာပေးလိုက်ပါလား။ ပဒက်တွေ kia တွေကိုအစိမ်းတောင်ဝါးစားပြလိမ့်ဦးမယ်...
အခုတော့.....so sad ဘဲ...လဘရာ


ဒီလို အချိန်အခါမျိုးမှာ မြန်မာနိုင်ငံအနေနှင့် BRICSအဖွဲ့ဝင်ဖြစ်ဖို့ကြိုးစားသင့်တယ် ရွေးကောက်ပွဲပြမှဆိုရင် မဲခွဲနေရတာနဲ့ $လုပ်တွေရှုပ်နေဦးမယ်


Репост из: NOM.World News
အင်ဒိုနီးရှားဟာ မနေ့ကဘဲ BRICS အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင် ဖြစ်သွားခဲ့ပြီဖြစ်ကာ ဒီအဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုက ပိုမိုကြီးမားလာခဲ့ပါပြီ။ BRICS ကို ၂၀၀၉ မှာ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယနဲ့ တရုတ်တို့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၁၀ မှာ တောင်အာဖရိကလည်း ပါဝင်လာခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်မှာဆိုရင် ယူအေအီး၊ အီရန်၊ အီဂျစ်နဲ့ အီသီယိုးပီးယားတို့ ပူးပေါင်းခဲ့ကြပြီး ဆော်ဒီကိုလည်း ဖိတ်ခေါ်မှုလုပ်ထားပါတယ်။ တူရကီ၊ အဇာဘိုင်ဂျန်နဲ့ မလေးရှားတို့လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ တောင်းဆိုထားကာ အင်ဒိုနီးရှားကိုတော့ မနေ့က ပါဝင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

NOM


Репост из: KO CHIT (MDY)
မလေးရှားတွင် HMPV ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာနေ
----------------------
တရုတ်နိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတဲ့ HMPV ဗိုင်းရပ်စ်ဟာ မလေးရှားနိုင်ငံတွင်းမှာလည်း ကူးစက်ဖြစ်ပွားမှုတွေ တိုးလာနေတာကြောင့် ပြည်သူတွေအနေနဲ့ ရောဂါကြိုတင်ကာကွယ်ရေး နည်းနာတွေကို လိုက်နာလုပ်ဆောင်ကြဖို့ မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်လိုက်ပါတယ်။

မလေးပြည်သူတွေအနေနဲ့ ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးကာကွယ်ဖို့အတွက် လက်ကို ဆပ်ပြာနဲ့ ဆေးကြောတာ၊ နှာခေါင်းစည်းတပ်ဆင်တာ၊ နှာချေချောင်းဆိုး တဲ့အခါ ပါးစပ်နဲ့နှာခေါင်းကိုဖုံးတာ အပါအဝင် ရောဂါကြိုတင်ကာ ကွယ်ရေး နည်းနာတွေကို လုပ်ဆောင်ကြဖို့ လမ်းညွှန်ထားတယ်လို့ The Straits Times သတင်းမှာ တနင်္လာနေ့က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ထဲက မလေးပြည်တွင်းမှာ HMPV ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ် (၃၂၇) ခုရှိခဲ့ပြီး ဒါဟာ ၂၀၂၃ ခုနှစ်ကထက် ဖြစ်စဉ် (၁၀၀)ခန့် ပိုမိုဖြစ်ပွားလာတာ ဖြစ်ပါတယ်။ HMPV ဟာ အသက် ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပြီး အအေးမိတုပ်ကွေး လက္ခဏာနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ရောဂါအပြင်းထန်ဆုံး အခြေ အနေမှာ အဆုတ်ပွတာ ဒါမှမဟုတ် အဆုတ်ရောင် နမိုးနီးယားအထိ ဖြစ်ပွားတတ်တယ်လို့ မလေးရှား ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


Репост из: Ko Myo Win
လျှပ်စစ် ထုတ်ပြန်မှု ကွဲလွဲချက်
===========================

6 - 1 - 2025 ထုတ်ပြန်ချက်

ရေအားစက်ရုံ ၃၀. မှ ၃၂၃၂
သဘာဝဓာတ်ငွေ့ ၂၆ မှ ၃၂၆၈
ကျောက်မီးသွေး ၂ မှ ၁၃၈
နေရောင်ခြည် ၈ မှ ၂၄၀
-----------------------------------------------------
Total. ၆၈၇၈
--------------------------------------------------------
အမှန်တကယ်ထုတ် ၄၀၀၀


ဓာတ်အား ၁၄ လိုင်းပျက် ၁၀၀၉
သဘာဝဓာတ်ငွေ့လျော့ ၂၉၁
ရာဂီ ပေါင်းလောင်းပျက် ၁၄၀
-----------------------------------------------------------
Total. ၁၄၄၀
-------------------------------------------------------------

ယခုကာလ တနေ့ ၂၂၀၀ မဂ်ဂါဝပျ ထွက် ။ ပြထားတဲ့ စာရင်းအရ...
ထွက်ရှိ ၄၀၀၀
ပျက်ဆီး ၁၄၄၀
------------------------------------
လက်ကျန် ၂၅၆၀
ဖြန့်ဝေ ၂၂၀၀
----------------------------------------
ပျောက်ဆုံး ၃၆၀

ကဲ ဒါက မနေ့က ထုတ်ပြန်တဲ့ စာရင်းအရ ကွာဟနေမှု ။ OK ပါ အရင် ထုတ်ပြန်ချက် ပြန်ကြည့်ကြပါစို့ ။

5 - 11 - 2024 ( ထုတ်ပြန်ချက်)

စုစုပေါင်း ထွက်ရှိ ၇၂၄၈

KV လိုင်းဖျက်ဆီး ၁၄၈၇
သဘာဝဓာတ်ငွေ့လျော့ ၂၂၇
ရာဂီကြောင့် လျော့ ( ပမာဏ မဖော်ပြ)

အသားတင်ထုတ် ၂၈၀၀ ကျန် တဲ့ ။

လိုအပ်မှု ၅၄၈၃ မှာ ၂၈၀၀ သာ ဖြန့်ဝေနိုင်လို့ 51 % သာ ရရှိမည်ဖြစ်၍ တနေ့ ၈ နာရီ မီးဖြတ်မည်လို့ ကြေညာခဲ့တယ် ။

၂ လ ခန့် ကွာတဲ့ ဒီကြေညာချက် ၂ စောင်ကို ပြန်ချုပ်ကြည့်ပြီး နှိုင်းယှဥ်လေ့လာကြပါစို့ ။

ထုတ်နိုင်စွမ်း ၄၀၀၀ မဂ်ဂါဝပျ
( နောက်ဆုံး 6-1-2025 ကြေညာချက် အတည်ယူပါတယ်)

KV ဖျက်
5 - 11 - 2024 1487
6 - 1. - 2025. 1009
-------------------------------------------------
ပိုထွက်လာမယ့်လျှပ်စစ် 478

သဘာဝဓာတ်ငွေ့လျော့နည်း
5 - 11 -2024. 227
6 - 1 - 2025. 291
----------------------------------------------------
လျော့နည်းသွားမည့်လျှပ်စစ် 64

ရာဂီကြောင့် ပျက်ဆီးမှု မှာ မူလအတိုင်းထားပါ ။ ၂ လ အတွင်း တိုးလာရမယ့် လျှပ်စစ်ဓာတ်အားအမှန်က...

478 _ 64 = + 414 ဖြစ်နေပါပြီ ။

ကဲ အမှန်ဆိုရင် လွန်ခဲ့တဲ့ ၂ လက တနေ့ ၂၈၀၀ မဂ်ဂါဝပျ ထုတ်နိုင်ခဲ့တယ် ။ ယနေ့ကာလမှာ ၂ အတွင်း KV လိုင်းပြင်တာ နဲ့ သဘာဝဓာတ်ငွေ့ လျော့နည်းခြင်း ပမာဏ နှိုင်းယှဥ်ချက်အရ. 414 မဂ်ဂါဝပျ တိုးကို ထုတ်နိုင်ရမှာ ဖြစ်ပါတယ် ။

ဒါကြောင့် ယနေ့ 2800 + 414 ( 3214 ) မဂ်ဂါဝပျ ထွက်ရှိရပါ့မယ် ။ သဘာဝဓာတ်ငွေ့ 64 မဂ်ဂါဝပျ လျှော့နည်းသွားတာ အကြောင်းပြုပြီး ယနေ့ တရက်ကို 2200 မဂ်ဂါဝပျသာ ထွက်ရှိကြောင်း ယုတ္တိဗေဒ ကင်းမဲ့စွာ ထုတ်ပြန်လာတာ စီစစ်တွေ့ရီနေရပါပြီ ။

အရေးကြီးတဲ့ လိုအပ်ချက် လျှပ်စစ် မဂ်ဂါဝပျ 1014 ဘာကြောင့် ကွာဟ နေရသလဲ ဆိုတာ လူကြီးမင်းတို့ အပြင်းအထန် ဘက်မလိုက်စတမ်း အားမနာစတမ်း စစ်ဆေးကြည့်ရပါ့မယ် ။

နစက အနေနဲ့ အများပြည်သူရဲ့ နေ့စဥ် စားဝတ်နေရေးအတွက် အရေးပါတဲ့ လျှပ်စစ်ကဏ္ဍကို ဟန်ပြ ကော်မရှင်နဲ့ ဟန်ပြလုပ်နေရင်တော့ ဆူပူမှု ထပ်ဖြစ်ကြပါလိမ့်မယ် ။

နေပြည်တော် လျှပ်စစ်ရုံးဌာနတွင်းမှာကိုပဲ ရဲရဲတောက်တွေ ရာခိုင်နှုံး 80 % လောက်ရှိကြောင်း သတင်းရထားပါတယ် ။ သူတို့က နစက ပြုတ်ကျရေးပဲ ဦးတည်ဆောင်ရွက်နေကြတာ ကြာပါပြီ ။ CDM မွေးမြူရေး အောင်မြင်နေတဲ့ သဘောပေါ့ဗျာ ။

ယခု အချက်အလက်များဟာ မြန်မာ့လျှပ်စစ် တာဝန်ရှိသူများ တရားဝင် ထုတ်ပြန်ထားတဲ့ အချက်အလက်များသာ ဖြစ်ပါတယ် ။ သဘာဝ မကျသော ကွဲလွဲချက်များအား မြင်သာထင်သာ ရှိစေရန် တင်ပြထားခြင်းသာ ဖြစ်ပါတယ် ။

နစက အလိမ်အညာ ခံရတာ ပြည်သူနစ်နာမှုနဲ့ တိုက်ရိုက်အချိုးကျနေပါတယ် ။ အမြန်ဆုံး စီစစ်ဖို့ အရေးကြီးနေပါပြီ ။

ကိုရွှေမျိုးဝင်း


Репост из: Ko Myo Win
မြွေပူရာ ကင်းမှောက်တဲ့ လျှပ်စစ်
============================

ပထမဆုံး လက်ရှိထုတ်လုပ်နိုင်မှု နှုံးကြည့်မယ်ဗျာ ။

ရေအား စက်ရုံ ၃၀
ဘဘာဝဓာတ်ငွေ့ ၂၇
ကျောက်မီးသွေး ၂
နေရောင်ခြည် ၈

အဲဒီ စက်ရုံတွေကနေ စုစုပေါင်း ၇၂၄၈ မဂ္ဂါဝပ် ထွက်ရမယ် ။

လတ်တလော လိုအပ်ချက်က ၅၄၈၃ မဂ္ဂါဝပ် လိုအပ်တယ် ။ တနှစ်ကို 9 % တိုးသုံးမှာ ထားလိုက်အုံးဗျ ။ နဂိုမူလအတိုင်းဆိုရင် ပိုနေတာ တွေ့ရတယ်... သို့သော်

KV လိုင်း ဖျက်ဆီးခံရ. ၁၄၈၇
သဘာဝဓာတ်ငွေ့လျော့ ၂၂၇
စုစုပေါင်း ၁၇၁၄ မဂ္ဂါဝပ် လျော့သွားပြီ ။

နောက်ထပ် ရာဂီ မုန်တိုင်းကြောင့် ရေဝင်ပျက်ဆီး ထပ်လျှော့သွားလို့ စုစုပေါင်း ၂၈၀၀ မဂ္ဂါဝပ်ပဲ ထုတ်နိုင်သတဲ့ ။ ဒီတော့ သုံးရမယ့် ပမာဏ ရဲ့ 51 % ပဲ ရတော့မယ်တဲ့ ။

အဲဒါကြောင့် တရက်ကို ၂ ကြိမ်ခွဲပြီး ၈ နာရီ မီးဖြတ်မယ်လို့ 5-11- 2024 နေ့က ကြေညာခဲ့တယ် ။

KV လိုင်းတွေ နဲ့ ရေဝင်ထားတဲ့ စက်ရုံတွေ အမြန်ပြင်နေပါသတဲ့ ။ အဲဒါတွေ ပြီးသွားရင် လျှပ်စစ်ဓာတ်အား ပြန်လည်ဖြည့်တင်း ပေးပါ့မယ်လို့ ကြေညာပါတယ် ။

နစက ကတော့ လျှပ်စစ်တိုးမြင့်ရရှိရေး ဘာညာ နဲ့ ကော်မရှင်ကြီး တရပ် ကြီးကြီးကျယ်ကျယ် ထဖွဲ့ပြန်ပါတယ် ။ တိုင်းပြည်အတွက် OK သွားချက်က ချက်ခြင်းပဲ အစွမ်းပြပါတော့တယ် ။ ကဲ လေ့လာကြည့်ရအောင်.....

5 - 11 - 2024 က အဲဒီလို ကြေညာပြီးနောက် ယခု နှစ်ဆန်းပိုင်းမှာ ဘယ်အခြေအနေ ရောက်နေလဲ ပြန်ကြည့်ပါ ။

1 - 1 - 2025. 1737
2 - 1 - 2025. 1976
3 - 1 - 2025. 1805

အဲ သလောက်ပဲ ထွက်တော့တယ်လို့ YESC က ကြေညာပါတယ် ။ သဘာဝဓာတ်ငွေ စက်ရုံတွေ ပိတ်ရလို့ ဖြစ်ပါမယ် ။

ဒီတော့ လိုအပ်ချက်ရဲ့ 32.8 % ပဲ ထွက်တော့တဲ့ သဘော ဖြစ်နေလေရဲ့ ။ ဒီနေရာမှာ လျှပ်စစ်မီး ပေးစရာမလိုတော့တဲ့ ရခိုင်ပြည်နယ် ၊ ကချင်ပြည်နယ် ၊ ရှမ်းမြောက် တို့က နေရာအများအပြားအတွက် ပိုလာမယ့် မဂ္ဂါဝပ်တွေ ရှိနေပါတယ် ။

မဲမှောင်နေပြီး လူစဥ်မမှီဖြစ်နေတဲ့ ဒီအခြေအနေမှာပဲ မြန်မာ့လျှပ်စစ်က ...

- ရေအားလျှပ်စစ်စက်ရုံ ၇ ခု
- သဘာဝဓာတ်ငွေ့ ၄ ခု
- နေရောင်ခြည် ၁၀ ခု
- ကမ်းရိုးတန်းလေအား ၁၁ ခု
- ကုန်းတွင်းပိုင်းလေအား ၁၅ ခု
- ကမ်းလွန် လေအား ၂

စုစုပေါင်း ၄၉ ခု တည်ဆောက်မယ်လို့ ကျုံးဝါးနေပြန်ပါတယ် ။ အပျက်အစီးတွေ နိုင်အောင်မပြင်ပြနိုင်သေးပဲ ဒီစီမံကိန်းတွေကို လေကြီးပြနေတာ စီမံကိန်းနာမည်တွေ အတိုင်း လေအားများနေသလားလို့ဗျာ ။

လောလောဆယ်တော့ ပြည်သူတွေသာ မကဘူး နစကပါ သိသင့်တဲ့ အချက်တွေကို မေးချင်ပါတယ် ။

ယခင် 5 - 11 - 2024 မှာ တနေ့ကို 2800 မဂ္ဂါဝပ်ထုတ်နိုင်ပါတယ် ။ ယနေ့ 1 - 1 - 2025 မှာ ပျဥ်းမျှ 1800 မဂ္ဂါဝပ်သာ ထွက်ခြင်းအတွက် လျှော့နည်းသွားတဲ့ မဂ္ဂါဝပ် ၁၀၀၀ အတွက် လျော့သွားရတဲ့ သဘာဝဓာတ်ငွေ့ စက်ရုံ များ စာရင်း ။

KV လိုင်းများ နဲ့ ရေကြီးလို့ ပျက်စီးတဲ့ စက်ရုံတွေ ပြင်ဆင်နေရာ ၂ လ တာ ကာလအတွင်း ဘယ်လောက် တိုးထုတ်နိုင်ပြီလဲ ဆိုတဲ့ စာရင်း ။

ဒါတွေကို နစက ရော ပြည်သူပါ အတိအလင်း သိဖို့ လိုအပ်ပါတယ် ။ လျှပ်စစ်ဌာနမှာ ဖရဲသီး အများဆုံး ဌာနထဲ ပါဝင်နေတာကြောင့်ပါ ။

လျှပ်စစ်ပြဿနာကြောင့် ပိတ်ပြန်ကြမယ့် စက်ရုံတွေ အများကြီး ဖြစ်နေပါပြီ ။ နစက အနေနဲ့ အမြန်ဆုံး မဖြေရှင်းနိုင်ပါက ကုန်ထုတ်လုပ်မှု အလွန်အမင်း ကျဆင်းသွားပါ့မယ် ။

ကမ္ဘာ့စီးပွားပျက်ကပ်ဆိုတာ ငွေကြေးဖောင်းပွလို့ မဖြစ်ဘူး ၊ ကုန်ထုတ်လုပ်မှု အဆမတန်ကျသွားပြီး အလုပ်လက်မဲတွေ များသွားလို့ ကပ်ဆိုက်တာနော် ။ ပြောသမျှယုံကြည်မနေသင့်ပါဘူး ။

လျှပ်စစ်အခြေအနေကို မြေပြင်ကွင်းဆင်း ကြီးကြပ်သင့်ပါပြီ ။ ပြုပြင်ခြင်း တည်ဆောက်ခြင်း ဖြန့်ဝေခြင်း ကဏ္ဍပေါင်းစုံ လိုက်လံ စစ်ဆေးကြည့်ပါ ။ အလိမ်အညာတွေ များစွာ တွေ့ရပါလိမ့်မယ် ။

အထူးအားဖြင့် ၂ လ တာကာလ အတွင်း ပြင်ဆင်ပြီးစီးမှု ရာခိုင်နှုံးအား စီစစ်ပါ ။ လူအင်အားတိုးခြင်း ၊ အလုပ်ချိန် တိုးခြင်းဖြင့် လျှင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်ပါတယ် ။

ကိုရွှေမျိုးဝင်း


Репост из: ပုသိမ်သားလေး
ဒီရက်ပိုင်း မီးအပျက်များနေတာကြည့်လိုက်တော့....

♦️ လောပိတက ရေကြီးတုန်းကရေဝင်သွားလို့ ခုထိပြင်နေတုန်း...

♦️ အထက်ရဲရွာက ၂၀၂၄ နှစ်ဆန်းပိုင်းက ပလောင်တွေဝင်လာလို့ စက်ရုံဝန်ထမ်းတွေပြေးကြရတာ.. အခုတော့ ခြုံပြန်ရှင်းနေရတယ်လို့သိရတယ်...

♦️မကွေးက ကြီးအုံကြီးဝ ကြပြန်တော့ ဓာတ်အားပေးစက်ရုံရှေ့ သိမ်းပိုက်ဆိုပြီး ပုံရိုက်တင်ထားတာတွေ့မိပြန်ရော....

♦️ ရွှေလီ စက်ရုံကိုတည်ဆောက်ဖို့ ၁.၅ ဘီလီယံစီမံကိန်းချထားတာ လာလုပ်မယ့်၂ဖွဲ့ကို ကန့်ကွက်ကြောင်းနဲ့ ဝိုင်းပြီး ဆဲဆိုထားကြတာတွေက မြင်မကောင်း...

♦️ ရွှေသဘာဝဓာတ်ငွေ့ကြပြန်တော့လည်း ရှာလို့တောင်မတွေ့သေးပါဘူး....

ဒီအချက်တွေ အလွတ်ပြောနေတာမဟုတ်ဘူး ပုံတွေ ကြည့်ပါ....
ကြည့်ပြီးရင် မီးလာနိုင်အုံးမလားပြောခဲ့အုံး........

https://t.me/zpmin54


Репост из: ဟန်ငြိမ်းဦး✍
လျှပ်စစ်မီး စာရင်းကွာဟ နေမှုများစာရင်းလိမ်ထုတ်ပြန်သူများကို စစ်ဆေးအရေးယူဖို့ လိုအပ်သလို

လျှပ်စစ်တာဝါတိုင်တွေ ဗုံးခွဲဖျက်ဆီးနေတုန်းက အားပေးအားမြှောက်လုပ်ခဲ့တာကိုလည်း ပြန်သတိရလိုက်ပါ

မီးပျက်ရင် ပထမဆုံး ဒုက္ခရောက်တာ ပြည်သူပဲဆိုတာ ခုသိကြပီလား စောက်ပိန်းတွေ
မီးပျက်တာကိုပဲသိပြီး မီးဘာကြောင့်ပျက်တယ်ဆိုတာ သိအောင်လုပ် တချို့နေရာတွေမှာဆို လုံခြုံရေး အခက်အခဲတွေ ကြောင့် ပြန်ပြင်မရတာတွေ တောင်ရှိနေပါသေးတယ်


Репост из: ဟန်ငြိမ်းဦး✍
ဆရာဝန်လည်းမဟုတ် တရားဝင်​ ဆေးကုသမှု လိုင်စင်လည်းမရှိပဲ လုပ်စားနေတဲ့ ရမ်းကုတွေ ကြောင့် ဘေးဒုက္ခရောက်ရတဲ့သူအများကြီး

ဒီလိုဆိုင်မျိုးတွေကို ဖော်ထုတ်အရေးယူဖို့ လိုအပ်သလို

ဆရာဝန်မဟုတ်ပဲ ခွဲစိတ်ကုသတဲ့ ဆေးခန်းပုံစံ
လုပ်ငန်လိုင်စင်တွေကိုလည်း အလွယ်တကူ ထုတ်မပေးသင့်ဘူး သေချာစိစစ်ပီးမှ လုပ်ငန်းလိုင်စင်ထုတ်ပေးသင့်ပါတယ်

လူသေတော့ အလောင်းဖျောက် ဆိုင်ပိတ်ပြေး
တာဝန်ယူမယ့်သူမရှိ

ဒီကောင်မကြီး ဘယ်မှာပုန်းခိုနေလည်းသိရင် သတင်းပို့တိုင်ကြားနိုင်ပါသည်


Репост из: KO CHIT (MDY)
Видео недоступно для предпросмотра
Смотреть в Telegram
3-1-2024 နောင်ချိုမြို့နယ်၊ကံ့ကော်စစ်မြေပြင်မှာ အကြမ်းဖက် TNLAက ဗမာPDFတွေကို ပစ်သတ်ခဲ့မှု မှတ်တမ်း


Репост из: MT News _ Myanmar Transparency
KTLA က KNLA ကို လက်စားချေပြန်ပစ်သတ်မှု ဒုတပ်ခွဲမှူး သေ

◾ KNLA ထိပ်ပိုင်းခေါင်းဆောင်များ KTLA က ထပ်မံလုပ်ကြံမည်ကို ကြောက်ရွံ့ စိုးရိမ်လာနေရ

၄. ၁.၂၀၂၄
Written by Nay Moe

မြိတ်-ထားဝယ်ခရိုင် ထားဝယ်-ထီးခီးလမ်းပိုင်းမှာ ဇန်နဝါရီ ၃ ရက်နေ့က ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကော်သူးလေအာမီ(KTLA)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တို့ကြား ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့လို့ KNLA က ဒုတပ်ခွဲမှူးတစ်ဦးသေဆုံးပြီး တပ်သားတစ်ဦး ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ KNU ထိန်းချုပ်မီဒီယာ KIC က ဖော်ပြလာပါတယ်။

KTLA က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၈ ရက်မှာ KNLA၊ တပ်ရင်း(၁၂)၊ တပ်ခွဲ(၄)က ဒုတပ်ခွဲမှူးစောဖားဂျိုးကို ပစ်ခတ်ဖမ်းဆီး သတ်ဖြတ်ခဲ့သလို ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းကလည်း KTLA က KNLA ကားကို ပစ်ခတ်လို့ KNLA ရဲ့ စစ်ဘက်ရေးရာ ကွပ်ကဲရေးမှူး ဗိုလ်မှူးစောဖိုးစီနဲ့ တစ်ယောက်သေပြီး ၅ ဦးထိခိုက်ဒဏ်ရာရမှုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။ KNU/KNLA ကလည်း ဒီဇင်ဘာ ၁၈ ရက်နေ့မှာ KTLA တပ်ဖွဲ့ဝင် ၃ ဦးကို သတ်ပြီး ၁၄ ဦးကို ဖမ်းဆီးခဲ့သလို လက်နက် ၁၇ လက်ကိုလည်း သိမ်းဆည်းပါတယ်။

အဲဒီဖြစ်စဥ်အပြီး KNLA ကို KTLA က ပြန် လက်စားချေမှုအဖြစ် မနေ့က နေ့လယ် ၁၁ နာရီခွဲခန့်မှာ KNLA တပ်ရင်း(၁၀) က ဒုခွဲမှူး ဗိုလ်စောလားဒိုအပါအဝင် တပ်ဖွဲ့ဝင် (၉)ဦးပါဝင်တဲ့အဖွဲ့က မော်တော်ယာဥ်နဲ့ ဆေးခန်းပြဖို့ ထွက်လာချိန် KTLA လက်အောက်က ကော်လာဖိုး(ခ) စောအယ်ခွီးအဖွဲ့က ချောင်းမြောင်း ပစ်ခတ်လို့ ဒုခွဲမှူးစောလားဒိုသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တာပါ။

ဒါ့အပြင်“ဗိုလ်လားဒိုက သူ့တပည့်နေမကောင်းလို့ သူကိုယ်တိုင် ဆေးခန်းလိုက်ပို့တာ။ တပ်ရင်း (၁၀)ကနေ သူများဘက်ရောက်တော့ အပစ်ခံရတယ်။ သူလည်းသေတယ်။ သူ့တပည့် တစ်ယောက်လည်း ဒဏ်ရာရတယ်။ ပါသွားတဲ့ နှစ်ယောက်က ပျောက်နေတုန်း၊ အခုထိရှာလို့ မတွေ့သေးဘူး။ ကျန်တဲ့လူတွေကတော့ နေရာပြန်ရောက်ပြီ။” လို့ တပ်မဟာ(၄) KNLA တာဝန်ရှိသူက ပြောတယ်လို့ KIC က ဖော်ပြပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ထားဝယ်-ထီးခီးလမ်းပိုင်းပေါ် တပ် စခန်းချနေထိုင်တာမရှိဘဲ KNLA နဲ့ KTLA တို့ပဲ လှုပ်ရှားသွားလာနေတဲ့ နေရာဖြစ်ပြီး အခုလို ဖြစ်လာတဲ့အတွက် KNLA တပ်မဟာ(၄) ထိပ်ပိုင်းခေါင်းဆောင်တွေ သွားလာရေးမှာ စိုးရိမ်နေရတဲ့ အနေအထားဖြစ်လာတယ်လို့လည်း KNLA တပ်မဟာ(၄) တာဝန်ရှိသူက ဆက်လက်ပြောပါတယ်။

Ref & Photo - KIC

ပုံစာ။ သေဆုံးသည့် KNLA ခွဲမှုးနဲ့ ဒဏ်ရာရသူမြင်ကွင်း။

◾ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=87144

#KNU #KNLA #KTLA #နယ်ဓားမြ #MT #mtnews #MyanmarTransparency



Показано 16 последних публикаций.