Фильтр публикаций


Репост из: MT News _ Myanmar Transparency
လေတပ်ဗိုလ်ကြီး ကြည်ဖေလင်းနှင့် တပည့်ကို လက်ဖက်ရည်ဆိုင်ထဲတွင် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း PLA ထုတ်ပြန်

၂၉. ၁၂. ၂၀၂၄
Written by Nay Moe

တပ်မတော် (လေ)က ဗိုလ်ကြီး ကြည်ဖေလင်းနဲ့ တပည့်ဖြစ်သူကို မန္တလေးတိုင်း၊ တောင်သာမြို့မှာ လက်ဖက်ရည်သောက်နေချိန် သတ်ဖြတ်လိုက်တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA၊ အမှတ် (၈၁၅) တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသက ဒီနေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။

တောင်သာမြို့မှာ လက်ဖက်ရည်သောက်နေသည့် လေတပ်က ဗိုလ်ကြီး ကြည်ဖေလင်း (လေ ၄၂၆၂) နဲ့ တပည့်ဖြစ်သူတို့ ဒီဇင်ဘာ ၂၉ ရက် နံနက် ၇ နာရီ ၁၅ မိနစ်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲ့ အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)က ပစ်ခတ်သတ်ဖြတ်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် လေတပ်ဗိုလ်ကြီး ကြည်ဖေလင်း ကိုင်ဆောင်တဲ့ MA5 MK1 သေနတ်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးထားသလို ဗိုလ်ကြီးကြည်ဖေလင်းရဲ့ ဝန်ထမ်းကတ်၊ ကျည်၊ သေနတ်တွေနဲ့လည်း သတင်းထုတ်ပြန်ဖော်​ပြထားပါတယ်။

◾ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=86392

#တပ်မတော်_လေ #ဗိုလ်ကြီး #ကြည်ဖေလင်း #PLA #PDF #သတ်ဖြတ် #MT #mtnews


Репост из: MT News _ Myanmar Transparency
လျှပ်စစ်အကျပ်အတည်းအတွက် ရေတိုဖြေရှင်းမယ့် LNG ၊ AA နဲ့ EAOs တွေ ထိန်းချုပ်ထားတဲ့ တရုတ်စီမံကိန်း ၂၃ ခုနဲ့ ကျပ် ၁၄၈၀ လောက် ခုန်တက်တဲ့ ပို့ကုန်သွင်းကုန် ကြီးကြပ်ခွန်

၂၉. ၁၂. ၂၀၂၄
Written by Phyo Wei

လာမယ့် ၂၀၂၅ ဇန်နဝါရီ ၁ ရက်က စတင်လို့ ပိုကုန်/သွင်းကုန်တွေအပေါ် အခွန်ကြီးကြပ်ကောက်ခံခြင်းကို လက်ရှိကောက်ခံနေတဲ့ တစ်ဒေါ်လာ ကျပ် ၂,၁၀၀ အစား တစ်ဒေါ်လာ ကျပ် ၃၅၈၀ ဝန်းကျင်နဲ့ ပြောင်းလဲကောက်ခံတော့မယ်လို့ ကြေညာလာပြီဖြစ်ပါတယ်။ တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ ကောက်ခံနေတဲ့ အခွန်နှုန်းတွေကို ကျပ် ၃၅၈၀ လောက်သတ်မှတ်ကောက်ခံမယ်ဆိုတာက တစ်ဒေါ်လာ ၇၀ ရာခိုင်နှုန်းလောက် စျေးမြင့်တက်လာမယ်ဆိုတဲ့ အခြေအနေပဲဖြစ်ပါတယ်။ ဒီလိုမျိုး နိုင်ငံတော်က အခွန်နှုန်းပြောင်းလဲမှုကို လုပ်ငန်းရှင်တွေကတော့ လည်စင်းခံမှာမဟုတ်ဘဲ ပို့ကုန်သွင်းကုန်တွေအပေါ်ပဲ စျေးနှုန်းမြင့်တက်ပြီး အမြတ်ထွက်အောင် လုပ်မှာဖြစ်တာကြောင့် ပြည်သူတွေကပဲ မိအေးနှစ်ခါနာဦးမယ့် အခြေအနေပါ။

ပြီးခဲ့တဲ့ ဩဂုတ်လမှာဆိုရင် ဒေါ်လာစျေးဟာ တစ်ဒေါ်လာကို ကျပ် ၈၅၀၀ လောက်အထိ ဆွဲတင်ခံရပြီး ကျပ် ၁၀၀၀၀ အထိ ဆွဲတင်စျေးကစားမယ်၊ ဒီပမာဏဆိုရင် လူထုအုံကြွကျပ်တည်းမယ်ဆိုတဲ့ အမြင်တွေကိုလည်း NLD ၊ NUG ၊ PDF တွေကြားမှာ ရေပန်းစားခဲ့တဲ့အပြင် တကယ်လည်း ဆွဲတင်ခဲ့တာပါ။ ဒါကို အချိန်မီထိန်းနိုင်တာကြောင့် ဒေါ်လာစျေးဟာ ကျပ် ၄၅၀၀ ဝန်းကျင် ပြန်ကျလာပေမဲ့ လက်ရှိကောက်ခံနေတဲ့ တစ်ဒေါ်လာ ကျပ် ၂,၁၀၀ အစား တစ်ဒေါ်လာ ကျပ် ၃၅၈၀ ဝန်းကျင်နဲ့ ပြောင်းလဲကောက်ခံမှုဟာ ကုန်စျေးနှုန်းမြင့်တက်မှုအပြင် ဒေါ်လာစျေးအပေါ်ကိုပါ ဂယက်ရိုက်လာဦးမှာ အသေအချာဖြစ်လို့ လျှပ်စစ်မီးပြတ် ကုန်စျေးနှုန်းတက်မယ့် ၂၀၂၅ ဟာ မြန်မာပြည်သူတွေအတွက်တော့ ကိုးနဝင်းနဲ့ မိုးလင်းဖို့ထက် အနေကျပ်၊ အသေကျပ်၊ အစာရေစာငတ်ပြတ်မှုဒဏ် ပိုခံရတော့မလားဆိုတဲ့ အခြေအနေဖြစ်လို့ ဒီအခြေအနေဆိုးမဖြစ်ရအောင် ဘက်ပေါင်းစုံတာဝန်ရှိသူတွေက ချိန်ညှိထိန်းသိမ်း....


◾ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=86398

#MT #mtnewsagency
#MT_ဆောင်းပါး
#MT_စီးပွားရေးသုံးသပ်ချက်
#MT_နိုင်ငံရေးသုံးသပ်ချက်


Репост из: MT News _ Myanmar Transparency
Breaking News

သမီးရည်းစားကိစ္စ သဘောမတူတာကြောင့် ချစ်သူအမျိုးသမီးနဲ့ မိခင်ကို သတ်ဖြတ်မှု မိတ္ထီလာမှာ ဒီညဖြစ်ပွား၊ သတ်ဖြတ်သူ လူငယ် ၃ ဦးကိုလည်း ပတ်ဝန်းကျင်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းဖမ်းဆီးလို့ ဖမ်းမိထား

၂၉. ၁၂. ၂၀၂၄
Written by Nay Moe

မိတ္ထီလာမြို့ ကျီတော်ကုန်းရပ်ကွက်မှာ မိခင်နဲ့သမီး အမျိုးသမီး (၂)ဦး လည်လှီးသတ်ဖြတ်ခံရမှု ဒီနေ့ည ၇ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ည ၇ နာရီခွဲကျော်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်၊ ဝမ်းတော်ပြည့်တိုးချဲ့က နယ်မြေ ၈ က နေအိမ်တစ်ခုမှာ အမျိုးသမီးနှစ်ယောက်ဟာ ထိုးသွင်းဒဏ်ရာ၊ လည်လှီးသတ်ဖြတ်ခံရဒဏ်ရာတွေနဲ့သေဆုံးနေတာဖြစ်သလို ကျုးလွန်သူနှစ်ဦးကို အခင်းဖြစ်နေရာတင် ဖမ်းမိခဲ့တဲ့အပြင် ကျူးလွန်သူတစ်ဦးကိုလည်း ထပ်မံဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူအမျိုးသမီးနှစ်ဦးဟာ မခိုင်...သင်းဆိုသူ အသက် ၁၉ နှစ်ခန့် အမျိုးသမီးငယ်နဲ့ ဒေါ်တင်...ဝင်းဆိုသူ အသက် ၅၃ နှစ်ခန့်အမျိုးသမီးတို့ဖြစ်ပြီး သတ်ဖြတ်သူသုံးဦးက အသက် ၂၂ နှစ်အရွယ် ထက်မင်းခန့်၊ အသက် ၁၉ နှစ်အရွယ် ခန့်ဇော်ဟိန်း၊ အသက် ၂၀ အရွယ် စွမ်းပြည့်ပိုင်ဆိုသူ သုံးဦးဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဥ်ရဲ့ ကနဦးထွက်ဆိုချက်တွေအရ ခန့်ဇော်ဟိန်းဟာ သေဆုံးသူ....

◾ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=86401

#မိတ္ထီလာ #သမီးရည်းစား #လူသတ်မှု #အမျိုးသမီး #လည်လှီးသတ်ဖြတ် #ပြည်သူ့စစ် #MT #mtnews


နှစ်လောင်းပြိုင် လူသတ်မှု မိတ္ထီလာမြို့တွင်ဖြစ်ပွား
၂၉-၁၂-၂၀၂၄

မိတ္ထီလာမြို့ ကျီတော်ကုန်းရက်ကွက် ၊ နယ်မြေ(၈) ရှိ အမျိုးသမီးနှစ်ဦးအား ပွဲချင်းပြီး D-ါးနှင့်ထိုး လည်ပင်းလှီးTတ်မှု ဖြစ်ပွားခဲ့ပြီး တရားခံ အမျိုးသားနှစ်ဦးအား အခင်းဖြစ်နေရာတွင်ပင် ချက်ချင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

ဇော်ယုထွန်း(ထီလာသွေး)


Репост из: NOM.World News
သေဆုံးသူ ၁၇၇ ဦးအထိ အတည်ပြုထားနိုင်ခဲ့တဲ့ လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့တဲ့အပေါ် ဂျယ်ဂျူးလေကြောင်းလိုင်းပိုင်ရှင်က တောင်းပန်စကားပြောဆိုလိုက်ပါတယ်။ ၂ ဦးတည်းသာ အသက်ရှင်သန်ရစ်ပြီး ၂ဦးပျောက်ဆုံးနေဆဲဖြစ်ကာ ပိုင်ရှင်ဖြစ်သူက လူသိရှင်ကြား တောင်းပန်မှုပြုလုပ်ခဲ့ပြီး မိသားစုဝင်တိုင်းနဲ့အတူ ထပ်တူခံစားရပါကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

NOM


💠 ရင်လေးစရာပဲ။

💠 လတ်တလော သောင်းကျန်းနေတဲ့ အဖွဲ့တွေကို ကြည့်လိုက်ပါ။

💠 TNLA ကြောင့် တအောဝ်းပလောင်တွေ လူဦးရေ နည်းသထက် နည်းလာပြီ။ ယခင်က လူဦးရေ နည်းပါတယ်ဆို ဒီလို အကြမ်းဖက် လမ်းစဉ် လိုက်မိတော့ အမျိုးပါ ပျောက်လိမ့်မယ်။

💠 MNDAA ကိုကြည့်မလား။ ကိုးကန့် လူဦးရေက ၅သိန်းမပြည့်ဘူး။ သူတို့က ကိုးကန့်လူမျိုးပါ၊ တရုတ်မဟုတ်ဘူး၊ မများဘူး။

💠 အဆိုးဆုံးက ရခိုင်။ ရခိုင်အကြောင်း ပြောရရင် ရှည်တယ်။

     နှစ်ပေါင်း ထောင် ချီ တည်ခဲ့တဲ့ ဘုရင့်နိုင်ငံ ဆိုတာက မှန်တယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက လူဦးရေ များခဲ့သေးတယ်။ ရခိုင်ဘုရင်တွေရဲ့ မဆင်မခြင် မိုက်မဲမှု၊ ရခိုင်လူမျိုး မှန်သမျှ ဓါးကိုင် တိုက်ခိုက်စေခဲ့လို့ လူဦးရေက နည်းလာလိုက်တာ လူမျိုးပျောက်မယ့် ဘေးကြီးဆိုက်နေရပြီ။

     ရှေး ရခိုင်ဘုရင်တွေ စစ်ရှုံးခဲ့တော့ ရခိုင်တွေ ကုန်သလောက်အထိ နည်းသွားတယ်။ လက်ရှိ ရခိုင်လူဦးရေက သက်ကြီးရွယ်အိုကော၊ ဂီလာန ကော၊ ကလေးပါ မကျန် ရေတွက်ရင်တောင် တစ်သန်းမရှိဘူး။ မျိုးပွားနိုင်တဲ့ ရခိုင်မ အပျိုလေးတွေဆိုရင် AA နဲ့တိုက်ရင်း ဆုံးပါးသွားရတာ မနည်းတော့ဘူး။

     ဒီလို လူဦးရေလေး မဖြစ်စလောက်နဲ့ အာရက္ခ အိပ်မက်ဆိုပြီး အရူးထတော့ ပိုဆိုးတော့တာပေါ့။ ရခိုင်မြေကို ဒီလူဦးရေနဲ့ ဘယ်အချိန်အထိ ကာကွယ်နိုင်မယ် ထင်သလဲ။ တစ်ဖက်က ဘင်တွေက လူဦးရေ ပေါက်ကွဲအား ပြင်းတယ်။

     အကြမ်းဖက် လမ်းစဉ်လိုက်ပြီး ပြည်ထောင်စု ဖြိုခွဲဖို့ ကြံစည်လာတော့ တပ်မတော်အနေနဲ့ မနှိမ်နင်းလို့ မရတော့ဘူး။ အခုချိန်ထိ ကောင်းကောင်း မနှိမ်နင်းသေးဘူး။ တပ်မတော် တကယ်တိုက်တဲ့အချိန် ရခိုင်တွေ ကုန်မှာပဲ။ ဒါက သေချာတယ်။

     ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုး သိပ်မရှိတော့ရင် ရခိုင်ပြည်နယ်ဆိုတာပါ ပျောက်ကွယ်သွားမယ်။ လူမျိုးရှိလို့ ပြည်နယ် ရှိတာ။ လူမျိုး နည်းသွားရင် ပြည်နယ်ဆိုတာပါ အလိုလို ပျောက်သွားမယ်ဆိုတာ ကျုပ် ရဲရဲကြီး နိမိတ်ဖတ်ရဲတယ်။

မောင်ချိန်ခွင်

4k 0 7 1 103

.

☯️

( ဒါတွေကို မသိပဲ သူပုန် မလုပ်ပါနဲ့ )

" ပွဲပြီးရင် ကစားကောင်တွေဆိုတာ ဘူးထဲ ပြန်အထည့်ခံလိုက်ရတာပဲ "

.... ဆိုတဲ့ စစ်တုရင်လက်သုံးစကားအရ အမေရိကန်နောက်ခံ ကဒ်သူပုန်တွေရဲ့ အမာခံနယ်မြေ Manbij ထဲကို တူရကီနောက်ခံ SNA စစ်သွေးကြွတွေက နေရာဝင်ယူလိုက်ကြတာတွေ့ရတယ်၊

ဆီရီးယားမှာ သူပုံ ကာလာစုံ (၆၀) လောက်ရှိပြီး နောက်ခံကိုယ်စီနဲ့ပါ၊ အာဆတ်ဖြုတ်ချရေးကို အားလုံးက ဝိုင်းကြိုးပမ်းကြပါတယ်၊

အခု ဆီရီးယားပွဲမှာ အဓိက ကစားသွားတာက တူရကီနဲ့ အစ္စရေးဖြစ်တာတွေ့ရတယ်၊ Main force လို့ခေါ်တဲ့ ဒမားစကပ်သိမ်းတဲ့အဖွဲ့ HTS ကို အာဒိုဂန်က နောက်ခံပေးထားတယ်၊

Kurd သူပုန်ဆိုတာလဲ US နောက်ခံမို့ နယ်နယ်ရရ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကုလားကာနောက်ကွယ်က သဘောတူညီချက်အရ Kurd ရဲ့အမာခံနယ် Manbij ကို တူရကီနောက်ခံ SNA ဆီ အသာတကြည်လေးလွှဲပေးလိုက်ရတာတွေ့ရတယ်၊

..........

မြန်မာ နိုင်ငံက ERO တွေ ညပ်လိမ့်မယ်လို့ မကြာခဏရေးခဲ့ပြီးပါပြီ၊ တချို့ စပြီးညပ်နေတာလဲ တွေ့နေရတယ်၊

နိုင်ငံရေးကို နားမလည်ပဲ သေနတ်ကိုင်တာဟာ အချည်းအနှီးပါလား ဆိုတာကို တချိန်ကျရင် သဘောပေါက်လာကြပါလိမ့်မယ်၊ သဘောပေါက်တဲ့အချိန်ကျရင်တော့ သားတကွဲ၊ မယားတကွဲ အနာဂါတ်တွေပျက်နေတဲ့ အချိန်ရောက်သွားခဲ့ပြီဆိုတာလဲ ယူကြုံးမရ ဖြစ်နေကြဦးမှာပါ၊

အခု Heat တက်နေချိန်မှာ ဘယ်စကား ဘယ်သတိပေးချက်မျိုးမှာ နားဝင်မှာ မဟုတ်ပါဘူး၊ Vision ကောင်းကောင်း ကစားကွက်ကောင်းကောင်းနဲ့ တွေ့ရင် အင်အား " သောင်း"ဂဏန်းတွေ " ထောင်" ဂဏန်းချက်ချင်းရောက်သွားပါလိမ့်မယ်၊

နိုင်ငံရဲ့ လူ့အရင်းအမြစ်တွေ ရင်နင့်ရအောင် ဆုံးရှုံးနေတာကို သတိလေးရကြပါ ။

BaMg ☯️

.


Репост из: နေပြည်တော်ဘိုးဘိုးကြီး
နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အသင့်ရှိနေကြောင်း AA ထုတ်ပြန်


ကားအသစ်ကြီးတွေ စီးစေချင်


မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် ရွာနာမည်က ကန်မြဲရွာ လားမသိဖူး
နှစ်ရက် သုံးရက်ရှိပြီ တောင်သာ PDF တွေက အဲဒီရွာကို အခြေပြုမယ်လို့သတင်းရပါတယ်။ ရွာခံ တချို့ကလည်း ရွာကိုစွန့်ခွါဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။တစ်အိမ် တစ်ယောက် အစည်းဝေးတက်နေရပြီး။ရွာပတ်ဝန်းကျင်မှာလည်း ရှော့တိုက်မိုင်းများထောင်ထားတယ်လို့သိရပါတယ်။pdf ကလေးများမှာ အသက် 15, 16 ,17, အရွယ်တွေ ပါဝင်တယ်လို့သိရပါတယ်။
မိတ်ဆွေ အနေနဲ့ကလည်း မန်းလေးက ဖြစ်တဲ့အတွက် မြင်းခြံ တောင်သာမှ တောင်သာမြို့ရဲ့ ကျေးရွာများအခြေအနေကို ဆက်လက်စုံစမ်းပြီး သက်ဆိုင်ရာအဖွဲ့အစည်းကို အသိပေး အကြောင်းကြားစေချင်ပါတယ် ခင်ဗျား

သတင်းကတော့ confirm ဖြစ်ပါတယ် ခင်ဗျား။ အင်အား 300 လောက်လို့ကြားထားပါတယ် ခင်ဗျား။
     ကျေးဇူးပါဗျ။


ရရှိသတင်း ပေးပို့ချက်တိုင်း ချပြပေးလိုက်သည်။



        ခင်ယုသစ္စာပြည်မြန်မာ🇲🇲


ထားဝယ်မြို့နယ်တွင် မေတ္တာ-ထီးခီးနယ်စပ်လမ်းအား KTLA အဖွဲ့မှ သွားလာခွင့်ပိတ်ထား

ထားဝယ် ၊ ဒီဇင်ဘာ ၂၉

ထားဝယ်မြို့နယ်၊ မေတ္တာ-ထီးခီး နယ်စပ်လမ်းအား KTLA အဖွဲ့မှ ဒီဇင်ဘာလ ၂၇ ရက်မှစ၍ အကန့် အသတ်မရှိ သွားလာခွင့်ပိတ် လိုက်ကြောင်း၊ မေတ္တာမြို့မှထီးခီးနယ် စပ်လမ်းမကြီးကို ယာဉ်ကြီး၊ ယာဉ်ငယ်များဖြတ်သန်းသွားလာခြင်းမလုပ်ကြရန် KTLA အဖွဲ့၊ ဆာကဆောတပ်မ ဆာခီးလာဌာနချုပ်မှ အတိအလင်းသတိပေးခဲ့ ကြောင်း သိရသည်။

ထို့အပြင်  လမ်းအသုံးပြုနေသူများနှင့် ထိုင်းနိုင်ငံသို့ခရီးသည်ပို့ဆောင်ရေးမော်တော်ယာဉ်များ ကြိုတင် အသိပေးခြင်းမရှိဘဲ လမ်းပိတ်လိုက်သဖြင့် အခက်အခဲဖြစ်နေကြောင်း၊ ထိုင်းနိုင်ငံသို့ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်များ သည် နံနက်ပိုင်းအထိ ထားဝယ်- မေတ္တာလမ်းပေါ်ရှိ ကျေးရွာတစ်ချို့တွင် ပိတ်မိ နေကြောင်း သိရသည်။

အဆိုပါ သတိပေးချက်ကိုမလိုက် နာ၍ ဖြတ်သန်းသွားပါက တစ်စုံ တစ်ရာထိခိုက်မှုရှိလျှင် လုံးဝ တာ ဝန်ယူမည်မဟုတ်ကြောင်း၊ လမ်း ပိတ်ကြောင်းကြေညာခဲ့သော KTLA အဖွဲ့များသည် KNU တပ်မဟာ(၄) KNLA တပ်ရင်းများနှင့် တစ်ပတ်အတွင်း အရှေ့တောဒေသတွင် နှစ်ဖက်တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ် ပွားခဲ့သည်ဟု သတင်းရရှိသည်။


(ဒီဇင်ဘာ-၂၉၊ ၂၀၂၄) ရခိုင်ပြည်နယ် တောင်ဘက်ဆုံး ဂွမြို့က တပ်တွေ ကျဆုံးတယ်ဆိုတာ လုံး၀ မဖြစ်နိုင်ပါ။
.
ဂွမြို့သက်သက်အနေနဲ့ကတော့ ကျဆုံးကောင်း ကျဆုံးနိုင်ပါတယ်။
.
မြို့တစ်မြို့မှာ ရဲစခန်းနဲ့ ထွေအုပ်ရုံးလောက် သိမ်းနိုင်ရင်ပဲ မြို့ကို ရပြီ ပြောလို့ရပါတယ်။
အဲ့ဒါမျိုး 1027 ဒုတိယပိုင်း ရှမ်းမြောက် နောင်ချို-ကျောက်မဲ-သီပေါမြို့များဖြစ်စဉ်ကို ဥပမာပေးလို့ရပါတယ်။
.
အဲ့ဒီမြို့တွေဟာ တိုက်ပွဲစဖြစ်ဖြစ်ချင်း တစ်မနက်အတွင်းမှာ ကျဆုံးကုန်ပါတယ်။
.
မြို့နဲ့ ခပ်လှမ်းလှမ်းမှာ တည်ထားတဲ့ တပ်တွေနေရာကိုတော့ ရက်သတ္တ တစ်ပတ်ကျော် ၃-ပတ်လောက်မှ သိမ်းနိုင်ခဲ့တယ်။ အတော်များများကတော့ ဆုတ်သွားတဲ့ စစ်တပ်နေရာကို ရလိုက်တာပါ
..
ဂွမြို့ပေါ်မှာ နေထိုင်သူ လုံးဝနီးပါး မရှိတော့ပဲ ဖုန်းလိုင်းများ ပြတ်တောက်နေတာ ၇-ရက်လောက် ရှိပါပြီ
.
ရဲ- ထွေအုပ်နဲ့ မရှိမဖြစ် အစိုးရဌာနဝန်ထမ်းများက ပြောင်းရွှေ့/ အနီးဆုံးစစ်တပ်မှာ ရောက်နေလောက်ပါပြီ
..
“ဂွမြို့အနီး တပ်များအားလုံး လက်နက်ချကြောင်း” ယမန်နေ့ မွန်းလွဲပိုင်းလောက်မှာ စတင်ပျံ့နှံခဲ့တဲ့ သတင်းဟာ ဒီနေ့မနက်မှာ တင့်ကား ၁၀ ဖမ်းမိကြောင်း အဆစ်ပါလာပါတယ်။
..
#ကြည့်လိုက်တော့_ဂွမြို့မှာ_ခုခံနေတဲ့တပ်တွေ_ကျဆုံးကြောင်း
.
#ယခင်ရက်များကတည်းက_အကြိမ်ကြိမ်ရေးသားလွှင့်တင်ခဲ့ကြဖူးသူ
#အွန်လိုင်း_ဆြာ့ဆယာကြီးများ_ဖြစ်နေပါတယ်
..
အခု ပြောနေကြတဲ့ ဂွဖက်က တပ်တွေ အကုန်ကျပြီး တင့်ကား ၁ဝ စီး ရန်သူရသွားတယ်ဆိုတာ ဖြစ်နိုင်ဖို့ ခဲယဉ်းပါတယ်။
..
ဂွက တပ်တွေ အကုန်ကျရင် ဂွနဲ့အနီးဆုံး ဧရာဝတီတိုင်းအစပ် သီတာကုန်းမြင့်လောက်က တပ်တွေ ဒီအတိုင်းနေမယ် မထင်ပါ။ ရွာတွေလည်း စစ်ရှောင်ကုန်ကြရောပါ့
..
သိရသလောက် ဂွ-ငါးသိုင်းချောင်းလမ်းတလျှောက်xxx နဲ့ xxx တွေ နေရာအနှံ့ချထားပါတယ်
..
ယမန်နေ့ မွန်းလွဲ ၂-နာရီခန့်အထိ ဂွဘက်နဲ့ အဆက်အသွယ်ရသူ ရှိပါတယ်။
.
ယမန်နေ့ မွန်းလွဲ ၀၂၃၀ နာရီခန့်မှာ ပုသိမ်ဘက်မှ xxxx နဲ့ xxxx များ ဂွမြို့ဖက်ကို ဦးတည်သွားပါတယ်။
.
ယမန်နေ့ ည ၀၈၀၀ နာရီခန့် အဲ့ဒီကားတွေ ပြန်လာတော့ စစ်သည်အနည်းငယ် လိုက်ပါပြီး
စစ်သီချင်း အကျယ်ကြီး အော်ဆိုလာသံ ကြားရသတဲ့
..
ယနေ့နံနက်ပိုင်းမှာ ရေကြည် ငါးသိုင်းချောင်းကို ဖြတ်ပြီး စစ်ယာဉ်တန်းများ ဂွဖက်ကို ဦးတည်သွားသတဲ့၊ ငါးပိကြော် နီးလို့ ဒီလောက်ပဲ ကောင်းပါတယ်
..
ကျွန်တော်သာ AA ဆို ဂွနဲ့ ငါးသိုင်းချောင်း အမာဘက်ကို အသေခံ တိုးနေမယ့်အစား လေးမျက်နှာဘက် ရိုးကျော် သစ်ခိုးလမ်းဘက်က လှည့်ဝင်ပါတယ်။ AA လည်း ဒီလောက်တော့ စစ်ပညာနားလည်လို့ စစ်တိုက် နေတာပါ။
..
ဒီမနက် လေးမျက်နှာနဲ့ ငါးသိုင်းချောင်း ရေကြည် မြို့နယ်များဘက်မှာ ပုံမှန်ဖြစ်ကြောင်း သိရပါတယ်။
.
တမြန်နေ့ ဒီဇင်ဘာ၂၇ ပုသိမ်နတခကို ဒုချုပ်ကိုယ်တိုင် လမ်းညွှန်အားပေးသွားလို့
တစ်ဖက်က #Psy_War #ဆိုက်ဝါး_ထည့်တယ်_ထင်တာပဲ
.
#ဒီတစ်ညနေလောက်_စောင့်ကြည့်ကြပါ
.
ဓါတ်ပုံတွေနဲ့ တင်ရင်တောင် ဂွဘက် ဟုတ်-မဟုတ် စစ်ကြည့်ကြပါ
.
#HtayOung #OungMarine #ဧရာဝတီတိုင်း #ရခိုင်ပြည်နယ် #ဂွမြို့ #fyp #Viewer


ပုပ္ပါးတောင်မကြီးက လုံခြုံရေး စစ်သည်တွေ ဖြစ်တဲ့ ကိစ္စ က အရေးကြီးပါတယ်။ ဒါက တပြည်လုံးမှာရှိတဲ့ လုံခြုံရေး စခန်းတွေဟာ စစ်ရေး အသိ၊ သတိ ရှိရမယ်ဆိုတဲ့ လုံခြုံရေး သတိပေးချက် ခေါင်းလောင်းသံပါ။ ၂၀၂၁ ကတည်းက ဖြစ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုဟာ ခုထိ မပြီးဆုံးသေးဘူးဆိုတဲ့အချက်ကို လက်နက်ကိုင်ထားကြတဲ့ လုံခြုံရေး တာဝန်ရှိမောင်တွေ သတိရှိဖို့ လိုပါတယ်။ မြေပြင်တပ်နယ်မှူးတွေအနေနဲ့ စခန်းငယ်တွေကို စုစည်းတာ၊ လိုအပ်ရင် ပစ်မိန့်တခါတည်း ပြတ်ပြတ်သားသား ပေးဖို့ လိုအပ်ပါတယ်။

------
နယ်စပ် EAO ကလွဲရင် ရန်သူဟာ ပြည်သူကြားမှာ အရပ်ဝတ်နဲ့ နေကြတယ်။ တပ်မတော်က ဖိဖိစီးစီးကိုင်တွယ်ရင် အရပ်သားလို့ အော်တယ်။ ဥပမာ အမြန်လမ်းပေါ်တက်လာတဲ့ နွားထိုးကြီး ပြဿနာက အလားတူ ဖြစ်စဉ်ပါပဲ။ ဒီလိုပဲ ကျောက်ပန်းတောင်းကနေ ၁၅ မိုင်ပတ်လည်မှာ ရှိတဲ့ ပုပ္ပါးတောင်ကိစ္စကလည်း ဒီနယ်မြေရဲ့ အတွင်းသိအဖွဲ့က လုံခြုံရေး အခြေအနေကို အတိအကျ လေ့လာပြီးမှ လုပ်တာလို့ပဲ ယူဆရမှာပါ။
-------
မပြောချင်ပေမယ့် လက်ရှိအချိန်မှာ အဓိက ထားပြောရမယ့် အရေးကတော့ EAO တွေရဲ့ ကွန်ဖက်ထရိတ် ဆန်ဆန် လက်နက်ကိုင် နယ်မြေချဲ့မှုတွေပါပဲ။ ရခိုင်ကလည်း ရခိုင်အလျောက် ၊ ကချင်အပါအဝင် ၊ရှမ်းမြောက်နဲ့ ကရင် အရေးဟာ ထင်သလောက် မရိုးရှင်းနေပါဘူး။ ဒါကို တိုင်းရင်းသား တန်းတူညီမျှရေး စကားလုံးနဲ့ ဝါးချလို့မရဘူး။ တပ်မတော် အားမကောင်းရင် လက်ရှိ မိုးမိတ်၊ မိုးကုတ်က ပြည်သူတွေလို EAO အောက်က ပြည်သူတွေဟာ ဒီမိုကရေစီကျင့်ဝတ်မဲ့တဲ့ အုပ်ချုပ်မှုအောက်မှာ ရှင်သန်ကြရလိမ့်မယ်။ EAO တွေ အားကောင်းပြီး ဖက်ဒရယ်တပ်ပေါင်းစု ဖြစ်ရေး အသွင်ကို အစပြုနေပြီဆိုတာ သိမြင်ဖို့ လိုပါတယ်။
------

ဒါ့ကြောင့်လည်း လက်ရှိ အညာဒေသမှာ NUG ဦးဆောင်မှုအောက်မပါတဲ့ ဗမာ PDF တွေရဲ့ ကွဲပြားမှုကို EAO တွေကိုယ်တိုင်အကျိုးရှိရှိ အသုံးချနေကြတာ တွေ့ရလိမ့်မယ်။ တနည်းအားဖြင့် EAO တွေ လိုချင်တဲ့ နယ်မြေပိုင်ဆိုင်မှုကို ဗမာ PDF တွေက အသက်ပေး စတေး နေရတာကလည်း ရင်နာစရာပဲ။ သေချာတာကတော့ ....ဗမာလူမျိုးစုဟာ စုစည်းမှု မရှိတဲ့ ဝါးအစည်းပြေ သဏ္ဍန် ဖြစ်နေတာကတော့ အသေအချာဆိုတာ တွေ့ရလိမ့်မယ်။
------
သိပ်လည်း မပေါ့ကြပါနဲ့။ တရားဥပဒေ စိုးမိုးမှုမရှိရင် လက်ရှိ မုံရွာလိုမျိုး ပြန်ပေးဆွဲ လူသတ်မှုတွေ၊ မန္တလေး မြို့ပေါ်လို ရွှေဆိုင်ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်တွေ ခပ်စိတ်စိတ် ဖြစ်လာပါလိမ့်မယ်ဆိုတာ ဗေဒင်မေးတာထက် ပိုသေချာတာမျိုး ကြုံရပါလိမ့်မယ်။


(နရီမိုး)



Показано 14 последних публикаций.